အမေရိကန်သမ္မတဟောင်း Donald Trump ရဲ့ အကောက်ခွန်မှတ်တမ်းတွေကို အောက်လွှတ်တော်ကော်မတီတခုက ကြည့်ရှုစစ်ဆေးနိုင်ဖို့ ပြည်ထောင်စုတရားရုံးချုပ်က ခွင့်ပြုလိုက်ပါတယ်။
မြန်မာကိုယ်စားပြုသူမပါတဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများနဲ့ မိတ်ဖက်နိုင်ငံများအစည်းအဝေးကို အာဆီယံမိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin၊ တရုတ်ကာကွယ်ရေးဝန်ကြီး Wei Fenghe တို့အပြင် တောင်ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ၊ ဩစတြေးလျ၊ နယူးဇီလန်နဲ့ ရုရှားတို့က ကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ်။
မြန်မာနိုင်ငံကိုရောက်နေတဲ့ အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီး Mr. Vinay Mohan Kwatra ဟာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တနင်္လာနေ့က နေပြည်တော်မှာ တွေ့ဆုံပါတယ်။
စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ ဘဏ်လုပ်ငန်းရှင်တွေကို သြစတြေးလျအစိုးရက အရေးယူဒဏ်ခတ်သင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးပညာရှင် ရှောင်တာနယ်က ပြောလိုက်ပါတယ်။
သြစတြေးလျနဲ့ နယူးဇီလန်ဘဏ်လုပ်ငန်းကုမ္ပဏီဖြစ်တဲ့ ANZ ဘဏ်က မြန်မာနိုင်ငံတွင်း သူ့ရဲ့လုပ်ငန်းတွေကို ရှေ့နှစ်ထဲ နောက်ဆုံထားပြီး ပြန်လည်ရုပ်သိမ်းဖို့ စီစဉ်နေတယ်လို့ ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ ဒီနေ့ တနင်္လာနေ့က မြေငလျင်လှုပ်ခဲ့တဲ့အတွက် လူ အနည်းဆုံး ၅၆ ယောက် သေဆုံးပြီး ၇၀၀ ကျော် ဒဏ်ရာရခဲ့ကြတယ်လို့ အနောက် ဂျာဗား အုပ်ချုပ်ရေးမှူး Ridwan Kamil က ပြောပါတယ်။
မြန်မာစစ်ကောင်စီဆက်နွယ်ပတ်သက်သူတွေကို စီးပွားရေးအရ အရေးယူဒဏ်ခတ်ဖို့ မြန်မာ့လူအခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ်က တောင်ကိုရီးယားနိုင်ငံကို တိုက်တွန်းပါတယ်။
ကိုဗစ်ကူးစက်မှုတွေ တကျော့ပြန်ဖြစ်နေတဲ့ တရုတ်နိုင်ငံ မြို့တော်ဘေဂျင်းမှာ ဒီကနေ့ တနင်္လာနေ့ ကိုဗစ်ကြောင့် သေဆုံးသူ ၂ ယောက်ရှိတယ်လို့ အစိုးရက ထုတ်ပြန်ခဲ့ပြီး တနင်္ဂနွေနေ့က ကိုဗစ်ကြောင့်သေဆုံးသူ သက်ကြီးရွယ်အိုတဦး နဲ့ပေါင်းရင် တရုတ်မှာ ကိုဗစ်ကြောင့် ပထမဆုံး သေဆုံးသူ သုံးယောက်ရှိလာပါတယ်။
အမေရိကန်အနေနဲ့ ဖိလစ်ပိုင်နိုင်ငံအတွက် ခိုင်ခိုင်မာမာ ရပ်တည် ထောက်ခံပေးသွားမယ်လို့ ဖိလစ်ပိုင်နိုင်ငံမှာ ရောက်နေတဲ့ ဒုသမ္မတ Kamala Harris က ဖိလစ်ပိုင်သမ္မတနဲ့ ဒီကနေ့ တွေ့ဆုံချိန်မှာ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးသူ Toru Kubota ဒီနေ့ သောကြာနေ့ ဂျပန်နိုင်ငံကို ပြန်လည် ရောက်ရှိပါတယ်။
မြောက်ကိုရီးယားနိုင်ငံက တိုက်ချင်းပစ်ပဲ့ထိန်းမစ်ဇိုင်းဒုံးတခု ဒီကနေ့ သောကြာနေ့မှာ ပစ်လွှတ်ခဲ့ပြီး ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးကျွန်း အနောက်ဘက် ကီလိုမီတာ ၂၀၀ အဝေးမှာရှိတဲ့ ပင်လယ်ပြင်ထဲက အထူးစီးပွားရေးဇုံအတွင်း ကျရောက်ခဲ့တယ်လို့ ဂျပန်တာဝန်ရှိသူတွေကပြောဆိုပါတယ်။
Twitter ကုမ္ပဏီဝန်ထမ်းတွေအနေနဲ့ အလုပ်ကို အချိန်ကြာကြာ အားစိုက်လုပ်ရင်လုပ်၊ မလုပ်ရင်ထွက်သွားကြဖို့ ကုမ္မဏီအကြီးအကဲသစ် Elon Musk က ရာဇသံပေးလိုက်ပြီးတဲ့နောက် ဝန်ထမ်းရာနဲ့ချီ အလုပ်ကနေ နှုတ်ထွက်ခဲ့ကြပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး Sean Turnell ဟာ ဩစတြေးလျနိင်ငံ Melbourne မြို့ကို ရောက်သွားပြီး မိသားစုနဲ့ ပြန်လည်ဆုံစည်းပြီဖြစ်တဲ့အကြောင်း ဩစတြေးလျ နိုင်ငံခြာရေးဝန်ကြီး Penny Wong က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မြန်မာနိုင်ငံတည်ငြိမ်ရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး တွန်းအားပေးဖို့ မကြာခင် သီတင်းပတ်တွေအတွင်း မြန်မာနိုင်ငံကို တတိယအကြိမ် သွားရောက်မယ့်အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ပြောဆိုပါတယ်။
ဂျပန်ဝန်ကြီးချုပ်နဲ့ တရုတ်သမ္မတတို့ ၃ နှစ်အတွင်း ပထမဆုံး မျက်နှာချင်းဆိုင်တွေ့ဆုံခဲ့ကြပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာကျင်းပနေတဲ့ APEC ညီလာခံပြင်ပမှာ တရုတ်သမ္မတ Xi Jinping နဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲ နောက်ဆုံးရလဒ်တွေအရ အတိုက်အခံ ရီပတ်ပလင်ကန်ပါတီက အောက်လွှတ်တော်ကို နေရာအများစုနဲ့ ထိန်းချုပ်နိုင်တော့မှာဖြစ်ပါတယ်။
အမေရိကန်နဲ့ မဟာမိတ်တွေဖြစ်တဲ့ ဂျပန်နဲ့တောင်ကိုရီးယားတို့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်တာကို စစ်ရေးနဲ့ ပြင်းထန်စွာတုံ့ပြန်မယ်လို့ မြောက်ကိုရီးယားက ခြိမ်းခြောက်ပြီး နာရီအနည်းအကြာမှာ တာတိုပစ်ပဲ့ထိန်းမစ်ဇိုင်းဒုံးတစင်းကို အရှေ့ဘက်ပင်လယ်ပြင်ထဲကို ဒီနေ့ ထပ်မံစမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။
အပိုလို လကမ္ဘာစူးစမ်းရေးလုပ်ခဲ့ပြီးနောက် နှစ်ပေါင်း ၅၀ အကြာမှာ NASA အမေရိကန်အာကာသစူးစမ်းရေးအေဂျင်စီရဲ့ ခေတ်ရှေ့အပြေးဆုံး Artemis ဒုံးပျံကို Orion လို့ အမည်ပေးထားတဲ့ အာကာသယာဉ်ငယ်လေးကို သယ်ဆောင်ပြီး လကမ္ဘာကို စူးစမ်းဖို့ လွှတ်တင်လိုက်ပါတယ်။
G20 စီးပွားအင်အားကြီးနိုင်ငံများခေါင်းဆောင်တွေက ယူကရိန်းမှာဖြစ်တဲ့ ရုရှားကျူးကျော်စစ်ကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပြီး ရုရှားတပ်တွေ ခြွင်းချက်မရှိ ပြန်ရုပ်ဖို့ နှစ်ရက်ကြာ G20 ထိပ်သီးညီလာခံအပြီး ကြေညာချက်ထဲ တောင်းဆိုထားပါတယ်။
အမေရိကန်ဒုသမ္မတ Kamala Harris ရဲ့ ဒီသီတင်းပတ် အာရှခရီးစဉ်မှာ မြန်မာနိုင်ငံ့အရေးကိစ္စအပြင် ဒေသတွင်းလုံခြုံရေး၊ စီးပွားရေးနဲ့ ရာသီဥတုဖေါက်ပြန်ပြောင်းလဲမှု အကြပ်အတည်းကိစ္စတွေကို ဆွေးနွေးမယ့်အကြောင်း အမေရိကန်အစိုးရ ထိပ်တန်းအရာရှိတဦးရဲ့ပြောဆိုချက်ကိုကိုးကားပြီး ရိုက်တာ သတင်းမှာ ဖေါ်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်