အီရန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေအကြား မြစ်ရေခွဲဝေသုံးစွဲမှုအငြင်းပွားရာကနေ စနေနေ့တုန်းက နှစ်ဘက်တပ်တွေ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်အနည်းဆုံး လူနှစ်ဦးသေဆုံးပြီး၊ အချို့ဒဏ်ရာရရှိခဲ့သလို နှစ်ဘက်တင်းမာမှုတွေ မြင့်တက် လာနေပါတယ်။
ပြင်သစ်နိုင်ငံမှာ တိရိစ္ဆာန်တွေအတွက် ကြက်ငှက်တုပ်ကွေးရောဂါကာကွယ်ဆေးထိုးပေးဖို့ စမ်းသပ်နေတာ အောင်မြင်နေပြီဖြစ်ပြီး၊ လာမယ့်ဆောင်းဦးရာသီလောက်မှာဘဲ နဲ့ ကြက်ငှက်တွေကို စတင်ထိုးသွားပေးသွားဖို့ ရည်ရွယ်လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူတွေကပြောဆိုပါတယ်။
IPEF စီးပွားရေးညှိနှိုင်းဆွေးနွေးပွဲကိုစနေနေ့တုန်းကအမေရိ ကန်ပြည်ထောင်စု ဒက်ထွိုက် Detroit မြိုမှာကျင်းပခဲ့ပြီး၊ ကုန်ပစ္စည်းထုတ်လုပ်တင်ပို့မှုပိုမိုခိုင်မာပြီး၊ လုံခြုံစိတ်ချရ ဖို့အတွက် သဘောတူညီချက်တွေကိုရရှိခဲ့တယ်လို့ အမေရိကန်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး Gina Ramiond ကပြောဆိုခဲ့ပါတယ်။
အရှေ့အလယ်ပိုင်း ဒေသတလွှား ရုပ်သံနဲ့ ဗီဒီယိုထုတ်လွှင့်ပေးနေတဲ့ ဆော်ဒီအာရေဗျ အခြေစိုက် Arabsat ကုမ္ပဏီ အတွက် ရေဒီယို၊ တယ်လီဖုံး ကြေးနန်း ဆက်သွယ်ရေး ဂြိုဟ်တုတခုကို ဘီလီယံနာသူဌေးကြီး Elon Musk ရဲ့ SpaceX ကုမ္ပဏီက စနေနေ့မှာ ကမ္ဘာပတ်လမ်းထဲကို လွှတ်တင် လိုက်ပါတယ်။
ယူကရိန်းနိုင်ငံနဲ့ နယ်နမိတ်ခြင်းထိစပ်နေတဲ့ ရုရှားနိုင်ငံတောင်ပိုင်း Belgorod ဘဲဂရော့ ဒေသကို ယူကရိန်းဖက်ကနေ အဝေးထိန်း ဒရုန်း၊ အမြောက်၊ မော်တာ လက်နက်ကြီးတွေသုံးကာ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းအာဏာပိုင်တွေက သောကြာနေ့မှာ ပြောပါတယ်။
မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းက ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက မိုင်းတွင်းတွေက အလုပ်သမားတွေရဲ့ ဘေးကင်းရေးအစီအမံတွေနဲ့ လစာ ကိစ္စ အငြင်းပွားမှုတွေကို ဖြေရှင်းတာတွေ လုပ်မယ်လို့ ‘ဝ’ ဒေသ အာဏာပိုင်တွေက ပြောပါတယ်။
မိုခါ မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်ထဲက ပြည်သူ (၁၁၆,၀၀၀)နီးပါးကို ပြီးခဲ့တဲ့ (၁၀)ရက်အတွင်း WFP ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်အဖွဲ့က အရေးပေါ် အစားအစာနဲ့ ငွေကြေးတချို့ ပေးအပ်ခဲ့တယ်လို့ WFP က မေလ(၂၆)ရက် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ပြည်တွင်းခရီးတို လေယာဥ်ခရီးစဥ်အတွင်း ခရီးသည်တဦး တံခါးသွားဖွင့်လို့ လေယာဥ်ပေါ် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ပါတယ်။ လေယာဥ်ဆင်းသက်ဖို့ ၃ မိနစ်လောက်ပဲအလို လေယာဥ်ကလည်း တော်တော်နိမ့်နိမ့်မှာ ပျံသန်းနေချိန် အခုလို ဖြစ်တာပါ။ လူ ၁၀ ဦးဝန်းကျင် နည်းနည်းထိခိုက်သွားပေမဲ့ အားလုံး ဘေးကင်းခဲ့ပါတယ်။
Oath Keepers ဆိုတဲ့ လက်ယာစွန်းဝါဒီလက်နက်ကိုင်အဖွဲ့ တည်ထောင်သူ Stewart Rhodes ကို နိုင်ငံတော် အကြည်အညိုပျက်အောင် ပူးပေါင်းကြံစည်မှုအပါအဝင် တခြားပြစ်မှုတွေနဲ့ စုစုပေါင်း ထောင်ဒဏ် ၁၈ နှစ်ချလိုက်ပါတယ်။
အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Gina Raimond နဲ့ တရုတ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wang Wentao တို့ ကြား တရုတ် အမေရိကန် ကူးသန်ရောင်းဝယ်ရေး ကိစ္စရပ်တွေနဲ့ ပတ်သတ်လို့ ပွင့်ပွင့်လင်းလင်းနဲ့ အနှစ်သာရရှိရှိ ဆွေးနွေးနိုင်ခဲ့ကြတယ်လို့ အမေရိကန် ကူသန်းရောင်းဝယ်ရေးဌာနက ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပါတယ်
ဂျပန်နိုင်ငံ အလယ်ပိုင်း Nagano နယ်ထဲက Nakano မြို့မှာ ကြာသပတေးနေ့က အမျိုးသမီး ဓားထိုးခံခဲ့ရပြီး ရဲတပ်ဖွဲ့ဝင် ၂ ယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး အဆောက်အဦးတခုထဲမှာ ပုန်းနေတဲ့ တိုက်ခိုက်သူကို ၁၂ နာရီအကြာမှာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။
အမေရိကန် ကောင်စစ်ဌာနတွေမှာ ဗီဇာလျှောက်ထားမှုတွေကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် စိစစ်ပေးနိုင်ဖို့ ခုလို ဗီဇာကြေးတွေ တိုးကောက်တာဖြစ်တယ်လို့ အမေရိကန်အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလအတွင်း ပြည်တွင်းလက်နက်ကိုင် အခြေအနေတွေနဲ့ နယ်မြေမတည်ငြိမ်တာတွေကြောင့် ဒေသခံတွေက သူတို့ရဲ့နေရပ်ဆီ ပြန်နိုင်ဖို့ ခက်နေပါတယ်။
ရုရှားနဲ့ ဘီလာရုစ် နှစ်နိုင်ငံဟာ ဘီလာရုစ်မှာ ရုရှားရဲ့ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေကို သိမ်းဆည်းထားရှိမယ့် သဘောတူညီချက် တရပ်ကို ကြာသပတေးနေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။
မြန်မာနိုင်ငံနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရ်ှ လူမှုအသိုင်းအဝိုင်းအတွက် မုန်တိုင်းဒဏ်ကယ်ဆယ်ရေး အရေးပေါ်အကူအညီအဖြစ် အီးယူဥရောပသမဂ္ဂက ယူရိုငွေ ၂ သန်းခွဲ (ဒေါ်လာ ၂.၇ သန်းကို) ပေးအပ်မယ်လို့ ဥရောပကော်မရှင်က ေကြညာပါတယ်။
ရုရှားကြေးစားတပ်ဖွဲ့ Wagner Group ရဲ့ မာလီနိုင်ငံဆိုင်ရာ အကြီးအကဲ Ivan Aleksandrovich Maslov ကို အမေရိကန်ဘဏ္ဍာရေးဌာနက ကြာသပတေးနေ့မှာ ဒဏ်ခတ်အရေးယူလိုက်ပါတယ်။
ငွေကြေး အမြတ်အစွန်းများတဲ့ မုတ္တမကမ်းလွန်ဒေသက ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းမှာ အကြီးဆုံး ရှယ်ယာပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီက ကနေဒါနိုင်ငံက ဖြစ်နေကြောင်း ကနေဒါ အခြေစိုက် သက်တမ်းရင့် သတင်းစာ တိုရွန်တွန်စတားက စုံစမ်းဖော်ထုတ်လိုက်ပါတယ်။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌ ဆရာတော် ၊ သံဃရာဇာ သာသနာပိုင် နဝမမြောက် ဗန်းမော်ဆရာတော်ဘုရားကြီး ဦးကုမာရာဘိဝံသဟာ မေလ ၂၅ ရက်၊ ကြာသပတေးနေ့ည ၁၁း၁၁ နာရီ မန္တလေး ဗန်းမော်တိုက်မှာ ပျံလွန်တော်မူသွားပြီဖြစ်ပါတယ်။ ပျံလွန်တော်မူချိန်မှာ သက်တော် ၉၄ နှစ်အရွယ် ရှိပြီလို့သိရပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့က တအိမ်ကို တယောက်နှုန်းနဲ့ ပြည်သူ့စစ်သင်တန်း တက်ခိုင်းနေပြီး စစ်သင်တန်းကို မတက်ချင်ရင် တလ ၃ သိန်းစီပေးရမယ်လို့ ပျူစောထီးအဖွဲ့က ပြောပါတယ်။
Switzerland နိုင်ငံ Küsnacht မြို့ကနေအိမ်မှာ ဗုဒ္ဓဟူးနေတုန်းက အသက် ၈၃ နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ အမေရိကန်အဆိုတော် Tina Turner အတွက် ကမ္ဘာအရပ်ရပ်က သူ့ရဲ့ပရိတ်သတ်တွေ အောက်မေ့ ဂုဏ်ပြုနေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်