ပြင်သစ်နိုင်ငံမှာ အယ်လ်ဂျီးရီးယားနဲ့ မော်ရိုကိုနွယ်ဖွား ဆယ်ကျော်သက်လူငယ်တဦးကို ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့ပြီးနောက်မှာ ဆူပူအုံကြွမှုတွေ ၃ ည ဆက်ဖြစ်နေလို့ အများပြည်သူ သယ်ယူပို့ဆောင်ရေးကို ရပ်ဆိုင်းထားဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေကို အစိုးရက သောကြာနေ့မှာ ညွှန်ကြားလိုက်ပါတယ်။
ဆန္ဒပြမှုတွေအပြင် ဖျက်ဆီးလုယက်မှုတွေလည်း ဖြစ်နေတာကြောင့် အခြေအနေတွေ ပြန်လည်တည်ငြိမ်အောင်လုပ်နိုင်မယ့် နည်းလမ်းအားလုံးကို သမ္မတနဲ့ ဆွေးနွေးသွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် Elisabeth Borne ကဒီနေ့ သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
အထင်ကရ တက္ကသိုလ်ကြီးဖြစ်တဲ့ Harvard နဲ့ မြောက် Carolina တက္ကသိုလ် ၂ ခုရဲ့ အမှုကို ပြည်ထောင်စု တရား ရုံးချုပ်က ဆုံးဖြတ်လိုက်တဲ့အပေါ် သမ္မတ Biden က သူ့အနေနဲ့တော့ သဘောမတူဘူးလို့ ခုလိုတုံ့ပြန်လိုက်တာပါ။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးအကျဉ်းချခံခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် ပြန်လွတ်လာပြီလို့ သူနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက အတည်ပြုသလို၊ သူကိုယ်တိုင်ကလည်း အိမ်ပြန်ရောက်နေပြီ ဖြစ်ကြောင်းကို ဇွန်လ ၂၉ ရက်နေ့က လူမှုကွန်ရက်ပေါ်ကတဆင့် ပြောဆိုထားပါတယ်။
တိုင်းရင်းသတင်းလွှာ ၁။ ကယား(ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့မှာ ATOM (တယ်လီနော)နဲ့ အူရီဒူးက အင်တာနက်လိုင်း အပါအဝင် ဖုန်းလိုင်းပါ ဖြတ်တောက်ခံလိုက်ရပြီး Mytel (မိုင်တဲ) နဲ့ MPT ပဲ သုံးလို့ရ ။ ၂ ။ KNU မြေ တပ်မဟာ ၄ နဲ့ ၆ အကြား KNU/KNLA တပ်မဟာ(၈) အသစ်တစ်ခု အခုလထဲ ဖွင့်လှစ်ခဲ့။
'ဗာ့ဂနာ'ကြေးစားတပ်က ရုရှားစစ်တပ်ကို ပုန်ကန်ဖို့ကြိုးစာခဲ့တဲ့ စနေနေ့ကတည်းက လူမြင်ကွင်းကနေ ပျောက်နေတဲ့ ရုရှားဗိုလ်ချုပ်ကြီး ဆာဂျီ ဆူရိုဗစ်ကင်နဲ့ ပတ်သက်ပြီး သတင်းအချက်အလက် တစုံတရာ ထုတ်ပြန်ပြောဆိုနိုင်ခြင်း မရှိကြောင်း ရုရှားအစိုးရပြောခွင့်ရ ဒီဗီထရီ ပက်စကော့ဗ်က ကြာသာပတေးနေ့မှာ ပြောလိုက်ပါတယ်။
ပါရီမြို့ဆင်ခြေဖုံးအရပ်မှာ ရဲပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်တဦး သေဆုံးခဲ့ရတဲ့နောက် အကြမ်းဖက်မှုတွေ ဆက်လက် ဖြစ်ပွါးလာတာဟာ ဆင်းရဲသားရပ်ကွက်တွေက အပယ်ခံ လူငယ်လေးတွေကို ရဲတွေက အင်အားသုံးအကြမ်းဖက်တယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ၂၀၀၅ ခုနှစ်က ကြုံခဲ့ရတဲ့ အကြမ်းဖက်မှုတွေကို ပြန်အမှတ်ရစေပါတယ်။
အမေရိကန် ဒုသမ္မတဟောင်း Mike Pence ဟာ ကြာသပတေးနေ့မှာ ကြိုတင် မကြေညာပဲ ယူကရိန်းကို သွားရောက်ခဲ့ပြီး ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံက ရီပတ်ဘလစ်ကင် သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေထဲက ပထမဆုံးသူအဖြစ် ယူကရိန်းသမ္မတကို သွားရောက်တွေ့ဆုံတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာ ယူနက်စကို UNESCO အဖွဲ့ကြီးရဲ့ ၂ ရက်ကြာဆွေးနွေးပွဲကို ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကြာသပတေးနေ့က စတင်ခဲ့ပြီး၊ အမေရိကန်နိုင်ငံက အဖွဲ့ဝင်အဖြစ် ပြန်လည် လျှောက်ထားချက်အတွက် ယူနက်စကိုအဖွဲ့ဝင် ၁၉၃ နိုင်ငံက ကိုယ်စားလှယ်တွေ မဲခွဲဆုံးဖြတ်ဖို့ ရှိနေပါတယ်။
အမေရိကန်က တက္ကသိုလ်တွေမှာ လူနည်းစု လူအုပ်စုဝင်တွေ၊ ခွဲခြားဆက်ဆံ ခံရသူတွေကို ဦးစားပေးတဲ့ မူဝါဒအဖြစ် လူမျိုးကိုအခြေခံပြီး ခွဲတမ်းစနစ်နဲ့ ကျောင်းဝင်ခွင့်ပေးတာက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးလို့ ဗဟိုတရားရုံးချုပ်က ကြာသာပတေးနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ သုံးပုံတပုံနီးပါးဟာ လေထုအရည်အသွေး ညံ့ဖျင်းတဲ့ဒဏ်ကို ကြာသပတေးနေ့မှာ ကြုံတွေ့ရဖွယ် ရှိပါတယ်။ အိမ်နီးချင်း ကနေဒါ တောမီးကြောင့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ လေထုအခြေအနေ ဖြစ်နေပြီး တချို့နေရာတွေမှာဆိုရင် အန္တရာယ်ရှိတဲ့အခြေအနေ ဖြစ်နေတာပါ။
လူမှုရေးအဖွဲ့တွေ၊ အရပ်ဘက်နဲ့ နိုင်ငံတကာINGO အဖွဲ့အစည်းတွေကို အလုံးစုံထိန်းချုပ်ပြီး ငွေစီးဆင်းမှုနဲ့ ငွေလဲလှယ်မှုကိစ္စတွေကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက ကြိုးပမ်းလာတယ်လို့ အရပ်ဘက်အဖွဲ့တချို့ကပြောပါတယ်။ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေကို တနည်းနည်းနဲ့ ဆက်သွယ်တာမလုပ်ဖို့တားမြစ်ထားပါတယ်။
စားသောက်ဆိုင်တခုအပါအ၀င် တိုက်ခိုက်ခံခဲ့ရတဲ့ နေရာမှာရှိတဲ့ အပျက်အစီးတွေကိုရှာဖွေနေတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ဓာတ်ပုံတွေကိုလည်း အရေးပေါ်ကူညီကယ်ဆယ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။
လူမျိုးရေး တင်းမာမှုနဲ့ အကြမ်းဖက်အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံနဲ့နယ်နမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်အတွင်း အသုံးပြုခဲ့တဲ့ လက်နက်တွေဟာမြန်မာနိုင်ငံဘက်က ဖြတ်ပြီး သယ်လာတဲ့ လက်နက်တွေ ဖြစ်တဲ့အကြောင်း အိန္ဒိယ ထောက်လှမ်းရေး သတင်းရပ်ကွက်ရဲ့ အစီရင်ခံစာကို India Today ကရေးပါတယ်။
Wagner ရုရှားကြေးစားတပ်ဖွဲ့နဲ့ ခေါင်းဆောင်ဖြစ်သူ Yevgeny Prigozhin တို့ကို ပုန်ကန်မှုနဲ့ စုံစမ်းစစ်ဆေးနေတာကို ရပ်လိုက်ပြီလို့ ရုရှားဖက်ဒရယ်လုံခြုံရေးဌာန FSB က ဒီနေ့ပဲကြေညာလိုက်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံအတွင်း ပိုမိုဆိုးရွားလာတဲ့ အကျပ်အတည်းတွေနဲ့ စစ်ကောင်စီရဲ့ လက်တွေ့မကျတဲ့ မူဝါဒတွေကြောင့် တိုင်းပြည်စီးပွားရေးဟာ တလျှောက်လုံး ထိခိုက်သွားနိုင်တဲ့ အခြေအနေ ကြုံနေရတယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေအတွက် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် နောက်ထပ် ဒေါ်လာ ၁၂ ဒသမ ၅ သန်း ကူညီမယ်လို့ သြစတြေးလျအစိုးရက ကြေညာလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်တဲ့ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေ အလုပ်လုပ်ခွင့် သက်တမ်းကုန်တဲ့အခါ လွယ်လွယ်ကူကူ သက်တမ်းတိုးနိုင်အောင် လုပ်ကိုင်ပေးဖို့ သက်ဆိုင်ရာနိုင်ငံတွေနဲ့ သဘောတူထားတဲ့အကြောင်း ထိုင်း အလုပ်အကိုင်ရေးရာ ဌာန ညွန်ကြားရေးမှုးချုပ်က ပြောပါတယ်။
ငွေမည်းခဝါချတာတွေ အပါအဝင် ဘဏ္ဍာရေးဆိုင်ရာ လွှဲပြောင်းမှုတွေမှာ အားနည်းချက်တွေက ရှိနေတာကို ပြင်ဆင်ဖို့ သတ်မှတ်ထားတဲ့အချိန်ကာလ ကျော်လာတဲ့အထိ အကောင်အထည် မဖော်နိုင်သေးဘူးလို့လည်း FATF အဖွဲ့က ပြီးခဲ့တဲ့သီတင်းပတ်ထဲ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။
ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့မှာ မြန်မာနိုင်ငံတွင်း သိမ်းဆည်းရမိထားတဲ့၊ ဒေါ်လာ သန်း ၅၀၀ နီးပါး တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေကို ဖျက်ဆီးခဲ့တဲ့ အကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်