“Mir ကဒ်ကို ကျနော်တို့ လျင်မြန်စွာအသုံးပြုနိုင်ရေးအတွက် ရုရှား ငွေရေးကြေးရေးအဖွဲ့အစည်းတွေက ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ရုရှားနိုင်ငံရဲ့ Mir ကဒ်ကို မြန်မာနိုင်ငံရဲ့ ငွေပေးချေမှုစနစ်မှာ အသုံးပြုနိုင်ရေးအတွက် ဆွေးနွေးလျှက်ရှိပါတယ်။”(ဗိုလ်ချုပ်ဇော်မင်းထွန်း၊ စစ်ကောင်စီပြောခွင့်ရ)
ဂျပန်ကာကွယ်ရေးဌာနသင်တန်းကျောင်းတွေမှာ မြန်မာစစ်တပ်ကအရာရှိတွေကို ခေါ်ယူ သင်တန်းပေးနေတာတွေ ရှေ့နှစ်ကစလို့ နောက်ထပ် သင်တန်းသား ခေါ်ယူတာတွေ မလုပ်တော့ဘူးလို့ ဂျပန်ကာကွယ်ရေးဌာနက ပြောပါတယ်။
ကမ္ဘာ့ခေါင်းဆောင်တွေဟာ ပဋိပက္ခတွေ၊ ရာသီဥတုဆိုင်ရာ ကပ်ဘေးတွေ၊ တိုးများလာနေတဲ့ ဆင်းရဲမှု နဲ့ မညီမမျှမှုတွေ၊ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ကတည်းက ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေကြား ပိုပြီး အကွဲအဟ ကြီးမားလာတာတွေကို ကိုင်တွယ် ဖြေရှင်းကြရလိမ့်မယ်လို့ မစ္စတာ Guterres က ပြောပါတယ်။
ကမ္ဘာမှာ ငတ်မွတ်ခေါင်းပါးမှုကြောင့် လေးစက္ကန့်တိုင်းမှာ သေဆုံးရသူတယာက်ရှိမယ်လို့ ခန့်မှန်းကြောင်း အစိုးရမဟုတ်တဲ့အဖွဲ့အစည်း NGO ၂၀၀ ကျော်က အင်္ဂါနေ့မှာ သတိပေးလိုက်ပါတယ်။
အာဆီယံ အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည် မဖော်နိုင်တော့ဘူးဆိုရင် နောက်တဆင့် ဘာလုပ်မလဲဆိုတာ ဆုံးဖြတ်ရတော့မယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ပြောပါတယ်။
အာဆီယံ အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ အမေရိကန် အထူးသံတမန်အဖြစ် စတင်တာဝန်ထမ်းဆောင်ဖို့ သံအမတ်ကြီး Yohannes Abraham မနေ့က အမေရိကန် ဒုသမ္မတ Kamala Harris ရှေ့မှောက်မှာ ကျမ်းသစ္စာကျိန်ဆိုပါတယ်။
ကွယ်လွန်သွားတဲ့ ဗြိတိန်ဘုရင်မကြီးကို ဂုဏ်ပြုအောက်မေ့ဘွယ်အဖြစ် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းမှာရှိတဲ့ ဗြိတိလျှသံရုံးတွေမှာ ဒီနေ့မနက် တမိနစ်ခန့် ငြိမ်သက် ဂါရဝပြု ကြပါတယ်။
စက်တင်ဘာလ ၁၆ ရက်နေ့ က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ မဆင်မခြင်ပစ်ခတ်မှုတွေကြောင့် ကလေးငယ် ၁၁ ဦးသေဆုံးခဲ့ရကြောင်းနဲ့ အခုလို ကလေးငယ်တွေကို မတိုက်ခိုက်ဖို့ ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ကွယ်လွန်သူ ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလစ်ဇဘက် ရဲ့ နိုင်ငံတော် ဈာပနကို ကမ္ဘာ့ခေါင်းဆောင်တွေ၊ တော်ဝင်မိသားစုတွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေတက်ရောက်ကြပါတယ်။
ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်တဲ့ ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက်အဲဇ္ဇဘက်ရဲ့ဈာပနအခမ်းအနားမှတ်တမ်းဓာတ်ပုံတချို့ကို စုစည်းဖော်ပြထားပါတယ်။
ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလစ်ဇဘက်ဟာ သူမ မကွယ် လွန်မီ နှောက်ဆုံးနှစ်တွေအတွင်း သူမရဲ့သားဖြစ်သူချားလ်စ်ကို ထီးနန်းအရိုက်အရာဆက်ခံရေး တာဝန်တွေလွဲှပြောင်းပေးဖို့အတွက် ပြင်ဆင်ထားခဲ့ပါတယ်။
သောကြာနေ့တုန်းက ရိုဟင်ဂျာဒုက္ခသည်စခန်းအပေါ် ကျရောက်တဲ့ လက်နက်ကြီးကျည်တွေကြောင့် ဒုက္ခသည်တဦး သေဆုံးပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတဦးအပါအဝင် ၆ ဦး ဒဏ်ရာရရှိခဲ့ကြတာကို ဘင်္ဂလားဒေ့ရှ်က ရှုတ်ချလိုက်တယ်လို့ ပြည်ထဲရေးဝန်ကြီး မစ္စတာ Asaduzzaman Khan Kamal က ပြောပါတယ်။
ယူကရိန်းအရှေ့ပိုင်း Bakhmut မြို့က ယူကရိန်းတပ်ဖွဲ့ဝင်တွေက သူတို့ဟာ ရုရှားတပ်ဖွဲ့နဲ့ တိုက်နေရတာမဟုတ်ဘဲ ရုရှားအကျဉ်းသားတွေနဲ့တိုက်နေရတာ ယုံကြည်တယ်လို့ ပြောကြားလိုက်ကြောင်း New York Times သတင်းစာကြီးက ဖော်ပြလိုက်ပါတယ်။
ဗြိတိန်ဘုရင်မကြီး ကွယ်လွန်ချိန်မှာ ကိုလိုနီစနစ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ကျွန်စနစ်တွေအပေါ် အရေးယူဆောင်ရွက်ဖို့နဲ့ ဌာနေ တိုင်းရင်းသားတွေ အပေါ် ဖိနှိပ်ထားခဲ့တာတွေအတွက် တုံ့ပြန်ဆောင်ရွက်ပေးဖို့ တောင်းဆိုသံတွေ က ယခင် ကိုလိုနီ နိုင်ငံတချို့နဲ့ ဓနသဟာယအဖွဲ့ဝင် နိုင်ငံတချို့မှာ ထွက်ပေါ်လာနေပါတယ်။
မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်၊ ဖြတ်သန်းသယ်ယူတဲ့ နိုင်ငံစာရင်း အမေရိကန် ထုတ်ပြန်ရာမှာ မြန်မာလည်း ထိပ်ဆုံးထဲ ပါခဲ့ပါတယ်။
မြန်မာပြည်သူတွေအပေါ် ဖိနှိပ်ညှင်းပမ်းမှုတွေကို ရပ်တန့်ရေး မြန်မာစစ်တပ်အပေါ် နိုင်ငံတကာအစိုးရတွေအနေနဲ့ မဖြစ်မနေ ပစ်မှတ်ထားပိတ်ဆို့အရေးယူဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲကို အခုသတင်းအစီအစဉ်ထုတ်လွှင့်နေချိန် နယူးယောက် စံတော်ချိန်မနက်ပိုင်း မှာ ပြုလုပ်နေပါတယ်။
ရုရှားတပ်တွေ သိမ်းပိုက်ခဲ့တဲ့ ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းက အစ်ဇီယမ်မြို့ မှာ စုပုံမြှုပ်နှံထားတဲ့ လူသေအလောင်း ၄၀၀ ကျော် တွေ့ရှိရတယ်လို့ ယူကရိန်းအရာရှိတွေက ဒီကနေ့ ပြောပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ တကျော့ပြန်ပေါ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေရဲ့ အကျိုးဆက်က အရပ်သားတွေအပေါ် ဘေးအန္တရာယ်ကျရောက်နိုင်တဲ့ ရက်စက်မှုတွေပေါ်လာမှာကို နယူးယောက်အခြေစိုက် Global Centere for the Responsibility to Protect အဖွဲ့ကြီးရဲ့အပတ်စဉ်စာစောင်က သတိပေး ရေးသားပါတယ်။
အရှေ့တီမော (Timor-Leste) မှာကျင်းပခဲ့တဲ့ သတင်းမီဒီယာကာင်စီညီလာခံမှာ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်အပေါ် မှားယွင်းတဲ့ အကြောင်းအရာတွေကို စစ်ကောင်စီဘက်က တင်ပြခဲ့တယ်ဆိုပြီး အရှေ့တီမောနိုင်ငံ သတင်းကောင်စီရဲ့ ရှုတ်ချတဲ့ ကြေညာချက်ကို IFJ နိုင်ငံတကာ သတင်းထောက်များ အဖွဲ့ချုပ်က ကြိုဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်