ဂျပန်နိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ဆက်ဆံရေး ပိုခိုင်မာအောင်လုပ်သွားမယ်လို့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida က ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ကတိပြုလိုက်ပါတယ်။
ယူကရိန်းနိုင်ငံ Donetsk ဒေသက ရုရှားထိန်းချုပ်ထားတဲ့ Makiivka မြို့မှာ ရုရှားစစ်သား ၈၉ ယောက် သေဆုံးသွားခဲ့ပြီး ခွင့်မပြုဘဲဖုန်းသုံးခဲ့တာကြောင့် ယူကရိန်းရဲ့အတိုက်အခိုက်ခံခဲ့ရတာလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
အသံထက် ၅ ဆ ကနေ ၂၅ ဆအထိမြန်တဲ့ဒုံးကျည်တွေ ပစ်ခတ်နိုင်တဲ့ ရုရှားစစ်သင်္ဘောတွေဟာ စစ်ရေးလေ့ကျင့်ဖို့ အတ္တလန်တစ်သမုဒ္ဒရာ၊ အိန္ဒိယသမုဒ္ဒရာနဲ့မြေထဲပင်လယ်ဆီ စေလွှတ်လိုက်တာကို သမ္မတပူတင်က ဒီကနေ့ ဗုဒ္ဒဟူးနေ့မှာ စောင့်ကြပ်ကြည့်ရှုနေပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်တွေချမှတ်တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂက အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ မတရား အဖမ်းဆီးခံနေရသူအားလုံးကို အမြန်ပြန်လွှတ်ပေးဖို့လည်း ပြောပါတယ်။
ဇန်နဝါရီလ ၄ ရက်နေ့မှာကျရောက်တဲ့ ၇၅ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ အခါသမယမှာ မြန်မာပြည်သူတွေအတွက် အမေရိကန်ရဲ့သန္နိဌာန်ခိုင်မာမှုကို ထပ်လောင်းအတည်ပြုကြောင်း နိုင်ငံခြားရေးဝန်ကြီး Blinken က ပြောဆိုလိုက်ပါတယ်။ မြန်မာစစ်ကောင်စီဟာ ဒီမိုကရေစီတိုးတက်မှုနဲ့ ပြည်သူ့ဆန္ဒအတွက် အတားအဆီးဖြစ်နေတယ်လို့လည်း ပြောပါတယ်။
ကမ္ဘာကျော် ဘောလုံးသမားဟောင်း ပီလီရဲ့ ဈာပနအခမ်းအနားကို သူငယ်စဉ်က ဘောလုံးကစားခဲ့တဲ့ Vila Belmiro အားကစားကွင်းမှာ ပြုလုပ်ခဲ့ပြီး၊ ဘရာဇီးရဲ့ သမ္မတသစ် Luiz Lnacio Lula de Silva တက်ရောက်ဂုဏ်ပြုခဲ့ပါတယ်။ သူရဲ့ရုပ်ကလပ်ကို Santos မြို့ လမ်းတွေပေါ်ကနေဖြတ်ပြီး နောက်ဆုံးသင်္ဂြိုလ်မယ့်နေရာကို သယ်ဆောင်သွားခဲ့ပါတယ်။
စစ်ကိုင်းတိုင်းထဲက စစ်ဘေးသင့် ကလေးငယ် ၁,၁၀၀ ကို ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာသင်ကျောင်း ၆ ကျောင်းကို ဇန်နဝါရီလထဲမှာ ဖွင့်လှစ်သွားတော့မှာဖြစ်ပြီး ၊ ကလေးငယ်တွေ ပညာသင်ယူနိုင်ရေးနဲ့ သင်ကြားပေးမယ့် ဆရာဆရာမတွေအတွက် အကူအညီတွေလည်း လိုအပ်နေပါတယ်။ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ကလေးတွေဖြစ်ပါတယ်။
ဘရာဇီးနိုင်ငံက ကမ္ဘာကျော် ဘောလုံးအကျော်အမော် ပီလီရဲ့ဈာပနကို သူ့ရဲ့မွေးရပ်မြေ Santos မှာ ဒီနေ့ကျင်းပပြီး Santos မြို့ Urbano Caldira အားကစားကွင်းမှာ လူတွေ တန်းစီပြီး နောက်ဆုံး နှုတ်ဆက် ဂါရဝပြုကြပါတယ်။
၂၀၂၂ နိုဝင်ဘာလအတွင်းကျင်းပခဲ့တဲ့ အမေရိကန်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ လွှတ်တော်အမတ်တွေ ဒီကနေ့ ဒီဇင်ဘာ ၃ ရက်မှာ ကျမ်းသစ္စာကျိန်ဆို၊ လွှတ်တော်အသစ်ကိုခေါ်မှာဖြစ်ပြီး အောက်လွှတ်တော်ဥက္ကဋ္ဌတင်မြှောက်ဖို့ အမတ်နေရာ အနည်းငယ် အသာစီးရထားတဲ့ ရီပတ်ဘလီကန်ပါတီက အုပ်စုအသီးသီးကြားမှာ ညှိနှိုင်းဆွေးနွေးနေကြပါတယ်။
ဒီမိုကရေစီကျကျ ရွေးကောက်တင်မြှောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေနဲ့မညီ နောက်ထပ် ထောင်ဒဏ် ၇ နှစ် ထပ်မံချထားလိုက်တဲ့အတွက် ပြင်သစ်နိုင်ငံက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်မြောက်ပိုင်း ကျေးလက်ဒေသဘက်မှာ မုန်တိုင်းပြင်းထန်ပြီး ရာသီဥတုဆိုးရွားမှု နောက်ဆက်တွဲဘေးအန္တရာယ်တွေကြောင့် ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ ဇန်နရီလ (၁)ရက် မနေ့က သက်ဆိုင်ရာကနေ သတိပေးချက် ထုတ်ပြန်ထားပါတယ်။
အမေရိကန် နျူကလီယားတပ်ဖွဲ့တွေနဲ့ ပူးတွဲစီမံကိန်း ရေးဆွဲလေ့ကျင့်ရေး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ဆွေးနွေးနေတယ်လို့ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol က ပြောပါတယ်။
ဒီဇင်ဘာလ (၃၁) ရက်နေ့ကကွယ်လွန်သွားတဲ့ ပုပ်ရဟန်းမင်းကြီးဟောင်း Emeritus Benedict ရုပ်ကလပ်ကို အများပြည်သူလာရောက်ကြည့်ရှုဖို့ စိန့်ပီတာရင်ပြင်မှာရှိတဲ့ Basilica ဘုရားကျောင်းမှာ ဒီနေ့ တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ ထားရှိမှာဖြစ်ပြီး ကြာသပတေးနေ့မှာ ဈာပန အခမ်းအနား ကျင်းပမှာဖြစ်ပါတယ်။
ခရစ်သက္ကရာဇ် ၂၀၂၂ ခုနှစ်ကုန်ဆုံးလို့ ၂၀၂၃ ခုနှစ်ကို ဝင်ရောက်လာပါပြီ၊ ကမ္ဘာ့အရှေ့ခြမ်းနိုင်ငံတွေဟာ ၂၀၂၂ ခုနှစ်ကို နှုတ်ဆက်ခဲ့ကြပြီး၊ ၂၀၂၃ ခုနှစ် နှစ်သက်ကို ရောင်စုံမီးပန်းတွေပစ်လွှတ်ပြီး ကြိုဆိုခဲ့ကြပါတယ်။
ပုပ်ရဟန်းမင်းကြီးဟောင်း Benedict XVI ဟာ သက်တော် ၉၅ နှစ် အရွယ် စနေနေ့မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
ပေါ်တူဂီ ဘောလုံးအကျော်အမော် Cristiano Ronaldo ဟာ ငွေပုံပေးမယ့် ဆော်ဒီအာရေးဗျ ကလပ်အသင်း Al Nassr ကို သောကြာနေ့က ပြောင်းရွှေ့သွားပါပြီ။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပေါ် ထောင်ဒဏ်ပြစ်ဒဏ်ချမှတ်မှုအတွက် ပြင်းထန်စွာ ရှုတ်ချသလို နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ပြန်လွှတ်ပေးဖို့ အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံ Derek Chollet ကတောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေရဲ ဆန္ဒကိုလေးစားဖို့ စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံက ပဋိပက္ခတွေကို အာဆီယံအနေနဲ့ ကူညီဖြေရှင်းဖို့ရာမှာ ဘုံသဘောတူညီချက် ၅ ရပ်သာလျှင် အဖြစ်နိုင်ဆုံးနည်းလမ်းဖြစ်ပြီး၊ ဒီသဘောတူညီချက်ကို အကောင်အထည်ဖေါ်ခြင်းဖြင့်သာ စစ်ကောင်စီအနေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ အာဆီယံ အလှည့်ကျဥက္ကဌဖြစ်လာမယ့် အင်ဒိုနီးရှားက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ လုံခြုံမှုကင်းမဲ့တာတွေကြေ ာင့် အိုးအိမ်စွန့်ခွါထွက်ပြေးရသူ ၁.၅ သန်း လောက်ရှိပြီး၊ လာမယ့် ၂၀၂၃ ခုနှစ်အတွင်း လူပေါင်း ၄ သန်းခွဲလော က်အတွက် အရေးပေါ်အကူအညီတွေ လိုအပ်မယ်လို့ ကုလသမဂ္ဂ UNOCHA က ထုတ်ပြန်ပြောဆိုထားပါတယ်။
ထိုင်းနယ်စပ်အနီး ကမ္ဘောဒီးယားနိုင်ငံက လောင်းကစားရုံဟိုတယ်တခု ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ မီးလောင်လို့ အနည်းဆုံး လူ ၁၉ ယောက် သေဆုံးသွားတယ်လို့ ဝိုင်ယာသတင်းတွေမှာ ဖော်ပြပါတယ်။
နောက်ထပ်ကြည့်ရှုရန်