အမေရိကန်နဲ့ တရုတ်ကြား ဆက်ဆံရေး မပြေမလည်ဖြစ်နေချိန် ဒုတိယမြောက် အမေရိကန်အစိုးရရဲ့ အဆင့်မြင့်အရာရှိအနေနဲ့ တရုတ်နိုင်ငံမှာ ဘဏ္ဍာရေးဝန်ကြီးရောက်နေတာပါ။
၁၉၆၂ ခုနှစ်က ကျောင်းသားလူငယ်လှုပ်ရှားမှု ဖိနှိပ် ဖြိုခွဲခံခဲ့ရတဲ့ သမိုင်းဝင် ဆဲဗင်းဇူလိုင်နေ့ အထိမ်းအမှတ် လျှပ်တပြတ် ဆန္ဒပြပွဲတွေနဲ့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ရန်ကုန် အပါအဝင် နေရာအတော်များများမှာ ဒီကနေ့ ကျင်းပခဲ့ကြပါတယ်။
KIO/KIA ဌာနချုပ်အနီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်နေ။ မောင်တော ငခူရ နယ်ခြားစောင့်တပ် စခန်းမှူးနဲ့ အရာရှိ ၂ ဦး စခန်းက ထွက်ပြေးသွား။ စစ်ကောင်စီရဲ့ သံချပ်ကာ ကား(၂)စီးကို ချင်းအမျိုးသားတပ်ဦး CNF က ချေမှုန်း ဖျက်ဆီးနိုင်ခဲ့.. စတဲ့သတင်းများ။
နိုင်ဂျီးရီးယားကို ဒီအပတ် ရောက်လာတဲ့ တရုတ်ရေတပ်ကြောင့် မဟာဗျူဟာအရ အရေးပါတဲ့ ဂီနီ ပင်လယ်ကွေ့မှာ တရုတ်ရဲ့ စစ်ရေးရည်မှန်းချက်က ဘာလဲလို့ မေးခွန်းထုတ်စရာတွေ ရှိလာပါတယ်။
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ရွာတရွာကို ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၁၅ ယောက် သေဆုံးသွားခဲ့တယ်လို့ စစ်ကောင်စီက ဆိုပေမယ့် အာဏာသိမ်း စစ်တပ်ဆန့်ကျင်ရေး ပြည်သူ့ကာကွယ်ရေး ပီဒီအက်ဖ် တပ်ဖွဲ့တွေကတော့ သေဆုံးသွားသူတွေဟာ စစ်တပ်လိုလားတဲ့ ပြည်သူ့စစ်တွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြောက်အတ္တလန်တိတ် စစ်ရေးစာချုပ်အဖွဲ့(နေတိုး)ကို ဆွီဒင် ဝင်ခွင့်ရဖို့အတွက် နေတိုးအတွင်းရေးမှူးချုပ် ယောင်န်း စတိုလ်တင်န်ဘဂ် Jens Stoltenberg က တူရကီ၊ ဆွီဒင် ၊ ဖင်လန်နိုင်ငံတွေက အကြီးတန်း တာဝန်ရှိသူတွေနဲ့ ကြာသပတေးနေ့မှာ တွေ့ဆုံပါတယ်။
မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် မျိုးစပါးနဲ့ နေအိမ်တွေ ပျက်စီးသွားခဲ့ရတဲ့ ရခိုင်ပြည်နယ်က ဒေသခံတောင်သူတွေအတွက် စစ်ကောင်စီက မျိုးစပါးတွေ စတင်ဖြန့်ဝေနေပြီလို့ ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရကပါတယ်။ အထိနာခဲ့တဲ့ ရခိုင်တောင်သူတွေကတော့ ရာသီအမီ မိုးစပါးစိုက်ဖို့အတွက် အတော် အခက်ကြုံနေရတယ်လို့ ပြောပါတယ်။
Threads အက်ပလီကေးရှင်းကို Twitter အသုံးပြုသလိုပဲ စာသားတိုတွေရေးသားနိုင်သလို ဓာတ်ပုံ၊ ဗွီဒီယို ၅ မိနစ်စာနဲ့ ကိုယ်ထည့်ချင်တဲ့ အင်တာနက်လိပ်စာလင့်ခ်တွေ အသုံးပြုနိုင်တယ်လို့ Meta က ကြေညာထားပါတယ်။
Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat (ဖိထာ လင်ဂျာရွန်ရတ်) ကိုဝန်ကြီးချုပ်အဖြစ် ခန့်ရေး၊ မခန့်ရေးနဲ့ပတ်သက်လို့ ထိုင်းလွှတ်တော်က ဇူလိုင် ၁၃ ရက်မှာ မဲခွဲဆုံးဖြတ်မယ်လို့အောက်လွှတ်တော်ဥက္ကဋ္ဌသစ်က ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။
လက်ရှိမှာတော့ ဦးညီပုဟာ မျက်လုံးခွဲစိတ် ခံထားရပြီး ဖမ်းဆီးခံရကတည်းက မိသားစုဝင်တွေနဲ့ တခါပဲ တွေ့ခွင့်ရတယ်လို့လည်း သမီးဖြစ်သူက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့က မျက်လုံး ခွဲစိတ်တဲ့အချိန်မှာ စစ်ကောင်စီက ပထမဆုံးအကြိမ် ခဏတွေ့ခွင့်ပေးတာလို့ ပြောပါတယ်။
ဒီနှစ် ဇူလိုင်လ ၄ ရက်နေ့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၂၄၇ နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်ပြီး ၁၇၇၆ ခုနှစ်က အမေရိကန်ပြည်ထောင်စု ဗြိတိသျှကိုလိုနီလက်အောက်က လွတ်လပ်ရေး ကြေညာခဲ့တဲ့နေ့ ဖြစ်ပါတယ်။
စစ်တပ် အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်ခွင့်အတွက် ပြည်သူတွေရဲ့ ပြင်းပြတဲ့ လိုလားတောင်းတမှုတွေဟာ လွန်ခဲ့တဲ့ ရာစုနှစ် ၂ စုကျော်က အမေရိကန်ပြည်ထောင်စုကို မွေးဖွားစေခဲ့တဲ့ ပြင်းပြတဲ့ဆန္ဒမျိုးပါပဲလို့ ရန်ကုန် အမေရိကန် သံရုံး ယာယီ တာဝန်ခံ ဒက်ဘ် လင်း (Deb Lynn) က ပြောကြားလိုက်ပါတယ်။
ရုရှားက Lyman (လိုင်မန်) Adviivka (အဒိဗ်ကာ) နဲ့ Mariinka (မာရင်ကာ) ဒေသတွေကို တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ၊ ယူကရိန်းတပ်တွေဟာအရှေ့ဘက် Bakhmut ဒေသကို ဆက်တက်နိုင်ခဲ့တယ်လို့ ဒုတိယကာကွယ်ရေးဝန်ကြီး Hanna Maliar က Telegram မှာ ပြောပါတယ်။
Gallup စစ်တမ်းရဲ့ လေ့လာချက်အရ ၂၀၂၂ ခုနှစ်ထဲ အမေရိကန်မှာ စစ်တမ်းကောက်ယူခဲ့တဲ့ အရွယ်ရောက်သူတွေရဲ့ ၃၁ ရာခိုင်နှုန်းကသာ အစိုးရကို ယုံကြည်အားထားကြောင်း သဘောထားပေးခဲ့ကြပြီး၊ ဗြိတိန်မှာ ၃၃ ရာခိုင်နှုန်းရှိတာ တွေ့ရပါတယ်။
မိုခါမုန်တိုင်းကြောင့် ဘေးဒုက္ခရောက်ရတဲ့အထဲမှာ အမျိုးသမီးနဲ့ မိန်းခလေးတွေ ထောင်သောင်းချီ ပါဝင်ပြီး အဲဒီအထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး ၂ သောင်း ၇ ရာလောက် လည်း ပါဝင်တဲ့ အကြောင်း ကုလသမဂ္ဂ လူဦးရေရံပုံငွေအဖွဲ့ UNFPA က သတင်းဆောင်းပါးတပုဒ် ရေးသားထုတ်ပြန်ပါတယ်။
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူပြည်နယ်မှာ မေလ ၃ ရက်နေ့ကစပြီး အဓိကရုန်းတွေ ဖြစ်ပွါးနေရာကနေ ကြာသပတေးနေ့ကတော့ လူ ၂ ဦးထက်မနည်း သေဆုံးခဲ့တဲ့နောက် ဆန္ဒပြမှုတွေ ဖြစ်ပါွးခဲ့ပါတယ်။ ပြည်နယ်ဝန်ကြီးချုပ် Biren Singh ကတော့ မဏီပူပြည်နယ်တွင်း အားနည်းတဲ့ ဒေသအားလုံးမှာ လုံခြုံရေးနဲ့ ရဲတွေချထားကြောင်းပြောပါတယ်
ထောင်ဒဏ် ၃၃ နှစ် ချမှတ်တာခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ်စွဲဆိုထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ပြန်လည်လျှောက်ထားမှုတွေအတွက် ဒီဇူလိုင်လအတွင်း ကြားနာမယ့် အစီအစဉ်ကို နေပြည်တော် အထူးတရားရုံးက ထုတ်ပြန်ခဲ့တယ်လို့ အမှုမှာ လိုက်ပါဆောင်ရွက်ပေးနေသူတွေက စနေနေ့မှာ ပြောပါတယ်။
ရုရှားကြေးစားတပ်ဖွဲ့ခေါင်းဆောင် Yevgeny Prigozhin ရဲ့ လက်နက်ကိုင် ပုန်ကန်မှုဟာ ရုရှားအစိုးရကို အကျပ်အတည်း ဖြစ်စေပြီး၊ သမ္မတ ပူတင်ရဲ့ ယူကရိန်းစစ်ပွဲကို ထိခိုက် ယိုယွင်းစေတယ် ဆိုတာကို ဖေါ်ပြနေတယ်လို့ အမေရိကန်ထောက်လှမ်းရေး CIA ရဲ့အကြီးအကဲ William Burns က စနေနေ့တုန်းက ပြောဆိုလိုက်ပါတယ်။
အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် Giridhar Aramane ဟာ မြန်မာစစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးအပါအဝင် တာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး၊ နှစ်နိုင်ငံနယ်စပ် ဖြတ်ကျော်မှုကိစ္စ၊ မူးယစ်ဆေးဝါးနဲ့ မှောင်ခိုကုန်ကူးမှုကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ကြေငြာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။
ဘရာဇီးလ်သမ္မတဟောင်း Jair Bolsonaro ဟာ အာဏာ အလွဲသုံးစားလုပ်ခဲ့ကြောင်းနဲ့ ဘရာဇီးလ်နိုင်ငံရဲ့ ကွန်ပြူတာ မဲပေးစနစ်ကို သံသယဝင်အောင် လုပ်ဆောင်တာ တွေ့ရတဲ့အတွက် သူဟာ ၂၀၃၀ အထိ သမ္မတလောင်း အဖြစ် နောက်ထပ် ဝင်ရောက် အရွေးခံခွင့်မရှိကြောင်း တရားသူကြီးများအဖွဲ့က မဲခွဲ ဆုံးဖြတ်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်