တကယ်လို့ ရုရှားတပ်တွေက ယူကရိန်းအရှေ့ပိုင်း Bakhmut မြို့ကို ထိန်းချုပ်နိုင်ခဲ့ရင်လည်း ဒါဟာ ပဋိပက္ခကို အလှည့်အပြောင်းဖြစ်စေတဲ့တိုက်ပွဲ မဟုတ်ဘူးလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က မနေ့ တနင်္လာနေ့က ပြောလိုက်ပါတယ်။
သိပ်မကြာခင် သမ္မတရွေးကောက်ပွဲ ပြန်အရွေးခံဖို့ ကြေညာဖွယ်ရှိတဲ့ သမ္မတဂျိုးဘိုင်ဒန် သူ့ပါတီတွင်းမှာပဲ ဆန့်ကျင်မှုတချို့နဲ့ ရင်ဆိုင်နေရပြီး နယူးဟမ့်ရှိုင်းယားပြည်နယ် ဒီမိုကရက်ပါတီဝင်တွေဟာ Primary ရွေးကောက်ပွဲတွေကို သူတို့ပြည်နယ်က ပထမဆုံး ကျင်းပခွင့်ရတဲ့ထုံးတမ်းစဉ်လာ ပယ်ဖျက်လိုက်တာအပေါ် စိတ်ပျက်နေကြပါတယ်။
စစ်အာဏာသိမ်းမှုအောက်မှာ မြန်မာအမျိုးသမီးတွေဟာ ဖိနှိပ်မှုမျိုးစုံကြုံနေရပြီး အွန်လိုင်းပေါ်မှာ စနစ်တကျတိုက်ခိုက် ခြိမ်းခြောက်မှု၊ ကိုယ်ရေးအချက်အလက်တွေ ထုတ်ဖော်ခံရမှုနဲ့ လိင်ပိုင်းဆိုင်ရာစော်ကားပြောဆိုမှုတွေ ခံနေရတယ်လို့ နယူးယောက်က ကုလရုံးချုပ်မှာကျင်းပတဲ့ အမျိုးသမီးဆိုင်ရာဆွေးနွေးပွဲတခုမှာ ပြောလိုက်ပါတယ်။
Covid-19 ကူးစက်ရောဂါစတင်ဖြစ်ပွားရာ မူလဇစ်မြစ်နဲ့ပတ်သက်လို့ နိုင်ငံအားလုံးက စုံစမ်းသိရှိထားသမျှတွေ ထုတ်ဖော်ပြောဆိုဖို့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တောင်းဆိုလိုက်ပါတယ်။
အောက်ခြေအဖွဲ့အစည်းတွေကတဆင့် မြန်မာလူထုဆီကို လူသားချင်းစာနာထောက်ထားရေးအကူအညီ တိုက်ရိုက်ပေးကြပြီး လူထုဆန္ဒကိုယ်စားပြုတဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ ရေရှည်တည်တံ့တဲ့အဖြေတွေရရှိအောင် မြှင့်တင်ဆောင်ရွက်ကြဖို့ ကောင်စီအဖွဲ့နိုင်ငံအားလုံးကို လူ့အခွင့်အရေး ကုလမဟာမင်းကြီးက တနင်္လာနေ့မှာ တိုက်တွန်းသွားပါတယ်။
တရုတ်ရဲ့စစ်ရေးစွမ်းပကားတက်စေမယ့်နည်းပညာတွေ ရရှိနိုင်မှုကို ကန့်သတ်ဖို့ကြိုးစားတဲ့အနေနဲ့ အမေရိကန်ကုမ္ပဏီတွေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် တင်းကျပ်တဲ့စည်းမျဉ်းတွေချမှတ်ဖို့ သမ္မတဘိုင်ဒန်အစိုးရက လုပ်ဆောင်နေပြီး မကြာခင်မှာ သမ္မတအာဏာအသုံးပြု အမိန့်ထုတ်ပြန်ဖို့ရှိပါတယ်။
နှစ်စဉ် ထိုင်းနိုင်ငံမှာပြုလုပ်နေကျ Cobra Gold လို့အမည်ပေးထားတဲ့ နိုင်ငံစုံ ပူးတွဲစစ်ရေးလေ့ကျင့်ပွဲမှာ ပါဝင်ကြတဲ့ အမေရိကန်စစ်သားတွေကို ထိုင်းရိုးရာနာမည်ကြီးလက်ဝှေ့သမားက Muaythai လက်ဝှေ့သင်တန်းပေးနေပါတယ်။
လာမယ့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ထရမ့်ဟာ ရီပါဘလီကန်ပါတီရဲ့ သမ္မတလောင်း မဖြစ်နိုင်ဘူးလို့ ထိပ်တန်း ရီပါဘလီကန် အုပ်ချုပ်ရေးမှူးတယောက်က ဟောကိန်းထုတ်လိုက်ပါတယ်
ယူကရိန်းအတွက် လက်နက်အကူအညီတွေပေးနေတဲ့အပေါ် ရုရှားရဲ့ဆန့်ကျင်မှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်က ယူကရိန်းကို နောက်ထပ်စစ်ရေးအကူအညီ ဒေါ်လာသန်းပေါင်း ၄ဝဝ ပေးအပ်ဖို့ သောကြာနေ့က ကမ်းလှမ်းလိုက်ပါတယ်။
ပင်လယ်သမုဒ္ဒရာထဲက ဇီဝမျိုးကွဲသတ္တဝါနဲ့ အပင်တွေကိုကာကွယ်ဖို့ နိုင်ငံတကာ သဘောတူညီချက်ကို ကုလသမဂ္ဂမှာ ပထမဆုံးအကြိမ်အဖြစ် ရရှိလိုက်ပါတယ်။ နိုင်ငံအသီးသီးရဲ့အုပ်ချုပ်မှုနဲ့ ဥပဒေအောက်မှာမရှိတဲ့ ပင်လယ်ရေပြင်ဟာ သမုဒ္ဒရာတွေရဲ့သုံးပုံ ၂ ပုံရှိပြီး ကမ္ဘာ့မျက်နှာပြင်ရဲ့တဝက်ရှိပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ အစိုးရပိုင် ရေနံနဲ့သဘာဝဓာတ်ငွေ့ကုမ္ပဏီရဲ့လောင်စာဆီသိုလှောင်ကန်ပေါက်ကွဲမီးလောင်ခဲ့တဲ့အတွက် ၁၈ ဦးသေဆုံးပြီး ဒါဇင်နဲ့ချီတဲ့ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးသမားတွေက စနေနေ့မှာ ဆက်လက် ရှာဖွေနေဆဲဖြစ်ပါတယ်။
ယူကရိန်းအနောက်ဘက်မြို့ကြီးဖြစ်တဲ့ Lviv မြို့မှာ ၃ ရက်ကြာကျင်းပတဲ့ စစ်ရာဇဝတ်မှုဆိုင်ရာညီလာခံကိုတက်ရောက်နေတဲ့ ဥရောပသမဂ္ဂလွှတ်တော်ဥက္ကဋ္ဌ Roberta Metsola က စစ်ရာဇဝတ်မှုကျူးလွန်သူတွေ တာဝန်ခံတာဝန်ယူမှုရှိစေဖို့ အရေးကြီးကြောင်း ပြောလိုက်ပါတယ်။
ယူကရိန်းအရှေ့ပိုင်းက Bakhmut မြို့မှာ တိုက်ပွဲတွေပြင်းထန်နေပေမယ့် ဒီမြို့ကို ရုရှားတွေလက်ထဲ ရောက်မသွားအောင် ယူကရိန်းတပ်သားတွေက အပြင်းအထန်ခုခံနေကြပြီး ရုရှားတပ်တွေအဝိုင်းခံနေရတဲ့ဒီမြို့ကို ခုခံကာကွယ်နေတဲ့ ယူကရိန်းတပ်တွေဟာ ဒေသခံတွေ ဘေးလွတ်ရာရှောင်ပြေးနိုင်ဖို့ပါ အကူညီတွေပေးနေကြပါတယ်။
အီရန်နိုင်ငံရဲ့နျူကလီယားဆိုင်ရာကိစ္စတွေဆွေးနွေးရာမှာ အဓိကအရေးကြီးတဲ့ သိပ္ပံနည်းပညာကဏ္ဍနဲ့ အခြေအနေတွေတိုးတက်လာပြီး သဘောတူညီမှုရရှိနိုင်မယ့်မျှော်လင့်ချက်တွေအပါအဝင် အဓိကကဏ္ဍနှစ်ခုကို ဆွေးနွေးခဲ့တယ်လို့ နိုင်ငံတကာအနုမြူစွမ်းအင် အေဂျင်စီ IAEA အကြီးအကဲ Rafael Grossi ကစနေ နေ့မှာပြောလိုက်ပါတယ်။
မြန်မာနိုင်ငံက ထင်ရှားတဲ့တိုင်းရင်းသားအဖွဲ့အစည်းအများအပြားနဲ့ မြန်မာ့အရေးဆွေးနွေးဖို့ တွေ့ဆုံခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ Derek Chollet က မတ်လ ၄ ရက် စနေနေ့မှာ သူ့တွစ်တာကနေပြောပါတယ်။
အီဂျစ်နိုင်ငံက သိပ္ပံပညာရှင်တွေဟာ ကမ္ဘာ့ အံ့ဖွယ်စာရင်းဝင်တဲ့ နာမည်ကျော် ဂီဇာ ပိရမစ်ရဲ့ အဓိကဝင်ပေါက်အနီးမှာ ပေ ၃၀ နီးပါးလောက် အရှည်ရှိတဲ့ လျှို့ဝှက်စင်္ကြံ ဥမင်လိုဏ်ခေါင်း တခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒါရဲ့ အကျယ်က ၆ ပေခွဲကျော် ရှိတယ်လို့ ဆိုပါတယ်။
နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် Ales Bialiatski ကို ဘဲလာရုစ် တရားရုံးကနေ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။ သူဟာ ဘဲလာရုစ်နိုင်ငံထဲက အရေးပါတဲ့ လူ့အခွင့်အရေးအဖွဲ့ Viasna ကို တည်ထောင်သူဖြစ်ပါတယ်။
ယူကရိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၄၀၀ စစ်ရေးအကူအညီ ထပ်မံပေးအပ်မှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken က ကြေညာပါတယ်။ ဒီစစ်ရေး အကူအညီထဲမှာ HIMARS အဆင့်မြင့်လက်နက်နဲ့ Howitzers အမြှောက်တွေပါ ပေးအပ်ဖို့ပါဝင်ပြီး ယူကရိန်းတွေ သူတို့ကိုယ်သူတို့ ခုခံရာမှာ အသုံးချနိုင်ဖို့ ဖြစ်တယ်လို့ဆိုပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ သောကြာနေ့မှာ ဂျာမဏီဝန်ကြီးချုပ် Olaf Scholz နဲ့ သမ္မတအိမ်ဖြူမှာ တွေ့ဆုံခဲ့ပြီး ယူကရိန်းအရေး ဆက်လက်ပြီး လက်တွဲဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကတိပြုခဲ့ပါတယ်။
အီရန်ရဲ့ရေနံနဲ့ ရေနံဓါတုဆိုင်ရာ ထုတ်ကုန်တွေကို အမေရိကန်က ပစ်မှတ်ထား အရေးယူလိုက်ပါတယ်။ အီရန်ရဲ့ရေနံနဲ့ရေနံဓါတုပစ္စည်းတွေ တင်ပို့ရောင်းချမှုမှာပါဝင်တဲ့ ကုမ္ပဏီ ၁၁ ခုနဲ့ သူတို့နဲ့ လက်တွဲဆောင်ရွက်နေတဲ့ သဘောၤအစင်း ၂၀ ကို အရေးယူတာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken က ထုတ်ပြန်ပြောဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်