၇၅ နှစ်မြောက် ချင်းအမျိုးသားနေ့ စိန်ရတုအခမ်းအနားကို ဖေဖေါ်ဝါရီ ၁၈ ရက်မှာ အမေရိကန်ပြည်ထောင်စုက ပြည်နယ်အတော်များများမှာရော နယ်သာလန်နိုင်ငံမှာပါ ကျင်းပခဲ့ကြပါတယ်။ ြ
ဂျာမဏီနိုင်ငံၤမှာ ၃ ရက်တာကျင်းပတဲ့ မြူးနစ် လုံခြုံရေးညီလာခံဖွင့်ပွဲမှာ ယူကရိန်းအတွက် အမေရိကန်ရဲ့ ထောက်ပံ့မှုကို ပါတီကြီး နှစ်ရပ်လုံးက ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ အမေရိကန် လွှတ်တော်အမတ် ၅၀ လောက်ပါတဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။ ၁၉၆၃ နောက်ပိုင်း အမေရိကန် ကိုယ်စားလှယ် အများဆုံး တက်ရောက်တာပါ။
ပါကစ္စတန်နိုင်ငံရဲ့အကြီးဆုံးမြို့ဖြစ်တဲ့ ကရာချိက ရဲဌာနချုပ်ကို မောင်းပြန် သေနတ်တွေ၊ ဗုံးတွေနဲ့ စစ်သွေးကြွအုပ်စုက သောကြာနေ့ညနေပိုင်းမှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦးသေဆုံးခဲ့ပြီး၊ အနည်းဆုံး ၁၉ ဦး ဒါဏ်ရာရခဲ့တယ်လို့ ပြည်နယ်အစိုးရက ပြောပါတယ်။
အသားထုတ်လုပ်တဲ့ စက်ရုံတွေက "အန္တရာယ်ကြီးတဲ့ လုပ်ငန်း" တွေမှာ ကလေးလုပ်သား ၁၀၀ ကျော်ကို ငှားရမ်း အလုပ်လုပ်ခိုင်းခဲ့မှုနဲ့ အမေရိကန်ကုမ္ပဏီ တခုကို ဒေါ်လာ ၁.၅ သန်း ဒဏ်ကြေးတပ်ခဲ့ကြောင်း အလုပ်သမားရေးဌာနက သောကြာနေ့မှာ ပြောလိုက်ပါတယ်။
ဂျပန်၊ တရုတ်၊ ပြင်သစ်နဲ့ အင်ဒိုနီးရှား နိုင်ငံတို့က ဘင်္ဂလားဒေရှ့်ဆိုင်ရာ သံအမတ်တွေနဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေ ရိုဟင်ဂျာ ဒုက္ခသည် တချို့ ပြောင်းရွှေ့အခြေချရာ Bhasanchar ဘာဆန်ချာကျွန်းကို သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မြေနုကျွန်းက ရိုဟင်ဂျာဒုက္ခသည်တွေရဲ့အခြေအနေကို စုံးစမ်းခဲ့ကြတာပါ။
အခုလို အထောက်အပံ့လျှော့ချလိုက်ခြင်းကြောင့် အကူအညီတွေကိုမှီခိုနေရပြီး လိုအပ်ချက်ကြီးနေတဲ့ လူမှုအသိုက်အဝန်းအတွက် ရေရှည်ထိခိုက်မှုတွေရှိလာနိုင်တယ်လို့ သတိပေးပါတယ်။ အခုလို အထောက်အပံ့ဖြတ်တောက်မှုတွေ ရှောင်နိုင်ဖို့အတွက် ဒေါ်လာ ၁၂၅ သန်း ချက်ခြင်းလိုအပ်တယ်လို့လည်း WFP က ရံပုံငွေအလှုခံထားပါတယ်။
တရုတ်နဲ့ အမေရိကန်အကြား တင်းမာမှုတွေဖြစ်စေခဲ့တဲ့ သံသယရှိဖွယ် တရုတ်ထောက်လှမ်းရေး မိုးပျံပူဖေါင်းကိစ္စနဲ့ ပတ်သက်ပြီး တရုတ်သမတ ရှီကျင်းဖျဉ်နဲ့ ဆွေးနွေးသွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကြာသပတေးနေ့မှာ ပြောဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာအကူအညီကို ဖြတ်တောက်လိုက်မယ်ဆိုရင် ကြီးမားတဲ့ကပ်ဘေးကြုံလာရနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပြီး အလှူငွေထောက်ပံ့ပေးဖို့ WFP ကမ္ဘာ့စားနပ်ရိက္ခာ ရိုဟင်ဂျာဒုက္ခသည်ဆိုင်ရာ အဖွဲ့က အရေးပေါ် ပန်ကြားလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Marsudi တို့ဟာ အာဆီယံရဲ့ မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးစားမှုအပါအဝင် ၂၀၂၃ အတွင်း အင်ဒိုနီးရှားရဲ့ အာဆီယံဆိုင်ရာ ဦးစားပေးဆောင်ရွက်မယ့်ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ပါတယ်။
အင်ဒိုနီးရှား မြောက်ဘက်စွန်းက အာချေးပြည်နယ်ကို ကြာသပတေနေ့က ဆိုက်ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်လှေဟာ လမ်းခရီးမှာ လူသေဆုံးမှုတွေ ရှိခဲ့တယ်လို့ အသက်ရှင်ကျန်ရစ်သူတွေက ဆိုပါတယ်။ လှေပေါ်မှာ အမျိုးသမီး ၂၁ ဦးနဲ့ ကလေး ၂၀ ပါရှိပြီး၊ အစာရေစာပြတ်လို့ ပင်လယ်ပြင်မှာ လူ ၂ ယောက်၊ ၃ ယောက် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
အခုရောက်လာသူတွေဟာ ဘင်္ဂလာဒေ့ရ်ှနိုင်ငံက ထွက်ခွာလာကြတာဖြစ်ပြီး၊ အတော်များများက ပင်ပန်းနွမ်းနယ်နေကြတယ်လို့ ဒေသခံတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ပြီးခဲ့တဲ့လတွေအတွင်း လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည်ရာဂဏန်း အာချေးဒေသကို ဆိုက်ရောက်လာကြသလို၊ တချို့ကတော့ ပင်လယ်ထဲမှာ ငတ်မွတ် ပြတ်လပ်ပြီး သေဆုံးခဲ့ကြရပါတယ်။
ပဋိပက္ခဒေသမှာရှိတဲ့ မြန်မာပြည်သူ ၇ သိန်းခွဲကျော်ကို ကူညီဖို့ USAID အနေနဲ့ WFP ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ်နဲ့ လက်တွဲဆောင်ရွက်မယ်လို့လည်း ဖော်ပြပါတယ်။ ပုံမှန်လစဉ်ရိက္ခာထောက်ပံ့မှုအပြင် ငါးနှစ်အောက်ကလေးငယ်တွေ ကိုယ်ဝန်ဆောင်မိခင်နဲ့ နို့တိုက်မိခင်တွေအတွက် အဟာရဖြည့်တင်းရေးအစီအစဉ်တွေလည်းပါဝင်ပါတယ်
အမေရိကန်ပြည်ထောင်စုမှာ ကြက်ဥဈေးတွေ သိသိသာသာမြင့်တက်နေတဲ့အတွက် တချို့သူတွေဟာ တောင်ပိုင်းမှာရှိတဲ့မက္ကဆီနယ်စပ်ကနေ ကြက်ဥတွေကိုဈေးချိုချိုနဲ့ ဝယ်ယူပြီး မြောက်ပိုင်း ပြည်နယ်တွေကို မှောင်ခိုသယ်ယူရောင်းဝယ်ဖို့ ကြိုးစားလာကြပါတယ်။
၂၀၁၈ ခုနှစ်က ထိုင်းနိုင်ငံမှာရေကြီးလို့ လှိုဏ်ဂူထဲ နှစ်ပတ်ကြာပိတ်မိနေလို့ကယ်တင်ခဲ့ရတဲ့ လူငယ်ဘောလုံအသင်းသား ၁၂ ယောက်ထဲက အသင်းခေါင်းဆောင်ဟာ ဗြိတိန်က ဘောလုံးအကယ်ဒမီတခုမှာ သင်တန်းတက်နေရင်း ကွယ်လွန်သွားပြီလို့ သူ့ရဲ့ဆရာဟောင်းတဦးက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
အမေရိကန်နာမည်ကျော် မော်ဒယ်နဲ့ရုပ်ရှင်မင်းသမီးကြီး Raquel Welch ဟာ ရက်အနည်းငယ်ကြာ နေမကောင်းဖြစ်ပြီးနောက် ဗုဒ္ဓဟူးနေ့က ကွယ်လွန်သွားကြောင်း သူ့ရဲ့ကိုယ်စားလှယ်က သတင်းထုတ်ပြန်လိုက်ပါတယ်။
တူရကီနဲ့ဆီးရီးယားမှာ ပြီးခဲ့တဲ့သီတင်းပတ်ကလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် သေဆုံးရသူ ၄၁,၀၀၀ ကျော်ထိ တိုးလာခဲ့ပေမဲ့ အပျက်အစီးတွေကြားကနေ အသက်ရှင်လွတ်မြောက်သူ ၅ ဦးကိုတော့ ဆက်လက် ကယ်တင်နိုင်ခဲ့ပါတယ်။
တရုတ်နိုင်ငံ၊ ဝူဟန်မြို့နဲ့ ဒါလီယန်မြို့တွေမှာ လူထုကျန်းမာရေး အာမခံစနစ် အပြောင်းအလဲကြောင့် ရာနဲ့ချီတဲ့အငြိမ်းစားဝန်ထမ်းတွေဟာ ဗုဒ္ဓဟူးနေ့က ဆန္ဒပြခဲ့ကြတယ်လို့ မျက်မြင်တွေ့သူတချို့က ပြောခဲ့ကြသလို လူမှုကွန်ရက်မှာလည်း ဓာတ်ပုံတွေနဲ့တကွ တွေ့ရပါတယ်။
အမေရိကန်ကပြဌာန်းလိုက်တဲ့ Burma Act ကြောင့် ဘင်္ဂလားဒေ့ရှ်ကို သက်ရောက်စေမယ့် ဒေသတွင်းအကြမ်းဖက်မှုတွေ မဖြစ်စေရဘူးဆိုတာကို အမေရိကန် အဆင့်မြင့်ကိုယ်စားလှယ်က ဗုဒ္ဓဟူးနေ့မှာ ဘင်္ဂလားဒေ့ရှ်ကို အခိုင်အမာ ပြောဆိုလိုက်သလိုပဲ ရိုဟင်ဂျာပြဿနာရဲ့အရင်းအမြစ်ကို ကိုင်တွယ်ဖြေရှင်းနေကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ ၊ ကာဘူးလ်မြို့တော်မှာ အယ်လ်ကိုင်းဒါးအကြမ်းဖက် ခေါင်းဆောင် al-Zawahiri ကို အမေရိကန်ကနေ လေကြောင်းက တိုက်ခိုက် လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ၆ လကျော်အကြာမှာ သူ့နေရာဆက်ခံတဲ့သူကို အီရန်နိုင်ငံမှာ တွေ့လာရတယ်လို့ ကုလသမဂ္ဂကထုတ်ပြန်တဲ့ အကြမ်းဖက်ဝါဒဆိုင်ရာ အစီရင်ခံစာသစ်မှာ ဖေါ်ပြထားပါတယ်။
အီရန်နိုင်ငံတော်လုံခြုံရေးနဲ့ အချုပ်အခြာအာဏာဆိုင်ရာဆောင်ရွက်ချက်တွေကို ထောက်ခံပြောဆိုခဲ့တဲ့ တရုတ်သမ္မတရှီကျင့်ဖျင်က အီရန်နျူကလီယားအရေးကိစ္စကို သင့်လျော်စွာ အမြန်ဆုံးအဖြေရှာဖို့ အင်္ဂါနေ့မှာ တိုက်တွန်းလိုက်ကြောင်း တရုတ်အစိုးရပိုင်သတင်းကဖော်ပြပါတယ်။
နောက်ထပ်ကြည့်ရှုရန်