တရုတ်နဲ့အမေရိကန်ကြားဆက်ဆံရေး တည်ငြိမ်မှုကို ထိပ်တန်းဦးစားပေးထားရှိဖို့ အမေရိကန်သံအမတ်ကြီးနဲ့ တနင်္လာနေ့က ဘေကျင်းမှာတွေ့ဆုံရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးQin Gang က တောင်းဆိုလိုက်ပါတယ်။
မေလ ၉ ရက်နေ့ကနေ ၁၁ နေ့အထိ အင်ဒိုနီးရှားနိုင်ငံမှာကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ထိပ်သီးအစည်းအဝေးအတွင်း မြန်မာနိုင်ငံရေးအကျပ်အတည်းကိစ္စဟာ အဓိကဆွေးနွေးစရာတခုဖြစ်လာမယ်လို့ သံတမန်တွေက ပြောကြပါတယ်။
ပြီးခဲ့တဲ့ နှစ်နှစ်နီးပါး အာဖဂန်နစ္စတန်မှာ တာလီဘန်တွေ အာဏာရယူခဲ့ပြီးကတည်းက လူတွေကို လူမြင်ကွင်းမှာ ကွပ်မျက်တာ၊ ကြိမ်ဒဏ်ပေးတာ၊ ကျောက်ခဲနဲ့ ပေါက်တာ နဲ့ တခြားပြစ်ဒဏ်တွေချမှတ်တာတွေကို ကုလသမဂ္ဂက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
.. ဒီလို တိုက်ခိုက်တဲ့အတွက် လူတွေပဲ အတိဒုက္ခရောက်ကြရမှာဖြစ်တဲ့ အကြောင်းနဲ့ ဒီအခြေအနေဟာ ဘယ်သူမှ အနိုင်ရတဲ့ အခြေအနေ မဟုတ်သလို၊ အားလုံးအတူထိုင်ပြီး တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်တဲ့ အခြေအနေကို ဖန်တီးကြဖို့ ကျွန်တော် တိုက်တွန်းလိုပါတယ်လို့ Joko Widodo က ဒီကနေ့ ပြောဆိုသွားတာပါ။
ကမ္ဘာမှာ နာမည်ကျော်တဲ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ စွန့်ပစ်အမှိုက်ပြဿနာနဲ့ ဆိုးဆိုးဝါးဝါး ကြုံနေရလို့ ဒါကို ဖြေရှင်းနိုင်ဖို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူတွေ ကြိုးပမ်းနေကြပါတယ်။
ဖယ်ဒရယ်အစိုးရကချေးယူနိုင်တဲ့ ငွေပမာဏသတ်မှတ်ချက်တိုးပေးဖို့ သမ္မတ Joe Biden အစိုးရနဲ့ အမေရိကန်လွှတ်တော်ကြား သဘောတူညီမှုမရဘူးဆိုရင်တော့ အမေရိကန်ပြည်ထောင်စုနဲ့ကမ္ဘာ့စီးပွားရေးအတွက် စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာကပ်ဆိုးကြီးတရပ် ကြုံလာရနိုင်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen က သတိပေးပါတယ်။
ကမ္ဘောဒီးယားက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ Southeast Asian Games (SEA Games) ပွဲစဥ်မှာ မြန်မာဘောလုံးအသင်းက ကမ္ဘောဒီးယား အသင်းကို ၂ ဂိုး၊ ဂိုးမရှိနဲ့ တနင်္ဂနွေနေ့က အနိုင်ရလိုက်တဲ့အတွက် အိမ်ရှင် ကမ္ဘောဒီးယား အမျိုးသားအသင်းအဖို့ ဆီမီးဖိုင်နယ်ရောက်ဖို့ အခွင့်အလမ်း နည်းသွားပြီဖြစ်ပါတယ်။
အာရပ်အဖွဲ့ချုပ်အဖွဲ့ဝင်အဖြစ်ကနေ ဆီးရီးယားကို ၁၂ နှစ်ကြာ ရပ်ဆိုင်းထားခဲ့ပြီး ပြန်လက်ခံမယ်ဆိုတဲ့ အခုနောက်ဆုံး ဆုံးဖြတ်ချက်ကြောင့် ဒေသတွင်းအပယ်ခံ ဆီးရီးယားသမ္မတ Bashar Assad ကို နေရာပြန်ပေးလိုက်တဲ့ နောက်ထပ်ခြေလှမ်းတရပ်ဖြစ်လာပါတယ်။
ဘင်္ဂလားပင်လယ်အော်ထဲမှာဖြစ်ထွန်းနေတဲ့ ဆိုင်ကလုံး Mocha အပူပိုင်းမုန်တိုင်းဟာ မေလ ၁၃ ရက်နေ့ ညနေပိုင်းနဲ့ မေလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းကြားမှာ ပြင်းထန်တဲ့မုန်တိုင်းတခုအဖြစ် မြန်မာကမ်းရိုးတန်းကို ဝင်ရောက်နိုင်တယ်လို့ အိန္ဒိယ မိုးလေဝသဌာနက မေလ ၇ ရက်နေ့မှာ ခန့်မှန်းချက်ထုတ်ထားပါတယ်။
အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် George Mason University (ဂျော့မေစင်တက္ကသိုလ်) က ယဉ်ကျေးမှုဌာနမှာ စနေနေနေ့ညနေပိုင်းက ပြုလုပ်တဲ့ အာရှယဉ်ကျေးမှုပြပွဲကို အဝေးရောက်မြန်မာတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
ဗြိတိန်ဘုရင်နဲ့ ဘုရင်မအဖြစ် စနေနေ့မှာဘိသိက်ခံယူခဲ့တဲ့ တတိယမြောက် Charles ဘုရင်နဲ့ ကြင်ယာတော် Camilla တို့က Buckingham နန်းတော် လေသာဆောင်ကနေ ဗြိတိန်နိုင်ငံသား ထောင်ပေါင်းများစွာကို နှုတ်ဆက်ခဲ့ပါတယ်။
ဆူဒန်နိုင်ငံမှာ တိုက်ပွဲတွေဖြစ်နေတဲ့ စစ်တပ်နှစ်ဘက်ကြား သေချာတဲ့အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့ နှစ်ဘက်ကိုယ်စားလှယ်အဖွဲ့တွေဟာ ဆော်ဒီအာရေးဗီးယားနိုင်ငံ Jeddah (ဂျဒါ့) ကိုရောက်နေကြောင်း အမေရိကန်နဲ့ ဆော်ဒီအာရေးဗီးယား တာဝန်ရှိသူတွေက အတည်ပြုပါတယ်။
မြန်မာနိုင်ငံမှာ လာမယ့်သီတင်းပတ် မေလ ၁၃ နဲ့ ၁၄ ရက်နေ့တွေမှာ ဆိုင်ကလုံးမုန်တိုင်း မိုကာဒဏ်ကိုခံရနိုင်တယ်လို့ အိန္ဒိယမိုးလေဝသဌာနက စနေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ကိုဗစ် ၁၉ ကပ်ရောဂါဟာ ကမ္ဘာလုံးဆိုင်ရာကျန်းမာရေး “အရေးပေါ်အခြေအနေ” ကနေ ကျော်လွန်သွားပြီလို့ သောကြာနေ့တုန်းက WHO ကုလသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အကြီးအကဲ Tedros Ghebreyesus ကပြောကြား လိုက်ပါတယ်။
မေလ ၆ ရက်နေ့မှာ တတိယမြောက်ချားလ်စ်ဘုရင်ရဲ့ နန်းတက် ဘိသိတ်ခံပွဲကို လန်ဒန်မြို့ ဝက်စ်မင်စတာ ကျောင်းတော်ကြီးမှာ ကျင်းပမှာဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေက အကြီးအကဲတွေ၊ ဧည့်သည်တော်တွေ ခေါင်းဆောင်အသီးသီးတက်ရောက်လျှက် ရှိပါတယ်။
ဆီးဂိမ်း လို့ခေါ်တဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံမှာ ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် သမိုင်းဝင် လက်ခံကျင်းပရာမှာ သောကြာနေ့က ဖွင့်ပွဲကျင်းပခဲ့ပြီး အတီး၊ အမှုတ်၊ အက၊ အခုန်တွေနဲ့ ဖျော်ဖြေတာ၊ အလံဝှေ့ယမ်း၊ မီးရှူးမီးပန်း ပစ်လွှတ်တာတွေ လုပ်ခဲ့ကြပါတယ်။
ကြာသပတေးနေ့ညနဲ့ သောကြာနေ့တွေမှာ မနီလာမြို့တော်အနီး ပြုလုပ်ခဲ့တဲ့ စီးနင်းမှုအတွင်း မြန်မာနိုင်ငံ အပါအဝင် အာရှတဝန်းက လူကုန်ကူးခံရသူ ၁,၀၀၀ ကျော်ကို ကယ်ဆယ်ခဲ့တယ်လို့ ဖိလစ်ပိုင် အာဏာပိုင်တွေက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေကို ပြန်လည် လက်ခံရေးနဲ့ပတ်သက်ပြီး မြန်မာစစ်ကောင်စီဖက်က မောင်တောမြောက်ပိုင်းမှာ ပြင်ဆင်ထားတာတွေကို သောကြာနေ့မှာ သွားရောက်ကြည့်ရှုခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြန်ဖို့ ငြင်းဆိုကြတယ်လို့ AFP သတင်းမှာ ဖေါ်ပြထားပါတယ်။
မြဝတီမြို့အနီး လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားရာနေရာ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်ရာနေရာမှာ လူကုန်ကူး အခိုင်းခံခဲ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၂၀ ပိတ်မိနေတဲ့အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတဦးဖြစ်တဲ့ Judha Nugraha က ပြောဆိုသွားတာပါ။
ယူကရိန်းတပ်တွေအနေနဲ့ ဒီ Bakhmut မြို.မှာ လချီ ကြံကြံခံပြီး ပြင်းထန်တဲ့ ရုရှားထိုးစစ်ကို ခုခံခဲ့ကာ၊ အခု တန်ပြန်ထိုးစစ်ဆင်ဖို့ ပြင်နေတယ်လို့ပြောလာချိန်မှာ Wagner တပ်ခေါင်းဆောင်က ကျည်ပြတ်လို့ အဓိပ္ပါယ်မဲ့ အသက်ပေးနေရတယ်လို့ ထုတ်ပြောလာတာပါ။
နောက်ထပ်ကြည့်ရှုရန်