ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းအရှေ့ပိုင်းဒေသတွေမှာ ရုရှားအစိုးရစီစဉ်ပြုလုပ်တဲ့ ရုရှားလက်အောက် ဒီဒေသခံတွေနေလိုတဲ့ဆန္ဒရှိမရှိ လူထုဆန္ဒခံယူပွဲကို သောကြာနေ့မှာ စတင်မဲပေးနေပါပြီ။
မြန်မာနိုင်ငံအကျပ်အတည်းအပေါ် တွေဆုံညှိနှိုင်းတဲ့အခြေအနေတရပ်ပေါ်လာဖို့ ဘယ်လို ဆောင်ရွက်နိုင်မလဲဆိုတာကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကြား ဆွေးနွေးခဲ့ကြတယ်လို့ Vietnam Times သတင်းစာရေးပါတယ်။
မနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘုမ္မိလေဆိပ်မှာ ခေတ္တထိန်းသိမ်းခံခဲ့ရတဲ့ Miss Grand International 2020 ရဲ့ အလှမယ်ဟန်လေးက သူလေဆိပ်ထဲ ယာယီ ဆက်လက်နေခွင့်ရဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR အရာရှိတွေနဲ့ ထိုင်းတာဝန်ရှိသူတွေ ညှိနှိုင်းပြီး ဆောင်ရွက်နေတဲ့ အကြောင်း VOA ကို ပြောပါတယ်။
ယူကရိန်းမှာ နျူကလီးယားစစ်ဖြစ်မယ့်အရေး ပြောဆိုနေတာကို လုံးဝလက်ခံနိုင်စရာ မရှိကြောင်းနဲ့ ရုရှားထိန်းချုပ်ရာဒေသတွေမှာ လူထုဆန္ဒခံယူမယ့် အစီအစဉ်ဟာလည်း ကုလသမဂ္ဂပဋိဉာဉ်နဲ့ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ပြီး၊ လက်အောက်ခံအဖြစ် သွတ်သွင်းတဲ့ လုပ်ရပ်သာ ဖြစ်မယ်လို့ ကုလသမဂ္ဂအကြီးအကဲက လုံခြုံရေးကောင်စီကို ပြောပါတယ်။
စစ်ကိုင်းတိုင်း လက်ယက်ကုန်း ကျေးရွာက စာသင်ကျောင်းအပေါ် လေကြောင်းပစ်ခတ်မှုမှာ ကလေးငယ် ၁၁ ဦး သေဆုံးတယ်ဆိုတာ မဟုတ်ဘူးလို့ စစ်ကောင်စီဘက်က ပြောပါတယ်။ ဒီပဲယင်း လက်ယက်ကုန်းရွာက စာသင်ကျောင်းအပေါ် မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ ကလေးငယ် ၁၁ ဦးအပါအဝင်၊ လူ ၁၃ ဦးသေဆုံးကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံနဲ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပါအဝင် ပြည်တွင်းပြည်ပက ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာမှု အကူအညီအဖြစ် နောက်ထပ် ဒေါ်လာသန်း ၁၇၀ ကျော်ပေးအပ်မယ့်အကြောင်း အမေရိကန်က ကြေညာလိုက်ပါတယ်။ ၂၀၁၇ ခုနှစ်ကစလို့ ထောက်ပံ့နေတာ ၁.၉ ဘီလီယံနီးပါး ရှိနေပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘတ် ကွယ်လွန်သွားတဲ့အတွက် သြစတြေးလျနိုင်ငံမှာ နိုင်ငံတော်ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ သတ်မှတ်ကျင်းပနေချိန်မှာပဲ ဘုရင်နဲ့ ကိုလိုနီစနစ်ရဲ့ ဆိုးမွေတွေကို ဌာနေတိုင်းရင်းသားတွေ ကန့်ကွက်ဆန္ဒပြကြပါတယ်။ ဘုရင်စနစ်ဖျက်သိမ်းရေး ဆန္ဒပြပွဲတွေလည်း နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့တာပါ။
နယူးယောက်ပြည်နယ် တရားသူကြီးချုပ် Letitia James က သမ္မတဟောင်း Trump နဲ့သားသမီးသုံးဦးကို မိသားစုစီးပွားရေးလုပ်ငန်းအနေနဲ့ ပိုင်ဆိုင်မှုတန်ဖိုးတွေကို ဆယ်နှစ်ကျော်ကြာ ဒေါ်လာဘီလျံချီ ပိုတိုးသတ်မှတ် လိမ်လည်ခဲ့တယ် လို့ စွပ်စွဲပြီး စက်တင်ဘာ ၂၁ ရက် ဗုဒ္ဓဟူးနေ့က လိမ်လည်မှုနဲ့ အမှုဖွင့်လိုက်ပါတယ်။
မြန်မာနိုင်ငံကဒုက္ခသည် သောင်းနဲ့ချီထွက်ပြေးခိုလှုံနေတဲ့ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်မှာရှိတဲ့ မီဇိုရမ်တက္ကသိုလ်မှာ ဒီပလိုမာပေးမယ့် မြန်မာဘာသာစကားသင်တန်းကို အောက်တိုဘာလကစတင် သင်ကြားပို့ချတော့မှာဖြစ်ပါတယ်။
စစ်မက်ဖြစ်ပွါးနေတဲ့ ရုရှားနဲ့ယူကရိန်းတို့ကြား အပြန်အလှန် အကျဉ်းသားလဲလှယ်ရေးအစီအစဉ်နဲ့ ရုရှားတို့ဖမ်းဆီးထားသူ ယူကရိန်းနိုင်ငံသား ၂၀၀ ကျော် ဒီနေ့ စက်တင်ဘာ ၂၂ ရက်မှာ ပြန်လွတ်လာတယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelensky က ပြောပါတယ်။
တိုင်းရင်းသားလူမျိုးစုတွေအပါအဝင် နိုင်ငံရေးအရမတူညီတဲ့ သက်ဆိုင်ရာအဖွဲ့တွေနဲ့ ဆွေးနွေးပြောဆိုရေးဟာ အားလုံးပါဝင်နိုင်တဲ့ ပါတီစုံဒီမိုကရေစီစနစ် ပြန်တည်ဆောက်ရေး အာမခံနိုင်ဖို့ မရှိမဖြစ်လိုအပ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet က သူ့ရဲ့ တွစ်တာလူမှုကွန်ယက်မှာ ရေးသားထားပါတယ်။
ရုရှား ခေါင်းဆောင်က သိသိသာသာ စစ်ရေးတိုးမြှင့်ပြီး နျူးကလီးယားနဲ့ လက်တုံ့ပြန်ဖို့ပါ ခြိမ်းခြောက်ထားချိန်မှာဘဲ ယူကရိန်း အပေါ် ရုရှား သမ္မတ Vladimir Putin ရဲ့ ကျူးကျော်မှုကို အမေရိကန် သမ္မတ Joe Biden က ကုလသမဂ္ဂမှာ ဝေဖန်လိုက်ပါတယ်။ ကုလညီလာခံမှာ ဗုဒ္ဓဟူးနေ့က သမ္မတ Biden က ရုရှားကို ပြစ်တင်ရှုတ်ချခဲ့တာပါ။
ယူကရိန်းနိုင်ငံမှာတိုက်ဖို့ အရန်တပ်ဖွဲ့ဝင်တွေ ခေါ်ယူမယ့် ရုရှားသမ္မတ Vladimir Putin ရဲ့ အစီအစဉ်ကို ဆန့်ကျင်ဆန္ဒပြပွဲတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ရာက ဖမ်းဆီးခံရသူ ၁၃၀၀ ကျော် ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့လုပ်ငန်းတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ OVD-Info အဖွဲ့က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံတွင်းက အပြစ်မဲ့ ပြည်သူအများအပြားရဲ့ အခြေအနေဟာ ဆိုးရွားသထက် ဆိုးရွားလာနေပြီး ကြောက်မက်ဖွယ် အခြေအနေ ဖြစ်နေကြောင်း မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrews က ဗုဒ္ဓဟူးနေ့မှာ လူ့အခွင့်ရေး ကောင်စီကို တင်ပြခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာ ဒီမိုကရေစီလိုလားတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ တိုင်းရင်းသားလူနည်းစုအပေါ် စစ်အာဏာပိုင်တွေရဲ့ ဆိုးရွားတဲ့ဖိနှိပ်မှု၊ အာဖဂနစ္စတန်မှာ အမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ် တာလီဘန်တွေ ဖိနှိပ်မှု တိုးလာနေပါတယ်။" လို့ သမ္မတ ဂျိုးဘိုင်ဒင် ဗုဒ္ဓဟူးနေ့ ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းမှာ ပြောကြားသွားတာပါ။
ရုရှားနိုင်ငံနဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့လိုအပ်တဲ့အတွက် အရန်တပ်ဖွဲ့ဝင်တွေကို တချို့နေရာတွေကို စေလွှတ်တာဝန်ချမယ်လို့ သမ္မတ Vladimir Putin က ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။
ထိုင်းနိုင်ငံကိုလာရောက်မယ့် ဗီဇာကင်းလွတ်ခွင့် သဘောတူညီထားတဲ့နိုင်ငံတွေက ခရီးသည်တွေကို ဆိုက်ရောက်ဗီဇာ အရင် ရက် ၃၀ ပေးထားရင် အခု ၄၅ ရက်အထိ နေထိုင်ခွင့်တိုးပေးဖို့ ထိုင်း ပြည်ထဲရေးဝန်ကြီးဌာနက မနေ့က ဆုံးဖြတ်လိုက်ပါတယ်။
မြန်မာနိုင်ငံစီးပွားရေးဟာ နိုင်ငံရေးအကြပ်အတည်းနဲ့ ရှုပ်ထွေးမှုတွေကြောင့် ရင်းနှီးမြှုပ်နှံမှုနဲ့ ရောင်းဝယ်အားအပေါ် ထိခိုက်နေတဲ့ကြားမှာပဲ ၂၀၂၂ ခုနှစ် မတ်လနောက်ပိုင်း အတန်အသင့် တိုးတက်လာခဲ့တယ်လို့ ADB အာရှ ဖွံ့ဖြိုးရေးဘဏ်ရဲ့ နောက်ဆုံးထုတ် အစီရင်ခံစာ ဖေါ်ပြပါတယ်။
“အဲဒီလိုအချိန်တွေမှာ ကုလသမဂ္ဂက သံတမန်တွေလွှတ်၊ ကုလဌာနအသီးသီးက အရာရှိတွေက အာဏာသိမ်းစစ်အစိုးရနဲ့ လက်ဆွဲ နှုတ်ဆက်တာအပြင် ဘာများလုပ်နေပါသလဲ။ အာဆီယံကကော အချည်းနှီး အသနားခံတာကလွဲလို့ ဘာများ လုပ်နေပါသလဲ။ မြန်မာပြည်သူတွေနဲ့ ကလေးတွေ ကို အကာအကွယ်ပေးဖို့က ဘယ်မှာလဲ။”( Marzuki Darusman-SAC -M)
နောက်ထပ်ကြည့်ရှုရန်