အင်ဒိုနီးရှားနိုင်ငံ အာချေးကျွန်းက ကမ်းခြေတခုကို ရိုဟင်ဂျာဒုက္ခသည် ၁၁၀ ပါလာတဲ့ လှေတစီး၊ မြောက် အာချေးခရိုင်နားကို အင်္ဂါနေ့က ရောက်လာခဲ့ပြီးနောက် ဒီနေ့မှာလည်း ဒုက္ခသည် ၁၂၀ ပါတဲ့ လှေတစီး ထပ်ရောက်လာပါတယ်။
၂၀၂၄ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် Republican ပါတီ သမ္မတလောင်းရွေးပွဲမှာ သူဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သမ္မတဟောင်းထရမ့်က အင်္ဂါနေ့ မနေ့က ကြေညာလိုက်ပါတယ်။
လှေနဲ့တလကျော်ခရီးနှင်ခဲ့တဲ့ရိုဟင်ဂျာ ၁၀၀ ကျော်ဟာ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကမ်းခြေကို ရောက်လာတဲ့အကြောင်း အင်ဒိုနီးရှားရဲဌာန အကြီးအကဲက အင်္ဂါနေ့ကပြောပါတယ်။
ကမ္ဘာ့စီးပွားရေးအင်အားကြီး ထိပ်သီးနိုင်ငံ ၂၀ ရဲ့ G-20 အစည်းအဝေး ကျင်းပနေချိန်မှာပဲ ယူကရိန်းနိုင်ငံ Kiev မြို့တော်က လူနေအဆောက်အဦးနှစ်ခုကို ရုရှားက ဒုံးကျည်တွေနဲ့ ဒီကနေ့ တိုက်ခိုက်ခဲ့တဲ့အကြောင်း Kiev မြို့တော်ဝန် Vitali Klitschko က ပြောပါတယ်။
ကုလအထူးကိုယ်စားလှယ် Tom Andrew တောင်ကိုရီးယားကို ငါးရက်ကြာလာရောက်ပြီး အစိုးရတာဝန်ရှိသူတွေ၊ ကုလအရာရှိတွေ၊ နိုင်ငံခြားရေးမူဝါဒဆိုင်ရာကျွမ်းကျင်သူတွေ၊ အရပ်ဖက်အဖွဲ့တွေ၊ တောင်ကိုရီးယားရောက် မြန်မာတွေနဲ့ တောင်ကိုရီးယားလုပ်ငန်းရှင်တွေကိုတွေ့ဆုံမယ်လို့ တောင်ကိုရီးယားနိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပေါ် စွဲဆိုထားတဲ့အမှုတွေထဲက နောက်ဆုံးကျန်တဲ့ အဂတိလိုက်စားမှု ၅ မှုအတွက် ကြားနာ စစ်ဆေးနေတာမှာ စွပ်စွဲခံရသူအနေနဲ့ သမ္မတဦးဝင်းမြင့်က ဒီနေ့ ပထမဆုံးအကြိမ် ထွက်ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးပြီးချင်း ဖမ်းဆီးခံခဲ့ရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ပုဒ်မ ၅၀၅ (ခ) နဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ဝ ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ရာကနေ အခု တနှစ်ကျော်ချုပ်နှောင်ထားပြီးတဲ့နောက် ဒီနေ့ပြန်လွှတ်ပေးလိုက်ကြောင်း သူနဲ့နီးစပ်သူတွေက ပြောပါတယ်။
အမေရိကန်နဲ့တရုတ်တို့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ကြဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က တရုတ်သမ္မရှီကျင်းပင်ကို အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ စီးပွါးထိပ်သီးနိုင်ငံ ၂၀ ညီလာခံရဲ့ ပြင်ပဘေးပန်း အစည်းအဝေးမှာ တိုက်တွန်းလိုက်ပါတယ်။
ရုရှားလက်ထဲက ပြန်လွတ်မြောက်လာတဲ့ ယူကရိန်းတောင်ပိုင်း Kherson မြို့မှာ ယူကရိန်းတပ်တွေကို သမ္မတ Volodymyr Zelenskyy မိန့်ခွန်းပြောရာမှာ ယူကရိန်းတတိုင်းပြည်လုံးရဲ့ ငြိမ်းချမ်းရေးအတွက် အဆင်သင့်ရှိတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံနဲ့ထိတွေ့ဆက်ဆံရာမှာ စစ်အုပ်ချုပ်ရေးအဖွဲ့တင်မဟုတ်ဘဲ အတိုက်အခံတွေနဲ့ပါ အာဆီယံဘက်က တိုက်ရိုက် ထိတွေ့ဆက်ဆံဖို့လိုပြီး ဒါဟာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေအဆုံးသတ်ရေးအတွက် အရေးကြီးတယ်လို့ မြင်ကြောင်း ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr က မနေ့က ABS-CBS ရုပ်သံကို ပြောပါတယ်။
“ မြန်မာနိုင်ငံကို နိုင်ငံရေးကိုယ်စားပြုပြီး ပါဝင်ခွင့်မပေးဖို့ဆိုတာ ထိပ်သီးအစည်းအဝေးနဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြင် အခြား အစည်းအဝေးတွေမှာပါကျင့်သုံးဖို့ အင်ဒိုနီးရှားက အဆိုပြုခဲ့ပါတယ်။ ဒါကိုလည်း အတော်လေး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖြစ်ခဲ့တယ်”- ( အင်ဒိုနီးရှားသမ္မတ Joko Widodo)
တရုတ်မှာ တနိုင်ငံလုံး ကူးစက်သူသစ် တသောင်းကျာ်လာအပြီး Beijing မြို့တော်မှာ အခုလို ကန့်သတ်တာအပြင် နိုင်ငံတောင်ပိုင်း Guangzhou နဲ့ အနောက်ပိုင်း Chongqing မြို့တွေမှာလည်း လူ ၅ သန်းလောက် အသွားအလာကန့်သတ်ခံထားရပါတယ်။
အာဆီယံအသင်းကြီးရဲ့အဖွဲ့ဝင် ၁၁ နိုင်ငံမြောက်အဖြစ် အရှေ့တီမောကို မူအားဖြင့် လက်ခံဖို့ အာဆီယံခေါင်းဆောင်တွေ ဆုံးဖြတ်ခဲ့ကြပြီး အဖွဲ့ဝင်အပြည့်အဝ ဖြစ်ဖို့ကတော့ လုပ်ငန်းစဉ်တွေဆောင်ရွက်ဖို့ရှိပြီး ဒီလုပ်ငန်းစဉ်ကို လာမယ့်နှစ် ထိပ်သီးညီလာခံကို တင်ပြရမယ်လို့ အာဆီယံက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံတွင်း ၂၀၂၁ ဖေဖော်ဝါရီလ ရွေးကောက်ခံအစိုးရဆီက စစ်တပ်က အာဏာသိမ်းယူပြီးကတည်းကဆိုရင် ဩစတြေးလျမှာရောက်နေပြီးသား မြန်မာလူမျိုး ၈၀၀ ထက်မနည်း ခိုလှုံခွင့်လျှောက်ထားတယ်လို့ ဩစတြေးလျ ABC သတင်းဌာနက ဖော်ပြပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့က အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ထိပ်သီးညီလာခံကို တက်ရောက်လာတဲ့ အာဆီယံခေါင်းဆောင်တွေဟာ ကမ္ဘောဒီးယားဘုရင် Norodom Sihamoni ကို ဒီကနေ့ သွားရောက်တွေ့ဆုံ နှုတ်ဆက်ကြပါတယ်။
နိုဝင်ဘာ ၈ ရက်၊ အင်္ဂါနေ့မှာကျင်းပခဲ့တဲ့ အမေရိကန်သမ္မတသက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲ မဲရလဒ်တွေ ရေတွက်နေဆဲဖြစ်တာမို့ ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်နေ့အထိ ရလဒ်အပြည့်အစုံ ထွက်မလာသေးပါဘူး။
Facebook ရဲ့မိခင်ကုမ္ပဏီ Meta က ဝင်ငွေကျဆင်းလာတာနဲ့ နည်းပညာလုပ်ငန်းပိုင်းဆိုင်ရာ ပြဿနာတွေရင်ဆိုင်နေရတာကြောင့်ကမ္ဘာတဝန်းက ဝန်ထမ်းစုစုပေါင်းရဲ့ ၁၃ ရာခိုင်နှုန်းလောက်ဖြစ်တဲ့ လုပ်သားပေါင်း ၁,၁၀၀၀ ကို အလုပ်ရပ်စဲလိုက်ပါတယ်။
ကမ္ဘာတဝန်းဖြစ်နေတဲ့စစ်ပွဲတွေရဲ့ အနိဋ္ဌာရုံတွေအကြောင်း နိုဝင်ဘာ ၉ ရက်နေ့က Vatican မှာလုပ်တဲ့တရားပွဲမှာ စစ်တပ်က အရပ်သားတွေအပေါ် မရပ်မနားတိုက်ခိုက်နေတဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ အဆုံးသတ်ရေး တွေ့ဆုံ ဆွေးနွေးကြဖို့ ပုပ်ရဟန်းမင်းကြီး Francis က ပြောကြားလိုက်ပါတယ်။
မြန်မာစစ်တပ်ရဲ့ စစ်လက်နက်ပစ္စည်းဝယ်ယူမှုပိုင်းမှာ ပါဝင်ပတ်သက်နေတဲ့ Sky Aviator ကုမ္ပဏီနဲ့ ဒီကုမ္ပဏီပိုင်ဆိုင်သူလည်းဖြစ် ဒါရိုက်တာလည်းဖြစ်သူ အသက်၄၀ အရွယ် ဦးကျော်မင်းဦးတို့ကို အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူပစ်မှတ်ထားဒဏ်ခတ်စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။
နိုဝင်ဘာ ၈ ရက်ကနေ ၁၃ ရက်နေ့အထိကျင်းပနေတဲ့ အစည်းအဝေးတွေမှာ အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံကို နိုင်ငံရေးကိုယ်စားပြုပြီး တက်ရောက်ခွင့်မပေးတဲ့အတွက် မြန်မာစစ်ကောင်စီက ဒီထိပ်သီးအစည်းအဝေးကို ကိုယ်စားပြုတက်ရောက်ခွင့်မရပါဘူး။
နောက်ထပ်ကြည့်ရှုရန်