ဥရောပ ကော်မရှင် ဥက္ကဌ Ursula von der Leyen နဲ့ အမေရိကန် သမ္မတ Joe Biden တို့ သောကြာနေ့က အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံပြီး ယူကရိန်း စစ်ပွဲ အရေး၊ အမေရိကန်နဲ့ ဥရောပ သမဂ္ဂ EU ကြား ကုန်သွယ်ရေးနဲ့ စွမ်းအင် အရေး ရုရှားထံ မှီခိုရမှုကနေ လွတ်ကင်းရေး တို့ကို ဆွေးနွေးကြပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ သောကြာနေ့ကကျင်းပတဲ့ သြစတြေးလျနဲ့အိန္ဒိယ ခေါင်းဆာင် ၂ ဦးရဲ့ ဆွေးနွေးပွဲမှာတော့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးမှာ ထူးခြားတဲ့ တိုးတက်မှုတွေရခဲ့ပါတယ်။ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဟာ မဟာဗျူဟာမြောက်ဆက်ဆံရေးမှာ အရေးကြီးတဲ့မဏ္ဍိုင်ဖြစ်တယ်လို ပြောပါတယ်။
မန္တလေး အိုးဘိုအကျဉ်းထောင်ထဲမှာ အမျိုးသမီး နိုင်ငံရေးအကျဉ်းသားတွေအပေါ် စစ်ကောင်စီ လုံခြုရေးတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် နိုင့်ထက်စီးနင်းလုပ်ခဲ့တဲ့အကြောင်း လက်ရေးနဲ့ရေးထားတဲ့ လျှို့ဝှက် စာတစောင်ကို ရိုက်တာသတင်းက ဒီကနေ့ ဖော်ပြလိုက်ပါတယ်။
အစ္စရေးကို သွားရောက်ခဲ့တဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က ကြာသပတေးနေ့ အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Galant နဲ့အတူ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ကျင်းပရာမှာ ဒေသတွင်းပြဿနာတွေနဲ့ အတူ အီရန်ပြဿနာကို စိုးရိမ်စိတ်ပူမိကြောင်း ပြောကြားခဲ့ပါတယ်။
ယူကရိန်း ကျူးကျော်စစ်အတွက် တုံ့ပြန် ဒဏ်ခတ်တဲ့အနေနဲ့ ရုရှားစွမ်းအင်ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တဲ့ ဒေါ်လာ ၂၅ သန်းတန် ဘိုးအင်း ၇၃၇ လေယာဉ်တစီးကို သိမ်းဆည်းဖို့ နယူးယောက်မှာရှိတဲ့ ဖက်ဒရယ်တရားရုံးတခုက ခွင့်ပြုလိုက်ပါတယ်။
အာဖဂန်နစ္စတန်မှာ ကြာသပတေးနေ့က ပြည်နယ်အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲခံရပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ တခြား လူ(၂)ဦး သေဆုံးခဲ့တယ်လို့ တာလီဘန်အာဏာပိုင်တွေက ပြောပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာတလွှား လွတ်လပ်မှုသတ်မှတ်ချက် အမှတ် ၁၀၀ မှာ ၉ မှတ်ပဲရှိတဲ့ လွတ်လပ်မှု မရှိတဲ့နိုင်ငံဖြစ်တယ်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့ကြီးရဲ့ ၂၀၂၃ ထုတ်ပြန်တဲ့ ကမ္ဘာတလွှား လွတ်လပ်ခွင့်အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ မနှစ်ကတော့ မြန်မာနိုင်ငံဟာ ပေးထားတဲ့အမှတ် ၁၀၀ မှာ ၁၂ မှတ်ပဲ ရထားတာပါ။
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံပြည်သူတွေ လက်နက်ကြီးထိမှန် ဒဏ်ရာရတာတွေရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မှာဆိုရင်လည်း စစ်တပ်လိုလားထောက်ခံတဲ့ လက်နက်ကိုင်တချို့ ပစ်ခတ်တာကြောင့် အရပ်သား သေဆုံးတာတွေ ရှိနေပါတယ်။
ကမ္ဘာတလွှားအပြုသဘောဆောင် အပြောင်းအလဲတွေ ဖော်ဆောင်ရာမှာ စွမ်းစွမ်းတမံပါဝင်ဦးဆောင်ခဲ့ကြသူ အမျိုးသမီး ၁၁ ဦးကို နိုင်ငံတကာအမျိုးသမီးများနေ့ဖြစ်တဲ့ မတ်လ ၈ ရက်နေ့ဗုဒ္ဓဟူးနေ့မှာ အမေရိကန် နိုင်ငံခြားရေးဌာနက နှစ်စဉ်ချီးမြှင့်တဲ့ အမျိုးသမီးသတ္တိရှင်ဆုတွေ ချီးမြှင့်ခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ တောင်တရုတ်ပင်လယ်မှာဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံရဲ့ ရန်လိုတဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး လူသိရှင်ကြားထုတ်ဖော် ပြောကြားတော့မယ့် မဟာဗျူဟာတရပ်ကို စတင်လိုက်ပြီလို့ ဖိလစ်ပိုင်အာဏာပိုင်တဦးက ပြောလိုက်ပါတယ်။
စစ်ကိုင်းတိုင်းနဲ့ တခြားသောဒေသတွေမှာ ရက်ရက်စက်စက်တိုက်ခိုက်မှုတွေနဲ့ သတ်ဖြတ်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ရှုတ်ချလိုက်ပါတယ်။
အမျိုးသမီးဆိုင်ရာ အခွင့်အရေးတွေ ခြိမ်းခြောက်ခံနေရတာအတွက် ကမ္ဘာတဝန်းက အမျိုးသမီးတွေဟာ မနေ့ဗုဒ္ဓဟူးနေ့မှာ နိုင်ငံတကာအမျိုးသမီးများနေ့မှာ ချီတက်ဆန္ဒပြခဲ့ကြသလို ကမ္ဘာအနှံ့မှာ အမျိုးသမီးတွေဟာ ဖိနှိပ်ခံနေရဆဲဖြစ်ကြောင်း အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြပါတယ်။
တွေ့ဆုံရတဲ့ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုတာ မလုပ်ခဲ့ပေမယ့် အာရှရေးရာ အထူးကိုယ်စားလှယ်နဲ့ ငြိမ်းချမ်းရေးကိစ္စကို အဓိကထား ဆွေးနွေးတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ထိုင်းနိုင်ငံကိုဖြတ်ပြီး မြန်မာအလုပ်သမားတွေ မလေးရှားနိုင်ငံဘက် တရားမဝင် တင်ပို့နေတဲ့ ကွန်ယက်အဖွဲ့ခေါင်းဆောင် အမျိုးသမီးကို ထိုင်း လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၂၆ သန်း ထပ်မံ ကူညီ ပံ့ပိုးပေးသွားမည်။
ဘင်္ဂလားဒေ့ရှ်မှာခိုလှုံနေတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေအတွက် ရန်ပုံငွေ ဒေါ်လာ ၈၇၆ သန်း လိုအပ်နေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ရန်ပုံငွေပြတ်လပ်လာလို့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဒီလကနေစပြီး စားနပ်ရိက္ခာအကူအညီတွေ ရပ်တန့်လိုက်တဲ့ အချိန်မှာ ကုလသမဂ္ဂက အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပါတယ်။
ASEAN အနေနဲ့ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာမှာ ပိုမိုထိရောက်မယ့် အခြားနည်းလမ်းတွေနဲ့ အဖြေရှာဖို့စဉ်းစားသင့်တယ်လို့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim ကပြောလိုက်ပြီး မြန်မာ့အရေးဟာ မလေးရှားအပါအဝင် ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေအပေါ်မှာပါ သက်ရောက်မှုရှိနေတယ်လို့လည်း အင်္ဂါနေ့က ပြောခဲ့တာဖြစ်ပါတယ်။
မက္ကဆီကိုနိုင်ငံမှာ မတ်လ (၃) ရက်နေ့က ပျောက်ဆုံးသွားတဲ့အမေရိကန်နိုင်ငံသား ၄ ဦးထဲက ၂ ဦးသေဆုံးသွားပြီး ကျန်၂ ဦးကတော့ အသက်ရှင်လျက်ရှိနေပါတယ်လို့ မက္ကဆီကိုသမ္မတက မတ်လ ၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
စပိန်နိုင်ငံကလက်ဝဲယိမ်းအစိုးရဟာ နိုင်ငံတကာအမျိုးသမီးများနေ့အကြိုအဖြစ် အမျိုးသမီးတွေ စီးပွားရေးခေါင်းဆောင်မှုအခန်းကဏ္ဍမှာ အနည်းဆုံး ၄၀ ရာခိုင်နှုန်းပါဝင်ရမယ့် ဥပဒေကြမ်းတရပ်ကို အင်္ဂါနေ့ကတင်သွင်းခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်