“ရာသီဥတု ဆိုးရွားပြီး ဆက်သွယ်ရေးပြတ်တောက်နေလို့ ပျက်စီးမှုအတိုင်းအတာ အပြည့်အဝ အကဲဖြတ်ဖို့ ခက်ခဲနေပေမယ့် အစောပိုင်း အစီရင်ခံစာတွေအရ ပျက်စီးမှုကကျယ်ပြောပြီး နဂို ကတည်းက လိုအပ်ချက်တွေရှိနေတဲ့လူအများအပြားဟာ အခု လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လိုအပ်နေပါတယ်။” (Stephane Dujarric-ကုလပြောခွင့်ရ)
ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဟာ မုန်တိုင်းငယ်အဖြစ်အားလျော့သွားပြီး တရုတ်မြန်မာနယ်စပ်ဘက်ကို ရွေ့လျားသွားတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံကို ဖြတ်ကျော်ပြီးသွားပြီဖြစ်တဲ့အတွက် အစိမ်းရောင်အဆင့် သတ်မှတ်တဲ့အကြောင်း မိုးဇလဦးစီးဌာနက ကြေညာပါတယ်။
ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ ကနဦးရလဒ်တွေအရ မဲအများစုနဲ့ အနိုင်ရထားတဲ့ Move Forward ပါတီက ညွန့်ပေါင်းအစိုးရ ဖွဲ့မယ့် အစီအစဉ်မှာ ပူးပေါင်းမယ့်အကြောင်း အဓိက အတိုက်အခံ နိုင်ငံရေးပါတီတခုဖြစ်တဲ့ Pheu Thai ပါတီက ပြောလိုက်ပါတယ်။
မေလ ၁၄ ရက်၊ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ လက်ရှိအချိန်အထိ အမတ်နေရာ ၁၅၀ ကျော် အနိုင်ရထားတဲ့ Move Forward ပါတီခေါင်းဆောင် ဖီထာ လဲမ်ဂျာရိုရတ် (Pita Limjaroenrat) က ၆ ပါတီ ညွန့်ပေါင်းအစိုးရဖွဲ့သွားမယ်လို့ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ တနာရီကို ၁၃၅ မိုင်နှုန်းနဲ့ တနင်္ဂနွေနေ့က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က စစ်တွေမြို့ကိုဝင်ရောက်သွားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က မုန်တိုင်း စက်ကွင်းနဲ့ငြိသွားတဲ့ ဒုက္ခသည်စခန်းကတော့ အိမ်ခြေ ၃၀၀ လောက် ပျက်စီးသွားခဲ့တယ်လို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ပြောပါတယ်။
ယူကရိန်းဘက်ကပြင်ဆင်နေတဲ့ နွေဦးတန်ပြန်ထိုးစစ်ဟာ ရုရှားပိုင်နက်ကိုတိုက်ခိုက်ဖို့မဟုတ်ဘဲ ရုရှားသိမ်းယူထားတဲ့နယ်မြေတွေ လွတ်မြောက်အောင်ဆောင်ရွက်ဖို့ဖြစ်တယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ဂျာမန်ဝန်ကြီးချုပ်နဲ့လုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တနင်္ဂနွေနေ့ကကျင်းပတဲ့ ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲ အစောပိုင်း မဲရေတွက်မှုတွေအရ အတိုက်အခံ Pheu Thai ပါတီက ထိပ်ကဦးဆောင်နေပြီး ထိုင်းလူငယ်တွေကြား ရေပန်းစားတဲ့ Move Forward Party က ဒုတိယနေရာမှာ ဦးဆောင်နေပါတယ်။
အသက် ၄ နှစ်အရွယ် ဆာအစ်လေးဟာ တခြားကလေးတွေလိုပဲ စက်ရုပ်တွေ၊ တိရိစ္ဆာန်တွေ ကြိုက်ပြီး သင်္ချာတွက်ရတာလည်း ပျော်ပါတယ်။ သူနဲ့ သူ့အမက ကလေးစာအုပ်ရေးသားထုတ်ဝေလို့ ကမ္ဘာ့အငယ်ဆုံး စာအုပ်ထုတ်ဝေသူတွေ အဖြစ် ဂင်းနစ် ကမ္ဘာ့အံ့ဖွယ်စာရင်း ဝင်ထားပါတယ်။
ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ ပုပ်ရဟန်းမင်းကြီးဖရန်စစ်ကို အီတလီနိုင်ငံက ဗာတီကန်ကျောင်းတော်မှာ စနေနေ့က သွားရောက်တွေ့ဆုံခဲ့ပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေနဲ့ စစ်ဒဏ်ခံစားနေရတဲ့ ယူကရိန်းပြည်သူတွေရဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဒီကနေ့ မေလ ၁၄ ရက် တနင်္ဂနွေနေ့လယ်ပိုင်းလောက်မှာ စစ်တွေမြို့နားကို ဝင်ရောက်လာမယ့် မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ ဆယ်နှစ်ကျော်ကာလအတွင်း အပြင်းထန်ဆုံးမုန်တိုင်းတခုဖြစ်ကြောင်း အိန္ဒိယမိုးလေဝသဌာနက သတင်းထုတ်ပြန်ပါတယ်။
Mocha မုန်တိုင်းက တနင်္ဂနွေနေ့မှာ ဘင်္ဂလားဒေ့ရှ်က Cox’s Bazar နဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ကြားကိုဝင်တဲ့အခါ လေတိုက်နှုန်း တနာရီ မိုင် ၁၂၅ ကနေ ၁၃၆ မိုင်လောက်အထိ ပြင်းထန်နိုင်တယ်လို့ အိန္ဒိယ မိုးလေဝသဌာန IMD က သတိပေးထားပါတယ်
ဆိုင်ကလုန်းမုန်တိုင်းမိုခါဟာ တနင်္ဂနွေနေ့မှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားတာကြောင့် ကုလသမဂ္ဂက မြန်မာနဲ့ဘင်္ဂလာဒေ့ရှ်နိုင်ငံတွေမှာ မုန်တိုင်းသက်ရောက်မှုကို အနီးကပ်စောင့်ကြည့်ပြီး အကူအညီတွေပေးဖို့ ပြင်ဆင်နေကြပါတယ်။
ရုရှားနဲ့ ၂ ဘက် တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ယူကရိန်းနိုင်ငံ ဘက်မွတ်မြို့မှာ ရုရှားတို့ အထိုင်ချထားတဲ့ နေရာတွေကို ယူကရိန်း အမှတ် ၃ ခြေမှုန်းရေးတပ်ဖွဲ့က ဝင်တိုက်နေတဲ့ ဗွီဒီယိုကို မေလ ၁၀ ရက် နေ့က ယူကရိန်းက ထုတ်ပြန်လိုက်ပါတယ်။ အစပိုင်း ရုရှားတို့ ဖိတိုက်ထားပေမဲ့ ယူကရိန်းရဲ့ တန်ပြန်စစ် အလုပ်ဖြစ်ပုံ ရပါတယ်။
ထိုင်ဝမ်မှာ သွားနေတဲ့ ရထားပေါ်ကို ကရိန်းလက်တံကြီး ပြုတ်ကျခဲ့လို့ ရထားတွဲကို ရိုက်ချသလို ဖြစ်ခဲ့ပြီး ထိခိုက်သေဆုံးမှုတွေ ဖြစ်ခဲ့ရတာပါ။ ဝန်ချီစက်လက်တံကို အလုပ်သမားတွေ ဖြုတ်သိမ်းဖို့ လုပ်နေတုန်း ပြုတ်ကျတာ ဖြစ်ပါတယ်။
ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း Imran Khan က သူ့ကို အကျင့်ပျက်ခြစားမှု စွဲချက်နဲ့ ဖမ်းဆီးခဲ့တာရဲ့ နောက်ကွယ်မှာ စစ်တပ်က ပါဝင်နေတယ်လို့ သောကြာနေ့က စွပ်စွဲခဲ့ပြီး သူအဖမ်းခံရလို့ ဖြစ်လာတဲ့ နိုင်ငံတစ်ဝန်းက ပြင်းထန်သော ဆန္ဒပြမှုတွေမှာ လူပေါင်း ၄၀ သေဆုံး ခဲ့ရတယ်လို့ ပြောပါတယ်။
ဆူဒန်မှာဖြစ်ပွါးတဲ့ အကြမ်းဘက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူဟာ အခုဆို ၂ သိန်းလောက် ရှိနေပြီဖြစ်ပြီး အိမ်နီးချင်း Chad နိုင်ငံထဲ ထွက်ပြေးခိုလှုံသူကပဲ ၆ သောင်းလောက် ရှိနေတယ်လို့ UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီက သောကြာနေ့မှာပြောပါတယ်။ Chad ကို ထွက်ပြေးလာသူက ၃ သောင်းလောက် ရှိနေတာဖြစ်။
ဆိုင်ကလုံးမုန်တိုင်း Mocha 'မိုခါ'ဟာ တနင်္ဂနွေနေ့မှာ ရခိုင်ပြည်နယ် ကျောက်ဖြူနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar တို့ကြား ကုန်းတွင်းပိုင်းကို ဝင်ရောက်လာမယ်လို့ ခန့်မှန်းထားတာကြောင့် ကုလသမဂ္ဂ လူသာချင်းစာနာမှု UN OCHA က ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ ကုလအတွင်းရေးမှုးချုပ်ရုံးက သောကြာနေ့မှာ ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၃) ထိန်းချုပ်ရာ ညောင်လေးပင်ခရိုင် မုန်းမြို့နယ် ညောင်ပင်သာကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ပီဒီအက်ဖ်ပူးပေါင်းတပ်ဖွဲ့တွေ မေလ ၁၀ ရက်နေ့က တိုက်ပွဲဖြစ်ပြီးတဲ့နောက် စစ်ကောင်စီဘက်က အရာရှိတချို့ ကျဆုံးခဲ့ရပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့က ဖမ်းဆီးခံခဲ့ရတဲ့ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း Imran Khan ကို ဒီကနေ့ ပါကစ္စတန်နိုင်ငံ၊ အစ်စလာမာဘတ် မြို့တော် တရားရုံးက အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ဦးတည်တိုက်ခတ်မယ်လို့ ခန့်မှန်းထားတဲ့ မိုခါ ဆိုင်ကလုံးမုန်တိုင်းဟာ အင်အား သိပ်ကို ပြင်းထန်တဲ့ မုန်တိုင်း အဖြစ် ပြောင်းလဲလာနေပြီး လူတွေ အကြီးအကျယ် ထိခိုက်ပျက်ဆီးမှုတွေ ကြုံရနိုင်တယ်လို့ ဂျနီဗာ အခြေဆိုက် ကမ္ဘာ့ မိုးလေဝသနဲ့ ဇလဗေဒ ဌာန WMO က သတိပေးပြောဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်