တိုင်တန်းနစ် သင်္ဘောကြီးနစ်မြုပ်နေတဲ့နေရာကို သွားရောက်လေ့လာတဲ့ ရေငုပ်သင်္ဘောငယ်တစင်း ပျောက်ဆုံးနေပါတယ်။ ယာဉ်မောင်းသူနဲ့ ခရီးသည် ၄ ဦးတို့လိုက်ပါသွားတဲ့ အဲဒီ ရေငုပ်သင်္ဘောငယ်ဟာ ရေထဲမှာ ၉၆ နာရီနေနိုင်စွမ်းရှိပြီး ပြန်တွေ့ရဖို့ အစွမ်းကုန်ရှာဖွေနေတယ်လို့ OceanGate ကုမ္ပဏီ ကပြောပါတယ်။
အကူအညီပစ္စည်းတွေ ပြည်ပကနေ ထပ်ဖြည့်ဆည်း ပေးပို့နိုင်ရေး စစ်ကောင်စီဘက်က ခွင့်ပြုချက် မပေးသေးတဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနိုင်းရေးရုံး UNOCHA က သတင်းထုတ်ပြန်ထားပါတယ်။
နှစ်နိုင်ငံအကြား ဆက်သွယ်ဆောင်ရွက်မှုတွေ အပြန်အလှန်လေးစားဖို့နဲ့ ရိုးသားမှုကို အခြေခံဖို့၊ ဝန်ကြီး ဘလင်ကန်အနေနဲ့ အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးတည်ငြိမ်ဖို့အတွက်ပိုပြီး အပြုသဘောဆောင် ပါဝင်ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း တရုတ်သမ္မတ Xi Jinping ပြောဆိုသွားတာပါ။
အင်အားအသင့်အတင့်ရှိတဲ့ ငလျင်တခု မြန်မာနိုင်ငံ တောက်ဖက်ကမ်းလွန်ဒေသမှာ ဗဟိုပြုလှုပ်ခတ်ခဲ့ရာမှာ ထိုင်းနိုင်ငံအထိပါ သက်ရောက်မှု ရှိခဲ့ပြီး ထိခိုက်ပျက်စီးမှု သတင်းတော့ မကြားရပါဘူး။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေနဲ့ ပဋိပက္ခတွေရဲ့ ရိုက်ခတ်မှုဒဏ် အများဆုံး ခံနေရတာကြောင့် ပြဿနာကို အမြန်ဆုံးဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး စီစဉ်ခဲ့တာလို့ ထိုင်းဝန်ကြီးချုပ်က ဒီကနေ့ပဲ သတင်းထောက်တွေကို ပြောခဲ့တာပါ။
ဇွန်လ ၁၉ ရက်နေ့မှာကျရောက်မယ့် ဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၈ မွေးနေ့ကို ဇွန်လ ၁၇ ရက်နေ့ စနေနေ့က အမေရိကန်ပြည်ထောင်စုဝါရှင်တန်ဒီစီနဲ့ ဥရောပတိုက်၊ နယ်သာလန်နိုင်ငံမှာ အဝေးရောက်မြန်မာ့ဒီမိုကရေစီအင်အားစုတွေကစုရုံးကျင်း ပခဲ့ကြပါတယ်။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့က မြို့မရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ချင်းကာကွယ်ရေးတပ် CDF နဲ့ ညောင်ဦးခရိုင် ဒေသ ကာကွယ်ရေးတပ်တို့ ပူးပေါင်းပြီး သောကြာနေ့မှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို မြန်မာစစ်တပ်ကလည်း လက်နက်ကြီးတွေသုံးပြီး ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ CDF က ပြောပါတယ်။
ထိုင်းနိုင်ငံအနောက်ဘက်ခြမ်းမြန်မာနယ်စပ်တလျောက်ကတင်းကြပ်စွာချုပ်ချယ်ထားတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ မြန်မာစစ်ပြေးဒုက္ခသည် ၉သောင်းလောက်ဟာလာမယ့်အင်္ဂါနေ့မှာကျရောက်မယ့် နိုင်ငံတကာ ဒုက္ခသည်များနေကို တနှစ်ထပ်မံဖြတ်ကျော်ရဦးမှာဖြစ်ပါတယ်။ တချို့ဒုက္ခသည်တွေဟာ နှစ်ပေါင်း ၄၀ လောက်ကြာမြင့်နေပြီဖြစ်ပါတယ်
ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၈ နှစ် မွေးနေ့အခါသမယမှာ သားဖြစ်သူကို ထိန်လင်းခေါ် Kim Aris က သူ့ရဲ့မိခင်ကို ဖမ်းဆီးထားတာဟာ တရားဝင်မှုမရှိဘဲ၊ မိခင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်၊ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ စနေနေ့မှာ သဘောထားထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
အနောက်နိုင်ငံတွေအနေနဲ့ ရုရှားကို ဒုက္ခရောက်အောင် မလုပ်ဖို့ သတိပေးတဲ့အနေနဲ့ ရုရှားက သူ့ရဲ့မဟာဗျူဟာမြောက် နျူကလီယားလက်နက်တွေကို ဘယ်လာရုစ်မှာ ချထားပြီး ဖြစ်ကြောင်း ရုရှားသမ္မတ Vladimir Putin က St Petersburg မှာပြုလုပ်တဲ့ ရုရှားရဲ့စီးပွါးရေးဖိုရမ်ဆွေးနွေးပွဲမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။
ဧရာဝတီတိုင်း(မ်) Ayeyarwaddy Times သတင်းဌာနကို မြန်မာစစ်ကောင်စီက ထုတ်ဝေခွင့် တားမြစ်ပိတ်ပင်ထားတာကို ပယ်ဖျက်ပေးဖို့ သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ)က ဇွန်လ ၁၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်အာဏာသိမ်းခဲ့ ချိန်ကစပြီး မြန်မာ့နိုင်ငံရေး အခြေနေတိုးတက်တဲ့ အရိပ်အယောင် မတွေ့ရဘူးလို့ ဝါရှင်တန်ဒီစီကိုရောက်နေတဲ့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ တွေ့ဆုံဆွေးနွေးမှုအပြီးမှာ ပြောကြားလိုက်ပါတယ်။
တရုတ်၊ ရုရှား ဦးဆောင်ပါဝင်တဲ့ BRICS နိုင်ငံတွေ ပူးပေါင်းတည်ထောင်ထားတဲ့ NDB ဘဏ်မှာ အဖွဲ့ဝင်နိုင်ငံဖြစ်လာဖို့ စဉ်းစားနေကြောင်း မြန်မာနိုင်ငံဗဟိုဘဏ် ဥက္ကဋ္ဌက ရုရှားမြို့တော် စိန့်ပီတာစဘတ်မြို့မှာ ကျင်းပနေတဲ့ စီးပွားရေးဖိုရမ်မှာ ပြောကြားပါတယ်။
တောင်တရုတ် ပင်လယ်ထဲက ဗီယက်နမ်နိုင်ငံရဲ့ သီးသန့် စီးပွားရေးဇုန် ရေပိုင်နက်အတွင်း တရုတ်နိုင်ငံဘက်က သင်္ဘောတွေ လှုပ်ရှား သွားလာတာတွေ များလာပြီး ဗီယက်နမ်ရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေကို နှောင့်ယှက်တာတွေ ပိုများလာနေလို့ တရုတ်နဲ့ ဗီယက်နမ် နှစ်နိုင်ငံဆက်ဆံရေး ပိုပြီး တင်းမာလာနေပါတယ်။
အမေရိကန်ရဲ့ စွမ်းအင်ဌာနအပါအဝင် အစိုးရအေဂျင်စီ အများအပြားကို ရုရှားရဲ့ ခြိမ်းခြောက် ငွေညှစ်တဲ့ ဆိုက်ဘာ ဂိုဏ်းတခုက ဖောက်ထွင်းဝင်ရောက်ခဲ့တယ်လို့ အမေရိကန်လုံခြုံရေး အရာရှိတွေက ပြောပါတယ်။
ဂရိနိုင်ငံကမ်းလွန် မြေထဲပင်လယ်ထဲမှာ ဗုဒ္ဓဟူးနေ့က တိမ်းမှောက်ခဲ့တဲ့ စက်လှေပေါ် ပါသွားသူတွေထဲက အသက်ရှင်သူတွေ နောက်ထပ် ရှာတွေ့နိုင်ဖို့ အခြေအနေ နည်းသွားပြီလို့ ကူညီကယ်ဆယ်ရေးလုပ်သူတွေက ပြောပါတယ်။
တိုင်းရင်းသတင်းလွှာ FEVR
အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂၀၂၃ ခုနှစ် နှစ်စဉ် နိုင်ငံတကာ လူကုန်ကူးမှုအစီရင်ခံစာထဲမှာ မြန်မာနိုင်ငံကို အဆုံးဆိုးအဆင့် Tier 3 မှာဆက်ပြီးထည့်ထားပါတယ်။ လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ ထိထိရောက်ရောက် အရေးယူဖို့ အခြေခံ စံသတ်မှတ်ချက်ကိုတောင် ပြည့်မှီအောင် မဆောင်ရွက်နိုင်ဘူးဆိုပြီးထည့်သွင်းထားတာပါ။
အီရန်နိုင်ငံက အမျိုးသမီး သတင်းထောက်တဦးဖြစ်သူ နာဇီလာ မာရူဖီယံ (Nazila Maroufian) ဟာ အထူးရဲတပ်ဖွဲ့ရဲ့ မလျော်မကန် ပြောဆိုမှုကို ထုတ်ဖော်ပြီးနောက်မှာ သူ့ရဲ့ သတင်းစာတိုက်ကနေ အလုပ်ထုတ် ခံခဲ့ရပါတယ်။
စစ်ပွဲ၊ ဆင်းရဲမွဲတေမှုနဲ့ ငတ်မွတ်မှုဒဏ် ခံနေရတဲ့ ဆီးရီးယားနိုင်ငံသား သန်းပေါင်းများစွာအတွက် အကူအညီ ဒေါ်လာ ၁၀.၃ ဘီလီယံ ပေးအပ်ဖို့ နိုင်ငံတကာအလှူရှင်တွေက ကြာသပတေးနေ့က ကတိပြုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်