မြန်မာနိုင်ငံတွင်းက သံဖြူ အဓိက ထုတ်လုပ်တဲ့ ၀ ဒေသမှာ သံဖြူ ထုတ်လုပ်မှုတွေ ဒီနှစ် နှောင်းပိုင်း ဆိုင်းငံတော့မယ့် အစီအစဉ်ကြောင့် စိုးရိမ်မှုတွေ ပိုများလာနေတာနဲ့အမျှ သံဖြူဈေး သိသိသာသာ တက်သွားပါတယ်။
သူ့ကို ဖမ်းဆီးစဥ်မှာ သူနဲ့အတူ စစ်ကောင်စီက တရားမဝင် သတင်းဌာနအဖြစ် ကြေညာခြင်းခံထားရတဲ့သူတွေ ပါလာတဲ့အတွက် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
မေလ ၁၄ ရက်က ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်ခဲ့တဲ့ အင်အားပြင်း ဆိုင်ကလုန်း မိုခါ မုန်တိုင်းသင့် ပြည်သူ ၁.၆ သန်းကို ကူညီပေးဖို့အတွက် ဒေါ်လာ ၃၃၃ သန်း လိုအပ်နေကြောင်း မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီတွေ ပေးနေတဲ့ အဖွဲ့တွေက ပြောလိုက်ပါတယ်။
ပါတီခေါင်းဆောင် Pita Limjaroenrat (ပီတာ လင်ဂျာရိုရန့်) ဟာ Pheu Thai ပါတီ အကြီးအကဲ Chonlanan Srikaew (ချွန်လန် နမ်စရီကွာ) အပါအဝင် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ ဘန်ကောက်မြို့တော်မှာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးလိုက်တာပါ။
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုတွေ ကြီးမားခဲ့ပေမဲ့လည်း အရင်တုန်းကလို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာ သေကြေထိခိုက်မှုတွေ မများဘူးလို့လည်း WMO အကြီးအကဲ Petteri Taalas ကပြောပါတယ်။
တရုတ်အနေနဲ့ ရုရှားကို စစ်ရေးအကြမ်းဖက်မှုတွေရပ်ဆိုင်းပြီး ယူကရိန်းကနေ ရုရှားတပ်တွေ ပြန်ရုပ်သိမ်းအောင် ဖိအားပေးဖို့ G 7 ထိပ်သီး ၇ နိုင်ငံခေါင်းဆောင်တွေက ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ ထိပ်သီးအစည်းဝေးမှာ တိုက်တွန်းလိုက်ကြပါတယ်။ တရုတ်ရဲ့ စစ်ရေး စီးပွါးရေးဆိုင်ရာ ခြိမ်းခြောက်မှုကိုလည်း ဝေဖန်ခဲ့ကြတာပါ။
ထိုင်ဝမ်နိုင်ငံအပေါ် ခြိမ်းခြောက်နေတဲ့ အန္တရယ်အမျိုးမျိုးရှိနေပေမယ့်လည်း အန္တရယ်တွေကို ကောင်းမွန်စွာနဲ့ တာဝန်ယူ မှုရှိရှိ တုန့်ပြန်စီမံနိုင်တယ်လို့ သမတ ဆိုင် အင်ဝမ် Tsa Ing-Wen သူသမတအဖြစ်တာဝန်ယူခဲ့တဲ့ ၇ နှစ်မြောက်နှစ် ပတ်လည်အဖြစ် စနေနေ့မနက်တုန်းက ထုတ်ပြန်တဲ့ကြေငြာချက်ထဲမှာဖေါ်ပြထားပါတယ်။
မိုခါမုန်တိုင်း ဒုက္ခသည်တွေအတွက် ကုလသမဂ္ဂ ကရော ဒေသတွင်းနိုင်ငံတွေကပါ ကူညီထောက်ပံ့မှုတွေ ပေးနေကြပါတယ်။ အာဆီယံကပေးမယ့် ကူညီထောက်ပံ့ရေးပစ္စည်းတွေကတော့ ဒီကနေ့ တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံကို ရောက်လာဖို့ ရှိပါတယ်။ ဒါဟာ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေမှာရှိတဲ့ အာဆီယံ ထောက်ပံ့ရေးပစ္စည်းတွေ ဖြစ်ပါတယ်။
ယူကရိန်းသမတ ဗလိုဒီမာ ဇာလင်းစကီး ဟာ G7 စက်မှုစီးပွားအင်အားကြီး ၇ နိုင်ငံရဲ့ ထိပ်သီးအ စည်းအဝေးကျင်းပရာ ဂျပန်နိုင်ငံ ဟီရိုရှီးမားကို စနေနေ့က ရောက်ရှိသွားပြီးအစည်း ဝေးကိုရောက်ရှိနေတဲ့ နိုင်ငံတကာခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။
၂၀၂၉ ခုနှစ်ရောက်ရင် လကမ္ဘာပေါ်ကို လူသားတွေ ဆင်းသက်နိုင်မယ့် Artemis 5 ခရီးစဉ်အတွက် အာကာသယာဉ် တည်ဆောက်ခွင့်ကို Amazon သူဌေးကြီး Jeff Bezos ပိုင်ဆိုင်တဲ့ Blue Origin ကုမ္ပဏီကို လုပ်ပိုင်ခွင့် ပေးလိုက်ကြောင်း အမေရိကန် အာကာသ သိပ္ပံအေဂျင်စီ NASA က သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။
နျူကလီးယား ခြိမ်းခြောက်မှုကင်းဝေးဖို့ ဂျပန်နိုင်ငံ ဟီရိုရှီးမားမှာ သောကြာနေ့က ကတိကကဝတ်ပြုခဲ့ကြပါတယ်။ ဟီရိုရှီးမားမှာကျင်းပတဲ့ G7 ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အဏုမြူဗုံးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ အထိမ်းအမှတ် အဆောက်အအုံတွေကို အလည်အပတ် သွားရောက်ခဲ့စဉ်မှာပဲ ကတိကဝတ်ပြုခဲ့ကြတာပါ။
မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုံးမုန်တိုင်း ဒဏ်ခံရသူတွေအတွက် ကုလသမဂ္ဂက အရေးပေါ်စားနပ်ရိက္ခာ အကူအညီတွေ ဖြန့်ဖြူးပေးခဲ့တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres ရုံးလက်ထောက် ပြောခွင့်ရ Stephanie Tremblay က သောကြာနေ့ ရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မြန်မာနိုင်ငံက ဆိုင်ကလုန်း မိုခါ မုန်တိုင်းဒဏ်ခံရတဲ့ လူမှုအသိုက်အဝန်းတွေကို ပံ့ပိုးကူညီဖို့အတွက် ယူကေနိုင်ငံ ကနဦး အရေးပေါ် တုံ့ပြန်မှု ရန်ပုံငွေ ဒေါ်လာ ၂.၅ သန်းကို ကြေညာပြီး၊ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေကိုလည်း အခုထက်ပိုပြီး ထည့်ဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
အင်ဒီယာနာဂျုံးစ်ရုပ်ရှင်ကားတွဲတွေကို စွန့်စားဇာတ်ကားကြိုက်သူတွေ မှတ်မိကြမယ်ထင်ပါတယ်။ ကမ္ဘာကျော် Cannes ကန်းစ်ရုပ်ရှင်ပွဲတော်မှာ လွန်ခဲ့တဲ့ ၁၅ နှစ်က ပြသခဲ့ပြီး ဒီနှစ်ပွဲမှာ ဇာတ်ကားသစ်နဲ့ ပြန်ရောက်လာခဲ့ပါတယ်။ နောက်ဆုံးတကား Indiana Jones and the Kingdom of the Crystal Skull က ၂၀၀၈ မှာ ပြသသွားတာပါ။
စစ်ကောင်စီရဲ့ လုပ်ရပ်တွေအတွက် အကျိုးဆက်တွေရှိလာအောင်နဲ့ မြန်မာပြည်သူတွေရဲ့ ဘဝတွေကို နောက်ထပ် မဆုံးရှုံး မဖျက်စီးခံရအောင် တားဆီးဖို့ အရေးကြီးတဲ့အချိန်ရောက်နေပြီလို့ APHR က G7 ခေါင်းဆောင်တွေကို ဒီနေ့ မေလ ၁၉ ရက်နေ့စွဲနဲ့ အိတ်ဖွင့်ပေးစာ ပေးခဲ့ပါတယ်။
တချိန်က အဖြစ်ဆိုးခဲ့တဲ့ တိုင်တန်းနစ်သင်္ဘောကြီးနစ်မြုပ်နေတဲ့ ပုံရိပ်ကို ရုပ်လုံးကြွ တွေ့ရအောင် သုတေသီတွေ အဆင့်မြင့်ပုံရိပ်ဖမ်း ရေငုပ်စက်ကိရိယာတွေနဲ့ လုပ်ဆောင်ခဲ့ကြပါတယ်။
(၁)မိုခါမုန်တိုင်း နောက်ဆက်တွဲ (၂) အပစ်ရပ် အဖွဲ့တွေရဲ့ PPST ထဲကနေ မွန်ပြည်သစ်ပါတီ ထွက်တော့မည် (၃) TNLA က လားရှိုးမှာ စစ်သားသစ်စုဆောင်းနေ .. စတဲ့သတင်းများ။
တရုတ်နိုင်ငံရဲ့ ကမ်းရိုးတန်းဒေသမှာရှိတဲ့ ပင်လယ်ဆားငံရေ ၀င်ရောက်လေ့ရှိတဲ့ ကမ်းရိုးတန်း မြက်ခင်းပြင်ဧရိယာတွေမှာ ပလတ်စတစ်တွေကို စားတဲ့ မှိုတမျိုး ရှာဖွေတွေ့ရှိခဲ့ပါတယ်။
စင်္ကာပူဟာ ကုလသမဂ္ဂအထွေထွေညီလာခံကချမှတ်ထားတဲ့ ဆုံးဖြတ်ချက် အတိုင်း မြန်မာစစ်တပ်ဆီ စစ်လက်နက်ပစ္စည်းတွေ မရောက်အောင် တားဆီးဖို့ လုပ်ဆောင်နေတဲ့ နိုင်ငံဖြစ်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၁၉ ရက် ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
မိုခါ ဆိုင်ကလုံးမုန်တိုင်းဒဏ်သင့် မြန်မာပြည်သူတွေကို အကူအညီပေးဖို့ အိန္ဒိယရေတပ်သင်္ဘော ၃စင်းဟာ မေလ ၁၈ရက်ကြာသာပတေးနေ့မှာ ရန်ုကုန်မြို့ကို ရောက်လာပါတယ်။ Shivalik, Kamorta နဲ့ Savitri အိန္ဒိယစစ်သင်္ဘောသုံးစင်းဟာ အစားအစာ၊ ဆေးဝါး၊ ရေသန့်၊ လက်ဆွဲ မီးအားပေးစက်၊ အဝတ်အထည်နဲ့ သန့်စင်ရေးပစ္စည်းတွေ တင်ဆောင်လာ။
နောက်ထပ်ကြည့်ရှုရန်