ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး လက်နက်မဲ့အရပ်သားတွေ အပေါ်မှာ လုံခြုံရေးတပ်ဖွဲ့တွေက အချိုးမညီ အင်အားအလွန်အကျွံသုံးစွဲ တိုက်ခိုက်ပုံရခဲ့တာကို လက်မခံနိုင်ကြောင်းနဲ့ တာဝန်ရှိသူတွေ တာဝန်ခံရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံမှာရှိတဲ့ ကုလမသမဂ္ဂရုံးက ပြောလိုက်ပါတယ်။
ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်နေရာအတွက် အရင်ဝန်ကြီးချုပ်ဟောင်း Boris Johnson ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုတော့ဘူးလို့ကြေညာလိုက်ပြီးနောက်မှာပဲ အရင်ဘဏ္ဍာရေးဝန်ကြီးဟောင်း Rishi Sunak က လူကြိုက်များရေပန်းစားလာပြီး ရာထူးနေရာအတွက် ရှေ့ဆုံးကနေ တစ်ပြေးနေပါတယ်။
တနင်္လာနေ့မနက်စောက မြောက်ကိုရီးယား ကုန်သွယ်ရေးသင်္ဘောဟာ တရားဝင်အသိအမှတ်ပြုထားခြင်းမရှိတဲ့ နှစ်နိုင်ငံရေပိုင်နက်ကိုဖြတ်သွားတာကြောင့် သတိပေးပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားကပြောခဲ့ပြီး မိနစ် ၉၀ အကြာမှာတော့ မြောက်ကိုရီးယားက ၁၀ ကြိမ် သတိပေးပစ်ခတ်ခဲ့ပါတယ်။
နိုဝင်ဘာလ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ နိုင်ငံရေးဖိနှိပ်မှုတွေကြောင့် ထွက်ပြေးလာတဲ့မြန်မာနိုင်ငံသားတွေကို အကာအကွယ်ပေးနိုင်ရေး ကတိကဝတ်ထားလုပ်ဆောင်ဖို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ Human Rights Watch အဖွဲ့ကြီးက အာဆီယံခေါင်းဆောင်တွေနဲ့ ဒေသအတွင်း အစိုးရအဖွဲ့အစည်းတွေကို တောင်းဆိုလိုက်ပါတယ်။
ဗြိတိန်မှာ ရာထူးကနုတ်ထွက်သွားတဲ့ ဗြိတိန်ဝန်ကြီးချုပ် Liz Truss နေရာအတွက် ခေါင်းဆောင်ယှဉ်ပြိုင်မယ့်သူတွေမှာ ဝန်ကြီးချုပ်ဟောင်း Boris Johnson လည်းပါဝင်လာနိုင်ခြေရှိနေပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ကလေးငယ် ၉၉ ယောက်ထက်မနည်း သေဆုံးခဲ့ပြီးနောက် ချောင်းဆိုးပျောက်ဆေး အရောင်းအားလုံးကို ယာယီပိတ်ထားသလို အလားတူ ဂမ်ဘီယာနိုင်ငံမှာလည်း ချောင်းဆိုးပျောက်ဆေးနဲ့ အအေးမိပျောက်ဆေးတွေကြောင့် ကျောက်ကပ်ပျက်စီးပြီး ကလေးတွေ သေဆုံးမှုရှိနေပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင်း နေရာတချို့ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဒီနေ့ မနက်က တိုက်ခိုက်ခဲ့ပြီး ကနဦးသတင်းတွေအရအချုပ်သားတချို့ ထွက်ပြေးလွတ်မြောက်သွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် စစ်ကောင်စီဘက်ကတော့ အချုပ်ခန်းပွင့်သွားတာမရှိဘူးလို့ ဆိုပါတယ်။
မကွေးတိုင်း တောင်မြင့်ကျေးရွာက ကျောင်းဆရာ ဦးစောထွန်းမိုးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပြီး ခေါင်းနဲ့ ခြေလက်တွေဖြတ် သတ်ခဲ့တဲ့သတင်းက တုန်လှုပ်စရာကောင်းလွန်းတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က ရှုတ်ချလိုက်ပါတယ်။
“စစ်ကောင်စီက နိုင်ငံစီးပွားရေးကို နိုင်နိုင်နင်းနင်းမကိုင်တွယ်နိုင်တာ အသိသာကြီးပါ။ .... ကိုယ့်ရန်သူက အမှားလုပ်နေပြီဆိုရင် လွှတ်ထားလိုက်ပါ-လို့ နပိုလီယန်ပြောခဲ့ဖူးပါတယ်။ စစ်ကောင်စီက နိုင်ငံစီးပွားရေးကို တည်ငြိမ်အောင် မကိုင်တွယ်နိုင်သေးသလို တော်ရုံနဲ့ လုပ်နိုင်ဦးမှာလည်း မဟုတ်ပါဘူး။”(ပါမောက္ခ Zach Abuza)
ရုရှားလေကြောင်းတိုက်ခိုက်မှုကြောင့် ယူကရိန်းဓါတ်အားပေးစက်ရုံတွေ ထိခိုက်ပျက်စီးခဲ့ပြီးနောက် ယူကရိန်းနိုင်ငံမှာ နိုင်ငံတဝန်း လျှပ်စစ်ဓါတ်အားသုံးစွဲမှုကို လျှော့ချ ဖြတ်တောက်ထားပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် Liz Truss က ဝန်ကြီးချုပ်တာဝန်ယူခဲ့ပြီး ၄၅ ရက်အကြာမှာပဲ သူထမ်းဆောင်ရမယ့် တာဝန်တွေ လက်တွေ့မဖော်ဆောင်နိုင်ခဲ့တာကြောင့် ဝန်ကြီးချုပ်တာဝန်ကနေရော ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်တာဝန်ကနေပါလို့ ဒီနေ့ ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။
ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့မှာ Happy NN လို့ နာမည်ပေးထားတဲ့ မူးယစ်ဆေးတမျိုး ပျံ့နှံ့နေကြောင်း ထိုင်း မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဘုတ်အဖွဲ့ ONCB က သတိပေးထားတာကို ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြလိုက်ပါတယ်။
ရန်ကုန် အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်း ဗုဒ္ဓဟူးနေ့၊ မနေ့က ပါဆယ်ထုပ်လက်ခံတဲ့နေရာ ဗုံးပေါက်ကွဲမှုနဲ့ ထိခိုက်သေဆုံးမှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် အင်းစိန်ထောင် အထူးတရားရုံး ရုံးထုတ်စစ်ဆေးတာတွေကို အာဏာပိုင်တွေဘက်က ၂ ပတ် ရပ်နားထားလိုက်တဲ့အကြောင်း တရားရေးသတင်းရပ်ကွက်က VOA ကို ပြောပါတယ်။
အောက်တိုဘာလ ၆ ရေတပ်အရာရှိဟောင်း ၆ ဦးကို ဖမ်းဆီးပြီး အောက်တိုဘာလ ၆ ရက်နေ့က လေယာဉ်နဲ့ ပြန်ပို့လိုက်တယ်လို့ အမည်မဖော်လိုတဲ့သတင်းအရင်းအမြစ်ကိုကိုးကားပြီး ရိုက်တာသတင်းက ရေးပါတယ်။ အဲဒီအထဲက အရာရှိဟောင်းတဦးနဲ့ဇနီးတို့ကို ရန်ကုန်လေဆိပ်အရောက်မှာဖမ်းဆီးလိုက်တယ်လို့လည်း ရိုက်တာက ရေးပါတယ်။
ရုရှားက အီရန်ဒရုန်းတွေကို သုံးခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးဆွေးနွေးဖို့ ကုလလုံခြုံရေးကောင်စီကို အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့က တောင်းဆိုထားပြီး ဒီနေ့ကျင်းပမယ့် တံခါးပိတ်အစည်းအဝေးမှာ ကုလတာဝန်ရှိသူတဦးက လုံခြုံရေးကောင်စီကို အဲဒီကိစ္စတင်ပြဖို့ တောင်းဆိုချက်ထဲမှာပါတယ်လို့ သံတမန်တွေက အင်္ဂါနေ့မှာ ပြောကြပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ကို NLD အစိုးရလက်ထက် ရဟတ်ယာဉ် ငှားရမ်းဝယ်ယူမှုနဲ့ ပတ်သက်ပြီးစွဲဆိုထားတဲ့ အဂတိအမှု ၅ မှုနဲ့ စွဲချက်တင်ဖို့ ဒီကနေ့မှာ နေပြည်တော် တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။
ရုရှားနိုင်ငံအတွင်း အင်တာနက် သုံးစွဲသူတွေအပေါ် ဖိနှိပ်မှုတွေနဲ့ မြန်မာ၊ ဆူဒန်၊ လစ်ဗျားနိုင်ငံတွေမှာ ဆိုးဝါးလာတဲ့ အင်တာနက်ကန့်သတ်မှု အခြေအနေတွေကြောင့် ကမ္ဘာတဝန်း အင်တာနက်လွတ်လပ်ခွင့်ဟာ ၁၂ နှစ် ဆက်တိုက် ကျဆင်းနေတဲ့အကြောင်း အမေရိကန်အခြေစိုက် Freedom House အဖွဲ့ကြီးရဲ့ ဒီနေ့ ထုတ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။
"အော်ဟုတ်ပါတယ်ခင်ဗျ၊ လိုအပ်ချက်ရှိလို့ ပြောင်းပေးလိုက်ပါတယ်။ ဒါကတော့ ကျနော်တို့ ဌာန လိုအပ်ချက်ပေါ့လေ၊ ပြီးခဲ့တဲ့ သုံးလေးရက်ကပါ ခင်ဗျာ"
အမေရိကန် ရာသီဥတုနဲ့ စိုက်ပျိုးရေး ပညာရှင် Cynthia Rosenzweig ကို လာမယ့် ကြာသပတေးနေ့မှာ Iowa ပြည်နယ် Des Moines က အခမ်းအနားမှာ World Food Prize - ကမ ္ဘာ့စားနပ်ရိက္ခာဆု ချီးမြှင့်မှာ ဖြစ်ပါတယ်။ ဒီနှစ် အတွက် ပညာရှင် အဖြစ် ရွေးချယ်ကြောင်း World Food Prize ဖောင်ဒေးရှင်းက မေလ အတွင်းမှာ ကြေညာခဲ့တာပါ။
အီရန်နိုင်ငံမှာ စနေနေ့ညက Evin အကျဉ်းထောင် မီးလောင်မှုအတွင်း ဘးလွတ်ရာကို ထွက်ပြေးကြတဲ့အကျဉ်း သားတွေကိုတာဝန်ရှိသူတွေက ပစ်ခတ်ခဲ့တယ်လို့ အီရန်အခြေစိုက်လူ့အခွင့်ရေးလှုပ်ရှားသူ Pourna Nazemi က VOA ပါးရှန်းဌာန ကိုပြောကြားခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်