ဘဲလားရုစ်နိုင်ငံမှာ အာဏာရှင်အစိုးရက တပတ်တွင်းအတိုက်အခံတက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေ၊ ဆေးဖက်ဆိုင်ရာဝန်ထမ်းတွေ၊ သေနတ်ပစ်အားကစားကလပ်ကအဖွဲ့ဝင်တွေနဲ့ မောင်းသူမဲ့ဒရုန်းတွေသုံးပြီး အတိုက်အခံ ၁၀၀ ကျော်ကို ပစ်မှတ်ထားဖမ်းဆီးခံခဲ့ရပါတယ်။
ပင်လယ်နက်ပေါ်က နိုင်ငံတကာပိုင်လေပိုင်နက်ထဲမှာ ရုရှားတိုက်လေယာဉ်နဲ့ တိုက်မိခဲ့တဲ့အတွက် အမေရိကန်ရဲ့ထောက်လှမ်းရေးဒရုန်းယာဉ် အင်္ဂါနေ့က ပျက်ကျခဲ့ရတဲ့အပေါ် အမေရိကန်က ပြင်းထန်စွာတုံ့ပြန်ပြောဆိုလိုက်ပါတယ်။
ဂျနီဗာအခြေစိုက် IPU-Inter-Parliamentary Union) ရဲ့ ၁၄၆ ကြိမ်မြာက်ညီလာခံကို ဘာရိန်းနိုင်ငံမြို့တော် မနားမားမှာ ကျင်းပနေတာမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ရဲ့ ကိုယ်စားလှယ်အဖြစ် (NUG) အဖွဲ့ဝင် အမျိုးသားလွှတ်တော်အမတ် ဒေါက်တာဝင်းမြတ်အေးက တက်ရောက်မိန့်ခွန်းပြောခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်အတွင်း မြစ်ချောင်းတွေမှာ ရေကာတာစီမံကိန်းကြီးတွေ၊ ရေအရင်းအမြစ်နဲ့ သယံဇာတထုတ်ယူတာတွေရဲ့အန္တရာယ်တွေရင်ဆိုင်နေရပြီး အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ သဘာဝန်းကျင် ထိခိုက်ပျက်စီးလာနေတယ်လို့ ကရင်မြစ်ချောင်းများစောင့်ကြည့်ရေး အဖွဲ့ Karen Rivers Watch က ပြောလိုက်ပါတယ်။
ရိုဟင်ဂျာအရေး ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးနေတဲ့ တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်ပထမအသုတ်ကို သိပ်မကြာခင် မြန်မာနိုင်ငံကို ပြန်ပို့နိုင်မယ်လို့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ တရုတ်သံအမတ် Yao Wen ကမျှော်လင့်နေပါတယ်။
ပြီးခဲ့တဲ့ ၄ လကပဲ Meta ကုမ္ပဏီက ဝန်ထမ်း ၁၁,၀၀၀ လျှော့ချခဲ့ပြီး အခုတခါ နောက်ထပ် ဝန်ထမ်း ၁၀,၀၀၀ လျှော့ချမယ်လို့ ကြေညာလိုက်တာဟာ နည်းပညာကုမ္ပဏီကြီးတခုက ဒုတိယအကျော့ ဝန်ထမ်းတွေအကြီးအကျယ်လျှော့ချမယ့်အကြောင်း ပထမဆုံး ကြေညာလိုက်တာဖြစ်ပါတယ်။
ရုရှားရဲ့ယူကရိန်းကျူးကျော်စစ်နဲ့ တရုတ်နိုင်ငံရဲ့စိန်ခေါ်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူးနက်ခ် (Rishi Sunak) က လာမယ့်နှစ်နှစ်အတွင်း စစ်တပ်ရန်ပုံငွေကို ပေါင် စတာလင် ၅ ဘီလီယံ - ဒေါ်လာနဲ့ဆိုရင် ၆ ဘီလီယံအထိ တိုးမြှင့်မယ်လို့ ကတိပြုလိုက်ပါတယ်။
မြန်မာစစ်အစိုးရဟာ ဒီမိုကရေစီအတိုက်အခံတွေကို ချေမှုန်းဖို့ အွန်လိုင်းက အကြမ်းဖက်လှုပ်ရှားမှုတွေကို ကြိုးကိုင်ဆောင်ရွက်နေပြီး လူမှုကွန်ရက် ဆိုရှယ်မီဒီယာတွေကို လက်နက်သဖွယ်သုံးပြီးတိုက်ခိုက်နေတယ်လို့ ကုလသမဂ္ဂက မတ်လ ၁၃ ရက်နေ့က ပြောလိုက်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားရေး အကူအညီ အမေရိကန် ဒေါ်လာ ၂၄ သန်းနီးနီး အမေရိကန်အစိုးရက ထပ်မံချထားပေးလိုက်တဲ့အတွက် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် USCIRF က မတ်လ ၁၃ ရက်နေ့ မှာ ကြိုဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အမုန်းတရားကြောင့်ဖြစ်ပွားတဲ့ ရာဇဝတ်မှု Hate Crime တွေဟာ ၂၀၂၁ ခုနှစ်မှာ အနှစ် ၂၀ အတွင်း အမြင့်ဆုံးကို ခုန်တက်သွားခဲ့တယ်လို့ ဖယ်ဒရယ်အစိုးရ စုံစမ်းရေးဗျူရို FBI က တနင်္လာနေ့မှာ နောက်ဆက်တွဲထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာစစ်ကောင်စီဟာ အမျိုးသမီးတွေအပါအဝင် လူထုအပေါ် စစ်ရာဇဝတ်မှုတွေကျူးလွန်နေပြီး ဒါကို နိုင်ငံတကာအနေနဲ့မျက်ကွယ်ပြုမထားဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေး တခါးပိတ်ဆွေးနွေးပွဲမတိုင်ခင်လေးမှာပဲ နယူးယောက် ကုလဌာနချုပ် သတင်းစာရှင်းလင်းပွဲမှာ မြန်မာအမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေက တိုက်တွန်းခဲ့ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းယူပြီးတဲ့နောက်ပိုင်း မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ပြစ်တင် ဝေဖန်ထားတဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီအနေနဲ့ ပြန်လည် အကောင်အထည်ဖော်ဖို့ HRW က တိုက်တွန်းပါတယ်။
ဘဏ္ဍာရေးအကျပ်အတည်းကြုံတွေ့နေရတဲ့ Silicon Valley Bank ကို ပြည်ထောင်စုအစိုးရအနေနဲ့ ငွေကြေး ကျားကန်ထောက်ပံ့ပေးမှာမဟုတ်ဘူးလို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ပြောပါတယ်။ ဒါပေမယ့်လည်း စုငွေတွေဆုံးရှုံးမလားဆိုပြီး စိတ်ပူနေသူတွေအတွက်တော့ ကူညီဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။
ဆွစ်ဇာလန်လုပ်လက်နက်တွေ ယူကရိန်းကိုပို့မှုတားမြစ်ချက်အပေါ် ဆွစ်ဇာလန်သမ္မတ Alian Berset က ခုခံပြောဆိုပြီး ကြားနေရပ်တည်မှုဟာ အရင်ကထက်ပိုပြီး အရေးပါလာတယ်လို့ တနင်္ဂနွေနေ့ အင်တာဗျူးမှာ ပြောထားပါတယ်။
နိုင်ငံတကာအာကာသစခန်းကနေ အာကာသယာဉ်မှူး ၄ ယောက်ကို တင်ဆောင်လာတဲ့ SPACEX ယာဉ်အိမ်ငယ်လေးဟာ ၁၉ နာရီကြာခရီးနှင်ခဲ့ပြီးတဲ့နောက် Tampa မြို့အနီး၊ ဖလော်ရီဒါကမ်းခြေအလွန် မက္ကဆီကို ပင်လယ်ကွေ့ထဲက ပင်လယ်ပြင်ထဲကို ဒီ ယာဉ်အိမ်ငယ်လေးက စနေနေ့က အောင်မြင်စွာ ဆင်းသက်လာခဲ့ပါတယ်။
“အကျိုးအကြောင်းမဲ့ သူ့ရဲ့စကားတွေကြောင့် အဲဒီနေ့ လွှတ်တော်မှာရှိကြတဲ့လူတိုင်းနဲ့ ကျနော့်မိသားစုတို့ အန္တရာယ်ကြုံခဲ့ရပါတယ်။ သမိုင်းက Donald Trump ကို အရေးယူမယ်ဆိုတာ ကျနော်သိပါတယ်။” (ဒုတိယသမ္မတဟောင်း မိုက်ပန့်စ်)
မတ်လ ၅ ရက်နေ့တုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်း မီးလောင်လို့ အိမ်ခြေ ၂,၈၀၀ လောက်နဲ့ ဆေးရုံဆေးခန်းနဲ့ စာသင်ကျောင်းအပါအဝင် အဆောက်အဦး ၉၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီး ရိုဟင်ဂျာထောင်ဂဏန်း အိမ်ယာမဲ့ဖြစ်ခဲ့ရတဲ့ မီးလောင်မှုဟာ တမင်စီစဉ်တဲံအဖျက်လုပ်ရပ်ဖြစ်တယ်လို့ စုံစမ်းရေးအဖွဲ့က ပြောပါတယ်။
အီရန်က ရုရှားထုတ် Su 35 ဂျက်တိုက်လေယဉ်တွေဝယ်ယူဖို့ သဘောတူညီချက်ရခဲ့တယ်လို့ အီရန်အစိုးပိုင်သတင်းဌာနက စနေနေ့မှာကြေညာခဲ့သလို အီရန်နဲ့ရုရှားကြား ဆက်ဆံရေးတွေတိုးမြင့်လာနေပြီး အီရန်လုပ် ဒရုန်းလက်နက်တွေကိုလည်း ရုရှားက ယူကရိန်းကျူးကျော်စစ်အတွင်း အသုံးပြုနေပါတယ်။
ဂျပန်နိုင်ငံမှာ ၂၀၁၁ ခုနှစ်က ငလျင်ဒဏ်ကြောင့် ဆူနာမိလှိုင်းကြီးရိုက်ခတ်ခဲ့လို့ ဖူကူရှီးမား နျူကလီယားဓာတ်အားပေး စက်ရုံပျက်စီးပြီး ဓာတ်ရောင်ခြည်တွေယိုစိမ့်ခဲ့တဲ့ ၁၂ နှစ်မြောက် နှစ်ပတ်လည် ဝမ်းနည်းဘွယ်အခမ်းအနားကို စနေနေ့ကပြုလုပ်ခဲ့ပါတယ်။
အီရန်နဲ့ ဆော်ဒီအာရေဗျ ဟာ နှစ်ပေါင်းများစွာ တင်းမာမှုတွေ ဖြစ်ခဲ့ပြီးနောက်မှာ အခုအခါ သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့နဲ့ သံရုံးတွေ ပြန်လည်ဖွင့်လှစ်ဖို့ သဘောတူညီခဲ့ကြပြီး ရှေ့လာမယ့် နှစ်လ အတွင်း မှာ အပြန်အလှန် သံရုံးတွေ ပြန်ဖွင့်ကြဖို့ ရှိပါတယ်။
နောက်ထပ်ကြည့်ရှုရန်