မြန်မာ့နိုင်ငံရေး အကျပ်အတည်းဖြေရှင်းဖို့ ပါဝင်ထိုက်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲနဲ့ ညိနှိုင်းဖို့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲဟာ EAO ၇ဖွဲ့နဲ့ စစ်ကောင်စီရဲ့ NSPNC ကြား ဆွေးနွေးချက်တွေကို ပြန်လည်သုံးသပ်ကြတာပါ။
ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံရဲ့ G7 ထိပ်သီးစည်းဝေးပွဲတက်ရောက်ဖို့ အမေရိကန်သမ္မတ Joe Biden ဟာ ဂျပန်နိုင်ငံမှာ ရောက်ရှိနေပါတယ်။ G7 ထိပ်သီးစည်းဝေးပွဲကျင်းပမယ့် Hiroshima မြို့မှာ ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ ဒီနေ့ တွေ့ဆုံပြီး ၂ နိုင်ငံကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြပါတယ်။
"ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ဖို့ အတော်လေးရုပ်လုံးပေါ်လာနေပြီဆိုတာ ပြည်သူလူထုကို အာမခံပြောချင်ပါတယ်။ သူဝန်ကြီးချုပ်ဖြစ်လာတဲ့ နေ့ရောက်တဲ့အထိ ရှင်းလင်းပြတ်သားတဲ့ လမ်းပေါ်မှာ အရှိန်အဟုန်နဲ့ ရှေ့ဆက်သွားနေပါပြီ"
မိုးရာသီအစပျိုးပြီး စပါးစိုက်ရာသီ ရောက်လာတော့မယ့် ထိုင်းနိုင်ငံမှာ လုပ်ငန်းကိုင်ငန်းကောင်းလို့ စပါးအထွက်တိုးဖို့ ထိုင်းဘုရင်မင်းမြတ်ကို အမှူးထားပြီး လယ်ထွန်မင်္ဂလာ ကျင်းပခဲ့ပါတယ်။
သဘာဝအားဖြင့် မြက်ခင်းပြင် စားကျက်မှာ လွှတ်ကျောင်းထားရမယ့်နွားတွေကို နေ့နေ့ညည ပိတ်လှောင်ပြီး ကြိုးနဲ့ချည်ထားလို့ Greenpeace သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုံ့ဆော်သူတွေ နွားတွေနဲ့အတူ ဂျာမနီလွှတ်တော်ရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
နိုင်ငံတကာသတင်းအဖွဲ့တခုဖြစ်တဲ့ International Press Institute- IPI ရဲ့ နိုင်ငံတကာညီလာခံမှာ ဂုဏ်ပြုချီးမြှင့်မယ့်သတင်းဆုတွေထဲ မြန်မာနိုင်ငံက Myanmar Now သတင်းဌာနအယ်ဒီတာချုပ် ကိုဆွေဝင်းလည်း ပါဝင်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ်အတွင်း ပဋိပက္ခနဲ့ သဘာဝဘေးအန္တရာယ်ကြောင့် လူ ၄.၅ သန်းအတွက် အရေးပေါ် အသက်ကယ်ဆယ်ရေး လူသားချင်းဆိုင်ရာ အကူအညီတွေအတွက် အမေရိကန်ဒေါ်လာ ၇၆၄ သန်းလိုအပ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးရုံး UNOCHA က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ထားပါတယ်။
၂၀၂၁၊ ဖေဖေါ်ဝါရီလ အာဏာသိမ်းပြီးနောက် စစ်လက်နက်ပစ္စည်းနဲ့ စစ်လက်နက်ကုန်ကြမ်းအနည်းဆုံး ကန်ဒေါ်လာ သန်းတထောင်ဖိုး တင်သွင်းခဲ့ပြီး ဂျက်တိုက်လေယဉ်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေထောက်ပံ့ပေးနေတဲ့ ရုရှားနဲ့တရုတ်ဟာ စစ်ကောင်စီကို အကူအညီပေးနေတာဖြစ်တယ်လို့ မြန်မာဆိုင်ရာ ကုလ လူ့အခွင့်အရေးကိုယ်စားလှယကာပြောလိုက်ပါတယ်။
မိုခါဆိုင်ကလုန်းဒဏ်သင့် ဒေသတွေမှာ အရေးပေါ် အကူအညီတွေ ပေးအပ်နိုင်ရေး စစ်ကောင်စီရဲ့ ခွင့်ပြုချက်ရဖို့ စောင့်နေရတယ်လို့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေက ပြောပါတယ်။
ထိုင်းဘက်က ကစားသမား ၈ ယောက်ပဲ ကျန်တဲ့အထိ လျှော့ချခဲ့ရသလို အင်ဒိုနီးရှားအသင်းကလည်း ၁၀ ယောက်နဲ့ ကစားခဲ့ရတာပါ။ ၂ ဂိုးစီ သရေကျနေတဲ့အတွက် အချိန်ပိုကစားခဲ့ပြီး အချိန်ပိုမှာ အင်ဒိုနီးရှားအသင်းက ၅ ဂိုး ၂ ဂိုးနဲ့ ထိုင်းအသင်းကို အနိုင်ရလိုက်တာ ဖြစ်ပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတွေအတွက် အမေရိကန် နိုင်ငံတကာ အကူအညီပေးရေးအေဂျင်စီ (USAID) ကတဆင့် ပေးအပ်မယ့် ကနဦးအစီအစဉ်မှာ မုန်တိုင်းဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်တို့ ပါဝင်မှာ ဖြစ်ကြောင်းလည်း ဒီကနေ့ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။
ရိုဟင်ဂျာ ဒုက္ခသည်စခန်း Teknaf နဲ့ အနီးနားတဝိုက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူမှုအသိုက်အဝန်းတွေ အများဆုံး ထိခိုက်ခဲ့တာပါ၊ ထောင်နဲ့ချီတဲ့ ယာယီခိုလှုံရာ နေရာတွေ၊ ဝန်ဆောင်မှု ပေးနေတဲ့နေရာတွေ၊ စောင့်ရှောက်ကူညီပေးနေတဲ့ လုပ်ငန်းတွေ ပျက်ဆီးခဲ့ပါတယ်။
ယူကရိန်းကို တိုက်လေယာဥ်တွေပေးဖို့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ထူထောင်ကြမယ်လို့ ယူကေဝန်ကြီးချုပ် Rishi Sunak နဲ့ နယ်သာလန်ဝန်ကြီးချုပ် မာ့က် ရပ်တာ (Mark Rutte) တို့က အင်္ဂါနေ့က ကတိပြုလိုက်ကြပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ ရီပါဘလီကန်ခေါင်းဆောင်တွေ ဟာ အကြွေးကန့်သတ်ချက်ကိစ္စကို အိမ်ဖြူတော်မှာ အင်္ဂါနေ့က ဒုတိယအကြိမ် ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြပြီး သဘောတူညီချက် ရဖို့ နီးလာကြောင်း ရီပါဘလီကန် အောက်လွှတ်တော်ဥက္ကဋ္ဌက သတင်းထောက်တွေကို ပြောပါတယ်။
အာဖရိကခေါင်းဆောင်တွေရဲ့ကိုယ်စားလှယ်အဖွဲ့ဟာ ငြိမ်းချမ်းရေးအစီအစဉ် တရပ်ကိုတင်ပြဖို့ ရုရှားနဲ့ယူကရိန်းနိုင်ငံတွေဆီ မကြာခင်သွားရောက်မယ်လို့ တောင်အာဖရိကသမ္မတ စီရဲလ်ရာမာဖိုဆာ (Cyril Ramaphosa) က ပြောပါတယ်။
မိုခါမုန်တိုင်းအဖျက်အဆီးတွေရဲ့သက်ရောက်မှုကြောင့် လူဦးရေ ၁၆ သန်းကျော် ရဲ့ဘဝတွေ ထိခိုက်ခံရဖွယ်ရှိနေတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များ စောင့်ရှောက်ရေး ရံပုံငွေအဖွဲ့ (ယူနီဆက်ဖ်) က မေလ ၁၆ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ပျက်ဆီးထိခိုက်ခဲ့တဲ့ ပုံတွေကို သတင်းဌာနတွေ၊ လူမှုကွန်ယက်နဲ့၊ ဒေသခံ ဝန်ထမ်းတွေဆီကနေ ပိုပြီး ရရှိနေတဲ့အကြောင်းနဲ့ အရေးပေါ် အကူအညီတွေ ပေးနိုင်အောင် ပြင်ဆင်နေတဲ့အကြောင်း ကုလသမဂ္ဂရဲ့ WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်က ပြောပါတယ်။
အင်အားပြင်း မိုခါမုန်တိုင်းကြောင့် ထိခိုက်သေဆုံးမှု အနည်းအကျဉ်းသာ ရှိတဲ့အကြောင်း တရားဝင် ကြေညာချက်တွေနဲ့ ကနဦး သတင်းတွေထွက်ခဲ့ပေမယ့် မုန်တိုင်းဝင်ပြီး နှစ်ရက်အကြာ နောက်ဆုံးရရှိတဲ့ သတင်းတွေအရ တနိုင်ငံလုံးအတိုင်းအတာနဲ့ သေဆုံးသူ အရေအတွက် တိုးလာနေပါတယ်။
ယူကရိန်းသမ္မတ ဇာလန်းစကီးရဲ့ အီတလီ၊ ဗက်တီကန်၊ ဂျာမနီ၊ ပြင်သစ်နဲ့ ယူကေ ၃ ရက် ခရီးစဥ်အတွင်း ဥရောပ ခေါင်းဆောင်တွေ က ဒုံးကျည်တွေ၊ တင့်ကားတွေ နဲ့ ဒရုန်းတွေ ကို ယူကရိန်း ကို ပေးဖို့ ကတိကဝတ်ပြုလိုက်ကြပါတယ်။
“ဘာသာရေးအရ လူနည်းစုတွေကို စစ်ကောင်စီကဆက်လက်ဖိနှိပ်နေတဲ့ကြားကပဲ မူဆလင်၊ ဗုဒ္ဓဘာသာဝင်၊ ခရစ်ယာန်နဲ့ တခြား ဘာသာဝင် ဆရာဆရာမတွေက လူ့အခွင့်အရေး အရေးကြီးပုံကို ဆက်လက် သင်ကြားပေးနေကြပါတယ်။ ဒီထဲမှာ ဘာသာရေးလွတ်လပ်ခွင့်နဲ့ ဘာသာတရားတွေကြား လေးစားရေးလည်းပါဝင်ပါတယ်။" (Antony Blinken -အမေရိကန်နိုင်ငံခြားရေးဝန်ကြီး)
နောက်ထပ်ကြည့်ရှုရန်