၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ Joe Biden ကို အာဏာမလွှဲနိုင်အောင် Oath Keepers အဖွဲ့ခေါင်းဆောင် လက်ယာအစွန်းရောက်ဝါဒီ Stewart Rhodes ဟာ နိုင်ငံတော်ပုန်ကန်မှုဖြစ်အောင် လျှို့ဝှက်ပူးပေါင်းစီစဉ်မှုနဲ့ ထင်ရှားကြောင်း ခုံသမာဓိအဖွဲ့က မနေ့ နိုဝင်ဘာ ၂၉ ရက်နေ့မှာ ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။
ယူကရိန်းအပေါ် ရုရှားက ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို စုံစမ်းတရားစွဲဖို့ အထူးတရားရုံးတခုဖွင့်လှစ်ပေးဖို့ ဥရောပ ကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က ဗုဒ္ဓဟူးနေ့မှာ တောင်းဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံမှာထုတ်ပြန်ထားတဲ့ Covid လုံးဝကင်းစင်ရေး Zero Covid ပေါ်လစီကို ဆန့်ကျင်ဆန္ဒပြမှုတွေ အရှိန်မြင့်ဖြစ်ပေါ်နေတာကို ဟန့်တားတဲ့အနေနဲ့ တက္ကသိုလ်ကျောင်းသားတွေကို တရုတ်အာဏာပိုင်တွေက နေရပ် ပြန်ပို့နေပါတယ်။
ကာတာနိုင်ငံမှာ ကမ္ဘာ့ဖလားဘောလုံးပွဲတွေ ကျင်းပဖို့အတွက် အဆောက်အဦးတွေ ဆောက်လုပ်ခဲ့ရာမှာ သေဆုံးတဲ့ အလုပ်သမား အရေအတွက်ဟာ ၄၀၀ နဲ့ ၅၀၀ ကြား လောက်ရှိတယ်လို့ ကာတာနိုင်ငံရဲ့ ထိပ်တန်းအရာရှိတဦးက ပထမဆုံးအကြိမ် ဝန်ခံ ပြောဆိုလိုက်ပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် ပြည်သူ့လွှတ်တော် ဒု-ဥက္ကဋ္ဌ တာဝန်ယူခဲ့သူ ဦးထွန်းထွန်းဟိန်ကို နိုင်ငံတော်သစ္စာဖောက်မှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၂၂ စွဲချက်နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ မြောက်အန္တလန်တိတ်စာချုပ် NATO မဟာမိတ်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဒီကနေ့ အင်္ဂါနေ့မှာ ရိုမေးနီးယားနိုင်ငံမှာတွေ့ဆုံပြီး ယူကရိန်းအတွက် လျှပ်စစ်ဓာတ်အားပေးရေးအပါအဝင် အရေးပေါ်အကူအညီတွေ တိုးမြှင့်ပေးဖို့ ဆွေးနွေးကြပါတယ်။
တရုတ်နိုင်ငံမှာ နိုင်ငံရေးလွတ်လပ်ခွင့်နဲ့ COVID ပိတ်ဆို့မှုတွေ အဆုံးသတ်ရေး တောင်းဆိုတဲ့ နိုင်ငံတဝန်းဆန္ဒပြပွဲတွေရှိနေပြီး တနင်္လာနေ့ကတော့ ဆန္ဒပြနေကြသူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ဆန္ဒပြပွဲတခုအတွင်း BBC အသံလွှင့်ဌာန သတင်းထောက်တယောက်ကို ရဲတွေက ဖမ်းဆီးပြီး နာရီတော်တော်ကြာ ထိန်းသိမ်းခဲ့တဲ့အပေါ် စိတ်အနှောင့်အယှက်ဖြစ်မိတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
မကြာခင်ကလွတ်မြောက်လာတဲ့ ဂျပန်မှတ်တမ်းရုပ်ရှင်သတင်းထောက် Toru Kubota က မြန်မာနိုင်ငံအကျဉ်းထောင်ထဲ ထိန်းသိမ်းခံထားရတဲ့အချိန်တွေဟာ ငရဲပြည်လိုပဲ ပြောလိုက်လိုက်ပြီး မြန်မာပြည်သူတွေခံစားနေရတာကို ပိုမို နားလည်သိရှိလာရတဲ့အတွက် ထွက်ပြေးလာကြတဲ့ဒုက္ခသည်တွေကို လက်ခံပေးဖို့ ဂျပန်အစိုးရကို တောင်းဆိုလိုက်ပါတယ်။
ကာတာနိုင်ငံမှာကျင်းပနေတဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲ ဒီနေ့ပွဲစဉ်တွေထဲက အုပ်စု A ထဲက အိမ်ရှင် Qatar နဲ့ Senegal နိုင်ငံအသင်းတို့ အခုအသံလွှင့်နေချိန်မှာပဲ ကစားနေကြပြီး လက်ရှိမှာ Senegal အသင်းက ၃ ဂိုး Qatar အသင်းက ၁ ဂိုး ဖြစ်နေပါတယ်။
WLB အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံအနေနဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေး ကမ္ဘာလုံးဆိုင်ရာနေ့မှာ “တရားမျှတမှု + တာဝန်ခံမှု = ပြစ်ဒဏ်ကင်းလွှတ်ခွင့်များ အဆုံးသတ်ခြင်း”aဆာင်ပုဒ်နဲ့ ၁၆ ရက်တာ ဖဲကြိုးဖြူလှုပ်ရှားမှုအပါအဝင် ပုံစံမျိုးစုံနဲ့ ဒီဇင်ဘာ ၁၀ ရက်အထိ လုပ်သွားမယ်လို့ ဒီနေ့ ကြေညာပါတယ်။
Australia နိုင်ငံမှာ ဝန်ကြီးတွေခန့်အပ်မှုနဲ့ပတ်သက်လို့ ပိုပြီး ပွင့်လင်းမြင်သာမှုရှိစေဖို့ ဥပဒေသစ်တွေ ချမှတ်သွားမှာဖြစ်ပါတယ်။
ကာတာနိုင်ငံမှာကျင်းပနေတဲ့ ကမ္ဘာဖလား ဘောလုံးပွဲမှာ ဒီကနေ့ ဥရုဂွေးနဲ့ တောင်ကိုရီးယားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာမှာ တဘက်နဲ့တဘက် ဂိုးမသွင်းနိုင်ဘဲ သရေပွဲဖြစ်ခဲ့ပြီး ဒီကနေ့ အုပ်စုပွဲတွေမှာတော့ ဆွစ်ဇာလန်နဲ့ ကင်မရွန်တို့ကစားကြရာမှာ ဆွစ်ဇာလန်က ၁ ဂိုး၊ ဂိုးမရှိနဲ့အနိုင်ရခဲ့ပါတယ်။
ပြီးခဲ့တဲ့လက စစ်ကိုင်းတိုင်း လက်ယက်ကုန်းကျေးရွာကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် သေဆုံးသူ ၁၁ ဦးထဲမှာ ကလေးငယ် ၆ ဦး ပါဝင်တယ်လို့ မြန်မာလူ့အခွင့်အရေးအဖွဲ့တခုက အစီရင်ခံစာသစ်က ဖော်ပြပါတယ်။
အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ အန္နဝါဟာ မလေးရှားနိုင်ငံရဲ့ ၁၀ ယောက်မြောက် ဝန်ကြီးချုပ်အဖြစ် ဘုရင် Sultan Abdullah Sultan Ahmad Shah ရှေ့မှောက်မှာ ကျန်းသစ္စာကျိန်ဆိုခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဒီနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ဟာ Thanksgiving ကျေးဇူးတော်နေ့ဖြစ်ပါတယ်။ အလုပ်ပိတ်ရက်ဖြစ်တဲ့ ဒီနေ့မှာ ကွဲကွာနေကြတဲ့ မိသားစုဝင်တွေ၊ ဆွေမျိုးမိတ်ဆွေတွေ၊ ပြန်လည်ဆုံစည်းကြ၊ စားကြသောက်ကြလေ့ရှိပါတယ်။
Apple ကုမ္ပဏီအတွက် iPhone တွေ တပ်ဆင်ပေးနေတဲ့ ထိုင်ဝမ် Foxconn ကုမ္ပဏီတခုက အနည်းဆုံး ရက်ပေါင်း ၃၀ အလုပ်လုပ်ရင် ဆုကြေး အမေရိကန်ဒေါ်လာ ၄၂၀ နဲ့ညီတဲ့ ယွမ်ငွေ ၃ ထောင် ပေးမယ်လို့ ကတိပေးခဲ့ပေမဲ့ လစာဝင်တဲ့အချိန်မှာ ယွမ်ငွေ ၃၀ သာ ရရှိတာ တွေ့ရပြီးတဲ့နောက် ထောင်နဲ့ချီတဲ့ဝန်ထမ်းတွေက ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
အမေရိကန်အာကာသ စူးစမ်းလေ့လာရေး NASA လွှတ်တင်ထားတဲ့ Orion အာကာသယာဉ်ငယ်ဟာ လကမ္ဘာကို ပထမဆုံး အောင်အောင်မြင်မြင်ပတ်နိုင်ခဲ့ပြီလို့ NASA က ပြောပါတယ်။
ကာတာနိုင်ငံမှာကျင်းပနေတဲ့ ကမ္ဘာ့ဖလားဘောလုံးဗိုလ်လုပွဲ ဒီနေ့ ကစားပြီးသလောက် အုပ်စု E မှာ ဂျပန်အသင်းက ထိပ်ဆုံးမှာရှိနေပြီး ဂျာမနီအသင်းနဲ့ပွဲမှာ ဂျပန်က ၂ ဂိုး၊ ဂျာမနီက ၁ ဂိုးနဲ့ ဂျပန်အသင်းက နိုင်ပါတယ်။
အလွတ်သတင်းထောက် အလှလေးသူဇာ (ခေါ်) မသူဇာဟာ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာအဖမ်းခံခဲ့ရပြီး ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့မရဲစခန်းကနေ တပ်မတော် အကြည်ညိုပျက်အောင် လှုံ့ဆော်မှုပုဒ်မ ၅၀၅ - က နဲ့ စစ်ကောင်စီကတရားစွဲခဲ့ပြီး နိုဝင်ဘာ ၂၂ ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရပါတယ်။
နောက်ထပ်ကြည့်ရှုရန်