မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အခြေအနေဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေပြန်ဖို့ အခြေအနေ မပေးသေးဘဲ ဘယ်ဒုက္ခသည်တွေကိုမှ အတင်းအဓမ္မ မပြန်ခိုင်းသင့်ဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
လူကြိုက်များတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Imran Khan ကို မြို့တော် အစ္စလာမ်မာဘတ်မှာ လုံခြုံရေးတပ်တွေနဲ့ သူ့ကို ထောက်ခံသူတွေကြား ရုန်းရင်းဆံခတ်ဖြစ်ကြပြီး နောက်တနေ့မှာ အကြမ်းဖက်ဝါဒစွဲ စွဲဆိုချက်သစ်နဲ့ ပါကစ္စတန်ရဲက အခု တနင်္ဂနွေနေ့ အမှုဖွင့်လိုက်ပါတယ်။
မြန်မာ့အရေးအပါအဝင် ဒေသတွင်းနဲ့နှစ်နိုင်ငံဆက်ဆံရေးကိစ္စတွေကို သက်ဆိုင်ရာနိုင်ငံခေါင်းဆောင်တွေ၊ အဓိကကျတဲ့ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးဖို့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet ဦးဆောင်တဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံကို မတ်လ ၂၀ ရက်နေ့ကနေ ၂၄ ရက်အထိ သွားဖို့ရှိပါတယ်။
ရုရှားသမ္မတဗလာဒီမာပူတင်ဟာ ခရိုင်းမီးယားဒသေကိုသိမ်းယူခဲ့တဲ့ ၉ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သွားရောက်ခဲ့တာဖြစ်ပြီး အနုပညာကျောင်းနဲ့ ကလေးများဂေဟာကို သွားရောက်ခဲ့ပါတယ်။
ယူကရိန်းက ကောက်ပဲသီးနှံတွေကို ပင်လယ်နက်ဆိပ်ကမ်းတွေကနေတဆင့် တင်ပို့ခွင့် သဘောတူညီချက်ကို သက်တမ်းထပ်တိုးနိုင်ခဲ့တယ်လို့ ကုလသမဂ္ဂကအတည်ပြုပါတယ်။ ဒါပေမဲ့ သက်တမ်းကာလ ဘယ်လောက်ထပ်တိုးတယ်ဆိုတာတော့ မပြောပါဘူး။
ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးဆွေးနွေးဖို့သွားရောက်တဲ့ မြန်မာတာဝန်ရှိသူတွေကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအဖွဲ့က အကူအညီပေးခဲ့တယ်လို့ AFP မှာ ဖေါ်ပြထားသလို မြန်မာနိုင်ငံရဲ့အခြေနေဟာ ဒုက္ခသည်တွေနေရပ်ပြန်ဖို့ လုံခြုံမှုမရှိသေးပေမယ့် အခုပြန်ခေါ်ဖို့ လုပ်လာတာဖြစ်ကြောင်း ကုလအရာရှိ ၂ ဦးကပြောပါတယ်။
ယူကရိန်းကျူးကျော်စစ်အတွင်း ဝင်ရောက်တိုက်ခိုက်နေတဲ့ ရုရှားကြေးစားတပ် Wagner အနေနဲ့ လာမယ့် မေလလယ်လောက်မှာ နောက်ထပ် စစ်သားသစ် ၃၀,၀၀၀ လောက် ထပ်မံစုဆောင်းသွားမယ်လို့ ဒီတပ်ဖွဲ့ထူထောင်သူ Yevgeny Prigozhin က စနေနေ့မှာ ပြောလိုက်ပါတယ်။
သမ္မတဟောင်းဒေါ်နယ်ထရမ့်က နယူးယောက် မက်ဟန်တန်ရှေ့နေရုံးက ပေါက်ကြားလာတဲ့အချက်အလက်တွေအရ သူဟာ လာမယ့်အင်္ဂါနေ့မှာ သူဖမ်းဆီးခံရနိုင်တယ်လို့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ စနေနေ့က ရေးသားဖေါ်ပြခဲ့ပါတယ်။
ယူကရိန်း ကလေးတွေကို အဓမ္မပြောင်းရွှေ့ ခေါ်ဆောင်မှုမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကို စစ်ရာဇဝတ်မှုတွေ ကျူးလွန်မှုနဲ့ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC)က ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။ ကလေးတွေကို ဥပဒေမဲ့နှင်ထုတ်ပြီး ရုရှားနိုင်ငံကိ လွှဲပြောင်းပို့ဆောင်မှုမှာ ပူတင်တာဝန်ရှိတယ်လို့ စွပ်စွဲထားပါတယ်။
ရုရှားဟာ အာဖရိက ဆာဟာရအောက်ပိုင်း နိုင်ငံတွေမှာ အဓိက လက်နက်တင်သွင်းနေသူဖြစ်ခဲ့ပေမယ့် အခုအခါ အနောက်နိုင်ငံတွေက ပိတ်ဆို့ အရေးယူမှုကြောင့် ရုရှားဟာ လက်နက်ရောင်းဖို့ ပိုခက်ခဲလာနေပြီး အဲဒီဒေသမှာ တရုတ်လုပ် လက်နက်တွေ ရောင်းအား ပိုမြင့်လာနေတယ်လို့ လေ့လာမှုအသစ်တစ်ရပ်က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး နှစ်နိုင်ငံသဘောတူညီချက်နဲ့ ရိုဟင်ဂျာ ၇၀၀ ကျော်နဲ့ ဟိန္ဒူ ၃၀၀ ကျော်ပြန်ခေါ်ဖို့ စစ်ကောင်စီဖက်က ပြင်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ပြန်လည် လက်ခံမယ့်သူတွေကို စီစစ်မှု ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။ တချိန်တည်း စစ်တွေမြို့မှာ NVC ကဒ်တွေ ထုတ်ပေးနေပါတယ်။
ယူကရိန်းနိုင်ငံကို MiG တိုက်လေယာဉ်တွေ ပေးအပ်ဖို့ အစီအစဉ်ကို သောကြာနေ့မှာ Slovakia က အတည်ပြုလိုက်ပါတယ်။ ရုရှားရဲ့ကျူးကျော်မှုကို တွန်းလှန်နေရတဲ့ ယူကရိန်းနိုင်ငံကို လေယာဉ်တွေ ကူညီပေးဖို့ ပိုလန်ဘက်က လိုက်လျောခဲ့ပြီးနောက် NATO အဖွဲ့ဝင် နိုSlovakia က အခုလို အလားတူ ဆောင်ရွက်လာတာ ဖြစ်ပါတယ်။
မြန်မာလူထု လိုလားတောင့်တနေတဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိနိုင်ရေးအတွက် အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး အဓိပ္ပါယ်ရှိပြီး အားလုံး ပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပေါ်လာနိုင်ဖို့ နှစ်ဘက်စလုံးက ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့လည်း သံအမတ်ကြီး Giang က တိုက်တွန်းပါတယ်။
တောင်ကိုရီးယားနဲ့ ဂျပန် ထိပ်သီးခေါင်းဆောင် နှစ်ဦးရဲ့ ဆွေးနွေးပွဲအပြီး နှစ်နိုင်ငံ ဆက်ဆံရေး ကဏ္ဍသစ်တစ်ရပ် ထူထောင်နိုင်ခဲ့တယ်လို့ ကြေညာခဲ့ပြီး ခေါင်းဆောင်တွေ အပြန်အလှန် လည်ပတ်မယ့်ခရီးစဉ်နဲ့ ကာလရှည်ကြာ တင်းမာနေတဲ့ ကုန်သွယ်ရေးနဲ့ တခြား မပြေမလည် ဖြစ်နေတာတွေကို ဖြေလျှော့ဖို့ သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။
ကွန်ပျူတာ နည်းပညာကုမ္ပဏီကြီး တခုဖြစ်တဲ့ မိုက်ခရိုဆော့ဖ် (Microsoft)ဟာ ပြိုင်ဖက် ဂူဂဲလ် Google ရဲ့ ပြိုင်ဆိုင်မှု တိုးလာတာကို တန်ပြန်တဲ့အနေနဲ့ သူ့ရဲ့ လူသုံးများတဲ့ Office ဆော့ဖ်ဝဲကို အဆင့်မြှင့်တင်ပြီး AI လို့ အတိုကောက်ခေါ်တဲ့ Artificial Intelligence - ဉာဏ်ရည်တုနည်းပညာစနစ်ကို ထည့်သွင်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအကျပ်အတည်း ရင်ဆိုင်နေရတဲ့အတွက် ထိရောက်တဲ့နည်းလမ်းသုံးဖြေရှင်းဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Noeleen Heyzer က ကုလသမဂ္ဂမှာပြောဆိုပါတယ်။ တိုက်ပွဲတွေကြောင့် အကူအညီရောက်ဖို့ခက်ခဲနေပြီး ဖြစ်နိုင်သမျှနည်း အားလုံးသုံးဖို့တိုက်တွန်းပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးမှာ ကုလသမဂ္ဂအနေနဲ့ စံနှုန်းနှစ်ရပ် ကျင့်သုံးနေတယ်လို့ ပေါက်ကြားလာတဲ့ အစီရင်ခံစာတချို့ကို ကိုးကားပြီး ဗြိတိန်အခြေစိုက် မြန်မာအရေးဆောင်ရွက်တဲ့ MAP က မတ်လ ၁၆ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး စမ်းသပ်အစီအစဉ်မှာ UNHCR ပါဝင်မှု မရှိဘူးလို့ ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ရပ်ထားရတဲ့ ဟိုတယ် ဆောက်လုပ်ရေးလုပ်ငန်းတွေကို အခြေအနေပေးတာနဲ့ ပြန်စဖို့ အစင်သင့်ရှိနေကြောင်း Peninsula အဆင့်မြင့်ဟိုတယ်လုပ်ငန်းအဖွဲ့ကြီးက ပြောပါတယ်။ ရန်ကုန်က သူတို့ရဲ့ ဟိုတယ် စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၁၃၀ ရင်းနှီးမြုပ်နှံထားတာပါ။
ယူကရိန်းနိုင်ငံအနီး ပင်လယ်နက်အပေါ်မှာ ထောက်လှမ်းရေးမစ်ရှင်နဲ့ ဆက်လက် ပျံသန်းမယ့်အကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က ဗုဒ္ဓဟူးနေ့မှာ အခိုင်အမာ ပြောဆိုလိုက်ပါတယ်။
ပါကစ္စတန်မှာ အကြမ်းဖက် ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပြီးနောက် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း (Imran Khan) ကို ဖမ်းဆီးဖို့ ပြင်ဆင်နေတာကို တရားရုံးက ယာယီပိတ်ပင်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်