မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မြန်အကောင်အထည်ဖော်နိုင်အောင် အာဆီယံဝန်ကြီးတချို့နဲ့ အလွတ်သဘော တိုင်ပင်ဆွေးနွေးပွဲတခု ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီနေ့ ကျင်းပခဲ့ရာမှာ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပြီး မလေးရှား၊ အင်ဒိုနီးရှားနဲ့စင်ကာပူနိုင်ငံတွေ မတက်ရောက်ပါဘူး။
အိန္ဒိယနိုင်ငံ ကပ္ပလီကျွန်းစုတွေနားမှာ ရိုဟင်ဂျာအယောက် ၁၀၀ လောက် အနည်းဆုံးပါတဲ့ လှေတစင်း သောင်တင်နေပြီး လှေပေါ်မှာပါလာသူ ၁၆ ယောက်ကနေ အယောက် ၂၀ လောက်ဟာ ရေနဲ့ အစားအစာငတ်ပြတ်လု့ိ၊ ရေနစ်လို့ သေဆုံးသွားနိုင်တဲ့အခြေအနေ ကြုံနေကြတယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားတဲ့အဖွဲ့ ၂ ခုက ပြောပါတယ်။
သမ္မတဟောင်း Donald Trump အခွန်ဆောင်မှတ်တမ်း တစိတ်တပိုင်း တည်းဖြတ်ထားတာတွေကို ထုတ်ပြန် ဖို့ အောက်လွှတ်တော်ကော်မတီက မနေ့ ဒီဇင်ဘာ ၂၀ ရက်နေ့ နှောင်းပိုင်းမှာ မဲခွဲ ဆုံးဖြတ်လိုက်ပါတယ်။
ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ ဒီကနေ့ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိမှာဖြစ်ပြီး လွှတ်တော် နှစ်ရပ်ပေါင်းရှေ့မှာ မိန့်ခွန်းပြောကြားဖို့ရှိသလို အိမ်ဖြူတော်မှာ သမ္မတ Joe Biden နဲ့လည်း သမ္မတအိမ်ဖြူတော်မှာ တွေ့ဆုံကြဖို့ရှိပါတယ်။
လူ့အခွင့်အရေးတွေချိုးဖောက်နေတဲ့ စစ်ကောင်စီအုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတာဟာ မြန်မာပြည်သူတွေကို ကူညီဖို့ ဖြစ်တယ်လို့ ထိုင်းရေနံကုမ္ပဏီ PTT ရဲ့ ဓာတ်ဆီနဲ့ လက်လီအရောင်းဆိုင်လုပ်ငန်း (OR) ကပြောလိုက်ပါတယ်။
Australia နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ ဘေကျင်းမြို့နိုင်ငံတော်ဧည့်ဂေဟာမှာ တွေ့ဆုံစဉ် အကျိုးစီးပွါးချင်း ထိပ်တိုက်တွေ့ဖို့ အခြေခံအားဖြင့် အကြောင်းမရှိကြောင်းနဲ့ သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့်ကို အကြောင်းပြုပြီး ဆက်ဆံရေး ပြန်စတင်ကြဖို့ ဝန်ကြီး Wang Yi က ပြောကြားခဲ့ပါတယ်။
ထိုင်းပင်လယ်ကွေ့မှာ တနင်္ဂနွေနေ့က နစ်မြှုပ်သွားခဲ့တဲ့ ထိုင်းရေတပ်သင်္ဘော Sukhothai ပေါ် လိုက်ပါလာသူတွေထဲက အသက်ရှင်ကျန်ရစ်သူ တဦးနဲ့ အလောင်း ၅ လောင်းကို ပြန်တွေ့ခဲ့တယ်လို့ ထိုင်းရေတပ်က ပြောပါတယ်။
ကမ္ဘာ့ဖလားဘောလုံးပွဲ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ အာဂျင်တီးနားဘောလုံးအသင်းဟာ အင်္ဂါနေ့က မြို့တော် Buenos Aires အရောက် အောင်ပွဲခံလှည်လည်တဲ့ အစီအစဉ်မှာ ဧည့်ပရိသတ် သန်းနဲ့ချီများပြားပြီး ၄ နာရီကြာပိတ်မိပြီးနောက် ခရီးမတွင်တဲ့အတွက် အစီအစဉ်ပြောင်းပြီး ရဟတ်ယဉ်နဲ့ မြို့တော်က လူတန်းကြီးကိုကျော်ပြီး သွားခဲ့ရပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် လက်မှတ်ထိုးပြဋ္ဌာန်းလိုက်တဲ့ “အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ”မှာ ချုပ်ချယ်ကန့်သတ်မှု အများအပြား ထည့်သွင်းထားပြီး ထောင်ဒဏ်ငွေဒဏ်တွေ ချမှတ်နိုင်တဲ့အတွက် အသင်းအဖွဲ့တွေ လွတ်လပ်စွာ ရပ်တည်ဆောင်ရွက်ရေးမှာ အကန့်အသတ်တွေ ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ အစိုးရပိုင်နဲ့ ပုဂ္ဂလိကပိုင် တက္ကသိုလ် ကောလိပ်ကျောင်းတွေမှာ မိန်းကလေးတွေကို တက်ရောက် ပညာသင်ကြားခွင့် ပိတ်ပင်လိုက်ကြောင်း တာလီဘန်တွေက အင်္ဂါနေ့မှာ အမိန့်ထုတ်ပြန် လိုက်ပါတယ်။ ခုလို မိန်းကလေးတွေအပေါ် ကန့်သတ်ပိတ်ပင်တာကို ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာက ရှုတ်ချလိုက်ပါတယ်။
“ရုရှားက ထောက်ခံထားတဲ့ Donetsk နဲ့ Lugansk ခွဲထွက်နိုင်ငံတွေ၊ Kherson နဲ့ Zaporizhzhia ဒေသတွေမှာ အင်မတန်ခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်” - လို့ ရုရှားလုံခြုံရေးတပ်ဖွဲ့တွေအတွက် အားလပ်ရက်နေ့ကျင်းပတဲ့ အခမ်းအနားမှာ သမ္မတပူတင်က ပြောကြားခဲ့ပါတယ်။
ဂျပန်လုံခြုံရေးမဟာဗျူဟာသစ်ကို မြောက်ကိုရီးယားက အင်္ဂါနေ့မှာ လူသိရှင်ကြား ရှုတ်ချလိုက်ပါပြီး ဒီ မဟာဗျူဟာအသစ်ဟာ နိုင်ငံတကာငြိမ်းချမ်းရေးကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်နေပြီး ဒေသတွင်းလုံခြုံရေးကို အခြေခံကျကျ ပြောင်းလဲတာဖြစ်တာမို့ လက်တွေ့ကျကျ တုံ့ပြန်သွားမယ်လို့ မြောက်ကိုရီးယားက သတိပေးလိုက်ပါတယ်။
မြန်မာအရေးနဲ့ပတ်သက်တဲ့ အလွတ်သဘော အစည်းအဝေးတရပ် ဒီဇင်ဘာ ၂၂ မှာကျင်းပဖို့ စိတ်ဝင်စားကြတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်တွေကို ထိုင်းနိုင်ငံက ဖိတ်ကြားထားပြီး ထိုင်းရဲ့အိမ်နီးချင်းနိုင်ငံတွေက တက်ရောက်ဖို့ အကြောင်းပြန်ထားကြောင်း အမည်မဖော်လိုတဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
အခုရက်ပိုင်းအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်လိုင်ဇာအနီးကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာရှိသလို ဝိုင်းမော်မြို့နယ် ကန်တောင်ယန်ရွာဘက်မှာ လေယာဉ်နဲ့ ဗုံးကြဲတာတွေ ရှိခဲ့ပါတယ်။
စစ်တပ်ရဲ့ ကန့်သတ်ပိတ်ပင်မှုတွေကြားက စစ်ကောင်စီဆန့်ကျင်ရေးအင်အားစုတွေက လူမှုကွန်ယက်နဲ့ အွန်လိုင်းသုံးပြီး ဒေါ်လာသန်းနဲ့ချီ ရံပုံရအောင် ရှာနိုင်နေကြောင်းနဲ့ ဒီငွေတွေကို ပြည်သူတွေက ထည့်ဝင်တာဖြစ်ကြောင်း ဘယ်လ်ဂျီယံနိုင်ငံ ဘရတ်ဆဲလ်အခြေစိုက် နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ ICG က ဒီနေ့ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
ဘဲလာရု-စ်နိုင်ငံကို ရုရှားသမ္မတ Vladimir Putin မသွားခင် တနင်္လာနေ့ အရုဏ်မတက်မီမှာ ဒရုန်းအမြောက်အများနဲ့ ရုရှားက ယူကရိန်း မြို့တော် ကိဗ်ကို ဒရုန်း ၂၃ စင်းနဲ့တိုက်ခိုက်ခဲ့ပြီး ယူကရိန်းတပ်တွေက ၁၈ စင်းကိုပစ်ချခဲ့တယ်လို့ ကိဗ်မြို့ တာဝန်ရှိသူတွေက အင်စတာဂရမ်မှာ ပြောထားပါတယ်။
ဒီဇင်ဘာ ၂၁ ကနေ ၂၇ အထိလုပ်ကြမယ့် ရုရှား-တရုတ် ရေတပ်လေ့ကျင့်ရေးအတွက် ရုရှား ရေတပ်သင်္ဘောတွေထွက်ခွါသွားပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ တနင်္လာနေ့မှာ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို စစ်ကောင်စီဘက်ကစွပ်စွဲထားတဲ့ အဂတိလိုက်စားမှု စွဲချက်တွေဟာ မမှန်ကန်ဘဲ ရဟတ်ယာဉ်ဝယ်ယူငှားရမ်းမှုတွေဟာ လိုအပ်ချက်အရဝယ်ယူပြီး လိုအပ်တဲ့နေရာတွေမှာပဲ သုံးစွဲခဲ့တာဖြစ်ကြောင်း NLD ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ လာရောက်ထွက်ဆို စစ်ဆေးခံပါတယ်။
ထိုင်းပင်လယ်ကွေ့မှာ လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်စနစ်ပျက်ယွင်းသွားရာကနေ ထိုင်းရေတပ်စစ်သင်္ဘောတစင်းနစ်မြုပ်သွားပြီး ရေတပ်သဘောၤသား ၇၅ ယောက်ကို ကယ်တင်နိုင်ခဲ့ပေမယ့် ၃၁ ယောက်ကိုတော့ တခြားသင်္ဘောနဲ့ ရဟတ်ယာဉ်တွေ ကူညီကယ်ဆယ်နိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်မှုပြီးဆုံးပြီဖြစ်သည့် အမေရိကန် သံအမတ်ကြီး သောမတ်စ် အယ်လ် ဗိုက်ဒါမှ မြန်မာပြည်သူများထံသို့ သတင်းစကား ပါးလိုက်တာ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်