မေလ ၄ ရက်ကနေ ၁၁ ရက်နေ့အထိ (၇) ရက်အပစ်ရပ်ကြဖို့ ဆူဒန်တပ်မတော်အကြီးအကဲ Abdel Fattah al-Burhan နဲ့ သူ့ရဲ့ ဒုတိယအကြီးအကဲဖြစ်ခဲ့ပြီး ခု ပြိုင်ဘက်ဖြစ်လာသူ RSF တပ်တွေရဲ့အကြီးအကဲ Mohamed Hamdan Daglo တို့ မူအားဖြင့်သဘောတူကြတယ်လို့ တောင်ဆူဒန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ကမ္ဘာတဝန်း သတင်းလွတ်လပ်ခွင့်ကျဆင်းလာတာကို ကုလသမဂ္ဂက သတိပေးချက်ထုတ်ပြန်လိုက်ပြီး သတင်းလွတ်လပ်ခွင့်ဟာ ကမ္ဘာ့နေရာတိုင်းမှာ တိုက်ခိုက်ခံနေရတယ်လို့ ကုလသမဂ္ဂ အထွေအထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အင်္ဂါနေ့က ပြောလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့သဘောထားနဲ့ ဒုက္ခသည်တွေရဲ့အခြေအနေတွေကို စစ်ကောင်စီဘက်က အလေးထားတာမျိုးမရှိဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ဗွီအိုအေနဲ့သီးသန့် အင်တာဗျူးမှာ ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang (ချင် ဂန်) ရဲ့ မေလ ၂ ရက်ကနေ ၄ ရက်အထိ ခရီးစဉ်အတွင်း စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံခြားရေး ဝန်ကြီးတို့နဲ့ တွေဆုံမယ်လို့လည်း မြန်မာအာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။
တရုတ်-မြန်မာ နယ်စပ်ကို ရှားရှားပါးပါးခရီးစဉ်အဖြစ် ဒီကနေ့ အင်္ဂါနေ့မှာ ရောက်ရှိလာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang (ချင် ဂန်)ဟာ မြန်မာနဲ့ နယ်နိမိတ်တလျှောက် တည်ငြိမ်မှုရှိရေးနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို နှိမ်နင်းရေး တောင်းဆိုလိုက်ပါတယ်။
နိုင်ငံတဝှမ်း အကျပ်အတည်းကြောင့် အတိဒုက္ခရောက်နေတဲ့သူ အားလုံးဆီအကူအညီပေးနိုင်ရေး ဘယ်အဖွဲ့အစည်း တခုခုကမှ တာဝန်ယူ ဆောင်ရွက်ပေးနိုင်တာမျိုး မရှိဘူးလို့လည်း IFRC က ပြောဆိုပါတယ်။
ယူကရိန်းအရှေ့ပိုင်း အထူးသဖြင့် ဘက်မု (Bakhmut) ဒေသက ၅ လကြာတိုက်ပွဲတွေအတွင်း ရုရှားတပ်ဖွဲ့ဝင် ၂၀,၀၀၀ ကျော် သေဆုံးပြီး နောက်ထပ် ၈၀,၀၀၀ ဒဏ်ရာရခဲ့ကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဗီ (John Kirby) က တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။
၂၀၂၂ ခုနှစ်အတွက်ထုတ်ပြန်တဲ့ "နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင်ရဲ့ ဘာသာရေးလွတ်လပ်ခွင့်အစီရင်ခံစာမှာ မြန်မာအပါအဝင် တရုတ်၊ ကျူးဘား၊ အီရစ်ထရီးယား၊ အီရန်၊ နီကာရာဂွာ၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တာဂျစ်ကစ္စတန်နဲ့ တာ့ခ်မင်နစ္စတန်နိုင်ငံတွေလည်း ပါဝင်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံရဲ့လုံခြုံရေးအပေါ် တာဝန်ယူ ကတိကဝတ်ပြုထားတာကို အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က ထပ်မံအတည်ပြုလိုက်ပြီး နှစ်နိုင်ငံဆက်ဆံရေးဟာ နက်ရှိုင်းတဲ့ မိတ်ဆွေဆက်ဆံရေးဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
မေလ (၁) ရက်- ကမ္ဘာ့အလုပ်သမားနေ့မှာ ငွေကြေးဖောင်းပွမှုကြောင့် အခက်ကြုံနေရတဲ့အလုပ်သမားတွေဟာ ကမ္ဘာတဝန်းမှာ စီးပွားရေးအရတရားမျှတမှုနဲ့တကွ လုပ်ခလစာမြှင့်တင်ပေးပြီး အလုပ်ချိန်လျှော့ချပေးရေးနဲ့ လုပ်ငန်းခွင်အခြေအနေ ပိုမိုကောင်းမွန်ရေးတို့ကို ဆန္ဒဖော်ထုတ်ပြီး တောင်းဆိုခဲ့ကြပါတယ်။
တိုက်ပွဲတွေဖြစ်နေတဲ့ဆူဒန်ကနေ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ အီဂျစ်၊ ချဒ်နဲ့ ဗဟိုအာဖရိကနိုင်ငံတွေကို လူတွေသောင်းချီပြီးထွက်ပြေးခဲ့ကြတာ အနည်းဆုံး ၅ သောင်းရောက်နေပြီး လူ ၈၀၀,၀၀၀ ကျော် ထွက်ပြေးလာနိုင်တယ်လို့ ကုလသမဂ္ဂက တနင်္လာနေ့က သတိပေးလိုက်ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်း ဘန်ကီမွန်း အနေနဲ့ မြန်မာနိုင်ငံကို နောက်ထပ် သွားရောက်မယ့် ခရီးစဉ်တွေ ရှိခဲ့မယ်ဆိုရင် NUG အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့အပါအဝင် မြန်မာနိုင်ငံက အရေးပါတဲ့ သက်ဆိုင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ NUG အမျိုးသားညီညွတ်ရေး အစိုးရ ဘက်က တောင်းဆိုလိုက်ပါတယ်။
ပဋိပက္ခတွေ ကြီးထွားလာပြီး၊ ပြဿနာ ပျံ့နှံ့မလာအောင် အမျှော်အမြင်ရှိရှိ၊ လက်တွေ့ကျကျ လုပ်ဖို့လိုတယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Noeleen Heyzer နဲ့ တွေ့ဆုံရာမှာ နိုင်ငံခြားရေးဝန်ကြီး Qin Gang က ပြောခဲ့ကြောင်းလည်း သတင်းက ကိုးကား ဖော်ပြခဲ့တာပါ။
မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်ကို ပြန်အကောင်အထည်ဖေါ်ဖို့နဲ့ အလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေးတွေကို လေးစားဖို့ ၂၀၂၁ ခုနှစ်က ချမှတ်ခဲ့တဲ့ နိုင်ငံတကာ အလုပ်သမား ညီလာခံ ဆုံးဖြတ်ချက်ကို လိုက်နာဖို့ ILO အဖွဲ့က တောင်းဆိုပါတယ်။
မေလ ၅ ရက်နေ ၁၇ ရက်အထိ ကျင်းပမယ့် အားကစားပေါင်းစုံ ပြိုင်ပွဲတွေဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ပထမဆုံးအကြိမ် SEA Game ကျင်းပမှာပါ။
အလုပ်သမားနေ့ပိတ်ရက်တွေအတွက် မကာအိုကို တရုတ်ခရီးသွားတွေ ဝင်လာမစဲ တသဲသဲဖြစ်လာတာကြောင့် မကာအိုက စားသောက်ဆိုင်လုပ်ငန်းတွေလည်း ပြန်ကောင်းလာနေပါတယ်။
ယူကရိန်းအနေနဲ့ ရုရှားတပ်တွကို တန်ပြန်ထိုးစစ်ဆင်ဖို့ပြင်ဆင်နေချိန်မှာ နောက်ထပ်အကူအညီတွေရရှိရေးနဲ့ပတ်သက်လို့ ပြင်သစ်သမ္မတ Emmanuel Macron နဲ့ သူ စကားပြောခဲ့တယ်လို့ ယူကရိန်း သမ္မတ Volodymyr Zelenskyy က ပြောပါတယ်။
အမေရိကန်သမ္မတ Joe Biden နဲ့ ထိပ်သီးနှစ်ဦးဝါရှင်တန်မှာတွေ့ဆုံခဲ့တဲ့အပေါ် တောင်ကိုရီးယားသမ္မတ Yoon ကို သစ္စာဖောက်ရုပ်သေးရုပ်ဆိုပြီးတော့ မြောက်ကိုရီးယားအလုပ်သမားပါတီ အကြီးတန်းတာဝန်ရှိသူလည်းဖြစ်၊ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ ညီမဖြစ်သူလည်းဖြစ်တဲ့ Kim Yo Jong က ကြေညာချက်ထုတ်လိုက်ပါတယ်။
ဆူဒန်က သောင်းချီတဲ့စစ်ဘေးဒုက္ခသည်တွေဟာ အိမ်နီးချင်းတိုင်းပြည်တွေကို ထွက်ပြေးနေကြရပြီး ဧပြီ ၁၅ ရက် စတင်တိုက်ခိုက်ကြကတည်းကဆိုရင် ချဒ် နိုင်ငံမှာ ဒုက္ခသည်ပေါင်း ၂ သောင်းကျော် ရောက်နေကြပြီလို့ ချဒ်နိုင်ငံရှိ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး ရုံး UNHCR က ဆိုပါတယ်။
လူမျိုးရေးခွဲခြားမှုပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်ကို လိုက်နာဖို့ ရုရှားအစိုးရက ပျက်ကွက်နေတယ်လို့ ကုလလူ့အခွင့်အရေးကော်မတီတရပ်က ဝေဖန်ပြစ်တင်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်