တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ Tesla အမှုဆောင်အရာရှိချုပ် အီလွန်မာ့စ်ဟာ ကြာသပတေး နေ့မှာ ရှန်ဟိုင်းမြို့ကနေ ထွက်ခွာခဲ့ပြီး သူ့ရဲ့ ၂ ရက်ကြာ ခရီးစဥ်ကို အဆုံးသတ်ခဲ့ပါတယ်။
ကမ္ဘာ့မိုးလေဝသအဖွဲ့ WMO ဟာ အာဂျင်တီးနား မိုးလေဝသပညာရှင် Celeste Saulo ကို ပထမဆုံး အမျိုးသမီး အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ ဂျီနီဗာမှာ ကျင်းပတဲ့ ကမ္ဘာ့မိုးလေဝသဆိုင်ရာ ကွန်ဂရက်မှာ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ ဦးက Saulo ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း WMO ရဲ့ ကြေညာချက်မှာ ဖော်ပြထား
မေလလယ်က ကျရောက်ခဲ့တဲ့ မိုခါမုန်တိုင်း ဒဏ်ခံရတဲ့ ဒုက္ခသည်တွေထဲက ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အရေးပေါ်ကယ်ဆယ်ကူညီရေး ရံပုံငွေ ဒေါ်လာ ၃ သန်းချထားပေးလိုက်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တရုတ်နဲ့ အာရှနိုင်ငံတော်တော်များများ သူပိုင် ကိုယ်ပိုင်အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်နဲ့ဆက်နေတဲ့ Manila ပင်လယ်အော်မှာ သီတင်းတပါတ်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို လုပ်မှာဖြစ်ပါတယ်။
ရုရှားကပစ်လွှတ်လိုက်တဲ့ ဒုံးကျည်အစိတ်အပိုင်းတစ်ခု ကားလမ်းမပေါ်ကျလာတာပါ။ အဲဒီနေ့ မေလ ၂၉ က ရုရှားပစ်လွှတ်တဲ့ ဒုံးကျည်တွေအားလုံးကို ယူကရိန်းက ပစ်ချနိုင်ခဲ့တာကြောင့် ထိပ်ဖူးမပါတော့ဘူးလို့ယူဆရတဲ့ ဒုံးကျည်အစိတ်အပိုင်းတစ်ခုဖြစ်နေလို့ လမ်းပေါ်ကကားတွေ သက်သာသွားခဲ့ရပါတယ်။
မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို ၃နိုင်ငံက ဗီဇာသက်တမ်းကုန်တဲ့ ရွှေပြောင်းအလုပ်သမား ၂သိန်းကျော်ကို အစိုးရသစ်မဖွဲ့ခင် ကြားကာလမှာ သက်တမ်း ၂လ တိုးနေထိုင်ခွင့်ပြုတယ်လို့ ထိုင်းအစိုးရ ကြေငြာခဲ့ပါတယ်။
မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံရပြီး နှစ်ပတ်အကြာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းမှာ သီးနှံတွေ ပျက်ဆီးခဲ့တာကြောင့် စားနပ်ရိက္ခာဝယ်ရတဲ့ အခက်အခဲ ကြုံနေရသလို ကုန်ဈေးနှုန်းကြီးမြင်တဲ့ဒဏ်ပါ ရင်ဆိုင်နေရတဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနိုင်းရေးရုံး UNOCHA က သတင်းထုတ်ပြန်ထားပါတယ်။
တရုတ်ဗဟိုစစ်ကော်မရှင်၊ ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဘက်ထောက်လှမ်းရေး ယာယီညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် ယန်ယန် ဟာ စစ်ကောင်စီ ဒုတိယ ဥက္ကဌ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တွေ့ဆုံပြီး ၂ နိုင်ငံ စစ်တပ်ကြား ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့တာပါ။
မြောက်ကိုရီးယား လွှတ်တင်တဲ့ Chollima-1 ဆက်သွယ်ရေး ဂြိုလ်တုသစ်ဟာ အင်ဂျင်နဲ့ လောင်စာဆီ စနစ် မတည်ငြိမ်တဲ့အတွက် အခုလို မအောင်မမြင် ဖြစ်ခဲ့တာလို့လည်း မြောက်ကိုရီးယားအစိုးရရဲ့ KCNA သတင်းဌာနက ထုတ်လွှင့်ပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်း ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တဲ့အကြောင်းနဲ့ မုန်တိုင်းဒဏ် လွတ်တဲ့အိမ် မရှိလောက် ပျက်ဆီးခဲ့ပြီး၊ ယာယီအမိုးအကာတွေနဲ့ ဖြစ်သလို နေနေရတာကြောင့် နေရာထိုင်ခင်း အရေးပေါ် အကူအညီတွေပေးဖို့ လိုအပ်နေတဲ့အကြောင်း Danielle Parry (ဒါညန်လ် ပယ်ရီ) ပြောဆိုသွားတာပါ။
ဗြိတိန်နိုင်ငံမှာ အကြီးမားဆုံး ကျောက်မျက်ရတနာ လက်လီရောင်းချနေတဲ့ ကုမ္ပဏီပေါင်း (၄၀) ကို သူတို့ ရောင်းချနေတဲ့ ကျောက်မျက်တွေဟာ မြန်မာနိုင်ငံက ထွက်ရှိတာမဟုတ်ပါဘူးဆိုတာ သက်သေပြဖို့ Burma Campaign UK အဖွဲ့က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားဟာ တခြားနိုင်ငံတွေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားရင် ပစ်မှတ်ကို သေချာထိအောင် ချိန်ရွယ်ပြီး ပစ်နိုင်ဖို့ ပိုပြီးကြိုးပမ်းလာတာ တွေ့ရပါတယ်။
မေလ ၂၉ ရက်နေ့မှာ ရုရှားက ယူကရိန်းမြို့တော်ကို နာရီတော်တော်ကြာတိုက်ခိုက်ခဲ့ပြီး အကြီးအကျယ် ထိခိုက်မှုတော့ မရှိခဲ့ပါဘူး။ နေ့ခင်းဘက် တိုက်ခိုက်မှုကြောင့် ကလေးတွေအပါအဝင် လမ်းမှာ သွားလာနေတဲ့ အရပ်သားတွေ ထွက်ပြေးကြရတာကို တယ်လီဖုန်း ဗွီဒီယိုမှာ တွေ့ရပါတယ်။
၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ ရခိုင်ပြည်နယ်က စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာတွေအပေါ် ကျုးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် Facebook ကုမ္ပဏီမှာလည်း တစိတ်တပိုင်း တာဝန်ရှိခဲ့တာကြောင့် နစ်နာမှုတွေကို ကုစားဖို့ လိုတယ်လို့လည်း AI အဖွဲ့ရဲ့ နည်းပညာဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး Pat de Brún ပြောဆိုထားတာပါ။
တူရကီနိုင်ငံမှာ တနင်္ဂနွေနေ့ကလုပ်တဲ့ ဒုတိယအကျော့ ရွေးကောက်ပွဲမှာ မဲအရေအတွက် ၅၂.၂ ရာခိုင်နှုန်းနဲ့ လက်ရှိတူရကီသမ္မတ Recep Tayyip Erdogan ( ရေဂျပ် တာရစ် အာဒိုဝန်) ကအနိုင် ရခဲ့ပါတယ်။ သူ့ရဲ့ပြိုင်ဖက် Kemal Kilic daroglu (ကာမဲလ် ကလစ်ချ် ဒါရိုဂလူ)ကတော့ ၄၇.၈ ရာခိုင်နှုန်းပဲ ရခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ လူသားချင်းစာနာမှု အကူအညီလိုအပ်နေတဲ့ အခြေအနေ ပိုပြီး ဆိုးရွားလာနိုင်တဲ့အကြောင်း ကုလသမဂ္ဂ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာ အဖွဲ့ FAO က သတိပေးထားပါတယ်။
လတ်တလောမှာတော့ သူ့ကိုဘာအမှုနဲ့ အရေးယူပြီး၊ ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာတွေကိုတော့ အတိအကျ မသိရသေးပါဘူး။ အဆိုတော်ဗျုဟာ ဟာ မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကစ ရေပမ်းစားခဲ့တဲ့ ‘ကမ္ဘာမကျေဘူး’ သီချင်းကို ရေးစပ်ခဲ့တဲ့ တေးရေး နိုင်မြန်မာရဲ့ သားလည်း ဖြစ်ပါတယ်။
ကနေဒါနိုင်ငံအရှေ့ပိုင်း ပင်လယ်အနီးက နိုဗာစကော့ရှားဒေသမှာ ဒီသတင်းပတ်ထဲ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် ဒေသခံ သောင်းနဲ့ချီပြောင်းရွှေ့နေကြရပါတယ်။ နေအိမ်အနည်းဆုံး ၁၀ လုံးမီးထဲပါသွားခဲ့ပြီး လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးစနစ်တွေပြတ်ကုန်တာကြောင့် ဘေးလွတ်ရာကို ပြောင်းရွှေ့ကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်
မေလ ၂၈ရက်နေ တနင်းနွေနေ့လုပ်တဲ့ တကျော့ပြန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရလိုက်ပြီလို့ လက်ရှိ သမ္မတ Recep Tayyip Erdogan က ကြေညာလိုက်ပါတယ်။
တရုတ်နဲ့ တိုင်ဝမ်ကြား ကာလအတော်ကြာ ဆက်ဆံရေး တင်းမာနေတာဖြစ်ပြီး စနေနေ့ကတော့ တိုင်ဝမ်ရေလက်ကြားကို လေယာဉ်တင်သဘောၤာကြီး ရှန်ဒေါင်း အပါအဝင် တရုတ်သင်္ဘော ၃ စင်း ဖြတ်သွားခဲ့ပါတယ်။ နိုင်ငံရေးသုံးသပ်သူတွေကတော့ ဒါဟာ တရုတ်အစိုးရရဲ့ ပုံမှန်မဟုတ်တဲ့ စစ်အင်အားပြမှုတခု လို့ဝေဘန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်