အာဖဂန်နစ္စတန်ရဲ့ တာလီဘန်အာဏာပိုင်တွေနဲ့ ၂ နှစ်နီးပါးကြာ သံတမန်ရေး အကျပ်အတည်းဖြစ်ခဲ့ပြီးနောက် အာဖဂန်ဆိုင်ရာမူဝါဒကို အမေရိကန်အစိုးရက ပြန်လည်သုံးသပ်နေပါတယ်။
ဆူဒန်က လက်နက်ကိုင်ပဋိပက္ခအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အထူးအဖွဲ့တဖွဲ့ ဖွဲ့စည်းထားကြောင်း ပြောရေးဆိုခွင့်ရှိသူတဦးက ဗွီအိုအေကို ဗုဒ္ဓဟူးနေ့မှာ အတည်ပြုခဲ့ပါတယ်။
ဆူဒန်နိုင်ငံမြို့တော်ကလမ်းမတွေပေါ်မှာ တိုက်ခိုက်နေကြတဲ့ ပြိုင်ဘက်တပ်ဖွဲ့တွေက ၂၄ နာရီ အပစ်အခတ်ရပ်စဲမှုအသစ်တရပ်ကို ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ကြပေမဲ့ ဒီမတိုင်ခင် အရင်တရက်ကကြေညာခဲ့တဲ့ အလားတူ အပစ်အခတ်ရပ်စဲမှုကတော့ မအောင်မြင်ခဲ့ပါဘူး။
ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာ ၃၂၅ သန်းဖိုးပေးမယ့် အစီအစဥ်သစ်တခုကို ဗုဒ္ဓဟူးနေ့မှာ အမေရိကန်ကကြေညာခဲ့ပြီး အခု ပေးမယ့်အကူအညီထဲမှာ အမြောက်ကျည်တွေနဲ့ ဟိုင်းမားစ်လို့ခေါ်တဲ့ ရွေ့လျားနိုင်စွမ်းမြင့်မားတဲ့ တာလတ်ပစ်ဒုံးကျည်တွေ ပါဝင်ဖို့ရှိတယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ချမှတ်ထားတဲ့ အမှု (၇) မှုနဲ့ပတ်သတ်တဲ့ အမိန့်တွေအတွက် ပြင်ဆင်မှုတက်တဲ့အပေါ် လာမယ့် ဧပြီလကုန် ပိုင်းလောက်မှာ အပြီးသတ်အမိန့်ချမှတ်သွားမယ်လို့ တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။
အော်စကာဆုရ အာရှမင်းသမီး မစ်ရှဲလ်ယိုး ရွှေရောင်ဝတ်စုံရှည်နဲ့ ပွဲတက်လာတာ အပါအဝင် ထိပ်တန်း အနုပညာရှင်တွေ တက်ရောက်တဲ့ ဟောင်ကောင်ရုပ်ရှင်ဆုချီးမြှင့်ပွဲကို ဧပြီလ ၁၇ ရက် တနင်္ဂနွေနေ့က ကျင်းပသွားပါတယ်။
G7 စက်မှုထိပ်သီး ၇ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးအပြီး ပူးတွဲထုတ်ပြန်ချက်ထဲမှာ ယူကရိန်းကို ရုရှားကျူးကျော်စစ်ဟာ ပြင်းထန်တဲ့ နိုင်ငံတကာဥပဒေချိုးဖောက်မှုဖြစ်တာမို့ ရုရှားတပ်တွေ ခြွင်းချက်မရှိ အမြန်ဆုံးဆုတ်ခွာပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ယူကရိန်းစစ်ကာလ ရုရှား-တရုတ် ဆက်ဆံရေး ပိုပြီး နီးကပ်လာချိန်မှာပဲ ရုရှားနဲ့စစ်ဘက် ပူးပေါင်းဆောင်ရွက်မှုတွေ နောက်ထပ်အဆင့်တရပ် တိုးမြှင့်ဆောင်ရွက်မယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးက ပြောလိုက်ပါတယ်။
ဆူဒန်နိုင်ငံရဲ့မြို့တော်မှာ အင်္ဂါနေ့ညနေပိုင်းက စစ်တပ်နဲ့ အတိုက်အခံ Rapid Support Forces (RSF) လို့ခေါ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ကြား ၂၄ နာရီကြာ အပစ်ရပ်စဲရေးအတွက် သဘောတူထားပေမယ့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
တရုတ်ကိုတင်ပို့မယ့်ရုရှားကရေနံစိမ်း ပေပါတသန်းကျော်တင်ဆောင်လာတဲ့ ရေနံတင်သင်္ဘောသုံးစင်းဟာNovorossiysk နဲ့ Murmansk ရုရှားဆိပ်ကမ်းမြို့တွေကနေ ကျောက်ဖြူဆိပ်ကမ်းမှာရှိတဲ့ ပဒေးကျွန်းကို ရောက်ရှိခဲ့တယ်လို့ Energy Intelligence စွမ်းအင်ဆိုင်ရာအွန်လိုင်းသတင်းကို ကိုးကားပြီး Myanmar Now က ဖော်ပြပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာမှာ ဧပြီလ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သားတွေ သေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး G-7 စက်မှုထိပ်သီး နိုင်ငံခြားရေးဝန်ကြီးတွေက စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချလိုက်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူးနက်ခ်ဟာ အစိုးရဘတ်ဂျက်ကနေ အကျိုးအမြတ်ရနိုင်တဲ့ ကလေးထိန်းလုပ်ငန်းတခုမှာ ဇနီးဖြစ်သူပိုင်ဆိုင်တဲ့အစုရှယ်ယာတွေကို ထုတ်ဖော်ပြောကြားဖို့ပျက်ကွက်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးခံနေရတယ်လို့ ပါလီမန်စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။
အမေရိကန် ဝေါလ်စထရိဂျာနယ်သတင်းထောက်ကို ရုရှားက ဖမ်းဆီးထိန်းသိမ်းတာနဲ့ပတ်သက်ပြီး နိုင်ငံပေါင်း ၄၆ နိုင်ငံက အထူး စိုးရိမ်ကြောင်း တနင်္လာနေ့က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်မှာ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ အမေရိကန် အစရှိတဲ့နိုင်ငံတွေက ပါဝင် လက်မှတ်ရေးထိုးထားပါတယ်။
ရုရှားတပ်ဖွဲ့တွေကျူးလွန်ဖွယ်ရှိတဲ့ စစ်ရာဇဝတ်မှုတွေ စုံစမ်းအရေးယူရေး ယူကရိန်းကို အကူအညီပေးဖို့ အမေရိကန်တရားရေးဌာနအနေနဲ့ ရှေနေတဦးနဲ့ ဥပဒေအကြံပေးတဦးခန့်ထားဖို့ စဉ်းစားနေတယ်လို့ အမေရိကန်ပြည်ထောင်စု ရှေ့နေချုပ် Merrick Garland က ပြောပါတယ်။
အကြမ်းဖက်မှုပါပုဒ်မ၊ မတရားအသင်းဆိုင်ရာဥပဒေပုဒ်မ၊ တပ်မတော်ကို အကြည်ညိုပျက်အောင် ပြုမူမှု စွဲချက်ပုဒ်မသုံးခုနဲ့ စုစုပေါင်း ထောင်ဒဏ် ၆နှစ် ချမှတ်ခံထားရသူ ကချင်ဘာသာရေးခေါင်းဆောင် ဒေါက်တာခလမ် ဆမ်ဆွမ်ကို အမြန်ဆုံးနဲ့ ခြွင်းချက်မရှိလွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုလိုက်ပါတယ်။
အရပ်သားတွေအပေါ်အကြမ်းဖက်တိုက်ခိုက်မှုတွေ ချက်ခြင်းရပ်ဖို့အပါအဝင် မြန်မာ့အရေးအဖြေရှာဖို့အချက်တွေကို ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ အကောင်အထည်ပေါ်လာရေး ကုလပဋိညာဥ်စာချုပ် အခန်း ၇ ပါအတိုင်း ဆောင်ရွက်ဖို့ မြန်မာနဲ့ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်း ၅၀၀ ကျော်က လုံခြုံရေးကောင်စီကို တောင်းဆိုပါတယ်။
အမေရိကန်အထက်လွှတ်တော်အမတ် Lindsey Graham ဟာ အစ္စရေးနိုင်ငံကို တနင်္လာနေ့က ရောက်ရှိပြီး အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ တွေ့ဆုံပြီး အစ္စရေးနဲ့ ဆော်ဒီအာရေဗီးယားနိုင်ငံကြား ပုံမှန်ဆက်ဆံရေးထားရှိဖို့ သဘောတူညီချက်တရပ်ရလာနိုင်ခြေအတွက် ဆွေးနွေးခဲ့ကြပါတယ်။
လွတ်ငြိမ်းခွင့်ပြုတဲ့ အကျဉ်းသားတွေကို နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်ခဲ့ရင် ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိတဲ့ ပြစ်ဒဏ်ကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ ခံဝန်ကတိနဲ့ လွှတ်ပေးခဲ့တာပါ။ အခုပြန်လွှတ်မယ့်အထဲ နိုင်ငံရေးပုဒ်မတွေနဲ့ကျခံနေရတဲ့ အကျဉ်းသားတွေ ပါ၊မပါတော့ မသိရှိရသေးပါဘူး။
အင်ဒိုနီးရှားနိုင်ငံ Papua ဒေသမှာ ခွဲထွက်ရေးသူပုန်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုအတွင်း အင်ဒိုနီးရှားစစ်ဘက်က တဦးသေဆုံးခဲ့တယ်လို့ အင်ဒိုနီးရှားစစ်တပ်က ပြောပါတယ်။
ဆူဒန်နိုင်ငံမှာ စစ်တပ်နဲ့ပြည်သူ့စစ်အဖွဲ့တွေက လူသားချင်းစာနာထောက် ထားရေးလုပ်ငန်းအတွက် သုံးနာရီကြာအပစ်ရပ်ဖို့ သဘောတူကြကြောင်း ကုလသမဂ္ဂက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်