မြန်မာပဋိပက္ခနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဖြစ်ပေါ်လာအောင် အိမ်နီးချင်း အိန္ဒိယ၊ ထိုင်း၊ တရုတ်နိုင်ငံတို့အပါအဝင် အရေးပါတဲ့ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ ဆက်ဆံနေကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ဒီကနေ့ မေလ ၅ ရက်နေ့မှာ ပြောပါတယ်။
ဝါရှင်တန်ဒီစီနားမှာရှိတဲ့ အာလင်တန်က အမေရိကန်နိုင်ငံခြားရေးဌာန သံတမန်ဝင်းမှာ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် သံတမန်တွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တနင်္ဂနွေနေ့က စတင်ကျင်းပနေတာဖြစ်ပြီး ကြာသပတေးနေ့မှာတော့ ရေရှည်ငြိမ်းချမ်းရေးအတွက် သိသာတဲ့ တိုးတက်မှုရခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Blinken ကပြောပါတယ်။
ဆူဒန်နိုင်ငံမှာ သီတင်းတပတ်ကြာ အပစ်အခတ် ရပ်စဲရေး သဘောတူညီထားပေမဲ့ ကြာသပတေးနေ့ အစောပိုင်းမှာတော့ မြို့တော် ခါတွန်ရဲ့ အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ အပြင်းအထန် ပြန်လည်ဖြစ်ပွားနေပါတယ်။
အိန္ဒိယရဲ့ အဒါနီ စီပွားလုပ်ငန်းစုအောက်က APSEZ ဆိပ်ကမ်း ကုမ္ပဏီဟာ မြန်မာနိုင်ငံက ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းကို ပြည်ပကုမ္ပဏီတခု ဖြစ်တဲ့ ဆိုလာစွမ်းအင်လိမိတက် အမည်ရှိတဲ့ ကုမ္ပဏီလက်ထဲ ဒေါ်လာ သန်း ၁၂၀ အရှုံးခံပြီး ကြာသပတေးနေ့က ရောင်းချလိုက်ကြောင်း အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ရိုဟင်ဂျာအရေးကိစ္စမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက နှုတ်ဆိတ်နေတာမို့ အခြေအနေတွေ ပိုပြီး ဆိုးဝါးလာစေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ရ်ှ အမြဲတမ်းကိုယ်စားလှယ်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ လုံခြုံရေးကောင်စီအနေနဲ့ တညီတညွတ်တည်း ပြတ်ပြတ်သားသား အရေးယူလုပ်ဆောင်ဖို့ကိုလည်း သံအမတ်ကြီးက တိုက်တွန်းလိုက်ပါတယ်။
ကမ္ဘာမြေပူနွေးလာတာနဲ့ ဆက်စပ်တဲ့ သဘာဝဖြစ်စဉ်တခုဖြစ်တဲ့ အယ်နီညို စတင်မှုကြောင့် ဒီနှစ်ထဲ ကမ္ဘာ့အပူချိန်ဟာ စံချိန်တင် မြင့်တက်တာတွေဖြစ်ပြီး အမြင့်ဆုံး အခြေအနေကို ရောက်ရှိနိုင်ဖွယ် ရှိနေတယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့က သတိပေးလိုက်ပါတယ်။ လာနီညာဖြစ်စဉ် ပစိဖိတ်သမုဒ္ဒရာ အေးခဲမှုက လုံးဝပြီးဆုံးသွားပြီဆိုပါတယ်။
မြန်မာနယ်စပ်ဒေသတွေဟာ တယ်လီကွန်မြူနီကေးရှင်း ဆက်သွယ်ရေးနဲ့ အင်တာနက်ကနေ ငွေကြေး လိမ်ညာတဲ့ ရာဇဝတ်ဂိုဏ်းတွေ ကြီးစိုးတဲ့နေရာဖြစ်နေတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Qin Gang က ပြီးခဲ့တဲ့ သုံးရက် မြန်မာနိုင်ငံကို သွားရောက်တဲ့ ခရီးစဉ်အတွင်း ထောက်ပြပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ စားနပ်ရိက္ခာ မလုံလောက်တဲ့ အဆိုးဝါးဆုံး အကျပ်အတည်းကို ရင်ဆိုင်နေရတဲ့ ဆယ်နိုင်ငံထဲမှာ ပါဝင်နေတဲ့အကြောင်း ကုသလမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ FAO က သတိပေးပြောဆိုပါတယ်။
အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့ ဆိပ်ကမ်းကနေ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က စစ်တွေဆိပ်ကမ်းကို ဒီကနေ့ မေလ ၄ ရက်နေ့မှာ ကုန်တင်သင်္ဘော ပထမဆုံးအကြိမ် စတင် ထွက်ခွာမှာဖြစ်ပါတယ်။
ဂျော်ဒန်နိုင်ငံ အာမန်မြို့တော်မှာ “Dogtopia” ဒေါ့တိုးပီးယားလို့ နာမည်ပေးထားတဲ့ နေ့ခွေးထိန်းကျောင်းရှိလို့ ခွေးမွေးထားပြီး အချိန်မပေးနိုင်တဲ့ ပိုင်ရှင်တွေအတွက် အထူး အဆင်ပြေပါတယ်။
အမေရိကန်ပြည်ထောင်စု Illinois ပြည်နယ်က သဲမုန်တိုင်းကြောင့် အဝေးပြေးလမ်းပေါ်က ကားတွေ ဆင့်တိုက်ကုန်ပြီး လူ ၆ ဦးလည်း သေဆုံးခဲ့ရပါတယ်။ အများအပြားလည်း ဒဏ်ရာရရှိခဲ့ပြီး လူ ၃၀ လောက် ဆေးရုံရောက်ခဲ့တာပါ။
ယူကရိန်းဘက်ကထိုးစစ်တွေမစခင်မှာ အမေရိကန်က ဒေါ်လာ သန်း ၃၀၀ ခန့်တန်ကြေးရှိတဲ့ စစ်ရေးအကူအညီတွေ ထောက်ပံ့ပေးမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
မေလ ၃ ရက်နေ့က နိုင်ငံရေးကျဉ်းသား ၂,၀၀၀ ကျော်လွှတ်ပေးခဲ့တဲ့အပေါ် ကုလအတွင်းရေးမှူးချုပ်က အားတက်မိကြောင်းနဲ့ နောက်ထပ်ကျန်ရှိနေတဲ့ တရားမဝင်ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကိုလွှတ်ပေးဖို့ အတွင်းရေးမှူးချုပ်ကတောင်းဆိုတယ်လို့ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဖာဟင်ဟတ်က ဗုဒ္ဓဟူးနေ့မှာပြောခဲ့ပါတယ်။
မြန်မာဆိုင်ရာအထူးကိုယ်စားလှယ်ဟာ မေလတရက်ကနေ ၂ ရက်ထိ တရုတ်ကိုသွားခဲ့ပြီး တရုတ်အစိုးရအတိုင်ပင်ခံ၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Qin Gang နဲ့တွေ့ခဲ့သလို အာဆီယံဆိုင်ရာ အထူးကိုယ်စားလှယ် Deng Xijun တို့နဲ့တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး ဖြေရှင်းဖို့ ဆွေးနွေးခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့နေအိမ်ကို ယူကရိန်းက ညဘက်မှာ အဝေးထိန်းဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ရုရှားတာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။ ရုရှားလုံခြုံရေးတပ်ကနေ ဒီ ဒရုန်းတွေကိုဖျက်စီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး အစီအစဉ် ဆောင်ရွက်နေတာတွေကို လေ့လာဖို့ လာမယ့်သောကြာနေ့မှာ ရိုဟင်ဂျာ ဒုက္ခသည် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ မြန်မာနိုင်ငံဘက်ကို သွားရောက်လေ့လာမယ့်အကြောင်း ဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ် အရာရှိတွေက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်း အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် အခြေအနေတွေ ကျဆင်းနေပြီး ကမ္ဘာတလွှား နိုင်ငံပေါင်း ၁၈၀ အနက် သတင်းလွတ်လပ်ခွင့် အဆင့် ၁၇၃ နေရာမှာ ရှိနေကြောင်း ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) ရဲ့ နှစ်ပတ်လည် သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ ဖော်ပြပါတယ်။
ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) အရ ပြစ်ဒဏ် ကျခံနေရတဲ့ အကျဥ်းသား၊ အကျဥ်းသူ ၂၁၅၃ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ ပြန်လွှတ်ပေးလိုက်ကြောင်း စစ်ကောင်စီက ဒီကနေ့ မေလ ၃ ရက်နေ့မှာ ကြေညာပါတယ်။
HRW လူ့အခွင့်အရေးစောင့်ကြပ်မှုအဖွဲ့ရဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ထုတ်ပြန်ကြေညာတဲ့သတင်းဆုတွေထဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ရေးသားဖော်ပြခဲ့တဲ့သတင်းတွေအတွက်လည်း ပါဝင်ပါတယ်။
ဗြိတိန်နဲ့ ဓနသဟာယနိုင်ငံများရဲ့ တတိယမြောက် ချားလ်စ်ဘုရင်ဘိသိက်ခံ နန်းတက်ပွဲကို မြန်မာအပါအဝင် ရုရှား၊ ဘဲလာရုစ်၊ အီရန်၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်နဲ့ ဗင်နီဇွဲလားနိုင်ငံတွေက ခေါင်းဆောင်တွေကို ဖိတ်ကြားထားခြင်းမရှိကြောင်း ဗြိတိန်သတင်းရင်းမြစ်တခုကို ကိုးကားပြီး ရိုက်တာသတင်းက အင်္ဂါနေ့မှာ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်