လျှပ်စစ်ထုတ်လုပ်မှုစွမ်းရည်မှာ ဥရောပအကောင်းဆုံးဖြစ်တဲ့ နျူကလီယား ဓာတ်ပေါင်းဖိုကို ဖင်လန်နိုင်ငံကစမ်းသပ်တာ တနှစ်ပြည့်သွားပြီး Olkiluoto 3 နျူကလီယားဓာတ်ပေါင်းဖိုဟာ ၁,၆၀၀ မဂ္ဂါဝပ်ထုတ်နိုင်ပြီး ဖင်လန်ရဲ့ အမျိုးသားဓာတ်အားလိုင်းနဲ့ ၂၀၂၂ မတ်လကချိတ်ဆက်ခဲ့ပြီး တနင်္ဂနွေနေ့ကစလို့ ပုံမှန်ထုတ်လုပ်နေပြီဖြစ်ပါတယ်
နှစ်ရှည်ကြာဖြစ်နေတဲ့ ယီမင်ပြည်တွင်းစစ်နဲ့ဆက်နွယ်ပြီး အဖမ်းခံရတဲ့ အကျဉ်းသား ၈၀၀ ကျော်ကို ပြီးခဲ့တဲ့သောကြာနေ့ကစပြီး သုံးရက်ကြာ အပြန်အလှန်လဲလှယ်ခဲ့ကြတာ ဒီနေ့ ပြီးဆုံးပါတယ်။
ဆူဒန်နိုင်ငံ မြို့တော် Khartoum မှာ စနေနေ့က အာဏာသိမ်းထားတဲ့ ဆူဒန်စစ်တပ်နဲ့ အင်အားကြီးတဲ့ပြည်သူ့စစ်တို့ကြား ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး ၂၆ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ ဆေးပညာရှင်များအဖွဲ့က ပြောပါတယ်။
အမေရိကန်က-တရုတ်ကုမ္ပဏီတချို့အပေါ် ပိတ်ဆို့အရေးယူလိုက်တာကို တရုတ်ကကန့်ကွက်လိုက်ပြီး ဒါဟာ တရားမဝင်ကြောင်းနဲ့ ကမ္ဘာ့ကုန်ပစ္စည်းထုတ်လုပ်တင်ပို့မှုကို ထိခိုက်စေတယ်လို့ စနေနေ့တုန်းကပြောခဲ့ပါတယ်။
ဂျာမနီနိုင်ငံမှာ ဇီဝရုပ်ကျွင်းလောင်စာအသုံးပြုမှုလျော့ချရေးနဲ့ ရုရှားယူကရိန်းစစ်ပွဲတွေကြောင့် စွမ်းအင်ဆိုင်ရာအကြပ်အ တည်းတွေရှိနေတဲ့ကြားထဲကပဲ နောက်ဆုံးကျန်ရှိနေတဲ့ နျူကလီးယားသုံး ဓာတ်အားပေးစက်ရုံ ၃ ရုံကို စနေနေ့မှာ ပိတ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။
ဆီးရီးယားမှာဖြစ်ပွါးနေတဲ့စစ်ပွဲနဲ့ ဆီးရီးယားကို အာရပ်ကမ္ဘာကနေ ဖယ်ကျဉ်ထားမှု အဆုံးသတ်ရေးအဖြေရှာဖို့ အာရပ်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ ဆော်ဒီအာရေဗျမှာ တွေ့ဆုံဆွေးနွေးနေကြပါတယ်။
နိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုတွေ ကာကွယ်ရေးအတွက် ရုရှားနဲ့နယ်စပ်မှာ သံဆူးကြိုးတွေနဲ့ ခြံစည်းရိုးကာရံဖို့ စီစဉ်ထားတဲ့ ဖင်လန်နိုင်ငံဟာ NATO စစ်မဟာမိတ်အဖွဲ့ဝင်ဖြစ်လာပြီး သီတင်း ၂ ပတ်မပြည့်ခင်မှာပဲ စတင်လုပ်ဆောင်လိုက်ပါတယ်။
ပြင်သစ်နိုင်ငံမှာ ဆန္ဒပြကန့်ကွက်မှုတွေရှိနေတဲ့ကြားကပဲ အငြိမ်းစားယူခွင့် ပင်စင်နဲ့ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲရေးဥပဒေမူကြမ်းကို သမ္မတ Emmanuel Macron က စနေနေ့ညမှာလက်မှတ်ရေးထိုးပြီး ဥပဒေအဖြစ်တည်ပြုလိုက်ပြီး အာရုံတက်ချိန်မတိုင်မီ တရားဝင်ပုံနှိပ်မှတ်တမ်းတင်ပြီးရင် ဒီဥပဒေ အတည်ဖြစ်သွားပါပြီ။
အမေရိကန်ပြည်ထောင်စုကို ရွှေ့ပြောင်းဝင်ရောက်ဖို့ ကြိုးပမ်းသူ ၁ သိန်းလောက်ဟာ ပနားမားနဲ့ ကိုလမ်ဘီယာအကြား ကားလမ်း ဖေါက်လုပ်ထားခြင်းမရှိတဲ့ Darien Gap ကမ်းမြှောင်ဒေကို ဒီနှစ်အတွင်း ဖြတ်သန်းသွားခဲ့ကြတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ နဲ့ IOM တို့က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
ယူကရိန်းမှာဖြစ်ပွါးနေတဲ့ စစ်ပွဲအတွက် ရုရှားကိုရော ယူကရိန်းကိုပါ လက်နက်ရောင်းချမှာ မဟုတ်ဘူးလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး Qin Gang ချင်ဂန်းက သောကြာနေ့မှာ ပြောလိုက်ပြီး ရုရှားကို စစ်ရေးအရ အကူအညီတွေ ပေးအပ်နိုင်တယ်ဆိုတဲ့ အနောက်နိုင်ငံတွေရဲ့ စိုးရိမ်ချက်တွေကို တုံ့ပြန်လိုက်ပါတယ်။
ဧပြီလ ၁၃ ရက်ကနေ ၁၇ ရက်နေ့အထိ အာရှဒေသခရီး သွားရောက်မယ့် အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet ဟာ စင်္ကာပူမှာ မြန်မာအပါအဝင် ဒေသတွင်း စိန်ခေါ်မှုအရေးကိစ္စတွေကို ဆွေးနွေးမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ကြာသပတေးနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း ခရစ်ယာန်ဘာသာဝင်တွေ ရင်ဆိုင်ရတဲ့အခြေအနေက တနေ့တခြား ပိုဆိုးလာကြောင့် စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်တွေကို စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်စုပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး ထိရောက်စွာအရေးယူပေးဖို့ အမေရိကန်အစိုးရကို CAM က တောင်းဆိုလိုက်ပါတယ်။
မြန်မာနဲ့အိမ်နီးချင်း ထိုင်းနိုင်ငံအတွင်းမှာရော၊ မလေးရှားနိုင်ငံမှာပါ သွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ ရွှေပြောင်း အလုပ်သမားတွေဟာ ဒီနှစ်မှာတော့ ကရင်ပြည်နယ်အတွင်းမှာ မတည်ငြိမ်မူတွေကြောင့် နေရပ်ပြန်သူတွေ နည်းပါးသွားပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ချမှတ်ထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ နဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ အကောင်ထည်ဖော်နိုင်ဖို့ လုံခြုံရေးကောင်စီက ပံ့ပိုးရမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က တောင်းဆိုလိုက်ပါတယ်။
ကရင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA/PDF စတဲ့ ပူးပေါင်းတပ်ဖွဲတွေ တိုက်ပွဲဆက်ဖြစ်နေပြီး မြဝတီ၊ အတွင်းမဲကနယ် ကျေးရွာဘက်မှာ စစ်ကောင်စီနဲ့ နယ်ခြားစောင့် BGF တပ်များ ဧပြီလ ၁၂ရက်နေ့က ဝင်ရောက် မီးရှို့မှုပြုလုပ်တာကြောင့် ဘုရားကျောင်းအပါအဝင် နေအိမ်ဆယ်ဂဏန်းလောက်ပျက်စီးသွားပါတယ်။
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို ဆန့်ကျင်နေတဲ့ ရုရှားနိုင်ငံထဲက အထင်ရှားဆုံး အတိုက်အခံ နိုင်ငံရေးသမား အလက်ဇီ နာဗယ်လ်နီဟာ ထောင်ထဲမှာ ဆန်းပြားတဲ့ ဝေဒနာတမျိုး ခံစားနေရပြီး ၂ ပတ်အတွင်း ကိုယ်အလေးချိန် ၁၇ ပေါင်ကျော် ကျသွားခဲ့တယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ပြောပါတယ်။
မလေးရှားနဲ့ စင်္ကာပူမှာ ပါမစ်သက်တမ်းတိုးဖို့ လိုင်စင်ရ မြန်မာအေးဂျင့်တွေဆီ လျှောက်ထားတာမှာ ငွေကြေးလိမ်လည် လှည့်ဖြားမှုတွေ ရှိနေကြောင်း အလုပ်သမားရေးရာ အဖွဲ့အစည်းတွေက ဗွီအိုအေကို ပြောပါတယ်။ အလုပ်ရဖို့ ထွက်လာကြတဲ့ မြန်မာနိုင်ငံသား အများအပြား ကြုံနေရတဲ့အခြေအနေဖြစ်ကြောင်း အလုပ်သမားအဖွဲ့အစည်းတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာမှာ စစ်ကောင်စီရဲ့ ဧပြီ ၁၁ ရက် လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့ရတဲ့ အကြမ်းဖက်မှုဟာ ထိတ်လန့်စိုးရိမ်စရာကောင်းကြောင်းနဲ့ ပြဿနာအားလုံးကို ငြိမ်းချမ်းစွာ အဖြေရှာကြဖို့ အိန္ဒိယအစိုးရက ကြာသပတေးနေ့မှာ ပန်ကြားလိုက်ပါတယ်။
စစ်ကိုင်းတိုင်း ပဇီကြီးကျေးရွာ တိုက်ခိုက်ခံရမှုနဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်ပြီး၊ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ပြတ်သားတဲ့ဆောင်ရွက်ချက်တွေ လုပ်ဆောင်ကြဖို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ ဗြိတိန်သံအမတ်ကြီးက ဒီတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
စာမျက်နှာ ရာနဲ့ချီတဲ့ စစ်ထောက်လှမ်းရေး စာရွက်စာတမ်းတွေ ပေါက်ကြားမှုနဲ့ မက်ဆာချူးဆက် အမျိုးသား အစောင့်တပ်ဖွဲ့ လေတပ်က အသက် ၂၁ နှစ်အရွယ် အမျိုးသားတဦးကို ကြာသပတေးနေ့ မွန်းလွဲပိုင်းက ဖမ်းဆီးခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု ရှေ့နေချုပ် မယ်ရစ်ဂါလန်က သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်