ရုရှားနဲ့ ယူကရိန်းပဋိပက္ခကိုအဆုံးသတ်ဖို့ ဗာတီကန်က ငြိမ်းချမ်းရေးမစ်ရှင်မှာ ပါဝင်နေတယ်လို့ ပုပ်ရဟန်းမင်းကြီး Francis က တနင်္ဂနွေနေ့က ပြောလိုက်ပါတယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ မပြောပါဘူး။
အီရန်နိုင်ငံတောင်ပိုင်း ရေနံဓာတုကုန်ထုတ်လုပ်ငန်းတွေမှာ လုပ်ခလစာတိုးပေးဖို့ ဆန္ဒပြတောင်းဆိုတဲ့ အလုပ်သမား ၄,၀၀၀ ကိုအလုပ်ထုတ်ပြီး အလုပ်သမားအသစ်တွေခန့်သွားမယ်လို့ အီရန်အစိုးရ သတင်းဌာနက ကြေညာခဲ့ပါတယ်။
ဆူဒန်နိုင်ငံမှာ ဆူဒန်စစ်တပ်နဲ့ ပြိုင်ဘက် RSF တပ်တွေကြား တိုက်ပွဲတွေဖြစ်နေတာ သီတင်း ၃ ပတ် ရှိလာနေပြီး အပစ်အခတ်ရပ်စဲ ဖို့ ၂ ဘက် သဘောတူထားတဲ့ကြားကပဲ Khartoum မြို့တော်တဝိုက် စနေနေ့မှာ မြေပြင်မှာရော ဝေဟင်ကပါ ပစ်ခတ်တိုက်ခိုက်နေကြဆဲ ဖြစ်ပါတယ်။
တီဟီရန်ကိုရောက်နေတဲ့ အီရတ်သမ္မတ Abdul Latif Rashid နဲ့ စနေနေ့မှာ ဆွေးနွေးပွဲမှာ အီရန်ခေါင်းဆောင်ကြီး Ayatollah Ali Khamenei ကရော အီရန်သမ္မတ Ebrahim Raisi ကပါ အရှေ့အလယ်ပိုင်းဒေသတွင်း အမေရိကန်ရှိနေတာအတွက် ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
စစ်တပ်ကွဲပြီးတိုက်ပွဲတွေဖြစ်နေတဲ့ဆူဒန်နိုင်ငံမှာ ရာနဲ့ချီတဲ့အမေရိကန်နိုင်ငံသားတွေကို ပထမဆုံးအကြိမ် လေယာဉ်နဲ့ကယ်ထုတ်နိုင်ဖို့ Port Sudan ဆိပ်ကမ်းမြို့ဆီ ကုန်းလမ်းကနေသယ်ဆောင်လာရာမှာ စနေနေ့က ရောက်လာပါတယ်။
ဆူဒန်နိုင်ငံမှာ ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးထားပေမယ့် စစ်တပ်နဲ့ ပြိုင်ဖက် အရံတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ သောကြာနေ့မှာ မြို့တော် ခါတွန်နဲ့ကပ်လျက် ဘာရီ Bahri မြို့တွေမှာ တင့်ကားတွေ၊ အမြောက်တွေအပြင် လေကြောင်း တိုက်ခိုက်မှုတွေလည်း ပြင်းထန်ခဲ့ပါတယ်။
ယူကရိန်းက ရုရှားကို ပြန်တိုက်ရေးဟာ အမြန်ဖြစ်လာနိုင်ခြေရှိတယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီး Oleskii Reznikov က ပြောပါတယ်။ ယူကရိန်းတပ်တွေဟာ ရုရှားတပ်တွေကို တွန်းလှန်ဖို့ ရာနှုန်းပြည့်နီးပါး အသင့်ဖြစ်နေပြီဖြစ်ပြီး သူတို့မှာ ခေတ်မီလက်နက်တွေလည်း ရှိနေပြီလို့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အမေရိကန်နဲ့ ဖိလစ်ပိုင် ၃ ပတ်နီးပါးကြာ နှစ်ပတ်လည် ပူးတွဲ စစ်ရေးလေ့ကျင့်မှု အစီအစဉ်ဟာ သောကြာနေ့မှာပြီး ဆုံးသွားခဲ့ပါတယ်။ ဒီ စစ်ရေးလေ့ကျင့်မှုမှာ နှစ်နိုင်ငံ စစ်အင်အားစုစုပေါင်း ၁ သောင်း ၈ ထောင်လောက်ပါဝင်ပြီး၊ ၃၈ နှစ်အတွင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်ပါတယ်။
အာဖဂန်နစ္စတန်က ကုလသမဂ္ဂ ရုံးအဖွဲ့အစည်းတွေမှာ ဒေသခံအမျိုးသမီးတွေကို အလုပ်လုပ်ကိုင်ခွင့် ပိတ်ပင်တာက နိုင်ငံအားလုံးက လေးစားသင့်တဲ့ အာဖဂန်နစ္စတန်ရဲ့ ပြည်တွင်းလူမှုရေးကိစ္စရပ်သာ ဖြစ်တယ်လို့ တာလီဘန်အဖွဲ့က သောကြာနေ့က ပြောလိုက်ပါတယ်။
ဂျပန်နိုင်ငံကို ၄ ရက်ကြာခရီး သွားရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina က ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အကူအညီတွေ ပိုပေးကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ပန်ကြားလိုက်ပါတယ်။ ဂျပန်သတင်းဌာန NHK နဲ့ ကြာသပတေးနေ့ လူတွေ့မေးမြန်းခန်းမှာ အခုလို ပြောကြားခဲ့တာပါ။
၂၀၂၀ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ ရလဒ်ကို သမ္မတဟောင်း Donald Trump ဘက်က ပြောင်းလဲဖို့ ကြိုးစားခဲ့တဲ့ လုပ်ရပ်တွေအပေါ် စုံစမ်းစစ်ဆေးနေတဲ့ ဖက်ဒရယ် အထူးတရားရုံး ဂျုရီအဖွဲ့ ရှေ့မှောက်မှာ ဒုသမ္မတဟောင်း Mike Pence ကြာသပတေးနေ့က ကျမ်းကျိန် ထွက်ဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံ နခွန်လတ်ချစီမာ တိရိစ္ဆာန်ရုံမှာ ရှားပါး လင်းတမျိုး အရေအတွက် ပြန်များပြားလာဖို့ ကြိုးစားလုပ်ဆောင်နေပြီး အောင်မြင်တာ တွေ့ရပါတယ်။ အာရှလင်းတဘုရင်လို့ခေါ်တဲ့ ခေါင်းနီလင်းတမျိုးက တိရိစ္ဆာန်အသေတွေကို စားပေးပြီး ရောဂါပျံ့ပွားမှုကို ထိန်းချုပ်ပေးတဲ့အတွက် သဘာဝ ဂေဟစနစ်အတွက် အထူးအရေးပါတာ ဖြစ်ပါတယ်
ပီရူးနိုင်ငံက ရှေးဟောင်းသုတေသီတွေ သက်တမ်း ၁,၁၀၀ နဲ့ ၁,၂၀၀ ကြားရှိမယ်လို့ ခန့်မှန်းရတဲ့ ကလေးရုပ်အလောင်းတလောင်းကို အခုခေတ် လီမာမြို့တော် တည်ရှိရာနေရာ မြို့ပြင် ရှေးဟောင်းသုတေသန လုပ်ကွက်မှာတွေ့ရှိခဲ့ ကြပါတယ်။ အင်ကာခေတ်မတိုင်ခင်အချိန်က ရုပ်ကြွင်းတွေ တူးဖော်တဲ့အထဲ အခုနောက်ဆုံးဒီရုပ်အလောင်းကိုတွေ့ရှီတာပါ
ဒီတပါတ် တိုင်းရင်းသတင်းလွှာမှာ နားဆင်ရမှာတွေကတော့ ... (၁) မိုးဗြဲမြို့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၅ ယောက် သေဆုံး၊ သုံ့ပန်း ၂ ယောက်ဖမ်းမိ ။ (၂) မွန်လူမှုအဖွဲ့အစည်းက အမျိုးသမီး ၂ ယောက်ကို စစ်ကောင်စီက ဖမ်းသွား။ (၃) မွန်လက်နက်ကိုင်နှစ်ဖွဲ့က မွန်ပြည်-ကာကွယ်ရေးတပ် MSDF မှာ လာရောက်ပူးပေါင်း။
နော်ဝေ ဗဟိုဘဏ်ဟာ သူထိန်းချုပ်ထားတဲ့ ကမ္ဘာ့အကြီးဆုံး အရန်ငွေကြေး ရန်ပုံငွေ ဒေါ်လာ ၁.၄ ထရီလီယံ ကနေ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးရှိတဲ့ တောင်ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံတွေက ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီနှစ်ခုကို ကြာသပတေးနေ့က ဖယ်ထုတ်လိုက်ပါတယ်။
အမေရိကန်နိုင်ငံရောက် တောင်ကိုရီးယားသမ္မတ Yoon Suk Yeol က အမေရိကန်နဲ့ တောင်ကိုရီးယား ၂ နိုင်ငံကြား မိတ်ဆွေဖြစ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု သက်တမ်းအနှစ် ၇၀ ရှိလာတာအတွက် ချီးကြူးဂုဏ်ပြုလိုက်ပါတယ်။ ဒီမိုကရက်တွေရော ရီပတ်ဘလစ်ကင် ပါတီဝင်တွေကိုပါ ကျေးဇူးတင်ကြောင်း အမေရိကန်လွှတ်တော်မှာ ပြောဆိုခဲ့တာပါ။
အိန္ဒိယနဲ့ တရုတ်နယ်စပ်က နှစ်နိုင်ငံ တပ်သားတွေ ထောင်နဲ့ချီ ချထားတာ ၃ နှစ်ရှိနေပြီဖြစ်တဲ့ အငြင်းပွါးနေဆဲ အရှေ့ပိုင်း လာဒတ်(Ladakh) ဒေသမှာ နှစ်နိုင်ငံသဘောတူညီချက်ကို တရုတ်ဖက်က ချိုးဖေါက်ကြောင်း ကြာသပတေးနေ့မှာ အိန္ဒိယကာကွယ်ရေးဝန်ကြီးက စွပ်စွဲ ပြောဆိုလိုက်ပါတယ်။
မြန်မာ့အရေးအဓိကကျတဲ့ အစုအဖွဲ့တွေအကြား မတူကွဲပြားတဲ့ရပ်တည်ချက်နဲ့ အမြင်သဘောထား ကွာဟချက်တွေ ဆက်စပ်ပေးဖို့ အာဆီယံအလှည့်ကျဥက္ကဌအနေနဲ့ဆက်ပြီး ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။ သမ္မတအိမ်တော်မှာ Marsud ပြောဆိုခဲ့တာပါ။
အမှတ်ပေးစနစ်နဲ့ နိုင်ငံခြားသား ကျွမ်းကျင်လုပ်သားတွေကို ရွေးချယ်ခေါ်ယူနေတဲ့ လက်ရှိစနစ်ကို Australia နိုင်ငံစီးပွားရေးအတွက် လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ကျွမ်းကျင်သူတွေကို အဓိကထား ရွေးချယ်ပြီး အပြောင်းအလဲတွေလုပ်သွားမယ်လို့ အစိုးရက ပြောပါတယ်။
မြန်မာနိုင်ငံအတွက် ဂျပန်အစိုးရက ပေးထားတဲ့ အထူး ဖွံဖြိုးရေး အကူအညီ အစီအစဉ် အောက်က ခရီးသည်တင် သင်္ဘောတွေကို စစ်တပ်အတွက် အသုံးပြုနေတယ်ဆိုပြီး ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက စစ်ကောင်စီကို တရားဝင် ကန့်ကွက်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်