ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံ ၂၀၊ G-20 ရဲ့ ဘဏ္ဍာရေးဝန်ကြီးတွေအိန္ဒိယနိုင်ငံမှာ ၂ ရက်ကြာအစည်းအဝေးက စနေနေ့မှာပြီးဆုံးသွားပြီဖြစ်ပေမယ့် တရုတ်နဲ့ရုရှားတို့ကကန့်ကွက်တဲ့အတွက် ပူးတွဲကြေညာချက်ထုတ်ပြန်နိုင်ခြင်းမရှိဘဲ ပြီးဆုံးသွားခဲ့ပါတယ်။
ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ရုရှားအပေါ် အရေးယူ ဒဏ်ခတ်မှုအသစ်တွေချမှတ်ဖို့ အီးယူ ဥရောပသမဂ္ဂက စနေနေ့မှာ သဘောတူညီမှုရခဲ့ပါတယ်။
VOA ရုရှားဌာနက သတင်းထောက်နှစ်ဦးကို အရင်က ရုရှားကိုထောက်ခံလိုလားတဲ့သတင်းဌာနမှာလုပ်ခဲ့သူတွေဖြစ်တဲ့အတွက်ဆိုပြီး စုံစမ်းစစ်ဆေးဖို့ ပြီးခဲ့တဲ့သောကြာနေ့က အလုပ်ကနေ ခွင့်နဲ့ အနားပေးထားပါတယ်။
ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ G-7 စက်မှုထိပ်သီး ၇ နိုင်ငံ ခေါင်းဆောင်တွေဟာ ယူကရိန်းကို ရုရှားကျူးကျော်စစ်ဆင်နွှဲတာ တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရုရှားအပေါ် နောက်ထပ်အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ဖို့ ဖေဖေါ်ဝါရီ ၂၄ ကကျင်းပတဲ့ G-7 အွန်လိုင်းထိပ်သီးအစည်းဝေးမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။
ထိုင်းနိုင်ငံဟာ ရုရှားအစိုးရရဲ့ယူကရိန်းကျူးကျော်စစ်ကို ရှောင်ဖို့ကြိုးစားတဲ့ရုရှားနိုင်ငံသား ထောင်ပေါင်းများစွာအတွက် ခိုလှုံစရာနေရာတခုဖြစ်လာနေပြီး ရုရှားခရီးသွားအများအပြားဟာ ယူကရိန်းစစ်ကိုရှောင်ဖို့ ဒါမှမဟုတ် ရွှေ့ပြောင်းအခြေချဖို့ ထိုင်းကိုလာရောက်နေပါတယ်။
ရုရှကျူးကျော်စစ် နှစ်ပတ်လည်နေ့မှာ ကမ္ဘာတဝန်းက ယူကရိန်းရဲ့ မဟာမိတ်နိုင်ငံတွေက အထင်ကရ အဆောက်အဦးတွေမှာ မီးထွန်းညှိတာ၊ မီးထွန်းဆုတောင်းပွဲတွေ ပြုလုပ်တာ စတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြသလို ရုရှားကို အရေးယူပိတ်ဆို့မှု အသစ်တွေ ချမှတ်ဖို့ ပြင်ဆင်ကြပြီး ယူကရိန်း အပေါ် စုပေါင်းထောက်ခံမှုတွေ ပြသခဲ့ပါတယ်။
ဥရောပ သမဂ္ဂရဲ့ မြန်မာ စစ်ကောင်စီ အပေါ် ဒဏ်ခတ် အရေးယူမှု အသစ်ကို မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စောင့်ကြည့်နေတဲ့ စည်းရုံးလှုပ်ရှားရေး အဖွဲ့တွေက ကြိုဆိုကြပါတယ်။
ယူကရိန်းစစ်ပွဲ နှစ်ပတ်လည်အချိန်နဲ့ တိုက်ဆိုင်နေတဲ့ ကမ္ဘာ့စီးပွားရေးထိပ်သီး G-20 နိုင်ငံ ၂၀ ရဲ့ ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးမှာ စစ်ပွဲအပေါ် စီးပွားရေး အင်အားကြီး နိုင်ငံတွေကြားက ကွဲပြားမှုကိုလည်း ထုတ်ဖော်ပြသနေပါတယ်။
တရုတ်နိုင်ငံခြားရေးဌာနရဲ့ အာရှရေးရာ အထူးသံတမန် မစ္စတာ တိန့်ရှီဂျွမ်း (Deng Xijun)နဲ့ မြန်မာနယ်စပ်က လက်နက်ကိုင်အဖွဲ့တချို့ တွေ့ဆုံခဲ့ရာမှာ မြန်မာ့နိုင်ငံရေး၊ နယ်စပ်တည်ငြိမ်ရေးနဲ့ ကိုဗစ်ဖြေလျှော့မှုကိစ္စတွေ ပါဝင်တယ်လို့သိရပါတယ်။
ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ် တနှစ်ပြည့်ပြီးချိန်မှာ ယူကရိန်းရဲ့ ရုရှားကို ခုခံတွန်းလှန်ရေးအတွက် အမေရိကန်စစ်ဌာနချုပ် Pentagon က ဒေါ်လာ ၂ ဘီလျံကျော် စစ်ရေးထောက်ပံ့မှု ထပ်ပေးမယ့်အကြောင်း အမေရိကန်အိမ်ဖြူတော်က ကြေညာပါတယ်။ ကူညီမယ့်အထဲ HIMARS ဒုံးကျည်၊ ၁၅၅ မမ အမြောက်ကျည်၊ လေဆာထိန်း ဒုံးကျည်စနစ်တွေပါဝင်။
အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ဒေသခံတွေနဲ့ အဆက်ပြတ်အောင်နဲ့ အင်အားနည်းလာစေဖို့ ရည်ရွယ်ပြီး ပဲခူးရိုးမမှာ ဗမာပြည်ကွန်မြူနစ်ပါတီကို သုတ်သင်ခဲ့စဉ်က ပုံစံမျိုး ဖြတ်လေးဖြတ်ပုံစံကျင့်သုံးတာလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
ရခိုင်ပြည်နယ်က စစ်ကောင်စီအဓိက ထိန်းချုပ်ထားတဲ့ စစ်တွေ၊ တောင်ကုတ်၊ သံတွဲ စတဲ့ မြို့နယ်တွေမှာ ဒီရက်ပိုင်းအတွင်း ဒေသခံတွေ အသတ်ခံရတာ၊ ဓားပြတိုက်ခံရတာ၊ ပစ္စည်းခိုးယူခံရတာတွေနဲ့ လူပြတ်တဲ့နေရာတွေမှာ ပစ္စည်းလုယက်ခံရတာတွေ တိုးလာနေတာကြောင့် ဒေသခံတွေစိုးရိမ်နေကြပါတယ်။
နေအိမ်တွေကို မီးရှို့ခဲ့သလို ယက်ကန်းစင်တွေနဲ့ ယက်ကန်း စက်တွေကိုပါ ရှို့ခဲ့ပြီး စပါးတွေကိုလည်း မီးရှို့သွားတယ်လို့ S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံ ကိုစိုးမိုးအောင်က VOA ကိုပြောပါတယ်။
ကမ္ဘာ ပေါ်မှာ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်စဉ် ဒါမှမဟုတ် မီးဖွားစဉ်မှာ နှစ်မိနစ် တယောက်နှုန်း သေဆုံးနေရပြီး အဲဒီသေဆုံးသူတွေထဲက အများစုဟာ ကြိုတင်ကာကွယ်နိုင်တဲ့ ရောဂါတွေကြောင့် ဖြစ်ရကြောင်း WHO အပါအဝင် ကုလသမဂ္ဂရဲ့ ထိပ်တန်းအေဂျင်စီ လေးခုနဲ့ ကမ္ဘာ့ဘဏ် ကထုတ်ပြန်တဲ့ အစီရင်ခံစာသစ်ကက ဆိုပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ အသက် (၁၁)နှစ်အရွယ် မိန်းကလေးတစ်ဦး ကြက်ငှက်တုပ်ကွေးရောဂါနဲ့ သေဆုံးသွားခဲ့တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါဟာ ကမ္ဘောဒီးယားမှာ ၂၀၁၄ နောက်ပိုင်းမှာ ပထမဆုံးအကြိမ် H5N1 အမျိုးအစား ကြက်ငှက်တုပ်ကွေး လူကို ကူးစက်ခံရတာဖြစ်ပါတယ်။
ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အကြီးအကဲ သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့အပေါ် အမေရိကန်က ပြင်းပြင်းထန်ထန်ရှုတ်ချပြီး ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ သူ့အပေါ် တရားစွဲဆိုထားတာ အားလုံးကို ပယ်ဖျက်ပေးဖို့ အမေရိကန်အစိုးရက တောင်းဆိုတယ်လို့ ပြောပါတယ်။
ရုရှားအနေနဲ့ ယူကရိန်းကို ရန်လိုမှုတွေ အဆုံးသတ်ဖို့နဲ့ ယူကရိန်းမှာရှိတဲ့ သူ့တပ်တွေ ပြန်ရုပ်သိမ်းဖို့ ကုလသမဂ္ဂအထွေထွေညီလာခံက ဆုံးဖြတ်ချက်တရပ်ကို မဲခွဲအတည်ပြုလိုက်ပါတယ်။ ရုရှား ကျူးကျော်တာ တနှစ်မပြည့်ခင် တရက်အလိုမှာ ရုရှားရဲ့ ရန်လိုမှုတွေအဆုံးသတ်ဖို့ ကုလသမဂ္ဂက ပြင်းထန်တဲ့သတင်းစကားပါးလိုက်တာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဥပဒေမဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှု တဟုန်ထိုးများလာရာက ဒေသတွင်းမှာ မူးယစ်ဆေးတွေ ဈေးပေါပေါနဲ့ ရလာချိန်မှာပဲ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ မနှစ်က Methamphetamine သုံးစွဲသူဟာ ရာခိုင်နှုန်း ၃၀ အထိ ခုန်တက်သွားတယ်လို့ သုတေသန စစ်တမ်းတွေမှာ ဖေါ်ပြပါတယ်။
တူရကီနဲ့ ဆီးရီးယား နယ်စပ်မှာ ဖေဖေါ်ဝါရီ ၆ ရက်က လှုပ်ခဲ့တဲ့ ပြင်းအား ၇.၈ ရှိ ငလျင်ကြောင့် သေဆုံးရသူ အရေအတွက်ဟာ အခုဆိုရင် ၄ သောင်း ၇ ထောင်ကျော်သွားပါပြီ။ တူရကီမှာ သေဆုံးရသူက (၄၃ ၅oo) ကျော်ရှိပြီလို့ တူရကီပြည်ထဲရေးဝန်ကြီးက ကြေညာတာကြောင့် တူရကီနဲ့ ဆီးရီးယားမှာ သေဆုံးသူ (၄၇ ၂၀၀) ကျော် ရှိသွားပြီဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်