ရုရှားပြည်ထောင်စုထဲ ပါဝင်မလားဆိုတဲ့ ဆန္ဒခံယူပွဲကျင်းပခဲ့တဲ့ ယူကရိန်းဒေသ ၄ ခုကို ရုရှားပိုင်နက်နယ်မြေတွေအဖြစ်နဲ့ တရားဝင်ကြေညာသတ်မှတ်မယ့် အခမ်းအနားကို မနက်ဖြန် စက်တင်ဘာလ ၃၀ ရက်နေ့မှာကျင်းပမယ်လို့ ရုရှားအစိုးရက ဒီကနေ့ ကြေညာပါတယ်။
တောင်နဲ့မြောက်ကိုရီးယား ၂ နိုင်ငံ ပိုင်းခြားထားတဲ့စစ်မဲ့ဇုံကို အမေရိကန်ဒုသမ္မတ Kamala Harris သွားခဲ့ပြီး မြောက်ကိုရီးယားရဲ့ရက်စက်တဲ့အာဏာရှင်စနစ်နဲ့ မတည်မငြိမ်ဖြစ်စေတဲ့ လက်နက်အစီအစဉ်ကို ဝေဖန်ရှုတ်ချလိုက်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပေး ပါမောက္ခ Sean Turnell ကို ထောင်ဒဏ် ၃ နှစ် ဒီနေ့ချလိုက်တာအပေါ် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးကကန့်ကွက်လိုက်ပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ဟာရီကိန်းမုန်တိုင်း Ian ဟာ ကျူးဘားနိုင်ငံအနောက်ဘက်ခြမ်း ကုန်းတွင်းပိုင်းကို အင်္ဂါနေ့ကဝင်ရောက်ပြီး နာရီပိုင်းအကြာမှာပဲ အင်အားပြင်းဟာရီကိန်းမုန်တိုင်းကြီးအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။
ဗီယက်နမ် အပန်းဖြေကမ်းခြေမြို့ Danang နားမှာ ဒီနေ့အစောပိုင်းက တနာရီ မိုင် ၇၀ ကျော်နဲ့ဝင်လာတဲ့ နိုရူးတိုင်ဖွန်း မုန်တိုင်းကြောင့် အိမ်ခေါင်မိုးတွေလန်ထွက်၊ သစ်ပင်တွေအမြစ်ကနေ ကျွတ်ထွက်ခဲ့ပြီး အိမ်ခြေတသန်းကျော် မီးပြတ်နေပါတယ်။
တရုတ်အစိုးရရဲ့ ရန်လိုတဲ့လုပ်ရပ်တွေဟာ ဥပေဒစည်းမျဉ်းတွေကို အခြေခံတဲ့ နိုင်ငံတကာ အစီအစဉ်တွေကို ခြိမ်းခြောက်နေတယ်လို့ အမေရိကန်ဒုသမ္မတ Kamala Harris က ဂျပန်နိုင်ငံမှာ ပြောကြားလိုက်ပါတယ်။
ရုရှားကနေ Baltic ပင်လယ်ကိုဖြတ်ပြီး ဥရောပကိုသွယ်တန်းထားတဲ့ ဓါတ်ငွေ့ပိုက်လိုင်းတွေ ပျက်စီးပေါက်ထွက်နေတာဟာ တမင်ဖျက်ဆီးခံရတာဖြစ်နိုင်ကြောင်း အခြေအနေအားလုံးက ညွှန်ပြနေတယ်လို့ EU အကြီးအကဲကပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအလှည့်ကျ ၁၅ နိုင်ငံထဲမှာ အာရပ်စော်ဘွားများပြည်ထောင်စု UAE ပါဝင်တဲ့ ကာလအတွင်း မြန်မာနိုင်ငံအရေး ပိုပြီး တက်တက်ကြွကြွ လုပ်ဆောင်ဖို့ မျှော်လင့်တဲ့အကြောင်း မလေးရှားဝန်ကြီးချုပ် Datuk Seri Ismail Sabri Yaakob က စက်တင်လာ ၂၇ ရက်၊ မနေ့က ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက လက်ယက်ကုန်းကျေးရွာက စာသင်ကျောင်းကို မကြာသေးခင်က တိုက်ခိုက်ခဲ့တဲ့ကိစ္စမှာ ရာဇဝတ်မှုကျူးလွန်ခဲ့ခြင်းရှိမရှိ အထောက်အထားတွေ စုဆောင်းနေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းရေးအဖွဲ့ IIMM က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
ဂျပန်နိုင်ငံရဲ့ ခေတ်သစ် နိုင်ငံရေးသမိုင်းမှာ သြဇာအရှိဆုံးပုဂ္ဂိုလ်လို့သတ်မှတ်ခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးကို ဂျပန်ုနိင်ငံသားတွေ ဒီကနေ့ နောက်ဆုံးဂါရဝပြု နှုတ်ဆက်ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နမိတ်ကို ကျူးကျော်တဲ့ ချိုးဖေါက်မှုတွေအဆုံးသတ်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ် အမြန်ဆုံးဆောင် ရွက်နိုင်အောင် မြန်မာစစ်ကောင်စီကို နားချမယ့်အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Li Jiming က ကတိပေးတာကို Daily Star သတင်းစာမှာရေးသားထားပါတယ်။
အမေရိကန်လေယာဉ်တင်သင်္ဘောနဲ့ တောင်ကိုရီးယားစစ်သင်္ဘောတွေ ဒီကနေ့ ကိုရီးယားကျွန်းဆွယ်အရှေ့ဘက်ခြမ်းမှာ စစ်ရေးလေ့ကျင့်ခဲ့ကြပြီး ဒါဟာ ၅ နှစ်အတွင်း ပထမဆုံးအကြိမ် ရေတပ်သင်္ဘောတွေ စစ်ရေးလေ့ကျင့်တာ ဖြစ်ပါတယ်။
နျူကလီယားလက်နက်တွေနဲ့ ပတ်သက်ပြီး ပရမ်းပတာ လျှောက်ပြောနေတာတွေရပ်ဖို့ ရုရှားကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက လူသိရှင်ကြားရော၊ ပုဂ္ဂိုလ်ရေးအရပါ ရှင်းရှင်းလင်းလင်း ပြောလိုက်ပါတယ်။
အိမ်နီးချင်းမြန်မာနိုင်ငံအတွင်းမှာ ငြိမ်းချမ်းရေးပြန်လည်ရရှိဖို့ အိန္ဒိယအစိုးရအနေနဲ့ စစ်အာဏာပိုင်တွေနဲ့ရော တခြား တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးသင့်တယ်လို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Zoramthanga က တိုက်တွန်းလိုက်ပါတယ်။
ကုလလူ့အခွင့်အရေးကောင်စီကို နောက်ဆုံးတင်သွင်းခဲ့တဲ့အစီရင်ခံစာမှာ ခုနှစ် ဇွန်လကစလို့ မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခ၊ အကြောက်တရားနဲ့ လုံခြုံရေးအခြေအနေတွေ ဆိုးရွားဆုတ်ယုတ်လာခဲ့တယ်လို့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလ ယာယီမဟာမင်းကြီး Nadal Al-Nashif က ၅၁ ကြိမ်မြောက်ညီလာခံမှာ ဒီနေ့ တင်ပြခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် မြန်မာစစ်ကောင်စီကို ဖိအားတိုးပေးဖို့လိုကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina က AFP သတင်းဌာနနဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ပြောသွားပါတယ်။
မြန်မာနိုင်ငံရဲ့ပဋိပက္ခတွေချုပ်ငြိမ်းရေး အာဆီယံအသင်းရဲ့နည်းလမ်းနဲ့ဆောင်ရွက်ချက်တွေကသာ အကောင်းဆုံးအကူညီပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ထိုင်း ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်တဲ့ Don Pramudwinai က ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြီးခဲ့တဲ့ သီတင်းပတ် သောကြာနေ့က ပြောသွားပါတယ်
အငြိမ်းစားဗိုလ်ချုပ်အုန်းသွင်ကို လုပ်ကြံသတ်ဖြတ်မှုအပေါ် စစ်ကောင်စီကရှုတ်ချလိုက်ပြီး ဒါဟာစစ်မှုထမ်းဟောင်း တွေကိုရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်နေတာဘဲ ဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကVOA ကိုပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အကြပ်အတည်းအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့တုံ့ပြန်ကိုင်တွယ်မှုနဲ့ ပတ်သက်လို့ စိတ်ပျက်မိကြောင်း မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob က ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ဖော်ပြောကြားခဲပါတယ်။
ရုရှားနဲ့ ယူကရိန်းနှစ်စ်ဘက်စလုံးအနေနဲ့ စစ်ပွဲကိုပိုမိုပြန့်နှံပြီးထိခိုက်အောင် မလုပ်ဖို့ နဲ့ သံတမန်ရေးအရဆွေးနွေး ဖြေရှင်းကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီကကုလ သမဂ္ဂအထွေထွေညီလာခံမှာစနေနေ့ကပြောဆိုလိုက်ပါတယ်။ သူ့ရဲ့မဟာမိတ် ရုရှားအပေါ်ထောက်ခံနေတာကို ရုတ်တရက်ရပ်ဆိုင်းလိုက်ပြီး အခုလိုပြောဆိုလိုက်တာပါ။
နောက်ထပ်ကြည့်ရှုရန်