တည်ဆဲယန္တရားတွေကို အသုံးပြုပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တင်းမာမှုတွေကို ပြောင်းလဲလိုတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Masud Bin Momen က ပြောပါတယ်။ သတင်းသမားအနည်းငယ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံချိန် တနင်္ဂနွေညနေက ခုလို ပြောဆိုလိုက်တာပါ။
မြန်မာနိုင်ငံတွင်း ဆိုးဝါးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ဆက်ရှိနေပြီး ဘယ်ဥပဒေနဲ့မှ အရေးမယူနိုင် တာကြောင့် မြန်မာပြည်သူတွေအနေနဲ့ နစ်နာခံစားနေရတယ်လို့ IIMM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းမှုယန္တရားအကြီးအကဲ Nicholas Koumjian က ဒီကနေ့ကျင်းပတဲ့ ကုလသမဂ္ဂလူအခွင့်အရေးကောင်စီမှာ ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကိုစွဲဆိုထားတဲ့ ရဟတ်ယာဉ်ငှားရမ်းတာ၊ ဝယ်ယူတာနဲ့သက်ဆိုင်တဲ့ အဂတိမှုအတွက် တရားလိုပြသက်သေတဦးကို နေပြည်တော် အကျဉ်းထောင်အတွင်း အထူးတရားရုံးက ဒီနေ့ စစ်ဆေးပါတယ်။
ယူကရိန်းတပ်တွေက အရှေ့မြောက်ဒေသမှာ ပြန်လည်ထိုးစစ်ဆင်ပြီး နယ်မြေအချို့ကိုသိမ်းပိုက်ခဲ့ပြီးတဲ့နောက် ရုရှားက ယူကရိန်း ရဲ့ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးမှုစနစ်ကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက စွပ်စွဲလိုက်ပါတယ်။
ရုရှားတပ်တွေကို တန်ပြန်ထိုးစစ်ဆင်နေတဲ့ ယူကရိန်းတပ်တွေဟာ သောကြာနေ့က နောက်ထပ်အောင်ပွဲသစ်တွေကို ရရှိခဲ့ကြောင်း ယူကရိန်းအစိုးရက ကြေညာခဲ့ပါတယ်။
ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက် ကြာသပတေးနေ့ကကွယ်လွန်ခဲ့ပြီးတဲ့နောက် နန်းတက်လာတဲ့သားတော် တတိယမြောက် Charles ဘုရင်ဟာ ဒီကနေ့ သောကြာနေ့မှာ နိုင်ငံကိုမိန့်ခွန်းပြောဖို့ရှိပါတယ်။
မြန်မာစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို အင်ဒိုနီးရှားနိုင်ငံမှာ တရားစွဲဆိုနိုင်ရေး အင်ဒိုနီးရှားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ကန့်သတ်ချက်ကိုပြင်ပေးဖို့ ထင်ရှားတဲ့လူ့အခွင့်အရေးလှုပ်ရှားသူတွေ မနေ့က စုပေါင်းလက်မှတ်ရေးထိုး တောင်းဆိုနေပါတယ်။
အိန္ဒိယနဲ့ဂျပန်နိုင်ငံအကြား စစ်ဘက်ဆိုင်ရာအစီအစဉ်တွေ တိုးမြှင့်ဆောင်ရွက်သွား ကြဖို့ ဒီကနေ့ သဘောတူလိုက်ကြပြီး ဂျပန်နိုင်ငံက စက်မှုကုမ္ပဏီတွေ လာရောက် ရင်းနှီးမြုပ်နှံကြဖို့ အိန္ဒိယကဖိတ်ခေါ်လိုက်သလို နှစ်နိုင်ငံ လေတပ်တိုက်လေယာဉ်တွေပါဝင်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ကြမယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ WFP ကုလစားနပ်ရိက္ခာအစီအစဉ်က သတိပေးထားပေမယ့် မြန်မာနိုင်ငံက ဆန်နဲ့ ဆန်ကွဲ ပြည်ပတင်ပို့မှုတွေဆက်ရှိနေပြီး အဲဒီကနေ နိုင်ငံခြားဝင်ငွေ ဆက်ရနေပါတယ်။
မြန်မာနိုင်ငံကနေ ဒါဇင်နဲ့ချီတဲ့ ရှားပါးတိရိစ္ဆာန်တွေ ခိုးထုတ်လာတဲ့ လူ ၂ ဦးကို အာသံရဲနဲ့ သစ်တောဌာနအရာရှိတွေက ဒီကနေ့ ကြာသပတေးနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာလည်ပတ်နေတဲ့ အော်ရီဒူး ဆက်သွယ်ရေးကုမ္ပဏီရဲ့ လုပ်ငန်းတွေကို စင်္ကာပူအခြေစိုက် Nine Communications Pte. Ltd ကို အမေရိကန် ဒေါ်လာ ၅၇၆ သန်းနဲ့ ရောင်းချဖို့ သဘောတူလက်မှတ်ရေးထိုးလိုက်ပြီလို့ ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီက ဒီကနေ့ စက်တင်ဘာ ၈ ရက်နေ့မှာ ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်နေတဲ့ နိုင်ငံတကာကုမ္ပဏီတွေဟာ စစ်ကောင်စီရဲ့ နိုင်ငံခြားငွေထိန်းချုပ်ရေး အပြောင်းလဲတွေကြားမှာ ဒေါ်လာငွေ လျော့နည်းလာတဲ့အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့အကြောင်းဂျပန်လုပ်ငန်းရှင်ကြီးတဦးကို ကိုးကားပြီး Nikkei Asia သတင်းစာက ရေးပါတယ်။
အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ ထားရှိမယ့် သမ္မတဟောင်း Barack Obama နဲ့ သမ္မတကတော်ဟောင်း Michelle Obama တို့ရဲ့ ပုံတူပန်းချီတွေကို အခမ်းအနားနဲ့ ဖွင့်လှစ်ပြသလိုက်ပါတယ်။ သမ္မတနဲ့ သမ္မတကတော်ဟောင်းတို့ကို သမ္မတ Joe Biden က ပုံတူပန်းချီ ဖွင့်ပွဲအတွက် ဗုဒ္ဓဟူးနေ့မှာပဲ အိမ်ဖြူတော်ကို ဖိတ်ကြားခဲ့တာပါ။
မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ လာရောက် ရင်းနှီးမြှုပ်နှံကြဖို့ အထူးသဖြင့် ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံကြဖို့ မြန်မာ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာလ ၇ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ ဖိတ်ခေါ်ခဲ့ပါတယ်။ အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ ဖိတ်ခေါ်ခဲ့တာပါ။
မလေးရှားနိုင်ငံမှာရှိတဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ UNHCR ရုံးကို ပိတ်ပစ်ဖို့ မလေးရှားအမျိုးသား လုံခြုံရေးကောင်စီက အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲတခုမှာ အကြံပြုခဲ့ပါတယ်။ UNHCR ဟာ နောက်ထပ် ရွှေ့ပြောင်းနေထိုင်သူတွေကို ဆွဲဆောင်နေတယ်လို့ မလေးရှားလုံခြုံရေးကောင်စီရဲ့ အကြီးအကဲက ပြောပါတယ်။
အီရန်က သိုလှောင်ထားတဲ့ သန့်စင် ယူရေနီယံကို နောက်ထပ် သန့်စင်လိုက်ရင် နျူးကလီးယား ဗုံးတလုံးအတွက် လုံလောက်နိုင်တဲ့ အဆင့်ကို နီးကပ်နေပြီလို့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။ နေရာသုံးခုကနေ ယူရေနီယံ ဓာတ်ကြွင်းတွေရဲ့ ဇစ်မြစ်ကို အီရန်က အဖြေပေးမထားကြောင်းလည်း ဖော်ပြပါတယ်။
တရုတ်အနောက်တောင်ပိုင်း Sichuan ပြည်နယ်မှာ အခုသီတင်းပတ် တနင်္လာနေ့က ရစ်ခ်ျတာစကေး ၆.၈ ရှိတဲ့ ငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး လူ ၇၄ ဦး၊ ၂၆ ဦးထက်မနည်း ပျောက်နေဆဲဖြစ်ပြီး နောက်ထပ်ဒဏ်ရာရသူ ၂၉ ယောက်အပါအဝင် ဒေသခံ ၃၀၀ လောက်ကို ဘေးလွတ်ရာကယ်ထုတ်ပေးခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းမှာဖော်ပြခဲ့ပါတယ်။
ယူကရိန်းမှာ ရုရှားရဲ့စစ်ရေးထိုးစစ်ဆင်မှုကနေ ရုရှားအတွက်ဆုံးရှုံးမှုတခုမှမရှိခဲ့ဘဲ ရုရှားနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ပိုခိုင်မာလာစေကြောင်း ရုရှားသမ္မတ Vladimir Putin က ရုရှားနိုင်ငံ Vladivostok မှာ ကျင်းပတဲ့ ၇ ကြိမ်မြောက် အရှေ့ ဖျား စီးပွါးရေးဖိုရမ်မှာ ပြောကြားလိုက်ပါတယ်။
အင်အားကြီးတရုတ်ရဲ့ စစ်ရေးခြိမ်းခြောက်မှုကို သီတင်းပတ်အတော်ကြာခံနေရတဲ့ ထိုင်ဝမ်က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ တင့်ကားတွေ၊ တိုက်ဂျက်လေယာဉ်တွေပါတဲ့ စစ်ရေးလေ့ကျင့်မှုတွေလုပ်ပြီး သူ့ရဲ့စစ်အင်အားကို ပြသခဲ့ပါတယ်။
Vladivostok မြို့က ၇ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် တက်ရောက်လာတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှားသမ္မ Vladimir Putin တို့ အစည်းအဝေးအစီအစဉ် ပြင်ပမှာ သီးသန့်တွေ့ဆုံခဲ့ကြပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး အကောင်းဘက်ကိုဦးတည်တိုးတက်လာကြောင်း သမ္မတ Putin ပြော တာကို RIA သတင်းက ရေးသားပါတယ်။
နောက်ထပ်ကြည့်ရှုရန်