သူ့ပါတီကပါတီလှုပ်ရှားသူများနဲ့ လူမှုမီဒီယာလှုပ်ရှားသူတွေကို ပါကစ္စတန်အစိုးရက ထောင်ချီဖမ်းဆီးခဲ့တယ်လို့ ယခင်ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan က ပြောလိုက်ပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးက တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang နဲ့တွေ့ဆုံစဉ် ဘေဂျင်းမှာ ဂျပန်နိုင်ငံသားတဦး ထိန်းသိမ်းခံနေရတဲ့ကိစ္စကို ကန့်ကွက်ပြီး ထိုင်ဝမ်ကျွန်းအနီးနဲ့ဂျပန်နိုင်ငံအနားတဝိုက် စစ်ရေးလုပ်ရပ်တွေ တိုးများလာနေတဲ့အတွက် အထူးစိုးရိမ်ကြောင်း ပြောကြားလိုက်ပါတယ်။
တရုတ်ပြည်မှာရောက်နေတဲ့ မလေးရှားဝန်ကြီးချုပ်ကို တရုတ်ဝန်ကြီးချုပ် Li Qiang က နှစ်နိုင်ငံလုံးဟာ စီးပွားရေးတိုးတက်နေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှု၊ မူဝါဒတွေအပြန်အလှန် ဆက်စပ်မှုရှိဖို့နဲ့ နှစ်ဘက်အပြန်အလှန် လွတ်လပ်ပွင့်လင်းမှုတွေတိုးမြှင့်ဖို့ အလွန် အရေးကြီးကြောင်းပြောဆိုခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု တောင်ပိုင်းနဲ့ အလယ်ပိုင်း အနောက်ဘက်ဒေသတွေမှာ သောကြာနေ့က လေဆင်နှာမောင်းတွေ ဆက်တိုက် တိုက်ခတ်ခဲ့တဲ့အတွက် စနေနေ့အထိ အနည်းဆုံးလူ ၁၁ ဦးသေဆုံးပြီး အိုးအိမ်အဆောက်အဦးတွေ ပျက်စီးကုန်ပါတယ်။
ထိုင်ဝမ်အတိုက်အခံပါတီခေါင်းဆောင် သမ္မတဟောင်း Ma Ying-Jeou ဟာ တရုတ်ပြည်ကို ချစ်ကြည်ရေးခရီးစဉ်မှာ စစ်မဖြစ်အောင်တားဆီးရေး၊ ငြိမ်းချမ်းရေးနဲ့ တခြားနိုင်ငံတွေကို ရောက်နေတဲ့ တရုတ်တွေ ပြန်လည်စုစည်းရေးအတွက် တရုတ်နဲ့ထိုင်ဝမ် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မျှော်လင့်ကြောင်း သမ္မတဟောင်း မာရင်ကျောင်းက ပြောပါတယ်။
ဘင်္ဂလားပင်လယ်အော်ထဲက ကပ္ပလီနဲ့ နီကိုဘာကျွန်းတွေနားက ကိုးကိုးကျွန်းမှာ မြန်မာစစ်တပ်က ဆောက်လုပ်ရေးလုပ်ငန်းတွေ အကြီးအကျယ် လုပ်နေတာတွေ့ရပြီး ဒါဟာ တရုတ် ထောက်လှမ်းရေးအတွက် အသုံးပြုမယ့် ဆက်သွယ်ရေးအဆောက်အအုံတွေဖြစ်မယ်လို့ သံသယရှိကြောင်း အကဲခတ်တွေရဲ့ပြောကြားချက်တွေကို အိန္ဒိယကလာတဲ့သတင်းတွေမှာ ဖေါ်ပြထားပါတယ်။
လွှတ်တော်မှာ ၂ ကြိမ်တိုင် တရားစွဲဆိုခံရပေမဲ့ ပြစ်ဒဏ်ချမှတ်မခံခဲ့ရတဲ့ Donald Trump ဟာ ရာဇဝတ်မှုဆိုင်ရာစွဲချက်တွေကိုရင်ဆိုင်ရမယ့် ပထမဆုံးအမေရိကန်သမ္မတဟောင်းဖြစ်လာပါတယ်။
စပိန်ဝန်ကြီးချုပ် ပီဒရိုဆန်းချက်စ်က ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးနဲ့ရုရှား ငြိမ်းချမ်းရေးကိစ္စတွေ့ဆုံဆွေးနွေးဖို့ တရုတ်သမ္မတရှီကျင့်ဖျင်ကို တိုက်တွန်းလိုက်ပါတယ်။
နျူကလီးယားလက်နက် သုံးလာနိုင်တဲ့အန္တရာယ်ဟာ စစ်အေးကာလနောက်ပိုင်း အခုအချိန်မှာ ပိုပြီးကြီးထွားလာနေတယ်လို့ ကုလသမဂ္ဂရဲ့ လက်နက်ဖျက်သိမ်းရေးဆိုင်ရာအကြီးအကဲက သောကြာနေ့မှာ သတိပေးလိုက်ပါတယ်။
၄၅ ဦးမြောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုစွဲချက်တင်ဖို့ နယူးယောက် တရားရုံး ဂရန်းဂျူရီအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုသမိုင်းမှာ သမ္မတဟောင်းကိုစွဲချက်တင်တာ ဒါပထမဆုံးလည်း ဖြစ်ပါတယ်။
ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့ Karachi မှာရှိတဲ့ အခမဲ့အစားအသောက်ဝေငှတဲ့စင်တာမှာ သောကြာနေ့က လူအုပ်ပိတာကြောင့် အနည်းဆုံး ၁၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိကြောင်း အာဏာပိုင်တို့က ပြောပါတယ်။
ထိုင်းနိုင်ငံ ဆုန်ခလာပြည်နယ် ဟတ်ယိုင်မြို့နယ်မှာ ဇွန်လ ၁ ရက်က ထိုင်းနိုင်ငံသားတဦးကိုသတ်ပြီး မြေမြှုပ်အလောင်းဖျောက်မှုနဲ့ပတ်သက်လို့ အဖမ်းခံနေရတဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ဆုန်ခလာခရိုင်တရားရုံးက မတ်လ ၃၁ ရက် သောကြာနေ့မှာ တရားသေလွှတ်ပေးလိုက်ပါတယ်။
အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန် ဖြစ်ပေါ်နေတာ၊ လျှပ်စစ်မီးပြတ်တောက်မှုအခြေအနေ ပိုမို ဆိုးရွားလာနေတာနဲ့ အလုပ်မဖြစ်တဲ့ ပေါ်လစီတွေက နိုင်ငံရေးနဲ့ လူမှုပြဿနာတွေ ရှိနေပြီးဖြစ်တဲ့ တိုင်းပြည် စီးပွားရေးကို ပိုမို ဆိုးရွားသွားစေမယ်လို့ ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။
(AI) လို့ခေါ်တဲ့ ဉာဏ်ရည်တုနည်းပညာကဏ္ဍမှာ လုံခြုံ ဘေးကင်းရေး ဆိုင်ရာ အစီအမံတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ အတွက် ၆ လ ကြာ လုပ်ငန်းတွေ ဆိုင်းငံထားဖို့ အဆင့်မြင့် နည်းပညာကဏ္ဍက နာမည်ကျော်ကြားသူတွေနဲ့ ပညာရှင်တွေက လက်မှတ်ထိုး စာထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။
NATO မဟာမိတ်အဖွဲ့ဝင်အဖြစ် ဖင်လန်ကို လက်ခံရေး မခံရေး ကြာသပတေးနေ့ တူရကီလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ဖို့ စီစဉ်ထားပါတယ်။ တကယ်လို့ လက်ခံမယ်လို့ ဆုံးဖြတ်ခဲ့ရင် အမေရိကန်ဦးဆောင်တဲ့ အနောက်မဟာမိတ် အုပ်စုရဲ့ နယ်နိမိတ်ဟာ ရုရှားနဲ့ ကီလိုမီတာ ၁၃၀၀ ကျော် ထပ်တိုးလာတော့မှာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ ကန်တာကီပြည်နယ်မှာ စစ်တပ်သုံး Black Hawk အမျိုးအစား ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေး ရဟတ်ယာဉ် ၂ စီး ပျက်ကျမှုမှာ လူ ၉ ဦး သေဆုံးခဲ့တယ်လို့ စစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို နယူးယောက်ပြည်နယ် တရားရုံး ဂျုရီအဖွဲ့တဖွဲ့က ရာဇဝတ်မှုနဲ့ တရားစွဲလိုက်ပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံမှာ သမ္မတဟောင်း တဦးကို ရာဇဝတ်ပြစ်မှုနဲ့ စွဲဆိုတာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းလိုက်တဲ့အပေါ် အထူးစိုးရိမ်ကြောင်းနဲ့ အဖွဲ့အစည်းအားလုံး ပါဝင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ဆက်ကျင့်သုံးနိုင်အောင် ဝိုင်းဝန်းဆောင်ရွက်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် António Guterres က ပြောပါတယ်။
ဘရာဇီးလ်နိုင်ငံရဲ့ လက်ယာစွန်းဝါဒီ သမ္မတဟောင်း 'ဂျယဲ ဘော်လ်ဆိုနာရို'ဟာ အမေရိကန်နိုင်ငံမှာ ၃ လကြာ ခိုလှုံနေခဲ့ပြီးနောက်မှာ ကြာသပတေးနေ့က နေရပ်ပြန်လာခဲ့တာမှာ သူ့ကို အားပေးထောက်ခံသူ ရာနဲ့ချီက မြို့တော် ဘရာဆေးလီးယား လေဆိပ်မှာ ကြိုဆိုခဲ့ကြပါတယ်။
Baluk-Baluk ကျွန်းနားအရောက်မှာ ဖြစ်သွားခဲ့တဲ့ အဲဒီမီးလောင်မှုကြောင့် ခရီးသည် ၁၉၅ ဦးနဲ့ ဖယ်ရီဝန်ထမ်း ၃၅ ဦးတို့ကို ဖိလစ်ပိုင်ကမ်းခြေစောင့် တပ်ဖွဲ့နဲ့ တံငါသည်တွေက ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ၁၄ ဦး ထိခိုက်ဒဏ်ရာခဲ့ပြီး ၇ ဦးကတော့ ပျောက်ဆုံးနေဆဲလို့ ဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်