ရုရှားနိုင်ငံမှာ နျူကလီးယားလက်နက်တွေ ပိုပြီးပိုင်ဆိုင်အောင် အာရုံစိုက်လုပ်နေတယ်လို့ သမ္မတ Vladimir Putin က ဒီကနေ့ ပြောကြားလိုက်ပါတယ်။ ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ အဖမြေကို ကာကွယ်တိုက်ခိုက်နေတဲ့ စစ်သားတွေကို သမ္မတ Vladimir Putin က ချီးကျုးစကားပြောကြားခဲ့တာပါ။
ရိုဟင်ဂျာ ဒုက္ခသည် တစ်သိန်းလောက် အပါအဝင် အထောက်အထားမဲ့ သန်းနဲ့ချီတဲ့ ရွေ့ပြောင်းဝင်လာသူတွေ ခိုလှုံနေထိုင်တဲ့ မလေးရှားနိုင်ငံအတွင်းက အကျဉ်းထောင်တွေထဲမှာ လူတွေ ပြည့်သိပ်နေပြီး ကျန်းမာရေးနဲ့ ညီညွတ်မှု မရှိဘဲ နေထိုင်နေကြရပြီး၊ ရေနဲ့ အစားအသောက် မလုံလောက်တာတွေကို လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြပါတယ်။
ရန်ကုန်မှာ လူ ၃,၀၀၀ ကို စစ်တမ်းကောက်ယူခဲ့တဲ့ထဲက သုံးပုံတပုံကျော်က ထမင်းလျှော့စားကြကြောင်းနဲ့ ဒီလူတွေရဲ့ လေးပုံတပုံကျော်က မိသားစုတွေဟာ ဆေးဝါးနဲ့ကုသမှုမရှိဘဲ နေထိုင်နေကြရကြောင်း ပြောခဲ့ကြတယ်လို့ ကုလအတွင်းရေးမှူးချုပ် ပြောခွင့်ရ Stephane Dujarric က ကုရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဒီနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု လျာထားစာရင်းမှာ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၃၀၅ ဦးကို အမည်စာရင်းတင်သွင်းထားပြီးဖြစ်ကြောင်း အမည်စာရင်း တင်သွင်းခံရသူတွေထဲမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း ပါဝင်ကြောင်း သတင်းတွေထွက်နေပေမဲ့ ပါဝင်သူတွေရဲ့အမည်စာရင်းကိုတော့ တရားဝင်ထုတ်ပြန်တာ မရှိပါဘူး။
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာရှိတဲ့ ဖွဲ့ရာကုန်း မွတ်ဆလင်ဒုက္ခသည်စခန်းက အမျိုးသမီး ၄၀ ကျော်ကို စခန်းတာဝန်ခံတဦးက အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီးတော့ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးတွေက စွပ်စွဲတိုင်တန်းထားပါတယ်။
ကနဦးစစ်ဆေးနေတဲ့ ပုဒ်မ ၁၇/၁နဲ့ ပုဒ်မ ၅၀၅-က ပုဒ်မနှစ်ခုအတွက် လာမယ့် ရုံးချိန်းမှာ စွဲချက်တင်မတင်ဆုံးဖြတ်ဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။
ဘုံသဘောတူညီချက်၅ရပ်ကို တရုတ်က ထောက်ခံတဲ့အတွက် အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ကျေးဇူးတင်ကြောင်းပြောဆိုပြီး၊ ဒါဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို ကူညီဖြေရှင်းဖို့ အာဆီယံရဲ့ အဓိက ရပ်တည်ချက်ဖြစ်ပါတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။
ရုရှားကျူးကျော်မှုကို တနှစ်ပြည့်တဲ့အထိခုခံကာကွယ်နေကြတဲ့ ယူကရိန်းကို အကူအညီပေးဖို့ မိမိတို့ အနောက်မဟာမိတ်တွေအနေနဲ့ ရပ်ဆိုင်းသွားမှာမဟုတ်ဘူးလို့ ပိုလန်နိုင်ငံ၊ ဝါဆောမြို့မှာ အမေရိကန်သမ္မတ Joe Biden က ကတိပြုလိုက်ပါတယ်။
တူရကီနဲ့ ဆီးရီးယားနယ်စပ်ဒေသမှာ တနင်္လာနေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် သေဆုံးသူအရေအတွက် အနည်းဆုံးရှစ်ဦးအထိမြင့်တက်လာပြီး ကယ်ဆယ်ရေးလုပ်သားတွေကလည်း ပြိုကျနေတဲ့အဆောက်အအုံတွေထဲက ပိတ်မိနေသူတွေကို ဆက်လက် ရှာဖွေနေကြပါတယ်။
EU က တနင်္လာနေ့မှာ ဒဏ်ခတ်အရေးယူရာမှာ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဗိုလ်ချုပ်ကြီးမိုးအောင်၊ ဒု ပြည်ထဲရေးဝန်ကြီးနဲ့ရဲချုပ် ဇင်မင်းထက်၊ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ စွမ်းအင်ဝန်ကြီးဦးမျိုးမြင့်ဦး၊ ရန်ကုန်တိုင်း စီးပွားရေးဝန်ကြီး ဒုဗိုလ်မှူးကြီးမျိုးမြင့်အောင်တို့ပါဝင်ကြပါတယ်။
အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်ရဲ့ လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်း ကမ္ဘာ့ရေးရာဆိုင်ရာခေါင်းဆောင်မှု ဆောင်ရွက်သူများအယောက် ၅၀ စာရင်းမှာ Indianapolis မြို့က မြန်မာ-အမေရိကန်လူမှုရေးအသင်း (BACI) ရဲ့ အမှုဆောင် ညွန်ကြားရေးမှူး ချင်းတိုင်းရင်းသား Elaisa Vahnie လည်း ပါဝင်ဂုဏ်ပြုခံရပါတယ်။
အစ္စရေးအုပ်ချုပ်တဲ့ ပါလက်စတိုင်းဒေသမှာ အစ္စရေးဘက်က အခြေချနေထိုင်မှု တိုးချဲ့တာနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်းဖော်ပြတဲ့ ကြေညာချက်တစောင်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံက တနင်္လာနေ့မှာ တညီတညွတ်တည်း အတည်ပြုလိုက်ပါတယ်။
တူရကီနိုင်ငံမှာ မကြာသေးခင်က ငလျင်ဒဏ်ခံရတဲ့နေရာမှာပဲ တနင်္လာနေ့က နောက်ထပ် ၆.၄ ပြင်းအားရှိတဲ့ငလျင် ထပ်လှုပ်သွားတဲ့အတွက် လူ၃ ဦးသေဆုံးပြီး ၂ဝ၀ ကျော် ဒဏ်ရာရသွားပြန်ပါတယ်။
မကြာသေးခင်က ပြင်းထန်တဲ့ငလျင်ဒဏ်ကြောင့် လူပေါင်း ၄၆,၀၀၀ ကျော်သေဆုံးခဲ့ပြီး သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်သွားကြတဲ့ တူရကီနဲ့ဆီးရီးယား ၂ နိုင်ငံကို အမေရိကန် ပြည်ထောင်စုက နောက်ထပ် ဒေါ်လာသန်း ၁၀၀ အကူအညီပေးလိုက်ပါတယ်။
တရုတ်နိုင်ငံဟာ ရုရှားကို လက်နက်ခဲယမ်းတွေပေးဖို့ စဉ်းစားနေတယ်လို့ အမေရိကန် ထောက်လှမ်းရေးအသိုင်းအဝိုင်းကယူဆထားပြီး ရုရှားနဲ့စစ်ရေးအရ တရုတ်ကပါဝင်ပတ်သက်လာမယ်ဆိုရင် ပြဿနာအကြီးအကျယ်ဖြစ်လာနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က သတိပေးလိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့ ထောက်လှမ်းရေးမိုးပျံပူဖောင်း အမေရိကန်လေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်ခဲ့တဲ့လုပ်ရပ်အတွက် တရုတ်ထိပ်တန်းသံတမန် Wang Yi က တောင်းပန်တာမရှိခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောလိုက်ပါတယ်။
တိုက်ချင်းပစ်မစ်ဇိုင်းဒုံး နောက်ဆုံးအကြိမ်စမ်းသပ်မှုဟာ နျူကလီယား တိုက်ခိုက်နိုင်စွမ်း မြှင့်တင်ဖို့ဖြစ်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုကို နောက်ထပ် ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမှာဖြစ်ကြောင်း မြောက်ကိုရီးယားက တနင်္ဂနွေနေ့မှာ ခြိမ်းခြောက်လိုက်ပါတယ်။
တူရကီမှာငလျင်ကြီးလှုပ်ခဲ့ပြီး ၁၂ ရက်အကြာ ပြိုကျနေတဲ့တိုက်ခန်းအဆောက် အဦးတွေကြားက အသက်ရှင်လျက်ရှိတဲ့ သားအမိသားအဖ ၃ ယောက်ကို ရှာဖွေတွေ့ရှိပြီး ကယ်တင်နိုင်ခဲ့ကြောင်း တူရကီအစိုးရသတင်းဌာနက စနေနေ့တုန်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ကမ္ဘာ့ဖလားနဲ့ အင်္ဂလိပ် Premier League ပွဲတွေမှာကစားခဲ့တဲ့ ကမ္ဘာကျာ်ဘောလုံးသမား Christian Atsu ဟာ တူရကီငလျင်အတွင်း ပြိုကျနေတဲ့အဆောက်အဦးတွေအောက်မှာ သေဆုံးနေတာကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သူရဲ့တူရကီ ဘောလုံးအသင်းက စနေနေ့တုန်းကထုတ်ပြန်ပါတယ်။
ဂျာမနီနိုင်ငံ မြူးနစ် လုံခြုံရေးဆိုင်ရာညီလာခံတက်နတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့တွေ့ဆုံပြီး အမေရိကန်ဝေဟင်ကို တရုတ်ထောက်လှမ်းရေးမိုးပျံပူဖေါင်း လွှတ်တင်တာမျိုး ထပ်မလုပ်ဖို့ ပြောခဲ့ကြောင်း တွေ့ဆုံပွဲအပြီး ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်