ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာစစ်တပ်အကြား စစ်ရေးတင်းမာနေချိန်မှာပဲ ရခိုင်ပြည်နယ်မှာ ရေကြောင်းကနေ သွားလာမယ့် ဒေသခံတွေ အကြောင်းကြားပြီးမှာ သွားလာဖို့ AA အဖွဲ့ က အမိန့်ထုတ်ထားပါတယ်။ မြန်မာစစ်တပ်ဘက်ကလည်း ကုန်းလမ်း အပြင် ရေလမ်းတွေကိုပါ ထပ်ပိတ်ပြီး စစ်ဆေးတာတွေ တိုးလုပ်လာပါတယ်။
ယူကရိန်းပိုင် Zaporizhzhia နျူကလီးယား ဓာတ်အားပေးစက်ရုံကို ရုရှားတပ်တွေ သိမ်းပိုက်ထားတာ အဆုံးသတ်ဖို့ (IAEA)ဘုတ်အဖွဲ့ရဲ့ သြစတြီးယားနိုင်ငံ ဗီယန်နာရုံးချုပ်က တံခါးပိတ်အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ကြောင်း သံတမန်အသိုင်းအဝိုင်းက ပြောပါတယ်။ ရုရှားရဲ့တိုက်ခိုက်မှုတွေချက်ခြင်းရပ်ဖို့ IAEA က တောင်းဆိုလိုက်တာပါ။
လန်ဒန်မြို့မှာရှိတဲ့ Westminster ခမ်းမမှာ ထားရှိတဲ့ ဘုရင်မကြီး Elizabeth ရဲ့ရုပ်အလောင်းကို နောက်ဆုံး ဂါရဝပြုဖို့ ထောင်ပေါင်းများစွာသော လူတန်းကြီးဟာ ကြာသပတေးနေ့မနက် ရောက်သည့်တိုင် ညလုံးပေါက် စောင့်ဆိုင်းခဲ့ ကြပါတယ်။ သိမ်းမြစ်ကမ်းနဲ့ Tower Bridge တလျှောက် လူတန်းကြီးစောင့်ဆိုင်းနေခဲ့တာပါ။
ကမ္ဘာကျာ် တင်းနစ် ကစားသမား Roger Federer ဟာ နောက်ရက်သတ္တပတ်အတွင်း လန်ဒန် Laver ဖလား ကစားပွဲပြီးရင် တင်းနစ် လောက ကနေ အနားယူတော့မယ်လို့ သောကြာနေ့တုန်းက ကြေငြာလိုက်ပါတယ်။ အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ ဆွစ်ဇာလန်နိုင်ငံသား Roger Federer ဟာ ထိပ်တန်းချန်ပီယံဆုကြီး Grand Slam ကို အကြိမ်(၂၀) ရရှိခဲ့သူ ဖြစ်ပါတယ်။
ပစိဖိတ် သမုဒ္ဒရာထဲ ရုရှားနဲ့ တရုတ်ရေတပ်တွေ ပူးတွဲ စစ်ရေးလေ့ကျင့်မှု စလုပ်နေတယ်လို့ ရုရှားက ဒီနေ့ ကြေညာလိုက်ပါတယ်။
ထိုင်ဝမ်ကို စစ်ရေးအရ အကူညီသိသိသာသာ တိုးပေးနိုင်မယ့် ၂၀၂၂ ထိုင်ဝမ်မူဝါဒ ဥပဒေ Taiwan Policy Act – 2022 အဆိုပြုချက်မှုကြမ်းကို ဗုဒ္ဓဟူးနေ့က အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီက ထောက်ခံမဲ ၁၇ မဲ ကန့်ကွက်မဲ ၅ မဲနဲ့ အတည်ပြုလိုက်ပါတယ်။
အိန္ဒိယရဲ့ Semiconductor ခေါ် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှုဟာ ဒေါ်လာဘီလီယံ ထိုင်ဝမ်ရင်းနှီးမြှုပ်နှံမှုသစ်နဲ့အတူ အရှိန်စရလာပါပြီ။
စစ်အာဏာရှင်အောက်မှာ မနေချင်တဲ့ ဒီမိုကရေစီလိုလားတဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားဖို့ စက်တင်ဘာ ၁၅ ရက်နေ့ ကျရောက်တဲ့ နိုင်ငံတကာ ဒီမိုကရေစီနေ့မှာ ရန်ကုန် အမေရိကန် သံရုံးက မြန်မာစစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။
မြန်မာစစ်တပ်နဲ့ ဆက်နွယ်ပတ်သက်နေတဲ့ ဇိမ်ခံ ဟော်တယ်တွေမှာ ဝန်ထမ်းတွေကို ထားဖို့အတွက် ဩစတြေးလျ အစိုးရက အမေရိကန် ဒေါ်လာ ၂,၅၀၀,၀၀၀ ဖိုး သုံးခဲ့တယ်ဆိုပြီး ဩစတေးလျနိုင်ငံထုတ် ABC သတင်းဌာနက ထုတ်လွှင့်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်ကြည်းတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး Charles A Flynn ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar က အူကီးယားမြို့နယ်၊ ရိုဟင်ဂျာဒုက္ခသည်စခန်း အမှတ် ၄ မှာရှိတဲ့ ဒုက္ခသည်တွေကို မနေ့ အင်္ဂါနေ့က သွားရောက် တွေ့ဆုံခဲ့ပါတယ်။
ကွယ်လွန်သူ ဗြိတိန် ဘုရင်မကြီး ဒုတိယ အဲလိဇဘက်ရဲ့ ရုပ်အလောင်းကို လန်ဒန်မြို့၊ ဘက်ကင်ဟမ်နန်းတော်ကနေ Westminster ခန်းမကို ဒီကနေ့ သယ်ဆောင်ဖို့ စီစဉ်ထားပါတယ်။
ဥရောပနိုင်ငံတွေရဲ့ ယူကရိန်းနဲ့ တသားတည်းရပ်တည်မှုဟာ အပြောင်းအလဲရှိမှာ မဟုတ်ဘူးလို့ ဥရောပကော်မရှင် အကြီးအကဲ Ursula von der Leyen က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းအပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေကို စုံစမ်းစစ်ဆေးနေတဲ့ နိုင်ငံတကာ ပါလီမန်အမတ်များအဖွဲ့ (IPI) က မြန်မာ့အရေး အစီရင်ခံစာကို မလေးရှားနိုင်ငံခြားရေး ဝန်ကြီး Saifuddin Abdullah ဆီ လာမယ့် တနင်္လာနေ့ ပေးအပ်မယ့်အကြောင်း ကော်မတီအဖွဲ့ဝင် တဦးက VOA ကို ပြောဆိုပါတယ်။
အိန္ဒိယနိုင်ငံ မီဇိုးရမ်း ပြည်နယ်အတွင်း မြန်မာနိုင်ငံဘက်ကို တရားမဝင် ပို့မယ့် ဖေါက်ခွဲရေးပစ္စည်း အမြောက်အများ သိမ်းဆည်းရမိခဲ့တဲ့ အမှုနဲ့ ဆက်စပ်ပြီး အိုက်ဇောမြို့ပေါ်က နေရာ ၂ ခုကို မနေ့က အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ NIA က ထပ်မံရှာဖွေပါတယ်။
၂၀၂၂ ခုနှစ်အတွက် အမေရိကန်ပြည်ထောင်စုမှာ အကောင်းဆုံး ရုပ်သံဇာတ်လမ်း ဖန်တီးမှုတွေအတွက် နှစ်စဉ်ကျင်းပနေကျ Emmy ဆုပေးပွဲမှာ တောင်ကိုရီးယားက 'Squid Game' ရုပ်သံဇာတ်လမ်းတွဲက ထူးထူးခြားခြား ဆုတွေ ရသွားပါတယ်။
ကွယ်လွန်သူ ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလဇ္ဇဘက်သ်ရဲ့ နိုင်ငံတော်ဈာပနကို တက်ရောက်ဖို့ မြန်မာ၊ ရုရှားနဲ့ဘဲလားရုစ်နိုင်ငံတွေက ကိုယ်စားလှယ်တွေကို ဗြိတိန်က ဖိတ်ကြားထားတာမရှိဘူးလို့ ဗြိတိန်နိုင်ငံခြားရေးဌာနက ဒီကနေ့ ပြောပါတယ်။
ကင်ဆာသေနှုန်းကို အနည်းဆုံး ၅၀ ရာနှုန်းလျှော့ချမယ်လို့ အမေရိကန်သမ္မတဘိုင်ဒန်က မနေ့က ပြောလိုက်ပါတယ်။ ဘော့စတွန်မြို့ John F. Kennedy စာကြည့်တိုက် မှာ သမ္မတဂျိုးဘိုင်ဒန်က ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် အကျဉ်းထောင်တွေအတွင်း သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် စစ်တပ်နဲ့ရဲတပ်ဖွဲ့မှာ တာဝန်ရှိကြောင်းနဲ့ ဒီလို သေဆုံးမှုတွေကိုမသိကျိုးကျွံပြုပြီး စုံစမ်းစစ်ဆေးတာ၊ အရေးယူတာမျိုး မလုပ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ဒီနေ့ အစီရင်ခံစာထုတ်ပြန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်