အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်မှာ မနေ့ ဇွန် ၂၅ ရက်နေ့က လေဆင်နှာမောင်းတိုက်နေတာပါ။ Indianapolis မြို့တောင်ပိုင်းကခရိုင်တွေမှာ တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း လေဆင်နှာမောင်းကြောင့် ဂရင်းဝုမြို့ကဒေသခံတဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေကအတည်ပြုပြီး တခြားအပျက်အစီး၊သေဆုံးစာရင်းပြုစုနေဆဲလို့ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ရဲတွေဟာ Jamaat al Ansar fil Hindal Sharqiya အစ္စလမ် အစွန်းရောက်အဖွဲ့ ခေါင်းဆောင် Shamin Mahfuz ကို ဒက်ကာမြို့တော်က သူ ပုန်းအောင်းနေရာမှာ ဖမ်းဆီးလိုက်တယ်လို့ စနေနေ့မှာ ကြေညာပါတယ်။
ဆော်ဒီအာရေဗီးယားနိုင်ငံမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ Hajj ဘုရားဖူးပွဲတော်ကို ဒီနှစ်အတွက် လာရောက်တဲ့ နိုင်ငံခြားသား ဘုရားဖူးဧည့်သည် အခုအချိန်ထိ တသန်းခွဲနီးပါး ရှိနေပြီလို့ ဆော်ဒီ အာဏာပိုင်တွေက ပြောပါတယ်။
ရုရှားကြေးစားတပ်ဖွဲ့ Wagner အဖွဲ့ခေါင်းဆောင် Yevgeny Prigozhin က မော်စကိုကို ချီတက်နေတဲ့ သူ့တပ်တွေကို ပြန်လှည့်ဖို့နဲ့ သွေးထွက်သံယိုမှုတွေ ရှောင်ရှားနိုင်အောင် ယူကရိန်းမှာရှိတဲ့ သူတို့ရဲ့ အခြေစိုက်စခန်းကို ပြန်လာဖို့ စနေနေ့မှာပဲ အမိန့်ပေးလိုက်ပါတယ်။
ပါရီ ထိပ်သီးညီလာခံမှာ ချမ်းသာတဲ့ နိုင်ငံတွေက ရာသီဥတု ပြောင်းလဲမှု အတွက် ကတိပြုထားတဲ့ ဒေါ်လာ ဘီလီယံ ၁၀၀ ကို အပြီးသတ် သဘောတူနိုင်ခဲ့ကြတယ်လို့ ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်က သောကြာနေ့မှာ ပြောလိုက်ပါတယ်။
မြောက်အတ္တလန္တိတ် သမုဒ္ဒရာထဲက တိုက်တန်းနစ် သင်္ဘော ပျက်ခဲ့တဲ့ နေရာကို လေ့လာရေးခရီးထွက်ရင်း ပျက်စီးခဲ့ရတဲ့ တိုင်တန် (Titan) ရေငုပ်ယာဥ်ငယ်ရဲ့ အပျက်အစီးတွေကို ရှာဖွေနိုင်ဖို့ပဲ အခုလောလောဆယ် ဦးစားပေးနေ သေးကြောင်း အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုကို နိုင်ငံတော်ခရီးစဉ်လာရောက်နေတဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဟာ သူ့ခရီးစဉ်နောက်ဆုံးနေ့မှာ အမေရိကန်နဲ့အိန္ဒိယ နည်းပညာအမှုဆောင်အရာရှိတွေနဲ့ ဝါရှင်တန်ဒီစီမှာတွေ့ဆုံပြီး ကာကွယ်ရေးနဲ့နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ တရုတ်ရဲ့ စိန်ခေါ်မှုကိုရင်ဆိုင်ရေး သဘောတူခဲ့ပါတယ်။
အမေရိကန်ရေတပ်ရဲ့ အကြီးဆုံးသင်္ဘောတွေထဲ တစီးဖြစ်တဲ့ ယူအက်စ်အက်စ် ရော်နယ်ရေဂင် လေယာဉ်တင် သင်္ဘောကြီးဟာ လာမယ့် တနင်္ဂနွေနေ့မှာ ဗီယက်နမ် ဆိပ်ကမ်းတခုမှာ ခရီးတထောက်နား ဆိုက်ကပ်ဖို့ စီစဉ်ထားကြောင်း နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူကို ကိုးကားပြီး ဗီယက်နမ် VnExpress အွန်လိုင်းသတင်းစာက ဖော်ပြထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး Sean Turnell ဟာ အမေရိကန်ပြည်ထောင်စုမှာ အရေးပါတဲ့ အထက်လွှတ်တော်အမတ် Mitch McConell နဲ့ ဒီသီတင်းပတ်ထဲ တွေ့ဆုံခဲ့ပါတယ်။ Mitch McConnell နဲ့ ဗုဒ္ဓဟူးနေ့ကတွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစကားကို ပါးခွင့်ရခဲ့တယ်လို့ပြောပါတယ်။
၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေရှ့်ကလို့ ယူဆရသူတွေလူကုန်ကူးမှုနဲ့ ထိုင်း နိုင်ငံသား လေးဦးကို မလေးရှားနိုင်ငံမှာ တရားစွဲဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံ နယ်ခြားက Wang Kelian ဆိုတဲ့ရွာမှာ အလောင်း ၁၃၉ လောင်းကို မြှုပ်နှံထားတဲ့ နေရာတွေကို လွန်ခဲ့တဲ့ ၈ နှစ်က တွေ့ခဲ့တာပါ။
မြို့တော်ရဲ့ နေရာတော်တော်များများမှာ အပူချိန်ဟာ ၄၀ ဒီဂရီ Celsius ၊ ဖာရင်ဟိုက်နဲ့ဆိုရင် ၁၀၄ အထိရှိပါတယ်။ ဒီနေ့ သောကြာနေ့ နေ့လည် ၁ နာရီခွဲမှာ မြို့တော်အပူချိန် ၄၀ ဒီဂရီ Celsius ဖြစ်သွားတယ်လို့ တရားဝင် တိုင်းတာတဲ့ဌာနက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံ အခြေအနေဆိုးဝါးလာတဲ့အပေါ် အင်မတန်စိုးရိမ်တယ်လို့ အိမ်ဖြူတော်မှာ သမ္မတ Joe Biden နဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi တို့တွေ့ဆုံအပြီး ပူးတွဲ ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အကြား အာရှနိုင်ငံ ၂၂ နိုင်ငံမှာ လူ့အခွင့်အရေး ကာကွယ်တဲ့ တက်ကြွလှုပ်ရှားသူတွေအပေါ် အခွင့်အရေး ချိုးဖေါက်တဲ့ လုပ်ရပ် ၁၆၀၀ ကျော် ရှိခဲ့ပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံက အများဆုံး ဖြစ်တဲ့အကြောင်း အာရှ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ FORUM-ASIA အဖွဲ့က ဒီနေ့ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဒေသက Barbecue အသားကင်ဆိုင်တဆိုင်မှာ မီးဖိုချောင်သုံးဓာတ်ငွေ့အိုးတွေ အစုလိုက် အပြုံလိုက် ပေါက်ကွဲရာက ၃၁ ဦးသေ၊ ၇ ဦး ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေ ဒီကနေ့ပဲ အတည်ပြုပါတယ်။
အာဆီယံ အရှေ့တောင်အာရှ နိုင်ငံတွေအကြား ပထမဆုံး အကြိမ် ကျင်းပမယ့် စစ်ရေးလေ့ကျင့်မှုကို တောင်တရုတ်ပယ်လယ် နယ်နမိတ်နဲ့ ဝေးတဲ့နေရာ ပြောင်းရွေ့လိုက်တဲ့အကြောင်း အင်ဒိုနီးရှား စစ်တပ်က ဒီနေ့ ကြေညာပါတယ်။
“ရှေ့မဆက်နိုင်ဖြစ်နေတဲ့ အခြေအနေမှာ ဖောက်ထွက်နိုင်မယ့် တခြားနည်းလမ်းကို စဉ်းစားရမယ့် အချိန်ရောက်လာပါပြီ။ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်မဖော်ဘဲ ပစ်ပယ်ထားတာတွေအတွက် စစ်ကောင်စီက တာဝန်ခံမှုရှိအောင်လုပ်ဖို့ စဉ်းစားရပါလိမ့်မယ်။”
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းက ပြန်လည်ရုန်းထွက်နိုင်တဲ့ စီမံချက်မျိုး မြန်မာစစ်တပ်မှာ မရှိတာကြောင့် မြန်မာ့အရေးကို ဒေသတွင်းနဲ့ ကမ္ဘာ့နိုင်ငံတွေက သံတမန်ရေးအရ ဖြေရှင်းဖို့ ကြိုးစားနေရတဲ့အကြောင်း မြန်မာ့အရေး လေ့လာသုံးသပ်သူတွေက VOA ကို ပြောဆိုပါတယ်။
မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ ရင်းနှီးမြုပ်နှံမှုနဲ့ ကူးသန်း ရောင်းဝယ်ရေး ဘဏ်တွေကို အမေရိကန် ပြည်ထောင်စုရဲ့ ပိတ်ဆို့ဒဏ်ခတ်မဲ့ စာရင်းမှာ ထည့်သွင်းမယ့်အကြောင်း ဒီနေ့ ဗုဒ္ဓဟူးနေ့ ကြေညာနိုင်တယ်လို့ နီးနီးစပ်စပ်သိသူ နှစ်ဦးရဲ့ ပြောပြချက်ကို ကိုးကားပြီး Reuters သတင်းမှာ ဖေါ်ပြပါတယ်။
မြန်မာ့အရေး ထိုင်းနိုင်ငံရဲ့ ချဉ်းကပ်မှုဟာ အာဆီယံ အဖွဲ့အတွင်း လက်ခံထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ် ဆိုင်ရာ တာဝန်အပ်နှင်းမှုအပေါ် ချိုးဖေါက်နေတယ်လို့ မနေ့က ဂျကာတာမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ဒေသတွင်း သံတမန်ရေးဆိုင်ရာ အထူး အရာရှိ က ဝေဖန်သွားပါတယ်။
ယခုနှစ် ကမ္ဘာ့ဒုက္ခသည်များနေ့မှာ မြန်မာအပါအ၀င် တကမ္ဘာလုံးမှာရှိတဲ့ ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်တောင်းခံသူ ၃၅.၄ သန်းရဲ့ အတိဒုက္ခနဲ့ သူတို့ရဲ့ လိုအပ်ချက်တွေကို နိုင်ငံတကာက အကာအကွယ်ပေးကြဖို့နဲ့ တရားဥပဒေဆိုင်ရာ အခွင့်အရေးတွေပေးဖို့အတွက် ကုလသမဂ္ဂ တာဝန်ရှိသူတွေက ဒီနေ့ပဲ တောင်းဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်