အီရန်နိုင်ငံမှာ ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွဲမှုနဲ့ ပတ်သက်ဆက်နွယ်ပြီး ပြန်ကြားရေး ဝန်ကြီးနဲ့ အီရန်ရဲ့ ဘာသာရေး ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကို ဥရောပသမဂ္ဂ EU က တနလာင်္နေ့မှာ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ပါတယ်။
ဒီနေ့ တနင်္လာနေ့မနက်ပိုင်း ယူကရိန်းမြို့တော် Kyiv မှာ အီရန်လုပ် Shahed ဒရုန်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်မှုအတော်များများ ခံခဲ့ရကြောင်း ယူကရိန်းအရာရှိတွေကပြောခဲ့ပြီး Kamikaze တိုက်ခိုက်မှုလို့ တင်စားခေါ်ဝေါ်တဲ့ ဒရုန်းယာဉ်နဲ့ ပစ်မှတ်ကို ချိန်ရွယ်ပစ်ခတ်တာမျိုးကို ရုရှားက ပြုလုပ်လေ့ရှိပါတယ်။
တရုတ်နိုင်ငံသမ္မတရှီကျင့်ပင်က ကိုဗစ်ကင်းစင်ရေး- ကိုဗစ်ဇီးရိုးမူဝါဒကို ကွန်မြူနစ်ပါတီရဲ့အကြိမ် ၂၀ မြောက်ညီလာခံမိန့်ခွန်းမှာ တနင်္ဂနွေနေ့က ထပ်မံအတည်ပြုပြောလိုက် တာကြောင့် တချို့အတွက် စိတ်ပျက်စရာ ဖြစ်သွားကြပါတယ်။
မြန်မာနိုင်ငံ မြဝတီမြို့အနီးမှာ ပြန်ပေးဆွဲသလို ဖမ်းဆီးခံနေရပြီး ဆိုက်ဘာ ရာဇဝတ်မှုကျုးလွန်တဲ့အလုပ်တွေ အဓမ္မစေခိုင်းခံနေရတယ်ဆိုတဲ့ မလေးရှားနိုင်ငံသားတွေကို ကယ်တင်ပေးဖို့ ကွာလာလာမ်ပူမှာရှိတဲ့ တရုတ်နိုင်ငံသံရုံးကို မလေးရှားနိုင်ငံသားတွေရဲ့ မိသားစု ဆွေမျိုးတွေ ဒီနေ့ သွားရောက် တောင်းဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား Sean Turnell ကို နေပြည်တော်အကျဉ်းထောင်ကနေ အင်းစိန်အကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်တဲ့ကြောင်း တရားရေးသတင်းရပ်ကွက်က AFP သတင်းဌာနကို ပြောပေမယ့် စစ်ကောင်စီ၊သြစတြေးလျသံရုံးနဲ့ ရှောင်တာနဲလ်ရဲ့ ရှေ့တွေဆီကတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
အောက်တိုဘာ ၁၆ ရက်၊ ကမ္ဘာ့စားနပ်ရိက္ခာနေ့အထိမ်းအမှတ်အဖြစ် ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာသူတွေအပါအဝင် နိုင်ငံတဝှမ်း လူပေါင်း ၈ သိန်းကျော်အတွက် အစားအစာနဲ့အာဟာရဆိုင်ရာ အကူအညီတွေ ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ယူကေ သံရုံးက မနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
ဗြိတိန်မှာ ငွေကြေးပြဿနာကြုံနေချိန် ဘဏ္ဍာရေးဝန်ကြီး Kwarteng ကို ရာထူးကဖယ်ရှားလိုက်ပြီး နိုင်ငံခြားရေးဝန်ကြီးဟောင်း Jeremy Hunt ကို အစားထိုးခန့်အပ်လိုက်ကြောင်း ဝန်ကြီးချုပ် Liz Truss ကသတင်းစာရှင်းလင်းခဲ့ပါတယ်။
NCA တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ဟာ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကိုဦးတည်နေတဲ့ အခုပဋိပက္ခတွေရပ်ပြီး ငြိမ်းချမ်းရေး ပြန်အစပျိုးတည်ဆောက်ဖို့ လမ်းစလို့ ယုံကြည်ကြာင်း လက်မှတ်ထိုးအဖွဲ့ပေါင်းစု PPST က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
ဆိုးရွားတဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ စစ်ဒဏ်ခံနေရတဲ့ ထောင်နဲ့ချီတဲ့ မြန်မာပြည် သူတွေကိုအမှတ်ရဖို့ နိုင်ငံခြား သာသနာပြုအဖွဲ့တခုရဲ့ အပတ်စဉ်မဂ္ဂဇင်း အယ်ဒီတာတွေ၊ စီစဉ်ဆောင်ရွက်သူတွေနဲ့ အောက်တိုဘာလ ၁၃ ရက်နေ့ တွေ့ဆုံတဲ့ပွဲတခုမှာ ပုပ်ရဟန်းမင်းကြီး Francis က ကမ္ဘာကြီးကို တိုက်တွန်းပါတယ်။
သြဇာကြီးတဲ့ ပါကစ္စတန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Qamar Javed Bajwa ကိုဝေဖန်ခဲ့တဲ့ အတိုက်အခံ PTI ပါတီ ကဝါရင့် အထက်လွှတ်တော်အမတ် Azam Swati ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ကြာသပတေးနေ့မှာ ပါကစ္စတန်အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။
တရုတ်နိုင်ငံမှာ ၅ နှစ်တကြိမ် ကျင်းပတဲ့ ကွန်မြူနစ်ပါတီ ညီလာခံ မတိုင်ခင် ရက်ပိုင်းအလိုမှာပဲ ပေကျင်းမြို့တော်က တံတားတခုပေါ်မှာ ကြာသပတေးနေ့က ရှားရှားပါးပါး နိုင်ငံရေး ဆန္ဒပြကန့်ကွက်တဲ့ နဖူးစည်းစာတမ်းတခု ချိတ်ဆွဲခဲ့တာကို အာဏာပိုင်တွေ ဖယ်ရှားလိုက်ကြောင်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့တဲ့ ပုံတွေမှာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ နှစ်ပေါင်း ၅၀ နီးပါးအတွင်း သက်ရှိမျိုးစိတ်တွေရဲ့ အရေအတွက် ၆၉% ပျောက်ကွယ်သွားခဲ့တယ်လို့ ကမ္ဘာပေါ်က သက်ရှိမျိုးကွဲမျိုးစုံ ရှင်တွဲနေထိုင်မှုနဲ့ ကမ္ဘာကြီးရဲ့အခြေအနေတွေကို WWF ကအပြည့်အစုံ လေ့လာ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ အလုပ်သမားသမဂ္ဂတွေရဲ့ လှုပ်ရှားမှုတွေ ဖိနှိပ်ခံနေရပြီး အလုပ်သမားရေး လှုပ်ရှားသူအများအပြား အကြမ်းဖက် ဖမ်းဆီးခံထားရတဲ့အကြောင်း ရန်ကုန်အမေရိကန်သံရုံးရဲ့ တွစ်တာလှုမှုကွန်ယက်မှာ ဖေါ်ပြသလို မြန်မာနိုင်ငံအတွင်းမှာ အလုပ်သမားသမဂ္ဂ ၁၆ ခု တရားမဝင် ကြေညာခံထားတဲ့အကြောင်း ရေးသားထားပါတယ်။
မြန်မာစစ်ပွဲပဋိဒေသတွေမှာ စစ်တပ်အနေနဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ် ၇၀၀ ထက်မနည်းကို စစ်တိုက်တာမဟုတ်တဲ့ ပေါ်တာသယ်ပေးရတာမျိုးအပါအဝင် ဆက်လက်ပြီး အတင်းခိုင်းစေနေတယ်လို့ အမေရိကန်အလုပ်သမားဝန်ကြီးဌာနက စက်တင်ဘာလက ထုတ်ပြန်ခဲ့တာပါ။
ယူကရိန်းနိုင်ငံ Kyiv မြို့တော်ရှိရာကို အီရန်လုပ်ဒရုန်းတွေနဲ့ ရုရှားဘက်က ဒီနေ့ ကြာသပတေးနေ့ အစောပိုင်းမှာ ပစ်ခတ်ခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောကြားပါတယ်။
အမေရိကန်ပြည်ထောင်စု Connecticut ပြည်နယ်မှာ ၂၀၁၂ ခုနှစ်က မူလတန်းကျောင်းတခုမှာ သေနတ်သမားပစ်ခတ်လို့ ကလေးငယ်တွေ သေဆုံးခဲ့တယ်ဆိုတာ တကယ်မဟုတ်ဘူးလို့ ပြောနေသူ Alex Jones အနေနဲ့ လျော်ကြေး ဒေါ်လာ ၉၆၅ သန်းပေးရမယ်လို့ တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။
ကမ္ဘာကြီးနဲ့ မိုင်သန်းချီဝေးတဲ့နေရာမှာ အာကာသထဲ အန္တရာယ်မပေးနိုင်တဲ့ ဥက္ကာပျံငယ်ကို ရေခဲသေတ္တာအရွယ် အာကာသယာဉ်ငယ်က ဝင်တိုက်တဲ့နည်းနဲ့ ဥက္ကာပျံလမ်းကြောင်း ပြောင်းသွားအောင်လုပ်ခဲ့ပြီး ကမ္ဘာကြီးကို ကာကွယ်တဲ့စမ်းသပ်မှုက မျှော်မှန်းထားတာထက် ပိုအောင်မြင်ခဲ့ပြီလို့ နာဆာက အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။
ရုရှားကျူးကျော်စစ်ရင်ဆိုင်နေရတဲ့ ယူကရိန်းကိုအကူအညီပေးဖို့ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ NATO ကာကွယ်ရေးဝန်ကြီးတွေရဲ့ ယူကရိန်းကာကွယ်ရေးဆိုင်ရာအစည်းအဝေးကို Brussels မြို့မှာ ဒီကနေ့ ကျင်းပရာမှာ ယူကရိန်းကာကွယ်ရေးဝန်ကြီး တက်ရောက် စကားပြောပါတယ်။
ရန်ကုန်သီလဝါအထူးစီးပွားရေးဇုံမှာရှိတဲ့ Toyota ကားစက်ရုံမှာ ကားတပ်ဆင်တဲ့လုပ်ငန်းတွေ ပြန်လည် စတင်နေပါတယ်။ ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းမှုကြောင့် ၁၉ လကျော်ကြာ ရပ်ဆိုင်းထားရတဲ့ ကားစက်ရုံသစ်မှာ ကားတွေကို စတင်တပ်ဆင်နေပြီလို့ Toyota ကုမ္ပဏီက သတင်းထုတ်ပြန်ပါတယ်။
ဂျူလိုင်လက ရန်ကုန်ဆန္ဒပြပွဲတခုမှာ မှတ်တမ်းရိုက်ရင်း ဖမ်းဆီးခံခဲ့ရပြီး ၅၀၅-က၊ ၃၃-၃ တို့နဲ့ တပေါင်းတည်း ထောင်ဒဏ် ၇ နှစ်ချခံထားရသူ ဂျပန်နိုင်ငံသား Toru Kubota ကို လဝကဥပဒေနဲ့ ဒီနေ့ ထောင်ဒဏ် ၃ နှစ် ထပ် ချမှတ်လိုက်ကြောင်း တရားရုံး သတင်းရင်းမြစ်တွေနဲ့ သံတမန်အသိုင်းအဝိုင်းက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်