လာမယ့် ၂၀၂၃ ခုနှစ်ဟာ ငြိမ်းချမ်းရေးကို အရင်ကထက် ပိုလိုအပ်နေတဲ့ နှစ်ဖြစ်ပြီး ပဋိပက္ခတွေ အဆုံးသတ်ရေး ဆွေးနွေးဖြေရှင်းဖို့လိုတဲ့အကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres က မနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပြောကြားတဲ့ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ ကိုဗစ် 19 ရောဂါဖြစ်ပွားမှုတွေတိုးလာနေတဲ့အတွက် အမေရိကန်ပြည်ထောင်စုကို တရုတ်နိုင်ငံက လေကြောင်းနဲ့ ရောက်လာသူတွေအားလုံးနီးပါး ဇန်နဝါရီလ ၅ ရက်နေ့ကစပြီး ကိုဗစ် ရောဂါကင်းစင်ကြောင်း သက်သေအထောက်အထား ပြရမယ်လို့ အမေရိကန်ဗဟိုအစိုးရ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။
ဒီနှစ် ၂၀၂၂ ခုနှစ်အတွင်း NUG နဲ့ အတိုက်အခံအင်အားစုတွေရဲ့ထိန်းချုပ်နယ်မြေတွေမှာရှိတဲ့ စာသင်ကျောင်းတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်ခဲ့တဲ့အတွက် သေဆုံးတဲ့ကလေးပေါင်း ၁၆၅ ယောက်ရှိကြောင်း NUG ရဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က ၂၀၂၃ ခုနှစ် မြောက်ကိုရီးယား စစ်တပ်အတွက် ရည်မှန်းချက်အသစ်တွေကို လက်ရှိကျင်းပနေတဲ့ အာဏာရ အလုပ်သမားပါတီအစည်းအဝေးမှာ ချပြပြောဆိုသွားတဲ့အကြောင်း မြောက်ကိုရီးယားအစိုးရပိုင် သတင်းဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
အမေရိကန်မှာ New York ပြည်နယ်ထဲက တမြို့လုံး လည်ပတ်မှုရပ်သွားရလောက်အောင် နှင်းမုန်တိုင်းဒဏ်ခံထားရတဲ့ Buffalo မြို့မှာ ရှင်းလင်းရေးတွေ စလုပ်နေပြီး ကားမမောင်းရလို့ တားမြစ်ထားပေမဲ့ တချို့က မလိုက်နာတဲ့အတွက် Buffalo မြို့အဝင် လမ်းတွေနဲ့ အဓိကလမ်းဆုံလမ်းမကြီးတွေမှာ ရဲတွေ ဖြန့်ချထားတယ်လို့ သတိပေးထားပါတယ်။
အသက် ၉၅ နှစ် ရှိပြီဖြစ်တဲ့ ယခင် ပုပ်ရဟန်းမင်းကြီး Benedict ဟာ အတော်ကြီး မကျန်းမမာ ဖြစ်နေပြီး သူ့အတွက် ဆုတောင်းပေးနေပါတယ်လို့ Catholic ဘာသာဝင်တွေရဲ့ လက်ရှိ ပုပ်ရဟန်းမင်းကြီး Francis ကဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။
အကျင့်ပျက်ခြစားမှုနဲ့ ထောင်ဒဏ် ၁၇ နှစ် ကျခံနေရတဲ့ တောင်ကိုရီးယား သမ္မတဟောင်း Lee Myung-bak (အီမြောင်ဘတ်) ကို အင်္ဂါနေ့က လက်ရှိသမ္မတ Yoon Suk-yeol က လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။
တရုတ်ရဲ့ခြိမ်းခြောက်မှုကြောင့် ထိုင်ဝမ်နိုင်ငံမှာ စစ်မှုမထမ်းမနေရကာလကို ၄ လ ကနေ ၁ နှစ်အထိတိုးမြှင့်ကြောင်း အင်္ဂါနေ့မှာ ကြေညာမယ်လို့ ဒေသခံ မီဒီယာတွေက ပြောကြပါတယ်။
ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ဘယ်ဘက်မှမလိုက်တဲ့ တရုတ်ရဲ့ရပ်တည်ချက် ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီက ကာကွယ်ပြောကြားလိုက်ပြီး လာမယ့်နှစ်မှာ ရုရှားနဲ့ ပိုပြီး နက်နက်ရှိုင်းရှိုင်းဆက်ဆံမယ်လို့ ပြောလိုက်ပါတယ်။
တနင်္လာနေ့က တောင်ကိုရီးယားလေပိုင်နက်ထဲကို သံသယဖြစ်ဖွယ် မြောက်ကိုရီးယားဒရုန်းယာဉ်တွေ ဝင်ရောက်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
ကမာရွတ်သတင်းမီဒီယာ ပူးတွဲတည်ထောင်သူလည်းဖြစ်၊ ထုတ်လုပ်ရေးမှူးလည်းဖြစ်သူ ကိုဟံသာညိမ်းကို အီလက်ထရောနစ်ပုဒ်မ ၃၃ နဲ့ ကမာရွတ်မြို့နယ်၊ အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ ထောင်ဒဏ် ၅ နှစ်ထပ်မံအမိန့်ချခံရပြီး မတ်လမှာချမှတ်ခံရတဲ့ ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၂ နှစ်နဲ့ပေါင်းရင် စုစုပေါင်း ၇ နှစ်ရှိသွားပါပြီ။
၃၅ နှစ်ကြာ လွှတ်တော်တာဝန်တွေထမ်းဆောင်ခဲ့သူ Nancy Pelosi ဟာ ၂၀၀၇ ခုနှစ် သမ္မတ Gaorge W. Bush လက်ထက်ခဲ့ကစလို့ Barack Obama၊ Donald Trump နဲ့ လက်ရှိသမ္မတ Joe Biden တို့လက်ထက်မှာ အောက်လွှတ်တော်ဥက္ကဋ္ဌတာဝန်တွေယူခဲ့ပြီး ၂၀၂၃ လွှတ်တော်သက်တမ်းသစ်မှာတော့ အနားယူတော့မှာဖြစ်ပါတယ်။
အမေရိကန်မှာ သမိုင်းတင်အောင်ကျယ်ပြန့် ပြင်းထန်တဲ့ ဆောင်းမုန်တိုင်းကြီးရဲ့ဒဏ်ကို လူဦးရေ ၆၀% ၊လူဦးရေသန်း ၂၀၀ လောက်ခံရလိမ့်မယ်လို့ မိုးလေဝသဌာနက သတိပေးထားပြီး လောလောဆယ်အထိ New York၊ Kentucky၊ မြောက် Carolina၊ အနောက် Virginia၊ Georgia နဲ့ Oklahoma ပြည်နယ်တွေမှာ အရေးပေါ် အခြေအနေ ထုတ်ပြန်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ၂၀၂၁ ဇန်နဝါရီလ ၆ ရက် လွှတ်တော်စီးနင်းတိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး လွှတ်တော်အမတ်တွေရဲ့ စုံစမ်းစစ်ဆေး တွေ့ရှိမှု အသေးစိတ် ဖော်ပြထားတဲ့ စာမျက်နှာ ၈၀၀ ကျော်ပါ နောက်ဆုံး အစီရင်ခံစာကို မနေ့ ကြာသပတေးနေ့က ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ မတရားလုပ်ခံရမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေကို ကိုယ်တိုင်ခံရသူ၊ မျက်မြင်တွေ့သူတွေအနေနဲ့ အချက်အလက်တွေကို လုံခြုံတဲ့လမ်းကြောင်းကနေ ပေးဖို့ကြဖို့ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုယန္တရား IIMM ကတိုက်တွန်းလိုက်ပါတယ်။
အမေရိကန်ဆီးနိတ်လွှတ်တော်ကနေ လာမယ့်နှစ်အစိုးရအသုံးစားရိတ် ဘတ်ဂျက်အတွက် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၇ တြီလီယံကို ကြာသပတေးနေ့တုန်းကအတည်ပြုပေးလိုက်ပါတယ်။
ဂျပန်နိုင်ငံမှာ နျူကလီယားဓါတ်ပေါင်းဖိုတွေ ဆက်လက် ထားရှိမယ့် အစီစဉ်ကို အစိုးရက ကြာသပတေးနေ့မှာ အတည်ပြုလိုက်ပါတယ်။ လက်ရှိ ဓါတ်ပေါင်းဖိုဟောင်းတွေ နေရာမှာ အသစ်အစားထိုးဖို့နဲ့ နောက်ထပ် ဓါတ်ပေါင်းဖို အသစ်တွေ ထပ်မံဆောက်လုပ်ဖို့ပါ ပါဝင်ပါတယ်။
“ မြန်မာ့အရေးကို ဦးစားပေးလုပ်ငန်းစဉ်အဖြစ်နဲ့ ပုံမှန် လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ မြန်မာပြည်သူတွေရဲ့အသက်တွေကို ကယ်တင်နိုင်ဖို့နဲ့ ဒေသတွင်း မတည်ငြိမ်မှုတွေ ထပ်တိုး မဖြစ်အောင် လုံခြုံရေးကောင်စီက ပြတ်သားတဲ့ဆုံးဖြတ်တွေ ချမှတ်ဖို့ လိုအပ်ပါတယ်” (ဦးကျော်မိုးထွန်း- မြန်မာဆိုင်ရာ ကုလသံအမတ်ကြီး)
ယူကရိန်းရင်ဆိုင်နေရတဲ့စစ်ပွဲက ကမ္ဘာတဝန်းက မျိုးဆက်သစ်ကလေးငယ်တွေနဲ့ မြေးမြစ်တွေ ရှင်သန်နေထိုင်မယ့် အနာဂါတ်ကမ္ဘာကိုပုံဖော်ပေးမယ့် တိုက်ပွဲဖြစ်တယ်လို့ ယူကရိန်း သမ္မတ Volodymyr Zelenskyy က ပြောလိုက်ပါတယ်။
အမေရိကန်တဝန်း နှစ်ပေါင်း ၃၀ ကျော်အတွင်း တကြိမ်သာဖြစ်လေ့ရှိပြီး အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ဆောင်းရာသီ နှင်းမုန်တိုင်းကြီး နိုင်ငံတဝန်း ဖြတ်သန်း ဝင်ရောက်နေတာမို့ ခရစ္စမတ်ရာသီ ခရီးသွားကြမယ့် အမေရိကန်မိသားစုသန်းပေါင်းများစွာအတွက် အခက်အခဲတွေဖြစ်လိမ့်မယ်လို့ မိုးဇလပညာရှင်တွေက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်