စစ်အာဏာသိမ်းခဲ့ပြီးနောက် စစ်တပ်ရဲ့ အရပ်သားအများဆုံး သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ လုံခြုံရေးကောင်စီမှာ ဆွေးနွေးပွဲကို ဦးဆောင်စီစဉ်ခဲ့တဲ့ ကုလဆိုင်ရာ ဗြိတိန် သံအမတ်ကြီး Barbara Woodward ကပြောကြားပြီး လေကြောင်းတိုက်ခိုက်မှုအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။
ထိုင်းအာဏာပိုင်တွေဟာ မြန်မာအတိုက်အခံတက်ကြွလှုပ်ရှားသူတွေကို မြန်မာနိုင်ငံကိုအတင်းအကြပ်ပြန်လွှတ်ပြီး ၊ မြန်မာစစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကို အထောက်အကူပေးနေတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ဒီနေ့ ပြောလိုက်ပါတယ်။
အိုင်ယာလန်နိုင်ငံ Dublin မြို့တော်မှာ ရောက်နေတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ အိုင်ယာလန်သမ္မတ Michael D Higgins နဲ့ သမ္မတအိမ်တော်မှာ တွေ့ဆုံခဲ့သလို ဝန်ကြီးချုပ် Leo Varadkar နဲ့လည်း ဒီနေ့ သီးခြားတွေ့ဆုံခဲ့ပါတယ်။
ပဇီကြီးကျေးရွာအပေါ် မြန်မာလေတပ်က တိုက်ခိုက်ခဲ့တဲ့အပေါ် အာဆီယံက အပြင်းအထန် ပြစ်တင်ရှုတ်ချတယ်လို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက ဒီနေ့ကြေညာချက်ထုတ်ပြန်တာဖြစ်ပါတယ်။ အကြမ်းဖက်မှု ပုံစံအားလုံး ချက်ခြင်းရပ်ဖို့နဲ့ အရပ်သားတွေအပေါ် အင်အားသုံးတိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်
စစ်ကိုင်းတိုင်း ပဇီကြီးကျေးရွာကို လေကြောင်းကတိုက်ခိုက်ခဲ့တာကြောင့် ကလေးအယောက် ၃၀ ဝန်းကျင်အပါအဝင် အနည်းဆုံး လူ ၁၀၀ သေဆုံးခဲ့ရတဲ့အတွက် ဥရောပသမဂ္ဂ၊ ပြင်သစ်၊ ဂျာမနီနဲ့နော်ဝေးနိုင်ငံတို့က မြန်မာစစ်တပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ကြပြီး တာဝန်ရှိသူတွေကိုအရေးယူဖို့ တောင်းဆိုလိုက်ကြပါတယ်။
အရပ်သား ၁၀၀ ကျော်သေဆုံးခဲ့တဲ့ စစ်ကောင်စီရဲ့ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုကို လုံခြုံရေးကောင်စီအနေနဲ့ ဝေဖန်ရှုတ်ချတဲ့ ကောင်စီအလှည့်ကျဥက္ကဋ္ဌထုတ်ပြန်ချက်မူကြမ်းတရပ်ကို ဧပြီလ ၁၂ နေ့က ဗြိတိန်နိုင်ငံ တင်သွင်းခဲ့ပေမယ့် တရုတ်နဲ့ ရုရှားတို့က လက်မခံခဲ့ဘူးလို့ သံတမန်အသိုင်းအဝိုင်းကတဆင့် ဗွီအိုအေက သိရှိရပါတယ်။
ဘရာဇီးသမ္မတ လူဝိဇ် အင်နာဆီယို လူလာ ဒဆေလ်ဗာ ဟာ ဘရာဇီးရဲ့အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်တဲ့တရုတ်နိုင်ငံကို အင်္ဂါနေ့ကစတင်ထွက်ခွါခဲ့ပြီး ဒီခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးခိုင်မာစေဖို့အပြင် ခဲယဉ်းလှတဲ့ ယူကရိန်းငြိမ်းချမ်းရေးအတွက်လည်း ဘရာဇီးသမ္မတ လူလာက တရုတ်သမ္မတရှီကျင့်ဖျင်ကို တိုက်တွန်းဖို့ ရှိပါတယ်။
မြောက်အိုင်ယာလန်က အာဏာမျှဝေထားတဲ့အစိုးရဟာ မကြာမီ ပြန်အလုပ်လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က Belfast မြို့ ပြည်သူတွေကို ဗုဒ္ဓဟူးနေ့က ပြောလိုက်ပြီး နှစ်ပေါင်းများစွာကြုံတွေ့ခဲ့ရတဲ့ အကြမ်းဖက်မှုဆီကို ပြန်မသွားဘဲ ဖြေရှင်းကြဖို့ နိုင်ငံရေးသမားတွေကို တိုက်တွန်းလိုက်ပါတယ်။
ကလေးတွေအပါအဝင် လူ ၅၀ မကသေဆုံးခဲ့ပြီး အနည်းဆုံး ၃၀ ဒဏ်ရာရရှိခဲ့တဲ့ မြန်မာစစ်တပ် ရဲ့ လေကြောင်းတိုက်ခိုက်မှုသတင်းတွေအတွက် နက်နက်ရှိုင်းရှိုင်း စိုးရိမ်မကင်းဖြစ်မိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ Vedant Patel က ပြောပါတယ်။
တရားစီရင်ရေးပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီး Yoav Gallant ကို အရင်လတုန်းက ရာထူးကထုတ်ပယ်ခဲ့လို့ ဆန္ဒပြပွဲတွေဖြစ်ပေါ်ခဲ့ပြီး နိုင်ငံတကာအထိ ဂယက်ရိုက်ခဲ့ပြီးတဲ့နောက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟုဟာ သူ့ဆုံးဖြတ်ချက်ကို တနင်္လာနေ့က ပြန်လည် ပြင်ဆင်လိုက်ပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာက အရပ်သား ၁၀၀ ဝန်းကျင် သေဆုံးအောင် မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres က အပြင်းအထန်ရှုတ်ချလိုက်ပြီး တာဝန်ရှိသူတွေကို အရေးယူဖို့ တောင်းဆိုလိုက်ပါတယ်။
ယူကရိန်းဟာ ဥရောပနိုင်ငံတွေကို လျှပ်စစ်ဓာတ်အားတင်ပို့ရောင်းချမှု ပြန်လည်စတင်နေပြီလို့ ယူကရိန်းစွမ်းအင်ဝန်ကြီး ဟာမန် ဟာလ်လူရှင်ကိုက ပြောလိုက်တာဟာဆိုရင် ရုရှားရဲ့တိုက်ခိုက်မှုတွေကြားမှာပဲ ပြီးခဲ့တဲ့ခြောက်လနီးပါးလောက်အတွင်းမှာ အံအားသင့်ဖွယ် တကျော့ပြန် လျှပ်စစ်ဓာတ်အား ထုတ်လုပ်တင်ပို့လာနိုင်တာဖြစ်ပါတယ်။
ရုရှားတပ်တွေ ကျူးကျော်မှု စတင်ကတည်းက ယူကရိန်းနိုင်ငံမှာ အရပ်သား သေဆုံးမှု ၈ ထောင် ၅ ရာ နီးပါးအထိ အတည်ပြုနိုင်ပြီး အတည်မပြုနိုင်တဲ့ သေဆုံးမှုတွေ နောက်ထပ် အများအပြား ရှိနိုင်တဲ့အကြောင်း ကုလသမဂ္ဂ က ဒီကနေ့ အင်္ဂါနေ့က ထုတ်ပြန်ပါတယ်။
တချိန်က ကမ္ဘာကျော် အမေရိကန်စူပါမော်ဒယ်လည်းဖြစ်၊ ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်လည်း ဖြစ်ခဲ့ဘူးတဲ့ Brooke Shields့ ဘဝဇာတ်ကြောင်း မှတ်တမ်းရုပ်ရှင်ကို မိတ်ဆက်ပွဲပြသတော့ ဒီလို ဘဝဇာတ်ကြောင်း ပြန်ပြောရတာ မခက်ခဲပါဘူး၊ ခက်ခဲတဲ့ ဘဝအချိန်တွေ ကျော်လွန်ပြီးသွားပါပြီလို့ Brooke Shields က ပြောသွားပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တသန်းကျော်ကို လက်ခံစောင့်ရှောက်ထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အလွန်တရာကျေးဇူးတင်ရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒီကနေ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ထိုင်းနိုင်ငံ မြောက်ပိုင်းက ချင်းမိုင်မြို့နဲ့အနီးတဝိုက်မှာ လေထုညစ်ညမ်းမှုမြင့်မားနေလို့ ခရီးသွားတွေနည်းသွားချိန်မှာ အဲဒီမှာနေထိုင်တဲ့သူတွေ ပြင်ပလှုပ်ရှားမှုတွေရှောင်ကြဉ်ကြဖို့နဲ့ အမှုန်အမွှားတွေကိုစစ်ထုတ်နိုင်တဲ့ နှာခေါင်းစည်းတွေတပ်ဆင်ကြဖို့ ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းလိုက်ပါတယ်။
ကမ္ဘာ့စီးပွားရေးကျဆင်းမှုကြောင့် ဝယ်လိုအားကျပြီး အရှေ့တောင်အာရှဒေသစီးပွားရေးပါ ကျဆင်းဖွယ်ရှိတယ်လို့ သုံးသပ်ပေမယ့် ထိုင်းနိုင်ငံစီးပွားရေးကတော့ မနှစ်က ၂.၆ % ဖွံ့ဖြိုးမှုကနေ အခု ၂၀၂၃ မှာ ၃.၈ % အထိ တက်လာနိုင်ပြီး မြန်မာနဲ့စင်ကာပူကတော့ ဒေသတွင်း ဖွံ့ဖြိုးမှုနှုန်းအနည်းဆုံးဖြစ်လာမယ်လို့ OECD က ခန့်မှန်းပါတယ်။
ခရစ်ယာန်ဘာသာဝင်တွေရဲ့ အီစတာပွဲတော်ကို တနင်္လာနေ့မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ သမ္မတကတော် ဂျေးလ်ဘိုင်ဒန်တို့ဟာ အိမ်ဖြူတော်ကိုကလေးငယ်တွေအပါအဝင် လူ ၃၀,၀၀၀ လောက် ဖိတ်ကြားပြီး နှစ်စဉ်ကျင်းပလေ့ရှိတဲ့ အီစတာကြက်ဥကောက်ပွဲကို ကျင်းပခဲ့ကြပါတယ်။
ရုရှားနဲ့ယူကရိန်းကြား အကျဉ်းသားလဲလှယ်တဲ့ နောက်ဆုံးဖြစ်ထွန်းမှုအနေနဲ့ ရုရှားစစ်သား ၁၀၆ ဦး ယူကရိန်းအကျဉ်းထောင်ကနေ လွတ်မြောက်လာတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သလို ယူကရိန်းအကျဉ်းသား ၁၀၀ ကို ရုရှားကလွှတ်ပေးခဲ့တယ်လို့ ယူကရိန်းသမ္မတရုံး အရာရှိချုပ်က ပြောပါတယ်။
အာရှပစိဖိတ်ဒေသအတွင်း ဒီမိုကရေစီစနစ်ဟာ ဘယ်ပေါင်းစုံကနေ တိုက်ခိုက်ခံနေရတယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်