အင်္ဂါနေ့ကကျင်းပခဲ့တဲ့ အမေရိကန် သမ္မတသက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲ ကနဦးရလဒ်တွေမှာ ရီပတ်ပလီကန်ပါတီက အောက်လွှတ်တော်မှာ ထိန်းချုပ်နိုင်ဖို့ မျှော်လင့်ရပြီး အထက်လွှတ်တော် ရလဒ်မှာတော့ သဲသဲကွဲကွဲမရှိသေးပါဘူး။
အမေရိကန်သမ္မတရဲ့သက်တမ်းဝက်မှာကျင်းပတဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာ ရွေးကောက်ပွဲတွေကျင်းပဖို့ ၅ ရက်ပဲ ကျန်တော့ချိန်မှာ Democratic ပါတီနဲ့ Republican ပါတီ ကိုယ်စားလှယ်လောင်းတွေအတွက် လက်ရှိသမ္မတဂျိုးဘိုင်ဒန်နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ အပြိုင် မဲဆွယ်ပေးနေကြပါတယ်။
Twitter လူမှုကွန်ယက်ကို ဘီလျံနာသူဋ္ဌေး Elon Musk ဝယ်ယူခဲ့ပြီးနောက် ဒီနေ့ သောကြာနေ့မှာ ကမ္ဘာတဝန်း Twitter ကုမ္ပဏီရဲ့ရုံးတွေကိုပိတ်ထားပြီး အလုပ်ဖြုတ်မယ် မဖြုတ်ဘူးဆိုတဲ့ Email တွေကို အမေရိကန်အနောက်ခြမ်း စံတော်ချိန် မနက် ၉ နာရီမကျော်ခင် ပို့မယ်လို့ ဝန်ထမ်းတွေကို Twitter ကုမ္ပဏီက အသိပေးထားပါတယ်။
တရုတ်နဲ့ဂျာမနီ ၂ နိုင်ငံ သံတမန်ဆက်ဆံရေး အနှစ် ၅၀ ပြည့်အထိမ်းအမှတ်အဖြစ် ဘေဂျင်းမြို့တော်မှာ ရောက်နေစဉ် အာရှဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် တရုတ်နိုင်ငံမှာ အထူးတာဝန်ရှိတယ်လို့ ဂျာမနီဝန်ကြီးချုပ် Olaf Scholz ကပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားဘက်က စစ်လေယာဉ် ၁၈၀ လှုပ်ရှားပျံသန်းတာကို ဒီနေ့ ထောက်လှမ်းတွေ့ရှိလိုက်ပြီးပြီးချင်း တောင်ကိုရီးယားဘက်ကလည်း တိုက်လေယာဉ်တွေ အလျင်အမြန် ပျံသန်းပြီး အသင့်အနေအထားလုပ်ခဲ့ရတယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံကပဋိပက္ခတွေ အဆုံးသတ်ရေးအတွက် အာဆီယံဘက်က အစွမ်းကုန် လုပ်ဆောင်ပေးခဲ့ကြောင်းနဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် သဘောတူထားတဲ့ အာဆီယံဘုံသဘောတူညီချက်တွေ တိုးတက်မှုမရှိတာဟာ စစ်ကောင်စီရဲ့ ပျက်ကွက်မှုကြောင့်ဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကပြောကြားလိုက်ပါတယ်။
Amnesty International နိုင်ငံတကာလူ့အခွင့်ရေးအဖွဲ့ကြီးအနေနဲ့ လေယာဉ်ဆီပို့ကုမ္ပဏီတွေက ပေါက်ကြားလာတဲ့ အထောက်အထားသတင်းတွေ၊ မြန်မာ့လေတပ်က ထွက်ပြေးလာသူတွေကို မေးမြန်းမှုတွေကနေ လေကြောင်းတိုက်ခိုက်မှုနဲ့ ဆက်စပ်တာတွေ့ခဲ့တဲ့အချက်တွေကို AI က အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။
ဆော်ဒီအာရေးဗီးယားနိုင်ငံကို မကြာမီအချိန်အတွင်း တိုက်ခိုက်မှုတခုလုပ်ဖို့ အီရန်က ပြင်ဆင်နေတယ်ဆိုတဲ့သတင်းကို ဆော်ဒီထောက်လှမ်းရေးက အမေရိကန်အရာရှိတွေကို ပေးပို့ခဲ့တယ်လို့ အမေရိကန်အရာရှိသုံးဦးကို ကိုးကားပြီး AP သတင်းဌာနက ဖော်ပြပါတယ်။
အမေရိကန်နိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ စီးပွားရေးကျဆင်းမှုနဲ့ ငွေကြေးဖောင်းပွမှု ကိစ္စတွေအတွက် စိုးရိမ် ပူပန်စရာမရှိကြောင်း သီတင်းပတ် အတန်ကြာပြောဆိုပြီးတဲ့နောက် သမ္မတ Joe Biden ဟာ ကြားကာလ ရွေးကောက်ပွဲ ရက်နီးကပ်လာတဲ့အချိန်မှာ ဒီမိုကရေစီစနစ်ဟာ တိုက်ခိုက်ခံနေရတယ်လို့ ပြောကြားလိုက်ပါတယ်။
Australia နိုင်ငံခြားရေးဝန်ကြီး Penny Wong ဟာ ဘရူနိုင်းကို အရင်သွားခဲ့ပြီး ထိုင်းနိုင်ငံ မှာ ၂ ရက်ကြာခရီးစဉ်အတွင်း ထိုင်းတရားရေးဝန်ကြီး Somsak Thepsuthin နဲ့လည်း လူကုန်ကူးမှုတိုက်ဖျက်ရေး သဘောတူညီချက်တရပ်ကို Wong က လက်မှတ်ထိုးခဲ့ပါတယ်။
ကာဇက်စတန်နိုင်ငံ ခေါင်းဆောင်ဟောင်း နာဆူလ်တန် နာဇာဘယက် Nursultan Nazarbayev ရဲ့တူ စီးပွါးရေးလုပ်ငန်းရှင် Kairat Satybaldy ဆီက အမေရိကန် ဒေါ်လာ သန်း ၂၃၀ ကျော်တန် ကျောက်မျက်ရတနာတွေကို နိုင်ငံရဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဌာနက ဗုဒ္ဒဟူးနေ့က သိမ်းဆည်းလိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ဒီကနေ့ နိုဝင်ဘာ ၂ ရက် ဗုဒ္ဓဟူးနေ့မှာ ဒုံးကျည် ၂၄ လုံးထက်မနည်း စမ်းသပ်ပစ်လွှတ်ခဲ့ပြီး တောင်ကိုရီးယားပိုင်နယ်နမိတ်ထဲကို ၃ လုံးထက်မနည်း ကျရောက်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံ အမျိုးသားကျန်းမာရေးအင်စတီကျု NIH သုတေသီတွေက ဓာတ်ခွဲခန်းထဲမှာထုတ်ခဲ့ပြီး ဆေးကိုတကြိမ်ပဲယူရုံနဲ့ ငှက်ဖျားကို ၆ လတာကာကွယ်ပေးနိုင်တဲ့ ငှက်ဖျားကာကွယ်ဆေးကို အာဖရိကမှာလုပ်တဲ့ သုတေသန က ပြသလိုက်ပါတယ်။
နိုဝင်ဘာလအတွင်း အာရှဒေသမှာကျင်းပမယ့် ထိပ်သီးညီလာခံတွေ တက်ရောက်မယ့် နိုင်ငံတကာ ခေါင်းဆောင်တွေအနေနဲ့ မြန်မာစစ်ကောင်စီအပေါ် ပိုမို ထိရောက် ပြင်းထန်တဲ့အရေးယူမှုတွေ ချမှတ်ဖို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေအဖွဲ့ Human Rights Watch အဖွဲ့က ဒီနေ့ တောင်းဆိုပါတယ်။
စိတ်ကြွဆေးပြားထုတ်လုပ်ရာမှာ အသုံးပြုတဲ့ဓါတုဆေးတွေတင်ပို့မှုကို ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံရဲတပ်ဖွဲ့ကြား ပူးပေါင်း စောင့်ကြပ်သွားမယ့်အကြောင်း ထိုင်းရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ Chinnapat Sarasin ကို ကိုးကားပြီး မနေ့က ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှာ ရေးသားထားပါတယ်
မြန်မာနိုင်ငံ၊ မြဝတီမြို့မှာအခြေစိုက်တဲ့ Online ကနေ လိမ်ပြီးငွေရအောင်တောင်းခိုင်းတဲ့ ရာဇဝတ်ဂိုဏ်းသားတွေထံမှာအလုပ်လုပ်ဖို့ ထိုင်းနိုင်ငံသားတွေကို ဖျားယောင်းသွေးဆောင်ခေါ်ယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လက်ဝှေ့ကစားပွဲတွေစီစဉ်ပေးသူ တရုတ်နိုင်ငံသားတဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi တို့ဟာ နှစ်နိုင်ငံအားပြိုင်မှုနဲ့ ရုရှားရဲ့ယူကရိန်းစစ်ပွဲအကြောင်းကို တနင်္ဂနွေနေ့က ဖုန်းကနေ ဆွေးနွေးခဲ့ကြတယ်လို့ နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
အီရန်နိုင်ငံက တော်လှန်ရေးအစောင့်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ဖို့ ဂျာမနီနဲ့ အီးယူ ဥရောပသမဂ္ဂတို့က စဉ်းစားနေကြောင်း ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Annalina Baerbock က ဒီကနေ့ အောက်တိုဘာ ၃၁ ရက်နေ့ မှာ ပြောပါတယ်
မလေးရှားနိုင်ငံမလက္ကာမြို့မှာရှိတဲ့ မလေးရှားနဲ့ထိုင်းအစားအစာရောင်းတဲ့ပွဲတော် ကို မလေးရှားလူဝင်မှုကြီးကြပ်ရေးရဲတွေက စနေနေ့က ဝင်ရောက်ဖမ်းဆီးရာမှာ မြန်မာတွေအပါအဝင် အထောက်အထားမဲ့ ၄၀ ကျော် ဖမ်းဆီးခံရပါတယ်။
တနင်္ဂနွေနေ့ကကျင်းပခဲ့တဲ့ ဘရားဇီးနိုင်ငံရဲ့ တကျော့ပြန်သမ္မတရှေးကောက်ပွဲမှာ သမ္မတဟောင်း Luiz Inacio Lula de Silva က လက်ရှိသမ္မတ Jair Bolsonaro ကို အနိုင်ရရှိသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်