Patriot မစ်ဇိုင်းဒုံးရန်ကာကွယ်ရေးစနစ်နဲ့ပတ်သက်လို့ ယူကရိန်းစစ်ဘက် တပ်ဖွဲ့ ဝင်တွေကို အမေရိကန်ပြည်ထောင်စုမှာ လေ့ကျင့်သင်တန်းပေးတော့မယ်လို့ အမေရိကန်စစ်ဘက်အရာရှိတဦးက ဗွီအိုအေကို အင်္ဂါနေ့က ပြောပါတယ်။
မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အလျှင်အမြန်နဲ့ အပြည့်အဝအကောင်အထည်ဖော်ဖို့နဲ့၊ မြန်မာ့အရေးသိသာထင်ရှားတဲ့တိုးတက်မှုတွေရလာဖို့ အာဆီယံနဲ့ အာဆီယံအထူးကိုယ်စားလှယ်တို့ကို ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာစစ်ကောင်စီကိုတိုက်တွန်းနေတယ်လို့လည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
စင်္ကာပူနိုင်ငံမှာ အိမ်အကူမြန်မာမိန်းကလေးကို ဦးနှောက်ထိခိုက်ပျက်စီးပြီး အသက်ဆုံးရှုံးတဲ့အထိ သမီးဖြစ်သူနဲ့အတူ ကိုယ်ထိလက်ရောက်နှိပ်စက်ခဲ့တဲ့ အိမ်ရှင်အမျိုးသမီးကို တရားရုံးက ထောင်ဒဏ် ၁၄ နှစ် ချမှတ်လိုက်ပါတယ်။
ယူကရိန်းနိုင်ငံ Donbas ဒေသ အရှေ့ပိုင်း Bakhmut မြို့တဝိုက်မှာ ရုရှားနဲ့ယူကရိန်းတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ရုရှားတပ်ဖွဲ့တွေဟာ နောက်ထပ် ပြင်းထန်တဲ့ထိုးစစ်တခု စတင်နေတယ်လို့ ယူကရိန်း ဒုတိယကာကွယ်ရေးဝန်ကြီး Hanna Maliar က ပြောပါတယ်။
ထိုင်းနိုင်ငံကိုလာရောက်တဲ့ နိုင်ငံတကာခရီးသွားတွေ ကိုဗစ်ကာကွယ်ဆေးထိုးထားကြောင်း သက်သေအထောက်အထားပြသရမယ်ဆိုတဲ့အမိန့် ထုတ်ပြန်လိုက်ပြီးရက်ပိုင်းမှာပဲ အဲဒီအမိန့်ကို ထိုင်းတာဝန်ရှိသူတွေ ပြန်ရုပ်သိမ်းလိုက်ပါတယ်။
မက္ကဆီကို နယ်စပ်ကိုဖြတ်ကျော်ပြီး အမေရိကန်နိုင်ငံတွင်း အထောက်အထားမဲ့ တရားမဝင် ဝင်ရောက်လာကြသူ ထောင်ပေါင်းများစွာရဲ့ အခြေအနေကို ကိုယ်တိုင်ကြည့်ရှုဖို့ သမ္မတ Joe Biden ဟာ Texas ပြည်နယ် El Paso မြို့ကို တနင်္ဂနွေနေ့က သွားရောက်ခဲ့ပါတယ်။ ကျူးဘား၊ နီကာရာဂွာ၊ ဟေတီနဲ့ ဗင်နီဇွဲလားက လူတွေကိုဝင်ရောက်ခွင့်ပြုမှာဖြစ်။
တရုတ်နိုင်ငံမှာ တင်းကြပ်တဲ့ ကိုဗစ်ကန့်သတ်မှုတွေ ဖြေလျှော့ပေးလိုက်ချိန်မှာပဲ တရုတ်အစိုးရရဲ့ ကိုဗစ်အရေး ကိုင်တွယ်မှုကို ဝေဖန်ရေးသားတဲ့ လူမှုကွန်ယက် မီဒီယာအကောင့်(၁,၀၀၀)ကျော်ကို ပိတ်ပစ်တာ ဒါမှမဟုတ် ယာယီ ရပ်ဆိုင်းပစ်တာတွေ လုပ်လိုက်ပါတယ်။
ပုသိမ်အကျဉ်းထောင် အဓိကရုဏ်းအတွင်း အကျဉ်းသားတဦးသေဆုံးပြီး နောက်ထပ်လူ(၆၀)ကျော် ဒဏ်ရာတွေ ရရှိသွားတယ်လို့ စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။ အဲဒီ အဓိကရုဏ်းအတွင်း နိုင်ငံရေးအကျဉ်းသားတွေ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး နိုင်ငံရေးအကျဉ်းသား ဝင်းမင်းထက်(ခေါ်)မဲကြီး သေဆုံးခဲ့ရတယ်လို့ AAPP ကပြောပါတယ်။
Orthodox ခရစ်ယန်တွေရဲ့ ခရစ္စမတ် အခါသမယမှာ ၃၆ နာရီကြာ အပစ်ရပ်ဖို့ ကျူးကျော်စစ်နွှဲနေတဲ့ ရုရှားသမ္မတ Putin က အမိန့်ထုတ်ထားပေမယ့်လည်း ယူကရိန်းအရှေ့ပိုင်း Donetsk ဒွန်းညက်ဒေသက Bakhmut မြို့မှာ စနေနေ့က လက်နက်ကြီးတွေနဲ့ အပစ်ခတ် ခံခဲ့ရတယ်လို့ ယူကရိန်းစစ်ဦးစီးချုပ်ရဲ့ ပြောခွင့်ရ Oleksandr Shtupun က ပြောပါတယ်။
အီရန်နိုင်ငံမှာဆန္ဒပြမှုနဲ့ပတ်သက်ပြီး သေဒါဏ်ပေးခံရသူတွေထဲက ၂ ဦးကို စနေနေ့တုန်းကထပ်မံကွက်မျက်လိုက်တဲ့ အတွက် EU ဥရောပသမဂ္ဂအနေနဲ့ စိုးရိမ်ထိတ်လန့်မိကြောင်းနဲ့ အီရန်အစိုးရအနေနဲ့ သေဒါဏ်ပေးတာတွေနဲ့ကွက်မျက် တွေကိုချက်ခြင်းရပ်ဖို့တောင်းဆိုလိုက်ပါတယ်။
တရုတ်ပြည်မှာ ကိုဗစ်ကူးဆက်မှုနှုန်းတွေပြန်မြင့်တက်လာနေတဲ့အတွက် ကမ္ဘာ့နိုင်ငံအသီးသီးက တာဝန်ရှိသူတွေက တရုတ်ပြည်ကလာရောက်တဲ့ ခရီးသွားတွေကို ကန့်သတ်ထိန်းချုပ်ဖို့၊ တားမြစ်ဖို့ ပြုလုပ်တာ ဒါမှမဟုတ် စတင်စဉ်စားနေ တာတွေပြုလုပ်လာနေကြပါတယ်။
တရုတ်နိုင်ငံကမြို့ကြီးတွေမှာ COVID-19 ကူးစက်မှု တနေ့တခြားပိုများနေချိန် မကြာခင် ကျရောက်မယ့် တရုတ်နှစ်သစ်ကူး အားလပ်ရက်အတွင်း လူတွေသန်းနဲ့ချီပြီး ခရီးထွက်ကြတဲ့အခါ ရောဂါ ပိုပြီး ကူးစက်ပျံ့နှံ့မှာကို စိုးရိမ်နေကြပါတယ်။
"ခိုလှုံခွင့်တကယ်လိုအပ်သူတွေကို မြန်မြန်ဆန် ဆန် ကာကွယ်ပေးနိုင်အောင်လည်း လုပ်နေပါတယ်။ ဒါကြောင့် ဖိနှိပ်မှုတွေကထွက်ပြေးလာတာပါလို့ပြောရင် အဲ့ဒီလူအတွက် ခိုလှုံခွင့် အမြန်ဆုံးရအောင် တရားဝင်နည်းလမ်းတွေ ရှိနေပါတယ်။ တရားမဝင်နည်းနဲ့ ဝင်ရောက်တာကိုတော့ လက်ခံမှာမဟုတ်ဘူး”- (အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်)
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရီပတ်ဘလီကင်အမတ် Kevin McCarthy ကို အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ်ရွေးချယ်ဖို့ အကြိမ်ကြိမ် အဆိုပြုမဲပေးခဲ့ကြပေမဲ့ ရီပတ်ဘလစ်ကန် ကွန်ဆာဗေးတစ်အမြင်ပြင်းထန်တဲ့ အမတ် ၂၀ လောက်က အပြင်းအထန် ဆက်ကန့်ကွက်နေတာကြောင့်ဒီကနေ့ ၁၂ ကြိမ်မြောက် ထပ်ပြီးမဲပေးဆုံးဖြတ်ကြဖို့ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းကွယ်လွန်ခဲ့တဲ့ ကမ္ဘာပေါ်ကထင်ရှားတဲ့ပုဂ္ဂိုလ် ၁၀ ယောက်စာရင်းမှာ စစ်ကောင်စီကကွပ်မျက်ခဲ့တဲ့ လွှတ်တော်အမတ်ဟောင်းလည်းဖြစ်၊ ဟစ်ဟော့အဆိုတော်တဦးလည်းဖြစ်တဲ့ ကိုဖြိုးဇေယျာသော်လည်း ပါဝင်ပါတယ်။
၂၀၂၂ ဒီဇင်ဘာလက ကွယ်လွန်သွားတဲ့ Brazil နိုင်ငံက ကမ္ဘာကျော် ဘောလုံးအကျော်အမော် ပီလီကိုဂုဏ်ပြုပြီး Rio de Janeiro မြို့ Maracana အားကစားရုံ ရှေ့ကလမ်းကို King Pelé Avenue လို့ နာမည်ပေးလိုက်ပါတယ်။
ထိုင်းနိုင်ငံကို တရုတ်ကလာတဲ့ ခရီးသည်တွေအနေနဲ့ ကိုဗစ်ကင်းစင်ကြောင်း စစ်ဆေးထားတဲ့ အထောက်အထား ပြစရာမလိုဘူးလို့ ထိုင်းအရာရှိတွေက ဒီကနေ့ ဇန်နဝါရီ ၅ ရက်နေ့မှာ ပြောလိုက်ပါတယ်။
ဒီဇင်ဘာ ၃၁ ရက်က သက်တော် ၉၅ နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ ပုပ်ရဟန်းမင်းကြီးဟောင်း Benedict ရဲ့ ဈာပနကို ဗာတီကန်မှာ ဒီနေ့ ကျင်းပတာမှာ St. Peter's Square ရင်ပြင်မှာ ပရိတ်သတ် ထောင် သောင်းချီ လာရောက် ဝတ်ပြုဆုတောင်းခဲ့ကြပါတယ်။
တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ COVID-19 ရောဂါကူးစက်မှုတွေ သိသိသာသာ တိုးလာနေတာနဲ့အမျှ ဆေးရုံတွေမှာ ဖျားနာသူတွေ ပြည့်လျှံပြီး လူနာကုတင်တွေ မလုံလောက်တော့တဲ့အထိ ဖြစ်နေပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အလှည့်ကျအဖွဲ့ဝင်သစ်တွေဖြစ်လာတဲ့ Ecuador၊ Japan၊ Malta၊ Mozambique နဲ့ Switzerland နိုင်ငံတွေကို လုံခြုံရေးကောင်စီမှာ အင်္ဂါနေ့က တရားဝင် ကြိုဆိုခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်