တူရကီနဲ့ ဆီးရီးယားနယ်စပ်ဒေသမှာ တနင်္လာနေ့က လှုပ်ခတ်တဲ့ အားပြင်း ငလျင်ဒဏ်ကြောင့် သေဆုံးရသူ အခုအချိန်အထိဆိုရင် လူပေါင်း ၂ သောင်းကျော်နေပြီဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်သားတွေဟာလည်း ပစ္စည်းကရိယာ ကောင်းကောင်းမပါပဲ ပြိုကျပျက်စီးနေတဲ့ အဆောက်အအုံတွေကြား အသက်ရှင်ကျန်ရစ်သူတွေကို အချိန်လုပြီး ကြိုးစား ရှာဖွေနေကြဆဲပါ။
တရုတ်နိုင်ငံက ထောက်လှမ်းရေး မိုးပျံပူဖောင်း အသုံးပြုခဲ့မှုဟာ အမေရိကန်ရဲ့ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုအဖြစ် ရှုတ်ချကြောင်း ကြာသပတေးနေ့မှာ အောက်လွှတ်တော်က တညီတညွတ်တည်း မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။ပါတီကြီး နှစ်ခုစလုံးက အလျင်အမြန် သဘောတူညီမှု ရယူနိုင်ခဲ့ကြတဲ့ ရှားပါးဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။
အမေရိကန် အနေနဲ့ HIMARS ဟိုင်းမားစ် ခေါ်တဲ့ ရွေ့လျားနိုင်စွမ်းမြင့်မားတဲ့ တာလတ်ပစ် ဒုံးကျည်စနစ်ကို ကိုင်တွယ်အသုံးပြုနိုင်ဖို့ လေ့ကျင့်သင်ကြားပေးမယ့် စင်တာတခုကို မြောက်အတ္တလန်တိတ် စစ်ရေးမဟာမိတ် နေတိုးအဖွဲ့ဝင်နိုင်ငံတွေအတွက် ဥရောပတိုက်မှာ တည်ဆောက်ဖို့ ရှိတယ်လို့ အမေရိကန်စစ်ဗိုလ်ချုပ်တစ်ဦးက ပြောပါတယ်။
ရခိုင်မြောက်ပိုင်း ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်စတဲ့ မြို့နယ်တွေက စစ်ပြေးဒုက္ခသည် စခန်းတချို့မှာ သောက်ရေသုံးရေ ပြတ်လပ်နေတာကြောင့် အခက်ကြုံနေရတယ်လို့ စစ်ပြေးဒုက္ခသည်တွေက ပြောပါတယ်။ မိုးရာသီတုန်းက ရွာသွန်းမှုနည်းခဲ့တာကြောင့် အရင်နှစ်တွေထက်စောပြီး သောက်သုံးရေ ရှားပါးနေရတာဖြစ်တယ်လို့ဒုက္ခသည်တွေပြောပါတယ်။
Chevron ကုမ္ပဏီဖက်ကတော့ ဒီကိစ္စကို တရားဝင်ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့တွေကတော့ မြန်မာနိုင်ငံရဲ့ ရတနာဓါတ်ငွေ့စီမံကိန်းလုပ်ငန်းဟာ မြန်မာစစ်ကောင်စီအတွက် အဓိကဝင်ငွေလမ်းကြောင်းတခုဖြစ်တာမို့၊ ရေနံနဲ့ဓါတ်ငွေ့လမ်းကြောင်းကရတဲ့ ဒီဝင်ငွေတွေကို ဖြတ်တောက်ဖို့တိုက်တွန်းနေပါတယ်။
တရုတ်ကို တန်ပြန်တုံ့ပြန်နိုင်ဖို့နဲ့ စစ်လက်နက်ပစ္စည်းအတွက် ရုရှားအပေါ်မှီခိုနေရတဲ့ အိန္ဒိယရဲ့အခြေအနေကိုလျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး နည်းပညာနဲ့ကာကွယ်ရေးဆိုင်ရာ ခြေလှမ်းသစ်တွေကို အမေရိကန်နဲ့အိန္ဒိယက ပူးပေါင်းဆောင်ရွက်ဖို့ စတင်နေပါပြီ။
“ကမ္ဘာတဝှမ်း ဒါဇင်နဲ့ချီရှိတဲ့နိုင်ငံတွေကိုဆက်သွယ်ပြီး သတင်းတွေဖလှယ်နေကြပါတယ်။ အမေရိကန်ပြည်ထောင်စုတခုတည်းကို ပစ်မှတ်ထားတဲ့အစီအစဉ်မဟုတ်ဘဲ ကမ္ဘာ့တိုက်ကြီး ၅ တိုက်က နိုင်ငံတွေရဲ့အချုပ်အခြာကိုပါ ချိုးဖောက်ခဲ့တာကြောင့် အခုလို သတင်းတွေမျှဝေခဲ့တာ။” (အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken)
ယူကရိန်းသမ္မတ Volodymyr Zelenskyy က ဗုဒ္ဓဟူးနေ့မှာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်ကိုသွာခဲ့ပြီး ရုရှားရဲ့တနှစ်နီးပါးကြာကျူးကျော်စစ်နဲ့ ရင်ဆိုင်နေရတဲ့ယူကရိန်းကို ထောက်ပံ့မှုအတွက် ဗြိတိန်ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သလိုပဲယူကရိန်းတို့စစ်ပွဲ အဆုံးသတ်မှာအနိုင်ရမယ်လို့လည်း ခန့်မှန်းလိုက်ပါတယ်။
ယူကရိန်းနိုင်ငံအရှေ့ပိုင်းဝေဟင်မှာ မလေးရှားခရီးသည်တင် MH 17 ကို ၂ဝ၁၄ ခုနှစ်ကပစ်ချခဲ့တဲ့ရုရှားမစ်ဇိုင်းဒုံးစနစ်ကို အသုံးပြုဖို့အတွက် ရုရှားသမ္မတ Vladimir Putin က ခွင့်ပြုခဲ့ကြောင်း ခိုင်မာတဲ့အထောက်အထားတွေ တွေ့ရှိထားကြောင်း နိုင်ငံတကာရှေ့နေတွေက ပြောလိုက်ပါတယ်။
ကိုဗစ် ရောဂါဟာ ကျနော်တို့ ဘဝတွေကို ထိန်းချုပ်နိုင်တဲ့ အနေအထားမှာ မရှိတော့ပါဘူး၊ ပြီးခဲ့တဲ့ ၂ နှစ်က ကျနော်တို့ရဲ့ ဒီမိုကရေစီဟာ ပြည်တွင်းစစ်အပြီး အကြီးမားဆုံး ခြိမ်းခြောက်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒီနေ ဒဏ်ရာတွေနဲ့ ထိခိုက်မှုတွေကြားကပဲ ကျနော်တို့ရဲ့ ဒီမိုကရေစီဟာ ဦးမညွှတ်ပဲ၊ မကျိုးမကြေ ဆက်လက်ရှင်သန်နေပါတယ်
ဖိလစ်ပိုင်ဟာ အမေရိကန်နဲ့ စစ်ရေးအရပူးပေါင်းမှု တိုးမြှင့်လိုက်တဲ့သဘောတူညီချက်အသစ်ကြောင့် ဖိလစ်ပိုင်မှာ အမေရိကန်တပ်တွေ လက်ရှိအသုံးပြုနေတဲ့စစ်စခန်း ၅ ခု အပြင်မှာ နောက်ထပ် စစ်စခန်း ၄ ခု ကို အမေရိကန်က အသုံးပြုခွင့်ရလာပါတယ်။
သေဆုံးသူ ၇,၈၀၀ ကျော်ထိရှိလာတဲ့ တူရကီနဲ့ဆီးရီးယားနိုင်ငံနယ်စပ်က အင်အားပြင်းငလျင်ကြောင့် ပြိုကျသွားတဲ့ အပျက်အစီးပုံတွေအောက်မှာ အသက်မသေကျန်ရစ်သူတွေကို အပူတပြင်းရှာဖွေကယ်ဆယ်နေတာမှာ ချက်ကြိုးတန်းလန်းနဲ့ မွေးကင်းစကလေးတယောက်ကိုပါ အင်္ဂါနေ့က ကယ်တင်နိုင်ခဲ့ပါတယ်။
အမေရိကန်သမ္မတ Joe Biden ဟာ သမ္မတတာဝန် သက်တမ်းတဝက်ဖြစ်တဲ့ အရေးကြီးလှတဲ့ ၂ နှစ်ပြည့်မြောက်ချိန်မှာ ဒုတိယအကြိမ် နိုင်ငံတော် အခြေပြမိန့်ခွန်းပြောကြားမှာဖြစ်ပြီး အမေရိကန်ပြည်သူအတော်များများကတော့ သမ္မတဘိုင်ဒန်အနေနဲ့ လက်ရှိချိန်ထိ အောင်မြင်စွာလုပ်ကိုင်နိုင်တာအနည်းငယ်ပဲရှိတယ်လို့ယုံကြည်နေကြပါတယ်။
၂ဝ၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့က အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ပြဌာန်းခဲ့တဲ့ မြန်မာစစ်ကောင်စီအပေါ်ဒဏ်ခတ်ခဲ့တဲ့ အမိန့်အမှတ် ၁၄၀၁၄ ကို သမ္မတအိမ်ဖြူတော်ကနေ နောက်ထပ်တနှစ် သက်တမ်းတိုးလိုက်ပါတယ်။
တူရကီနိုင်ငံနဲ့ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ တနင်္လာနေ့ကလှုပ်သွားတဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၂,၄၀၀ ကျော်ထိရှိကြောင်း ရိုက်တာသတင်းတရပ်မှာဖော်ပြပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သမ္မတရာထူးယူပြီးကတည်းက အင်္ဂါနေ့ညမှာ ကွန်ဂရက်လွှတ်တော်ကို ပထမဆုံး မိန့်ခွန်းပြောကြားဖို့ရှိနေချိန်မှာ အောက်လွှတ်တော်မှာ မဆိုစလောက် အမတ်နေရာအသာရထားတဲ့ ရီပတ်ဘလစ်ကန်တို့ကတော့ သမ္မတအိမ်ဖြူတော်ကို အာဏာအလွဲသုံးစားလုပ်မှု စွဲချက်အတော်များများနဲ့ စုံစမ်းစစ်ဆေးမှုတွေစတင်နေပါတယ်။
စီးပွားရေးမညီမျှမှုတွေ၊ ရာသီဥတုဆိုင်ရာအကြပ်အတည်းတွေ၊ ပထဝီနိုင်ငံရေးကွဲပြားမှုတွေနဲ့ ပဋိပက္ခဖြစ်ပွားရာလမ်းကြောင်းတွေ စတာတွေကို ပြောင်းလဲရေးအတွက် ကမ္ဘာကြီးအနေနဲ့ နိုးနိုးကြားကြားနဲ့ ချက်ချင်း အရေးယူဆောင်ရွက်ဖို့လိုအပ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က တနင်္လာနေ့က သတိပေးလိုက်ပါတယ်။
တရုတ်နိုင်ငံက ထောက်လှမ်းရေးအတွက်ရည်ရွယ်တယ်လို့သံသယရှိတဲ့ မိုးပျံပူဖောင်းကြီးကို အမေရိကန်ကပစ်ချလိုက်တဲ့အပေါ် နိုင်ငံရေးအရ သဘောထားကွဲပြားမှုတွေထွက်ပေါ်နေပါတယ်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ကျုးကျော်စစ်စခဲ့တဲ့ နှစ်ပတ်လည်အချိန်နဲ့တိုက်ဆိုင်ပြီး ရုရှားက အပြင်းအထန်ထိုးစစ်ဆင်နိုင်ခြေရှိတဲ့အတွက် ပြင်ဆင်ထားကြောင်း ယူကရိန်းက ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်