မြန်မာနိုင်ငံရဲ့ စိုးရိမ်စရာကောင်းတဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ လူအခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်တစ်ရပ်ကို ဒီကနေ့ မဲမခွဲဘဲ ချမှတ်ခဲ့တာမှာ လက်ရှိ ခန့်အပ်ထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews ကို နောက်ထပ် သက်တမ်း တစ်နှစ် ထမ်းဆောင်ခွင့် ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပဋိပက္ခဖြေရှင်းရေးမှာ အဓိက ပါဝင်ပတ်သက်တဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပိုပြီး တွေ့ဆုံနေတဲ့အကြောင်းနဲ့ တိုးတက်မှုတွေ ရနေတဲ့အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
ရုရှားကျူးကျော်စစ်ကြောင့် ယူကရိန်းမှာ ၂၀၂၂ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ ဖောက်ခွဲရေးပစ္စည်း ၅၃၀ ကျော်ကို အမေရိကန်အစိုးရအကူအညီနဲ့ ရှင်းလင်းခဲ့ပေမယ့် ခုချိန်ထိ မဖျက်ဆီးရသေးတဲ့မြေမြှုပ်မိုင်းတွေ၊ ပေါက်ကွဲစေတတ်တဲ့ ဗုံးလက်နက်ပစ္စည်းတွေ အမြောက်အမြားကျန်ရှိနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။
နှစ်အတန်ကြာတန့်နေတဲ့ ကုလားတန်ဘက်စုံစီမံကိန်းရဲ့တစိတ်တဒေသအဖြစ် အိန္ဒိယ ကာလ်ကတ္တားကနေ မြန်မာစစ်တွေဆိပ်ကမ်းကို ဧပြီလထဲမှာ ကုန်သင်္ဘော စမ်းသပ်ပြေးဆွဲသွားမယ်လို့ ကာလကတ္တားဆိပ်ကမ်း Syama Prasad Mookerjee ဘက်က အင်္ဂါနေ့က ထုတ်ပြန်ကြေညာခဲ့တယ်လို့ Economic Times နဲ့ အိန္ဒိယကလာတဲ့သတင်းတွေမှာ ဖော်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်တရားရုံးက စွဲဆိုထားတဲ့ ပြစ်မှု ၃၄ ခုမှာ အပြစ်မရှိကြောင်း အမေရိကန်သမ္မတဟောင်း Donald Trump က ဧပြီလ ၄ ရက်၊ အင်္ဂါနေ့မှာ လာရောက်ထွက်ဆိုသွားပါတယ်။
ရုရှားတို့ ထိန်းချုပ်ထားတဲ့နယ်မြေထဲကနေ အတင်းအကြပ်ခေါ်သွားခံရတဲ့ ယူကရိန်းကလေးငယ်တွေနဲ့ အခြားအရပ်သားတွေရဲ့ သတင်းအချက်အလက်တွေပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးတွေ ပိုမို ဆိုးရွားလာနေပြီး နိုင်ငံတကာဥပဒေ၊ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီစနစ်ကို စစ်တပ်က လေးစားလိုက်နာမှုမရှိတာကိုလည်း ဆက်တိုက်တွေ့မြင်နေရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်အမြဲတမ်းကိုယ်စားလှယ် Simon Manley က ပြောပါတယ်။
“ကျနော်တို့ တစ်ထောင်လောက် လက်ခံသွားဖို့ ရှိပါတယ်။ အဲဒါတွေကို စိစစ်ဆောင်ရွက်သွားဖို့ ရှိပါတယ်။ အဲဒါတွေကို ကျနော်တို့ဘက်ကတော့ ဧပြီလအတွင်း စတင်လက်ခံသွားဖို့ ရှိတယ်။ ဒါကတော့ လုပ်ငန်း သဘောအရပေါ့။ ကျနော်တို့ဘက်ကတော့ အစောဆုံးဖြစ်အောင် လုပ်သွားမှာပါ။ ဟိန္ဒူတွေလဲပါပါလိမ့်မယ်။”
ယူကရိန်းကို ရုရှားကျူးကျော်ခဲ့တာအပေါ်တုံ့ပြန်တဲ့အနေနဲ့ မြောက်အတ္တလန်တိတ် သဘောတူစာချုပ် စစ်ရေးမဟာမိတ်အဖွဲ့ဖြစ်တဲ့ (NATO) အဖွဲ့ဝင် ဖြစ်ရေး အဆိုပြုခဲ့တဲ့ဖင်လန်နိုင်ငံဟာ လာမယ့်အင်္ဂါနေ့မှာ ၃၁ နိုင်ငံမြောက် နေတိုးအဖွဲ့ဝင် တရားဝင်ဖြစ်လာပါတော့မယ်။
တောင်တရုတ်ပင်လယ်ပြင် ပိုင်နက်အငြင်းပွါးမှုကိစ္စကို တရုတ်နဲ့ဆွေးနွေးဖို့ ပြင်ဆင်နေတယ်လို့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က တနင်္လာနေ့ က ပြောကြားလိုက်ပါတယ်။
အမေရိကန်သမ္မတဟောင်းထရမ့်ဟာ အမေရိကန်သမ္မတဟောင်းတယောက်ကို ရာဇဝတ်မှုကြောင်းအရ တရားစွဲရုံးတင်တာ ပထမဆုံးဖြစ်တဲ့ အမှုကိုရင်ဆိုင်ဖို့ သူ့ရဲ့ဖလော်ရီဒါအိမ်ကနေ သူ့ကို ရာဇဝတ်မှုနဲ့ ဒီကနေ့ အင်္ဂါနေ့ရုံးတင်မယ့် နယူးယောက်မြို့ကို ရောက်ရှိနေပါပြီ။
အမေရိကန်တပ့်တွေအသုံးပြုနိုင်မယ့် စစ်အခြေစိုက်စခန်းနောက်ထပ် ၄ ခု ရဲ့ တည်နေရာတွေကို ဖိလစ်ပိုင်က တနင်္လာနေ့မှာ ထုတ်ပြန်လိုက်တာဟာ နှစ်နိုင်ငံကြားက ဆယ်စုနှစ်များစွာကြာ ခိုင်မာနေတဲ့မဟာမိတ်ဆက်ဆံရေးကို နောက်တဆင့်မြှင့်တင်ဖို့ကြိုးပမ်းတဲ့ ကာကွယ်ရေးသဘောတူညီချက်အရ အရေအတွက်ထက် နှစ်ဆနီးပါး တိုးလာခဲ့တာဖြစ်ပါတယ်။
Trump ကို ထောက်ခံသူတွေလည်း မိန့်ခွန်းပြောတာကို လာရောက် အားပေးမယ်လို့ မျှော်လင့်ရပြီး စွဲချက်တင်ခံရတာကို အသုံးချပြီး လာမယ့် ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ ထောက်ခံမှုပိုရအောင် ကြိုးစားလာနိုင်ပါတယ်။
ရှေ့နှစ် ၂ဝ၂၄ မှာ ကျင်းပမယ့် ပါရီ အိုလံပစ် အားကစားပွဲ အတွက် ခြေစစ်ပွဲအနေနဲ့ မြန်မာ အမျိုးသမီး ဘောလုံး အသင်းဟာ အိမ်ရှင်အဖြစ်နဲ့ ဘင်္ဂလားဒေ့ရှ် ၊ မောလဒိုက် ၊ အီရန် စတဲ့ နိုင်ငံတွေက အမျိုးသမီးအသင်းတွေနဲ့ ကစားကြရမှာဖြစ်ပါတယ်။
ကိုဆိုဗို နိုင်ငံ သမ္မတဟောင်းအပါအဝင် ကိုဆိုဗို လွတ်မြောက်ရေးတပ်က အခြားထိပ်တန်းအရာရှိ ၃ ယောက်တို့ကို စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ နယ်သာလန်နိုင်ငံ The Hague တရားရုံးမှာ ဒီကနေ့ ဧပြီလ ၃ ရက်နေ့ စတင်ကြားနာခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ရှေ့လ ကျင်းပတော့မယ့် အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီခေါင်းတွေ အပါအဝင် မဲဆန္ဒနယ်အလိုက် ကိုယ်စားလှယ်လောင်းတွေဟာ ဒီကနေ့ ဧပြီလ (၃)ရက်နေ့မှာ စတင် မှတ်ပုံတင်နေကြပါပြီ။
မလေးရှားနိုင်ငံမှာ သေဒဏ်စီရင်တဲ့ စနစ်ကို ပယ်ဖျက်ပြီး ဥပဒေစီရင်အရေး အပြောင်းအလဲတွေ လုပ်ဖို့ မလေးရှား ပါလီမန်က ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။ သေဒဏ်စီရင်ထားသူတွေရဲ့ ပြစ်ဒဏ်တွေကို လျှော့ချပြီး မသေမခြင်း ထောင်ဒဏ်ကျခံဖို့ အပြစ်ပေးတဲ့ စနစ်ကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။
ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ တနင်္ဂနွေနေ့က ကော်ဖီဆိုင်တစ်ဆိုင်အတွင်း ဗုံးခွဲတိုက်ခိုက်မှုမှာ ထင်ရှားတဲ့ ရုရှားစစ်ဘက် ဘလော့ဂါ Vladlen Tatarsky သေဆုံးခဲ့ပြီး လူပေါင်း ၃၀ နီးပါး ဒဏ်ရာရခဲ့ပါတယ်။
ရုရှားက သူတို့အစိုးရပိုင်တဲ့မဟာဗျူဟာမြောက် နျူကလီယားလက်နက်တွေကို ဘဲလားရုစ်နိုင်ငံနဲ့အနောက်ဘက်နယ်နိမိတ်ဖြစ်တဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့နယ်စပ်မှာ ထားရှိသွားမှာဖြစ်တယ်လို့ ဘဲလားရုစ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။
ရာသီဥတုကြမ်းလာရာမှာ အမေရိကန်နိုင်ငံဟာ ဒဏ်အခံရဆုံးနိုင်ငံဖြစ်ကြောင်းနဲ့ ကမ္ဘာပေါ်မှာ ဘယ်နေရာထက်မဆို အမေရိကန်နိုင်ငံမှာ အစွန်းရောက်ရာသီဥတုက မကြာခဏ အမျိုးမျိုးပိုဖြစ်ပြီး ပိုလည်းပြင်းထန်သလို အဆုံးအရှုံးလည်းကြီးတယ်လို့ အမေရိကန် မိုးလေဝဿဌာနအကြီးအကဲနဲ့ အခြားကျွမ်းကျင်သူတွေက ပြောကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်