တောင်နဲ့မြောက်ကိုရီးယားနယ်စပ်နား မြောက်ကိုရီးယား စစ်လေယာဉ်တွေ ပျံသန်းခဲ့တာကြောင့် တောင်ကိုရီးယားဘက်ကလည်း စစ်လေယာဉ် ၃၀ ချက်ချင်း ပျံသန်းခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
၂၀၂၂ ခု၊ စာပေဆိုင်ရာနိုဘယ်လ်ဆုအတွက် ပင်ကိုယ်ဉာဏ်စွမ်း၊ ကွဲလွဲမှုနဲ့ အတားအဆီးတွေကို ဖော်ထုတ်ပေးနိုင်တဲ့ ရဲစွမ်းသတ္တိနဲ့ လက်တွေ့စွမ်းပကားတွေအတွက် စာရေးဆရာမ Annie Ernaux ကို ရွေးချယ်လိုက်ကြောင်း ဆွီဒင် နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီရဲ့ အမြဲတမ်းအတွင်းဝန်က ကြေညာသွားတာဖြစ်ပါတယ်။
မြန်မာစစ်တပ်က အကြမ်းဖက်လုပ်ရပ်တွေနဲ့အတူ တရားမဝင် အုပ်ချုပ်နေမှုကို ချက်ခြင်းရပ်တန့်ဖို့၊ သတင်းထောက်တွေကို နိုင်ငံရေးရည်မှန်းချက်နဲ့ဖမ်းဆီးအရေးယူနေတာတွေ ရပ်တန်ြ့ပီး ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ဆုံးဖြတ်ချက်ကို အီးယူ ဥရောပပါလီမန် က ဒီကနေ့ အောက်တိုဘာ ၆ ရက်နေ့မှာ ချမှတ်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ တပ်မတော်ပြိုကွဲအောင်လှုံ့ဆော်လုပ်ဆောင်မှု၊ လျှပ်စစ်ဆက်သွယ်ရေးပုဒ်မတွေနဲ့ ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်ချမှတ်ခံလိုက်ရတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးသူ Toru Kubota ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဂျပန် အစိုးရက တောင်းဆိုလိုက်ပါတယ်။
ဂျပန်နိုင်ငံကိုကျော်ဖြတ်ပြီး ပဲ့ထိန်းတပ်ဒုံးကျည်တစ်စင်းကို မြောက်ကိုရီးယားက စမ်းသပ်ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီနေ့ဗုဒ္ဓဟူးနေ့မှာ တခါးဖွင့် အရေးပေါ်အစည်းအဝေးတရပ်ကို ကျင်းပမှာ ဖြစ်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် Liz Truss အဆိုပြုထားတဲ့ အခွန်လျှော့ချရေးအစီအစဉ်တွေကြောင့် အစပိုင်းမှာ အခက်အခဲတွေရှိနိုင်ပေမယ့် ပိုပြီးချမ်းသာကြွယ်ဝတဲ့၊ ပို ထိရောက်အကျိုးရှိတဲ့အနာဂတ်ကို ဖော်ဆောင်ပေးမှာဖြစ်တဲ့အတွက် ကြံ့ကြံ့ခံပြီး ကျော်လွှားပေးကြဖို့ ဒီကနေ့ ကျင်းပတဲ့ ကွန်ဆာဗေးတစ်ပါတီ ညီလာခံမှာ ပြောကြားလိုက်ပါတယ်။
၂၀၂၂ ခုနှစ် ဓာတုဗေဒဆိုင်ရာ နိုဘယ်လ်ဆုရှင်တွေအဖြစ် California ပြည်နယ် Stanford တက္ကသိုလ်က Carolyn R. Bertozzi ၊ Copenhagen တက္ကသိုလ်က Morten Meldal နဲ့ Scripps Research သုတေသနဌာနက K. Barry Sharpless တို့ကို ဆုချီးမြှင့်ကြောင်း သိပ္ပံဆိုင်ရာ Noble ဆုရွေးချယ်ရေးအကယ်ဒမီ အတွင်းရေးမှူးချုပ်က ကြေညာခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရဆဲအမှုတွေထဲက နောက်ထပ်အဂတိမှု ၂ မှုကို လာမယ့် အောက်တိုဘာ ၁၂ ရက်နေ့မှာ အပြီးသတ်အမိန့်ချမှတ် သွားမယ်လို့ မျှော်လင့်ကြောင်း တရားရေးသတင်းရပ်ကွက်က ပြောပါတယ်။
မြောက်ကိုရီးယားက အမျိုးအစားမသိသေးတဲ့ ပဲ့ထိန်းတပ်ဒုံးကျည်တစင်းကို ဂျပန်နိုင်ငံပေါ်ကိုကျော်ပြီး ပစ်လွှတ်လိုက်တဲ့အတွက် မြောက်ပိုင်းက ဟိုကိုင်းဒိုး (Hokkaido) နဲ့ အေအိုမိုရီ (Aomori) ခရိုင်တွေမှာ လူတွေကို အင်္ဂါနေ့မနက်က ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရပါတယ်။
၂၀၂၂ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘဲလ်ဆုကို ပြင်သစ်နိုင်ငံသား Alain Aspect ၊ အမေရိကန်နိုင်ငံသား John F. Clauser နဲ့ သြစတြီးယားနိုင်ငံသား Anton Zeilinger တို့ ၃ ဦး ကိုပူးတွဲချီးမြှင့်ကြောင်း နိုဘဲလ်ဆုရွေးချယ်ရေး ကော်မီတီက ကြေညာပါတယ်။
ရှေ့လ ကမ္ဘောဒီးယားနိုင်ငံ Phnom Penh မြို့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အာဆီယံထိပ်သီး ဆွေးနွေးပွဲနဲ့ ဆက်စပ် အစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီအကြီးအကဲနဲ့ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်မှာမဟုတ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုတာကို The Phnom Penh Post သတင်းစာမှာ ရေးပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေ တင်ဆောင်လာတဲ့လှေတစင်းဟာ ရာသီဥတုဆိုးဝါးတာကြောင့် ဘင်္ဂလားဒေ့ရှ်ကမ်းရိုတန်းအပြင်မှာ အင်္ဂါနေ့က တိမ်းမှောက်ခဲ့ပြီး အနည်းဆုံးလူ ၁၂ ဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။
၂၀၂၂ ခုနှစ်ရဲ့ ဆေးပညာဆိုင်ရာနိုဘယ်ဆုကို ရှေးခေတ် လူရဲ့ဗီဇရုပ်တွေကို လေ့လာဖော်ထုတ်တဲ့ပညာကို စတင်ခဲ့သူ ဆွီဒင်လူမျိုး ဒေါက်တာ Svante Pääbo (စပန်တီ ပေးဘို) ကို ချီးမြှင့်လိုက်ပါတယ်။
ဆိုမာလီယာနိုင်ငံဟာ ငတ်မွတ်ခေါင်းပါးခြင်းကပ်ထဲ ကျလုလုဖြစ်နေပြီး လူ ရှစ်သန်းနီးနီးက အကူအညီလိုအပ်နေသလို နိုင်ငံတွင်းမှာ အိုးအိမ်ပစ် ရွှေ့ပြောင်းနေထိုင်ရသူ (အိုင်ဒီပီ) က တသန်းကျော်ရှိတယ်လို့ လူသားချင်းစာနာထောက်ထားရေး ပေါင်းစပ်ညှိုနှိုင်းရေး ဆိုမာလီရုံး OCHA ရဲ့အကြီးအကဲ Ian Ridley က ပြောပါတယ်။
ဟာရီကိန်း Fiona မုန်တိုင်း အပျက်အစီးကနေ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကိုကြည့်ဖို့ အမေရိကန်သမ္မတဘိုင်ဒန်နဲ့ဇနီး Jill ဟာ Puerto Rico ကျွန်းကို ဒီနေ့ တနင်္လာနေ့မှာ သွားရောက်ကြမှာဖြစ်ပါတယ်။ ဒေါ်လာသန်း ၆၀ အကူအညီပေးမှာကိုလည်း ဒီခရီးစဉ်မှာ ကြေညာဖို့ ရှိပါတယ်။
မြန်မာစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို အင်ဒိုနီးရှားနိုင်ငံမှာ တရားစွဲဆိုနိုင်ရေး သတင်းလွတ်လပ်ခွင့်အဖွဲ့ AJI နဲ့ လူ့အခွင့်အရေးအဖွဲ့ရဲ့ လျှောက်ထား ချက်ကို လာမယ့် အောက်တိုဘာလ ၁၁ ရက်နေ့မှာ အင်ဒိုနီးရှား ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးက ဒုတိယအကြိမ် ကြားနာဖို့ရှိပါတယ်။
လာမယ့် နိုဝင်ဘာ ၁၈ နဲ့ ၁၉ ရက် ထိုင်းနိုင်ငံမှာကျင်းပမယ့် အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုညီလာခံ APEC ထိပ်သီးအစည်းအဝေးကို အမေရိကန် သမ္မတ Joe Biden တက်ရောက်တော့မှာမဟုတ်ဘဲ ဒုသမ္မတ Kamala Harris ပဲ တက်ရောက်မယ့်အကြောင်း ထိုင်းနိုင်ငံထုတ်သတင်းတွေမှာ ရေးပါတယ်။
တနင်္ဂနွေနေ့အစောပိုင်းက ဘင်္ဂလားဒေ့ရှ် မြန်မာနယ်ခြား ခြံစည်းရိုးအနီးမှာ မြေမြှုပ်မိုင်းတလုံးပေါက်ကွဲခဲ့တဲ့အတွက် ဆယ်ကျော်သက်အရွယ် ရိုဟင်ဂျာလူငယ်တဦး သေဆုံးသွားပြီး နောက်ထပ်အမျိုးသားတဦး အပြင်းအထန် ဒဏ်ရာရှိခဲ့တဲ့အကြောင်း Bangladesh နိုင်ငံထုတ် Dhaka Tribune သတင်းစာမှာ ရေးသားထားပါတယ်။
ရုရှားကနေ ဂျာမနီကို သဘာဝဓါတ်ငွေ့ပို့ပေးနေတဲ့ Baltic ပင်လယ်ထဲက Nord Stream ပိုက်လိုင်း ၂ လိုင်း ကွဲအက်မှုဟာ တမင်အဖျက်ဆီးခံရတာ ဖြစ်ကြောင်း အထောက်ထားခိုင်မာတဲ့အတွက် လက်တုန့်ပြန်မှာ ဖြစ်ကြောင်း NATO မဟာမိတ်အဖွဲ့က ကြာသပတေးနေ့မှာ ပြောပါတယ်။
ယူကရိန်းနိုင်ငံထဲက ရုရှားသိမ်းပိုက်ထားတဲ့ ဒေသ ၄ ခု ကို သောကြာနေ့မှာ ရုရှားနိုင်ငံထဲ အခန်းအနားနဲ့တရားဝင်ထည့်သွင်းဖို့ ရုရှားအစိုးရက စီစဉ်နေတာဟာ တရားမဝင်ကြောင်းနဲ့ လက်မခံကြောင်း “နိုင်ငံတနိုင်ငံရဲ့ ပိုင်နက်ကို အင်အားသုံးတိုက်ခိုက်သိမ်းယူမယ်ဆိုရင် နိုင်ငံတကာဥပဒေကိုချိုးဖေါက်တာဖြစ်တယ်လို့ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်