ယီမင်နိုင်ငံတွင်း ၉ နှစ်ကြာပြည်တွင်းစစ်အဆုံးသတ်ရေး စေ့စပ်ညှိနှိုင်းဖို့ နိုင်ငံတကာကြိုးပမ်းမှု အစိတ်အပိုင်းတရပ်အနေနဲ့ အီရန်နောက်ခံပေးထားတဲ့ Houti သူပုန်တွေနဲ့ဆွေးနွေးဖို့ ဆော်ဒီတာဝန်ရှိသူတွေ ယီမင်မြို့တော်ကို ရောက်ရှိနေပါတယ်။
“အလွန်အမင်းဒုက္ခခံစားနေကြရတဲ့ ရိုဟင်ဂျာတွေ တရားမျှတမှုရရှိစေဖို့အတွက် မြန်မာနိုင်ငံကို ငြိမ်းချမ်းတဲ့တရားလမ်း ဆောင်ကျဉ်းပေးပါ၊ ခေါင်းဆောင်တွေရဲ့နှလုံးသားတွေ ခွန်အားဖြည့်ပေးပါ။” (ပုပ်ရဟန်းမင်းကြီး Francis)
ထိုင်ဝမ်ရေပိုင်နက်နားကပ်မလာဖို့ တရုတ်စစ်သင်္ဘောတစင်းကို ထိုင်ဝမ်အရာရှိတဦးက သတိပေးနေတဲ့ ဗီဒီယိုမှတ်တမ်းတခုကို ထိုင်ဝမ်ကမ်းရိုးတန်းစောင့်တပ်ဖွဲ့က စနေနေ့က ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ နှစ်သစ်ကူးသင်္ကြန်ပွဲကို စည်စည်ကားကားကျင်းပနိုင်ဖို့ စစ်ကောင်စီက စီစဉ်နေသလို အတိုက်အခံအဖွဲ့တွေကလည်း ဧပြီလ ၁၃ ရက်ကနေ ၁၆ ရက် မဟာသင်္ကြန်ကာလအတွင်း ရေမဆော့သပိတ်လုပ်ဖို့ စီစဉ်နေကြပါတယ်။
မက္ကဆီကိုနယ်စပ်ကနေ အမေရိကန်ပြည်ထောင်စုထဲကို တရားမဝင် ဝင်ရောက်လာပြီး ခိုလှုံခွင့်တောင်းခံသူတွေကို ရှေ့ရက်သတ္တပတ်ကနေစတင်ပြီး ပိုပြီး မြန်မြန်ဆန်ဆန် စိစစ် သွားမယ်လို့ အမေရိကန်ပြည်တွင်းလုံခြုံရေးဌာနက စနေနေ့တုန်းကပြောပါတယ်။
ရုရှားက ၆ လကြာ ယူကရိန်းရဲ့လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေအပါအဝင် အခြေခံအဆောက်အဦးတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးခဲ့ပြီးနောက် ကျောက်မီးသွေးဟာ ယူကရိန်းစွမ်းအင်အတွက် အဓိကဖြစ်လာတယ်လို့ Dnipropetrovesk ခရိုင်အတွင်းက ကျောက်မီးသွေးထုတ်လုပ်ရေးကုမ္ပဏီ အင်ဂျင်နီယာချုပ် Oleksandr ကပြောပါတယ်။
ထိုင်း-လာအိုနဲ့ မြန်မာ နယ်စပ်တကျော မီးခိုးမြူဖုံးလွှမ်းတဲ့ပြဿနာဖြေရှင်းဖို့ ထိုင်းဝန်ကြီးချုပ် ပရာရွသ် ချန်အိုချာ ဦးဆောင်ပြီး လာအိုဝန်ကြီးချုပ် Sonexay Siphandone နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ ဧပြီလ ၇ ရက်က အွန်လိုင်းအစည်းဝေး ကျင်းပခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ ဖေါ်ပြထားပါတယ်။
တရုတ်ကတွေ့ရှိခဲ့တဲ့ ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုးစတင်ခဲ့တဲ့မူလဇစ်မြစ်နဲ့ပတ်သက်တဲ့အချက်အလက်တွေကို လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက မျှဝေထုတ်ပြန်သင့်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ပြောဆိုချက်ကို တရုတ်က စနေနေ့တုန်းကပြန်လည် ခုခံကာကွယ်ခဲ့ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်းက အမျိုးသမီးတွေ ဦးစီး လုပ်ကိုင်တဲ့ ရေဒီယိုအသံလွှင့်ဌာနဟာ ထုတ်လွှင့်မှုတွေ ပြန်လည်စတင် နိုင်ခဲ့ပါတယ်။ “ဆာဒိုင်းဘာနာဝမ် - အမျိုးသမီးအသံ” လို့ အမည်ရတဲ့ အဲဒီ ရေဒီယိုလိုင်းဟာ မွတ်ဆလင် ဝါတွင်းဥပုသ်လမှာ သီချင်းထုတ်လွှင့်ခဲ့လို့ တာလီဘန်အာဏာပိုင်တွေက ပိတ်ခဲ့တာပါ။
ဧပြီလ ၇ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ကျန်းမာရေးနေ့မှာ ကမ္ဘာ့နိုင်ငံတွေအကြား ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေးမှာ ကြီးမားတဲ့ ကွာဟချက်တွေ ရှိနေဆဲ ဆိုတာကို COVID-19 ကူးစက်ရောဂါက ရက်စက်ကြမ်းကြုတ်စွာနဲ့ပဲ ထုတ်ဖော်ပြသခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ညွန်ကြားရေးမှူးချုပ် Tedros Ghebreyesus က ပြောလိုက်ပါတယ်။
နယ်စပ် ကရင်နယ်ခြားစောင့်စခန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို ရခိုင်ကျောင်းသားလူငယ်တွေ ဆန့်ကျင်၊ ကလေးမြို့ စစ်ကောင်စီတပ်ထိုးစစ်ကြောင့် ဒေသခံတွေ ထွက်ပြေးနေရ.. စတဲ့အကြောင်းတွေ နားဆင်ရပါမယ်။
၂၀၂၃ ခုနှစ်ထဲမှာ COVID-19 ကပ်ရောဂါကို အရေးအပေါ် အခြေအနေကနေ ရုတ်သိမ်းသွားဖို့ ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus က ဧပြီလ (၆) ရက်နေ့မှာ ပြောလိုက်ပါတယ်။ ဒါပေမဲ့ ဒီနှစ် ဘယ်လပိုင်းမှာလဲ ဆိုတာတော့ အချိန်အတိအကျ မပြောသေးပါဘူး။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ အရင်လက လုပ်ခဲ့တဲ့ မြန်မာ့လူ့အခွင့်အရေး ဆွေးနွေးတင်ပြချက်တွေနဲ့ ဥရောပသမဂ္ဂက တင်သွင်းခဲ့တဲ့ “မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ” ခေါင်းစဉ်ပါ ဆုံးဖြတ်ချက်တွေကို ဧပြီ ၄ ရက်က အတည်ပြုခဲ့တာတွေအပေါ် အာဏာသိမ်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဌာနက ဧပြီ ၆ ရက်နေ့မှာ ကန့်ကွက် လိုက်ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်ဒေသမှာ စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင် တွန်းလှန်နေတဲ့ ဒေသခံအဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ထိုင်းနိုင်ငံထဲကို ထွက်ပြေးခိုလှုံလာတဲ့ မြန်မာနိုင်ငံသားက ဒီရက်ပိုင်း အတွင်းမှာပဲ ၅၀၀၀ ကျော်နေပြီလို့ ထိုင်းသတင်းမီဒီယာတွေကရော ထိုင်းအရာရှိတွေကပါ ကြာသပတေးနေ့က ပြောပါတယ်။
ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula Von der Leyen က တရုတ်သမ္မတ Xi Jinping ကို ရုရှားနိုင်ငံကို လက်နက် မထောက်ပံ့ဖို့ သတိပေးခဲ့ပြီး ဘေဂျင်းမှာလုပ်တဲ့ ဆွေးနွေးပွဲမှာ ယူကရိန်းငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့ပါတယ်။ Von der Leyen ဟာ ပြင်သစ်သမ္မတ Emmanuel Macron နဲ့အတူ ဒီသတင်းပတ်ထဲမှာ တရုတ်နိုင်ငံကို ရောက်ရှိနေတာပါ။
ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်ထဲက သံဘို ကျောက်မဲလေး ကျေးရွာတွေနားမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ဧပြီ ၅ ရက်နဲ့ ၆ ရက်တို့မှာ ၂ ရက်ဆက်တိုက် တိုက်ပွဲတွေဖြစ်နေတာပါ။ လက်ရှိအချိန်ထိ နှစ်ဖက် စစ်ရေးတင်းမာနေပြီး အပြန်အလှန် ထိုးစစ်ဆင်နေတယ်လို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်က ပြောပါတယ်။
မြန်မာနိုင်ငံအတွင်းက အကူအညီလိုအပ်နေသူတွေအတွက် အာဆီယံအဖွဲ့က လူသားချင်းစာမှုဆိုင်ရာ အကူအညီပေးခဲ့တဲ့ အခြေအနေတွေကိုလည်း အတွင်းရေးမှုးချုပ် ဒေါက်တာ Kao Kim Hourn က တင်ပြ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ကယ်ဗင် မက်ကာသီဟာ ကယ်လီဖိုးနီးယားကို ရောက်နေတဲ့ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ် (Tsai Ing-wen) နဲ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံခဲ့ပြီး ထိုင်ဝမ်သမ္မတဟာ အမေရိကန်ရဲ့ အရေးပါတဲ့မိတ်ဆွေတဦးဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။
မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်လာရေး အင်ဒိုနီးရှားက အာဆီယံရဲ့ ၂၀၂၃ အလှည့်ကျဥက္ကဋ္ဌအဖြစ် ပြီးခဲ့တဲ့သုံးလအတွင်း တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ဂျကာတာ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားချက်ကို Vietnam Plus သတင်းမှာ ဖော်ပြထားပါတယ်။
ထိုင်းဝန်ကြီးချုပ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့်အကြောင်း ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ရဲ့သမီး Paetongtran Shinawatra က ဗုဒ္ဓဟူးနေ့မှာ အတည်ပြုလိုက်ပြီး တကယ်လို့ အနိုင်ရမယ်ဆိုရင်တော့ ထိုင်းနိုင်ငံသား အားလုံးကို ငွေကြေးထောက်ပံ့မှုနဲ့ နေ့စဉ်လုပ်အားခတိုးမြှင့်မယ်လို့လည်း ကတိပြုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်