ရုရှားရဲ့ကျူးကျော်ရန်စမှုတွေကို ယူကရိန်းတပ်တွေက နွေဦးပေါက်လောက်မှာ တန်ပြန်တိုက်ခိုက်နိုင်မယ်လို့ မျှော်လင့်ရကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ပြောပါတယ်။
BBC ကထုတ်လွှင့်ခဲ့တဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi အကြောင်းမှတ်တမ်းရုပ်ရှင်ဟာ ဝါဒဖြန့်ချီရေးသက်သက်ဖြစ်တယ်လို့ အိန္ဒိယအစိုးရကခေါ်ဆိုလိုက်ပြီး သီတင်းပတ်အနည်းငယ်အကြာမှာ New Delhi မြို့တော်နဲ့ Mumbai မြို့တို့မှာအခြေစိုက်ကြတဲ့ BBC သတင်းဌာနခွဲ ရုံးတွေကို အင်္ဂါနေ့က အခွန်ဦးစီးဌာနက ဝင်ရောက်ရှာဖွေခဲ့ကြပါတယ်။
ပြီးခဲ့တဲ့တပတ်က တူရကီနိုင်ငံ့တောင်ပိုင်းမှာ လှုပ်သွားတဲ့ငလျင်ဟာ အနုမြူဗုံးလောက်အားပြင်းသလို လူပေါင်း ၃၅,၄၁၈ ဦးသေဆုံးခဲ့တယ်လို့ တူရကီသမ္မတ Tayyip Erdogan က ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ပြောပါတယ်။
ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းက အစိုးရဆန့်ကျင်ရေးလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ဒေသမှာရှိတဲ့ နယ်စပ်ဂိတ်ကို ဆီးရီးယားအစိုးရက ပြန်ဖွင့်ပေးလိုက်တဲ့အတွက် ကုလသမဂ္ဂအကူအညီပေးရေး မော်တော်ယာဉ်တန်းဟာ အင်္ဂါနေ့မှာ အဲဒီဒေသကိုသွားရောက်နိုင်ပြီဖြစ်ပါတယ်။
ဇန်နဝါရီလ ၁၆ ရက်နေ့က ပြဌာန်းလိုက်တဲ့ အဲဒီ ဥပဒေသစ်အရဆို ထောင်ဒဏ်ချမှတ်ခံရသူတွေ နိုင်ငံရေးပါတီမှာ ပါဝင်ခွင့်မရှိတဲ့အတွက်၊ အဓိက နိုင်ငံရေးခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီခေါင်းဆောင်တွေကို မြန်မာ့နိုင်ငံရေးထဲ ဝင်မရအောင် ပိတ်ပင်လိုက်တာဖြစ်တယ်လို့ HRW က ထောက်ပြပါတယ်။
အမေရိကန်ကပစ်ချခဲ့တဲ့ အမျိုးအစားအတိအကျမသိရတဲ့ အရာဝတ္ထု ၃ ခုဟာ တရုတ်ရဲ့ မိုးပျံပူဖေါင်းလို ထောက်လှမ်းရေးလုပ်ဖို့ရည်ရွယ်တဲ့ အထောက်အထားမျိုးမရှိကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က တနင်္လနေ့မှာ ပြောပါတယ်။
အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် သီတင်းတပတ်ကျော်အကြာ တနင်္လာနေ့မှာလည်း အပျက်အစီးတွေကြားကနေ အသက်ရှင်လွတ်မြောက်သူတွေကို တူရကီကယ်ဆယ်ရေး သမားတွေ ဆွဲထုတ်နိုင်ခဲ့ကြပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံနဲ့ အမေရိကန်အပါအဝင် မိတ်ဖက်နိုင်ငံတွေရဲ့ အကြမ်းဖက်တိုက်ဖျက်ရေးကျွမ်းကျင်သူတွေရဲ့ လုပ်ငန်းအဆင့်ဆွေးနွေးမှုတွေကို မြန်မာစစ်အာဏာပိုင်တွေက အလွဲသုံးစားလုပ်မှာစိုးရိမ်ကြောင်း အမေရိကန်ကပြောလိုက်ပါတယ်။
ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်တွင်းက ရထားဘူတာရုံမှာ တနင်္လာနေ့က ပေါက်ကွဲမှု ဖြစ်ပြီး ၃ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရကြောင်း စစ်ကောင်စီနဲ့ ဒေသတွင်းမီဒီယာကို ကိုးကားပြီး AFP သတင်းက ဖော်ပြပါတယ်။
ဆီးရီးယားနိုင်ငံက အစိုးရထိန်းချုပ်ထားတဲ့ဒေသကိုဖြတ်ပြီး ငလျင်ဘေးအတွက်ပေးမဲ့အကူအညီတွေကို အနောက်မြောက်ပိုင်းဒေသကိုထိန်းချုပ်ထားတဲ့ အစ္စလာမ္မစ်လက်နက်ကိုင်အဖွဲ့က ခွင့်မပြုဘူးလို့ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက တနင်္ဂနွေနေ့က ပြောပါတယ်။
ကနေဒါနိုင်ငံဝေဟင်မှာ အမေရိကန်တိုက်လေယာဉ်ကပစ်ချခဲ့တဲ့ အမျိုးအစားမသိရတဲ့ အရာဝတ္ထုတခုရဲ့အပျက်အစီးအပိုင်းအစတွေကို စုံစမ်းစစ်ဆေးသူတွေ ရှာဖွေနေကြောင်း ကနေဒါဝန်ကြီးချုပ်ကပြောပါတယ်။
တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းကြီးကိုပစ်ချခဲ့ပြီးနောက် ၂ နိုင်ငံကြား တင်းမာမှုတွေမြင့်တက်နေချိန်မှာ အမေရိကန်ရေတပ်နဲ့ ရေကြောင်းစစ်ဆင်ရေးတပ်ဖွဲ့ ပူးတွဲပြီး တောင်တရုတ်ပင်လယ်ပြင်မှာ စစ်ရေးလေ့ကျင့်ကြပါတယ်။
ကမ္ဘောဒီးယားနိုင်ငံက နောက်ဆုံးလက်ကျန် လွတ်လပ်တဲ့သတင်းဌာန The Voice of Democracy VOD ဌာနက သူနဲ့သူ့ရဲ့သားကို တိုက်ခိုက်ရုံသာမက တိုင်းပြည်ဂုဏ်သိက္ခထိခိုက်စေတဲ့အတွက်-ဆိုပြီး ဝန်ကြီးချုပ် Hun Sen က တနင်္ဂနွေနေ့ညပိုင်းက ပိတ်သိမ်းဖို့ အမိန့်ထုတ်လိုက်ပါတယ်။
“Federal Union Day လို့ သုံးရတာက ကျနော်တို့တွေက အနာဂတ်မှာ ဒီမိုကရေစီအခြေခံတဲ့ ဖက်ဒရယ်နိုင်ငံတခုဖြစ်လာဖို့အတွက် ဆိုပြီးတော့ ဒီမှာရှိနေတဲ့တိုင်းရင်းသားတွေကို ကျနော်တို့က စုစည်းဖိတ်ခေါ်ပြီးတော့ ဖက်ဒရယ်ယူနီယံပွဲတခုလုပ်တယ်။ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးဆိုတဲ့ဟာကို အရင်တိုက်တယ်။”(ဦးဆောင်ပါဝင်သူကိုစိုးဦး)
ကနေဒါနိုင်ငံမြောက်ပိုင်းက ဝေဟင်အမြင့်မှာ အမည်မသိယာဉ်တစင်းပျံဝဲနေတာကိုပစ်ချဖို့ ကနေဒါရဲ့ပန်ကြားမှုနဲ့ အမေရိကန်စစ်တပ်ကပစ်ချခဲ့တယ်လို့ ကနေဒါဝန်ကြီးချုပ် Justin Trudeau က စနေနေ့မှာ ပြောကြားလိုက်ပါတယ်။
တူရကီနဲ့ဆီးရီးယားနယ်စပ်ဒေသမှာ အားပြင်းငလျင်လှုပ်ခတ်ခဲ့တာ ၅ ရက်မြောက်နေ့ဖြစ်တဲ့ စနေနေ့အထိ အသက်ရှင်ကျန်ရစ်သူတွေကို အပျက်အစီးပုံတွေကြားကနေ ကယ်ဆယ်ကူညီရေးအဖွဲ့တွေက ရှာထုတ်နိုင်ခဲ့ပါတယ်။
ယူကရိန်းကိုကျူးကျော်တိုက်ခိုက်နေတဲ့ စစ်ပွဲဟာကန့်အသတ်မရှိ ရှည်ကြာနိုင်တယ်လို့ ရုရှားကြေးစားတပ် Wagner Group ခေါင်းဆောင် Yevgeny Prigozhin ကသောကြာနေ့နှောင်းပိုင်းမှာ တွက်ချက်ပြောဆိုခဲ့တယ်။
အမေရိကန်မြောက်ပိုင်း အလာစကာပြည်နယ်ရဲ့ ဝေဟင်မှာ ပျံသန်းနေတဲ့ ကားငယ်တစ်စီးရဲ့ အရွယ်အစားရှိတဲ့ အရာဝတ္ထုတခုကို အမေရိကန်က ပစ်ချခဲ့ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အမိန့်နဲ့ ပစ်ချတာလို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။
အမေရိကန် သမ္မတ Joe Biden က ဘရာဇီလ်း သမ္မတသစ် လက်ဝဲဝါဒီ Luiz Inacio “Lula” da Silva ကို အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ သောကြာနေ့က လက်ခံ ကြိုဆိုခဲ့ပါတယ်။ နှစ်နိုင်ငံစလုံးမှာ ဒီမိုကရေစီ အရေး အပေါ် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနာက် နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာအားကောင်းအောင် ကြိုးပမ်းမှုလည်း ဖြစ်ပါတယ်။
မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က အာဏာသိမ်းမှုဒဏ် ခံနေရတဲ့ မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှု ဖော်ဆောင်နိုင်ရေးအတွက် ထိုင်းနိုင်ငံက ပိုမိုကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပေးဖို့ ကြာသပတေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။ မစ္စတာ အန်နဝါက ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ ပထမဆုံး တွေ့ဆုံစဉ် ပြောခဲ့တာပါ။
နောက်ထပ်ကြည့်ရှုရန်