ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အနောက်ပိုင်းမှာ စစ်ရေး ပဋိပက္ခတွေကြောင့် အရပ်သား သေကျေထိခိုက်မှုတွေ ကြုံခဲ့ရပြီးနောက် ထောင်ဂဏန်းရှိတဲ့ ကျေးရွာသားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိန္ဒိယက ကမကထလုပ်ကျင်းပတဲ့ ကမ္ဘာ့စီးပွါးရေးအင်အားကြီးနိုင်ငံ G20 အစည်းအဝေးမှာ ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်က နိုင်ငံခြားရေးဝန်ကြီး A K Abdul Momen က ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် G20 အပါအဝင် နိုင်ငံတကာ အသိုင်းဝိုင်းက အချိန်မဆိုင်းပဲ အကူအညီတွေပေးကြဖို့ ကြာသပတေးနေ့မှာ ပန်ကြားလိုက်ပါတယ်။
ရိုဟင်ဂျာတွေ အပါအဝင် မြန်မာနိုင်ငံက အထောက်အထားမဲ့ ဝင်ရောက်လာသူ ၁၀၀ ကျော်ကို ထိုင်းနိုင်ငံ အနောက်ပိုင်း၊ ပရကျွတ်ခီရီကန်ပြည်နယ်မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီး လိုက်ပါတယ်။ လူမှောင်ခိုတွေ ကားနဲ့တင်ဆောင်လာသူတွေထဲမှာ အရွယ်မရောက်သေးသူ ကလေး ၂၀ ကျော်လည်း ပါဝင်တယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။
အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရေး ဆိုတဲ့ အာဆီယံအခြေခံမူက အရေးကြီးပေမဲ့ ဒေသတခုလုံးကိုပါ ရိုက်ခတ်လာတဲ့ အခြေအနေမျိုးမှာတော့ နှုတ်ဆိတ်မနေသင့်ဘူးလို့ ဆိုပြီး မြန်မာစစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူ ဖိအားပေးဖို့ သူက တောင်းဆိုပါတယ်။
၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာတလွှား နိုင်ငံပေါင်း ၃၅ နိုင်ငံမှာ အင်တာနက်ဖြတ်တောက်မှု အနည်းဆုံး ၁၈၇ ကြိမ်ရှိခဲ့ပြီး တနှစ်အတွင်း အမြင့်ဆုံးအရေအတွက်အဖြစ် စံချိန်တင်ရောက်ရှိခဲ့တဲ့ထဲမှာ မြန်မာနိုင်ငံမှာတော့ အနည်းဆုံး ၇ ကြိမ်ရှိခဲ့ကြောင်း Access Now နဲ့ #KeepItOn တို့ရဲ့ အစီရင်ခံစာသစ်က ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာဆက်ဖြစ်ေနေတဲ့္ခအကျပ်အတည်းဟာ ဒေသတွင်းလုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကိုထိခိုက်နေတယ်လို့ မလေးရှားဝန်ကြီးချုပ် အီဘရာဟင်က ဗုဒ္ဓဟူးနေ့က ပြောလိုက်ပြီး ငြိမ်းချမ်းရေးအတွက် စစ်ခေါင်းဆောင်တွေကို အာဆီယံနဲ့ လက်တွဲ အလုပ်လုပ်လာစေဖို့သိမ်းသွင်းနိုင်ရေးမှာ နည်းလမ်းသစ်တွေလိုနေတယ်လို့ သူကဆိုပါတယ်။
ယူကရိန်းစစ်ပွဲကြောင့် ပထဝီနိုင်ငံရေးတင်းမာမှုတွေ ပိုပြီး ကြီးထွားလာနေချိန်မှာပဲ စက်မှုအင်အားကြီး နိုင်ငံ ၂၀၊ G-20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ ကျင်းပမှာဖြစ်ပါတယ်။
တမင်ဖန်တီးထားတယ်လို့ အများက ရှုမြင်ကြတဲ့စွဲချက်တွေနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အယူခံပြင်ဆင်ပေးနေတဲ့ သူမရဲ့ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်ပယ်ချခံရကြောင်း နီးစပ်တဲ့ ဥပဒေရေးရာ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ယူကရိန်းနိုင်ငံအရှေ့ပိုင်း Bakhmut မြို့ဝန်းကျင်မှာ တိုက်ပွဲတွေ အလွန်ပြင်းထန်နေတယ်လို့ ယူကရိန်းစစ်ဘက်အရာရှိတဦးက အင်္ဂါနေ့က ပြောပေမယ့်လည်း နှစ်ဘက်အပြန်အလှန် နယ်မြေသိမ်းပိုက်နိုင်တာကတော့ အနည်းအကျဉ်းလောက်သာ ရှိတယ်လို့ ပြောပါတယ်။
တောင်တရုတ် ပင်လယ် အရေး အငြင်းပွားမှု တိုးလာပြီး တရုတ်-အမေရိကန် ကြားက ပြိုင်ဆိုင်မှု ပြင်းထန်လာနေတာကြောင့် ဖိလစ်ပိုင် စစ်တပ်ရဲ့ အဓိက တာဝန်က နိုင်ငံရဲ့ ပိုင်နက် နယ်မြေကို ကာကွယ်ဖို့ ဖြစ်လာပြီလို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကိုစ့် ဂျူနီယာက ပြောလိုက်ပါတယ်။
တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံတွေက တာဝန်ရှိသူတွေဟာ ပထမဆုံးအကြိမ် စီးပွားရေး ဆိုင်ရာ လုံခြုံရေးဆွေးနွေးပွဲကျင်းပခဲ့ကြောင်း တောင်ကိုရီးယားသမ္မတရုံးက ဖေဖော်ဝါရီ ၂၈ က သတင်းထုတ်ပြန်ပါတယ်။
အင်တာနက်လူမှုကွန်ရက်မှာ ဗွီဒီယိုအတိုလေးတွေတင်လို့ရတဲ့ တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ Tik Tok App ကို လုံခြုံရေးစိုးရိမ်တာကြောင့် ဝန်ထမ်းတွေအသုံးပြုခွင့် ပိတ်ပင်ဖို့ ဥရောပပါလီမန်က ဆုံးဖြတ်လိုက်ကြောင်း EU အရာရှိတွေက အင်္ဂါနေ့က ပြောပါတယ်။
တူရကီတောင်ပိုင်းမှာ အင်အား ၅.၆ ရှိတဲ့ငလျင်တခု တနင်္လာနေ့ကလှုပ်ခတ်ခဲ့လို့ လူတဦးသေဆုံးပြီး အနည်းဆုံး လူပေါင်း ၁၁၀ လောက် ဒဏ်ရာရခဲ့ပြီး။ အရင်ငလျင်ဒဏ်ကြောင့် ပျက်စီးနေတဲ့အဆောက်အဦးများစွာလည်း ပြိုကျခဲ့ပါတယ်။
ဂျနီဗာမြို့မှာ သီတင်း ၅ ပတ်ခွဲကြာကျင်းပမယ့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ညီလာခံအဖွင့်မှာပဲ ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်က အဓိကလွှမ်းမိုးနေပြီး ရုရှားရဲ့ရန်လိုမှုကြောင့် လူအမြောက်အမြား သတ်ဖြတ်ခံနေရပြီး ဒီခေတ်မှာ အဆိုးရွားဆုံး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကြုံနေရတယ်လို့လည်း ကုလအကြီးအကဲက ပြောပါတယ်။
ဆွဇ်ဇာလန်နိုင်ငံက အစားအစာထုတ်လုပ်တဲ့ ကမ္ဘာကျော် Nestle ကုမ္ပဏီကြီး ဟာ မြန်မာနိုင်ငံအတွင်းမှာ သူတို့ရဲ့ထုတ်လုပ်မှုအားလုံး ရပ်ဆိုင်းတော့မယ်လို့ ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့က ပြောပါတယ်။
ရွှေ့ပြောင်းနေထိုင်သူတွေလိုက်ပါလာတဲ့ သစ်သားလှေတစင်းဟာ အီတလီဆိပ်ကမ်းမရောက်ခင် ပျက်စီးနစ်မြုပ်ရာက ကလေးငယ်တဦးအပါအဝင် သေဆုံးသူ ၅၈ ဦးထက်မနည်းရှိခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ရုရှား သမ္မတ Vladimir Putin ရဲ့ အနီးကပ်ဆုံးမဟာမိတ်ဖြစ်တဲ့ Belarus နိုင်ငံ သမ္မတ Alexander Lukashenko ဟာ ဒီသီတင်းပတ်ထဲမှာ တရုတ်နိုင်ငံကို လာရောက်လိမ့်မယ်လို့ တရုတ်အစိုးရက ကြေညာပါတယ်။
ယူကရိန်းအပေါ် ကျူးကျော်တိုက်ခိုက်နေတဲ့ရုရှားတပ်ဖွဲ့တွေကို တရုတ်က စစ်လက်နက်တွေထောက်ပံ့ကူညီဖို့ စဉ်းစားနေတယ်လို့ အမေရိကန်ကယုံကြည်ထားကြောင်း အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) အကြီးအကဲက ပြောလိုက်ပါတယ်။
၂၀၁၄ ခုနှစ်ကတည်းက ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်ဟာ ယူကရိန်းနိုင်ငံရဲ့အစိတ်အပိုင်းအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း အမေရိကန်က တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။
“ အဓိကကတော့ လေယာဉ်မပျံသန်းရဇုန်နယ်မြေသတ်မှတ်ပေးဖို့၊ လေယာဉ်ဆီတင်သွင်းမှုတားမြစ်ဖို့၊ MOGE sanction တွေလုပ်ဖို့၊ အဲဒီကိစ္စတွေ၊ လေယာဉ်တွေလာလို့ရှိရင် ကြိုပြီးအသိပေးနိုင်အောင် early warning syestem တွေ၊ ပြီးရင် အင်တာနက်စနစ်တွေ ပြန်ပြီးတော့ရရှိဖို့ တောင်းဆိုတာဖြစ်တယ်။”(ကိုရင်အေး-Save Myanmar USA)
နောက်ထပ်ကြည့်ရှုရန်