တရုတ်အာဏာပိုင်တွေဟာ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း လုပ်ငန်းတွေရဲ့ နောက်ခံ အချက်အလက်တွေကို စုံစမ်း စစ်ဆေးပေးတဲ့ အမေရိကန် ကုမ္ပဏီတခုဖြစ်တဲ့ မင့်ဇ်(Mintz) လုပ်ငန်းစုရဲ့ ဘေဂျင်းက ရုံးတွေကို ဝင်ရောက် စီးနင်းခဲ့ပြီး ရုံးခန်းတွေကို ပိတ်လိုက်သလို အဲဒီက တရုတ်နိုင်ငံသား ဝန်ထမ်း ၅ ဦးကိုလည်း ထိန်းသိမ်းခဲ့ပါတယ်။
“အဲလောက်မဟုတ်ပါဘူး၊ တံခါးဖက်ထိပ်မှာ အစအနမသိတဲ့ ဗုံးတခုက ပေါက်ကွဲတာ။ အပြန်အလှန်ပစ်ခတ်တာတော့ မရှိပါဘူး။ အကျဉ်းထောင်လုံခြုံရေးအဖွဲ့က ပြန်ပစ်တာ နှစ်ချက်၊ သုံးချက် ဒီလောက်ပါပဲ။ ထိခိုက်ဒဏ်ရာရတာလည်း မရှိသလို အပျက်အစီးလည်း များများ စားစားမရှိပါဘူး။”
မြန်မာစစ်ကောင်စီကို ရုရှားက ပံ့ပိုးရပ်တည်ပေးနေတာ လက်ခံနိုင်စရာ မရှိကြောင်းနဲ့ ရုရှားရဲ့ လက်နက်ပံ့ပိုးမှုက မြန်မာနိုင်ငံတွင်း ပဋိပက္ခကို တိုးလာစေပြီး ကြီးမားတဲ့ဆိုးကျိုး ဖြစ်စေတယ်လို့ အရှေ့တောင်အာရှဒေသ ခရီးစဉ်သွားရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet က ကြာသပတေးနေ့မှာ ပြောပါတယ်။
TikTok အက်ပလီကေးရှင်းရဲ့ အမှုဆောင်အရာရှိချုပ်ဟာ အမေရိကန်လွှတ်တော်ကော်မတီ ရှေ့မှောက်မှာ ကြာသာပတေးနေ့က အစစ်ဆေးခံခဲ့ပါတယ်။ အမေရိကန်မှာ အသုံးပြုသူ သန်း ၁၅၀ ရှိတဲ့ တရုတ်ကုမ္ပဏီပိုင် အက်ပ် တခုဖြစ်တဲ့ TikTok ကို တားမြစ် ပိတ်ပင်ဖို့ သင့်၊ မသင့် ဆုံးဖြတ်နိုင်ဖို့ CEO -Shou Chew ကို ဆင့်ခေါ်ခဲ့တာပါ။
အမေရိကန်ပြည်ထောင်စုမှာ ဂျူးတွေအပေါ် ပစ်မှတ်ထားပြီး ပြင်းထန်စွာ ကိုယ်ထိ လက်ရောက် ကျူးလွန်မှုတွေ၊ ဖျက်ဆီးမှုတွေနဲ့ ခြိမ်းခြောက်မှုတွေဟာ မနှစ်တုန်းက မကြုံစဖူး ထပ်တိုးလာနေတယ်လို့ အသရေဖျက်မှု တိုက်ဖျက်ရေးအဖွဲ့ ADL က ကြာသာပတေးနေ့မှာ ပြောပါတယ်။ ၂၀၂၂ ခုနှစ်မှာ ဂျူးဆန့်ကျင်ရေး ဖြစ်ရပ်ပေါင်း ၃,၇၀၀ နီးပါး ရှိခဲ့။
အမေရိကန်တပ်တွေ နောက်ထပ်အခြေစိုက်ဖို့သဘောတူထားတဲ့ နေရာသစ်ထဲကတချို့ဟာ ဖိလစ်ပိုင်မြောက်ပိုင်း၊ တောင်ပိုင်းနဲ့အနောက်ပိုင်း ပလာဝမ် (Palawan) ပြည်နယ်တွေထဲမှာလို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက သတင်းထောက်တွေကို ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ရခိုင်ပြည်နယ်တွင်း အခြေအနေတွေ တိုးတက်ကောင်းမွန်လာစေရေးအတွက် မြန်မာ အာဏာပိုင်တွေ၊ သက်ဆိုင်သူတွေနဲ့ ဆွေးနွေးဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်ကို ဘင်္ဂလားဒေ့ရှ်က တိုက်တွန်းလိုက်ပါတယ်။
ရုရှားနဲ့တရုတ် နှစ်နိုင်ငံကြား မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်မယ့် စာချုပ်သစ်တရပ်ကို ရုရှားသမ္မတဗလာတီမီယာနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ အင်္ဂါနေ့ကပဲ လက်မှတ်ရေးထိုးခဲ့ကြသလို နှစ်ဦးနှစ်ဘက်အားထုတ်မှုကြောင့် ခိုင်မာအားကောင်းတဲ့ တရုတ်ရုရှား ဆက်ဆံရေးတွေဟာ တည်တည်ငြိမ်ငြိမ်ပဲ ဆက်လက် တိုးတက်နေပါတယ်။
အမေရိကန်အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှာ ၂၀၀၀ ခုနှစ်နောက်ပိုင်း Burmese Python လို့ခေါ်တဲ့ မြန်မာ့စပါးအုံးမြွေ ၁၇,၀၀၀ ကျော်ကို ဖမ်းမိခဲ့ပေမယ့် မြန်မာ့စပါးအုံးမြွေ ထောင်သောင်းချီဟာ ပြည်နယ်ထဲက Everglades အမည်ရှိ အပူပိုင်းစိုစွတ် သဘာဝအမျိုးသားဥယျာဉ်ထဲမှာ ကျက်စားနေတုန်းပဲလို့ လေ့လာသူတွေကပြောပါတယ်။
ယူကရိန်းကိုရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida က ရုရှားနဲ့ တရုတ်သမ္မတတို့ကြားတွေ့ဆုံဆွေးနွေးမှုတွေကို အနီးကပ်စောင့်ကြည့်သွားမယ်လို့ ပြောပါတယ်။
ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝဲန်းရဲ့ ဒီလနှောင်းပိုင်း ဗဟိုအမေရိကနိုင်ငံတွေကိုသွားမယ့် တရားဝင်ခရီးစဉ်မစခင် လမ်းခုလတ်မှာ ကယ်လီဖိုးနီးယားနဲ့ နယူးယောက်မှာ ခရီးတထောက် နားဖို့ ရှိနေပြီး ဒီခရီးစဉ်နဲ့ပတ်သက်လို့ ဖြစ်ပေါ်လာနိုင်တဲ့ တရုတ်နိုင်ငံရဲ့ရန်လိုမှုတွေကို လျှော့ချနိုင်ဖို့ အမေရိကန်အစိုးရက ကြိုးပမ်းနေပါတယ်။
မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်ရှိနေတယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ပြောကြားလိုက်ပါတယ်။ မတ်လ ၂၀ ရက်၊ တနင်္လာနေ့က ကျင်းပတဲ့ လွှတ်တော်အမေးအဖြေကဏ္ဍမှာ အလုပ်သမားပါတီက လွှတ်တော်အမတ် Hougang Dennis Tan ရဲ့အမေးကိုစာနဲ့ရေးသားပြီး ပြန်လည် ဖြေကြားခဲ့တာပါ။
“နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ မြန်မာနိုင်ငံက ပြည်သူလူထုကို လုံလောက်တဲ့ အကာအကွယ်ပေးမှုက မရှိသလောက်ပဲ” လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ဂျနီဗာမြို့က လူ့အခွင့်အရေးကောင်စီမှာ တနင်္လာနေ့က ပြောလိုက်ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ မော်စကို ခရီးစဉ်မှာ ဆွေးနွေးဖို့ ရှိတဲ့ ယူကရိန်း စစ်ပွဲ ငြိမ်းချမ်းရေး အဆိုပြုချက်အပေါ် သံသယရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီ ဘလင်ကန်က တနင်္လာနေ့မှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်နေတာကို တရုတ်နဲ့ ရုရှားက အားပေးအားမြှောက်ပြုနေတယ်လို့ အမေရိကန်က မနေ့ တနင်္လာနေ့က စွပ်စွဲလိုက်ပါတယ်။
ထိုင်ဝမ်သမ္မတဟောင်း မာယင်းကျို (Ma Ying-jeou) ဟာ လာမယ့် သီတင်းပတ်ထဲမှာ တရုတ်နိုင်ငံကိုသွားရောက်ပြီး ထိုင်ဝမ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းနဲ့ ပြည်မကြီးကြား တင်းမာမှုတွေကိုဖြေလျှော့ဖို့ ကြိုးပမ်းမယ်လို့ သူ့ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ချမ်းသာတဲ့နိုင်ငံတွေအနေနဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေကို အမြန်လျှော့ချဖို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က တနင်္လာနေ့က သတိပေးလိုက်ပါတယ်။
နှစ်စဉ်ထုတ်ပြန်နေကျ အမေရိကန်နိုင်ငံခြားရေးဌာန နိုင်ငံတကာလူ့အခွင့်အရေးအစီရင်ခံစာကို ဒီကနေ့ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေဟာ ပိုမို ဆိုးဝါးလာနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken က နိုင်ငံခြားရေးဌာန သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဆီးရီးယားသမ္မတ Bashar al Assad ဟာ သူ့ဇနီးနဲ့အတူ United Arab Emirates (UAE) နိုင်ငံကို မတ်လ ၁၉ ရက်နေ့က တရားဝင်ခရီးအဖြစ် ရောက်ရှိသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်