စီးပွားရေးအကျပ်အတည်းနဲ့ရင်ဆိုင်နေရတဲ့ ပါကစ္စတန်မှာ ငွေမပေးချေနိုင်လို့ နိုင်ငံခြားလေကြောင်းလိုင်း ပြေးဆွဲမှုတွေရပ်တန့်နိုင်တယ်လို့ နိုင်ငံတကာလေကြောင်းပို့ဆောင်ရေးအသင်း (IATA) က ဗုဒ္ဓဟူးနေ့က သတိပေးလိုက်ပါတယ်။
မြန်မာ့အာဏာရပါတီဟောင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖျက်သိမ်းမှုအပေါ် အမေရိကန်၊ ဗြိတိန်၊ ဂျပန်နဲ့ သြစတြေးလျနိုင်ငံတို့က စိုးရိမ်ကြောင်းပြောဆိုထားပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးလုပ်ငန်းစဉ်မှာ သက်ဆိုင်သူတွေ ပိုပြီး ပါဝင်မှုရှိစေဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့ကကျင်းပတဲ့ ဒုတိယအကြိမ်မြောက် ဒီမိုကရေစီထိပ်သီးညီလာခံဖွင့်ပွဲမှာ ကမ္ဘာကြီးဟာ “လွတ်လပ်ခြင်းဆီ ရေစီးသာနေပြီး ဒီမိုကရေစီစနစ်ဟာ အလုပ်ဖြစ်နေတယ်” လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကပြောလိုက်ပြီး ကမ္ဘာတဝန်း ဒီမိုကရေစီ အရေး ပံ့ပိုးကူညီမှုတွေလုပ်နိုင်ဖို့ ဒေါ်လာသန်း ၆၉၀ ရန်ပုံငွေကိုလည်း ကြေညာခဲ့ပါတယ်။
အမေရိကန်နဲ့အာဖရိက မိတ်ဖက်ဆက်ဆံရေး ခေတ်သစ်တရပ်ကို ထူထောင်ဖို့၊ အမျိုးသမီးများလုပ်ပိုင်ခွင့်ရှိရေး၊ ဒစ်ဂျစ်တယ်စီးပွါးရေးနဲ့ ဒီမိုကရေစီရေးတွေကို အမေရိကန်က ထောက်ခံမှာဖြစ်ကြောင်း ဒုတိယသမ္မတဟဲရစ်က ဂါနာလူငယ် ၈,၀၀၀ ကျော်ကို ပြောကြားလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြားပါတီတွေကို စစ်ကောင်စီက ဖျက်သိမ်းလိုက်တာဟာ ကုလသမဂ္ဂကလိုလားတဲ့ လားရာမဟုတ်ဘူးလို့ အတွင်းရေးမှူးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ Stéphane Dujarric က အင်္ဂါနေ့ ကုလသမဂ္ဂမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
ဂျာမနီမှာ ငွေကြေးဖောင်းပွမှု မြင့်မားနေလို့ လုပ်ခလစာတိုးမြှင့်ရေးအတွက် အလုပ်သမားသမဂ္ဂတွေက တရက်တာသပိတ်မှောက်လို့ ရထားလိုင်း၊ လေယာဉ်နဲ့ အများသုံး သယ်ယူပို့ဆောင်ရေးစနစ်တွေ တနင်္လာနေ့က ရပ်နားခဲ့ရပါတယ်။
Tennessee ပြည်နယ် Nashville က ပုဂ္ဂလိက ခရစ်ယာန်ကွန်ဗင့် ကျောင်းမှာ တနင်္လာနေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ လူ ၆ ဦး သေဆုံးခဲ့ပြီးအဲထဲမှာ ကလေးသုံးဦးပါဝင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဂျာမနီကယူကရိန်းကို ပေးမယ်လို့ကတိပြုထားတဲ့ Leopard တိုက်ပွဲဝင်တင့်ကားတွေပေးအပ်ခဲ့ကြောင်း ဂျာမန်ဝန်ကြီးချုပ် Olaf Scholz က တနင်္လာနေ့မှာ ပြောပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်မြို့ မိုးရေးအနီးမှာ ဒုက္ခသည် ၅,၀၀၀ ဝန်းကျင်ကို ထားနိုင်တဲ့ ယာယီစခန်းတခုကို မဏိပူရပြည်နယ်အစိုးရကဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ အိန္ဒိယအခြေစိုက် IFP သတင်းဌာနက ဆိုပါတယ်။
ယူကရိန်းနိုင်ငံ Zaporizhzhia မှာရှိပြီး ဥရောပရဲ့ အကြီးဆုံးနျူကလီယားဓာတ်ပေါင်းဖိုဟာ ဘေးအန္တရာယ်ရှိတဲ့အခြေအနေကနေ ပိုကောင်းမလာဘူးလို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ နျူကလီယားစွမ်းအင်အကြီးအကဲ Rafael Grossi က သမ္မတ Volodymyr Zelenskyy ကို ပြောလိုက်ပါတယ်။
ဟွန်ဒူးရပ်စ်နိုင်ငံဟာ ထိုင်ဝမ်နဲ့ဆက်ဆံရေး ဖြတ်တောက်လိုက်ပြီး တရုတ်နိုင်ငံနဲ့ သံတမန် ဆက်ဆံရေးထူထောင်လိုက်တာကြောင့် ထိုင်ဝမ်ကိုအသိအမှတ်ပြုတဲ့ အချုပ်အခြာပိုင်နိုင်ငံ ၁၃ နိုင်ငံပဲ ကျန်ပါတော့တယ်။
အမေရိကန်ဒုသမ္မတ Kamala Harris ဟာ သီတင်းတပတ်ကြာမယ့် အာဖရိကတိုက်ခရီးစဉ် စတင်လိုက်ပြီး တနင်္ဂနွေနေ့က ဂါနာမြို့တော်ကို ဆိုက်ရောက်ချိန်မှာတော့ အမေရိကန်ဒုသမ္မတ Harris ကို ကျောင်းသူကျောင်းသားတွေက အကတွေ၊ တီးဝိုင်းတွေနဲ့ ကြိုဆိုပါတယ်။
အစ္စရေးနိုင်ငံရဲ့ တရားရေးစနစ်ကို ပြောင်းလဲမယ့်အစီအစဉ်ရပ်ထားဖို့ ကာကွယ်ရေးဝန်ကြီး Yoav Gallant က တောင်းဆိုခဲ့ပြီးတဲ့နောက် အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က သူ့ရဲ့ကာကွယ်ရေးဝန်ကြီးကို တနင်္ဂနွေနေ့က ရာထူးက ထုတ်ပယ်လိုက်ပါတယ်။
သောကြာနေ့က အင်အားပြင်း တိုနေဒိုး လေဆင်နှာမောင်းမွှေ့ခဲ့ပြီးတဲ့နောက် အဆောက်အဦတွေပျက်၊ နယ်ချင်းကပ် အလာဘားမားက လူတယောက် အပါအဝင် လူ ၂၆ ဦး သေဆုံးခဲ့ရတဲ့ မစ္စစ္စပီပြည်နယ် က ၄ ခရိုင်ကို သဘာဝဘေးအန္တရာယ် အရေးပေါ်အခြေအနေအဖြစ် သမ္မတဘိုင်ဒန်က ကြေညာလိုက်ပါတယ်။
ယူကရိန်းမြောက်ပိုင်းနယ်စပ်တလျှောက် ဘဲလားရုစ်မှာ ဗျူဟာမြောက်နျူကလီယားထိပ်ဖူးတပ် လက်နက်တွေချထားမယ်ဆိုတဲ့ ရုရှားသမ္မတ Putin ရဲ့အစီအစဉ်ကို ယူကရိန်းက အပြင်းအထန်ကန့်ကွက်ပြီး ဖြစ်လာနိုင်ခြေရှိတဲ့ နျူကလီယားခြိမ်းခြောက်မှုကိစ္စရပ် ဖြေရှင်းရေး ကုလလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးတရပ်ခေါ်ယူဖို တောင်းဆိုပါတယ်။
တရုတ်နဲ့ရုရှားက စစ်ရေးမဟာမိတ် ဖန်တီးနေတာမဟုတ်ဘဲ စစ်ရေးနည်းပညာ နယ်ပယ်မှာတော့ လျှို့ဝှက်ချက်မရှိဘဲ ပူးပေါင်းဆောင်ရွက်မှုရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှားနိုင်ငံတော်ပိုင်မီဒီယာနဲ့ အင်တာဗျူးမှာ ပြောပါတယ်။
ယူကရိန်းတပ်တွေဟာ တိုက်ပွဲတွေပြင်းထန်နေတဲ့ ဘတ်ခ်မွတ်မြို့ကနေ ရုရှားတပ်တွေကို တိုက်ထုတ်နေတယ်လို့ ယူကရိန်းထိပ်တန်းတပ်မှူးကြီး ဗိုလ်ချုပ် Valerii Zaluzhnyi က ပြောလိုက်ပြီး တိုက်ပွဲဝင်နေတဲ့ ယူကရိန်းတပ်တွေကို ကျေးဇူးတင်ကြောင်းနဲ့ အခြေနေတည်ငြိမ်စပြုလာနေပြီလို့လည်း တယ်လီဂရမ် လူမှုမီဒီယာကနေ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု မစ္စစ္စပီပြည်နယ်အတွင်း သောကြာနေ့က လေဆင်နှာမောင်းတိုက်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၂၄ ဦးသေဆုံး၊ ၄ ဦးပျောက်ဆုံးနေပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးဌာန တာဝန်ရှိသူတွေက စနေနေ့မနက်မှာ အတည်ပြုပါတယ်။
မလေးရှားကို ထွက်ပြေးဖို့ ကြိုးစားတယ်လို့ယူဆရတဲ့ ရိုဟင်ဂျာ ၁၅၀ လောက်ကို မြန်မာအာဏာပိုင်တွေ ဖမ်းဆီးထားကြောင်း တာဝန်ရှိသူတဦးရဲ့ သောကြာနေ့ ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းက ဖော်ပြပါတယ်။
ဆီးရီးယား နိုင်ငံတွင်း တိုက်ခိုက်ခံရမှုမှာ အမေရိကန် တဦး သေဆုံးခဲ့ရပြီးနောက်မှာတော့ အမေရိကန် အမှုထမ်းတွေကို ကာကွယ်ရေး အတွက် ခိုင်ခိုင်မာမာ တုံ့ပြန်မယ်လို့ သမ္မတ Joe Biden က သောကြာနေ့မှာ ပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်