ယူကရိန်းတောင်ပိုင်းက Zaporizhzhia နျူကလီယား စက်ရုံနား နောက်ထပ်ပစ်ခတ်မှုတွေအတွက် ရုရှားနဲ့ ယူကရိန်းတို့ ဗုဒ္ဓဟူးနေ့မှာ အပြန်အလှန်စွပ်စွဲနေကြချိန် မှာပဲ ရုရှားရဲ့ Gazprom စွမ်းအင်ကုမ္ပဏီက ဥရောပကို ဓါတ်ငွေ့တင်ပို့မှု ခေတ္တရပ်ဆိုင်းလိုက်ကြောင်း ကြေညာပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲက မြန်မာနိုင်ငံနဲ့ နှစ်နိုင်ငံအကြား သဘောတူညီချက်အရ သံတမန်၊ အထူးနဲ့ သာမန် နိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသူတွေကို မနက်ဖြန် စက်တင်ဘာလ ၁ ရက်နေ့ကစပြီး ပြည်ဝင်ခွင့် ကင်းလွတ်ခွင့် ပြန်ပေးမှာ ဖြစ်တဲ့အကြောင်း စစ်ကောင်စီ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာပါတယ်။
မြန်မာစစ်ကောင်စီက ဖမ်းဆီးထားတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ Toru Kubota ရဲ့ ဒုတိယအကြိမ်မြောက် ရုံးချိန်ကို မူလက အင်္ဂါနေ့ကို သတ်မှတ်ထားရာကနေ စက်တင်ဘာလ ၆ ရက်နေ့ကို ပြောင်းရွှေ့လိုက်ပါတယ်။ သူ့ကို ဖမ်းဆီးပြီး ပထမဦးဆုံး ရုံးထုတ်ခဲ့တာကတော့ သြဂုတ်လ ၁၆ ရက်နေ့က ဖြစ်ပါတယ်။
တချိန်က ဆိုဗီယက် ယူနီယံခေါင်းဆောင် Mikhail Gorbachev ကွယ်လွန်ကြောင်း ရုရှား သတင်းမီဒီယာတွေက ဖော်ပြလိုက်ကြပါတယ်။ အသက် ၉၁ နှစ်အရွယ် ရုရှားခေါင်းဆောင်ဟောင်း ကွယ်လွန်သွားကြောင်း ရုရှားသတင်းဌာနတွေက ဆေးရုံ တာဝန်ရှိသူတွေကို ကိုးကားပြီး ဖော်ပြခဲ့ကြတာပါ။ သူဟာ ဆေးရုံမှာ ကုသမှု ခံယူနေခဲ့တာလို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမယ့် GML Exhibition ကုမ္ပဏီရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာပြပွဲကို မြန်မာစစ်ကောင်စီ အရာရှိတွေကိုမဖိတ်ဖို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ကန့်ကွက်တောင်းဆိုနေပါတယ်။
လူ့အခွင့်အရေးချိုးဖောက်နေတဲ့ မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်နေတာရပ်ဆိုင်းလိုက်ဖို့ ဂျပန်ရင်းနှီးမြှုပ်နှံသူ အစုရှယ်ယာရှင်တွေကို လူ့အခွင့်အရေးအဖွဲ့ ၈ ဖွဲ့က ထပ်မံ တောင်းဆိုလိုက်ပါတယ်။
ဥတုရာသီဖေါက်ပြန်တဲ့ဒဏ်ကို ပြင်းပြင်းထန်ထန်ခံနေရတဲ့ မြန်မာနိုင်ငံမှာ လူသားစာနာမှုဆိုင်ရာ ထိရောက်တဲ့လုပ်ငန်းတွေလုပ်ဖို့အတွက် လက်ရှိဖြစ်ပျက်နေတဲ့ အခြေနေနဲ့ပတ်သက်တဲ့ အချက်လက်တွေသိဖို့ လိုအပ်နေတဲ့အကြောင်း လန်ဒန် စီးပွါးရေးနဲ့ နိုင်ငံရေးသိပ္ပံတက္ကသိုလ် တောင်အာရှဌာနက အစီရင်ခံစာ ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
လက်နက်ထုတ်လုပ်ရေးနဲ့ ယူကရိန်းစစ်တပ်အတွက် စစ်ရေးလေ့ကျင့်မှုတွေ တိုးမြှင့်နိုင်မယ့်နည်းလမ်းတွေအပြင် ရုရှားနိုင်ငံသားတွေအပေါ် ဗီဇာ ကန့်သတ်ဖို့ကိစ္စတွေကို ဥရောပသမဂ္ဂ ကာကွယ်ရေးဝန်ကြီးတွေက အင်္ဂါနေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။ အစည်းအဝေးကို ချက်သမ္မတနိုင်ငံရဲ့မြို့တော် ပရာ့ဂ်မှာ ကျင်းပနေတာ ဖြစ်ပါတယ်။
ပါကစ္စတန်နိုင်ငံမှာ မုတ်သုံမိုးများပြီး နိုင်ငံတဝှမ်းရေကြီးနေရတာကြောင့် ရေဘေးသင့်ပြည်သူထောင်နဲ့ချီ ဘေးလွတ်ရာကို ပြောင်းပေးဖို့ စစ်တပ်နဲ့ စေတနာ့ဝန်ထမ်းတွေ ဝိုင်းဝန်းကြိုးပမ်းနေချိန်မှာပဲ ရေဘေးသင့်ဒုက္ခသည်တွေအတွက် နိုင်ငံတကာအကူအညီတွေ နိုင်ငံတွင်းကို ရောက်လာပါတယ်။
အာရတ်စော်ဘွားများ ပြည်ထောင်စု UAE နိုင်ငံ ဒူဘိုင်းမြို့မှာ လူပွဲစားတွေက အခန်းတခုတည်း ပိတ်ထားတဲ့အတွက် ထွက်ပြေးပြီး ဒုက္ခရောက်နေတဲ့ အကြောင်း အကူအညီတောင်းခံခဲ့တဲ့ မြန်မာအမျိုးသမီး ဂ ဦးကို မြန်မာနိုင်ငံကိုပြန်ပို့ပေးဖို့ လုပ်နေကြောင်း UAE နိုင်ငံ Riyadh မြို့ မြန်မာသံရုံးက က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ယူကရိန်းက Zaporizhzhia နျူကလီယား ဓာတ်အားပေးစက်ရုံကို ကြည့်ရှုစစ်ဆေးဖို့ အပြည်ပြည်ဆိုင်ရာ အနုမြူအေဂျင်စီ (IAEA) ရဲ့ ကျွမ်းကျင်သူတွေ သွားရောက်နေပြီလို့ ကုလသမဂ္ဂ အနုမြူစွမ်းအင် အကြီးအကဲက ပြောပါတယ်။
မြန်မာနဲ့တရုတ်နယ်ခြား မြန်မာနိုင်ငံဘက်က ကာစီနို လောင်းကစားရုံတွေမှာ လစာကောင်းကောင်းပေးမယ်ဆိုပြီး ထိုင်းအမျိုးသမီးတွေကို ဧည့်ကြိုလုပ်ငန်းအတွက် အွန်လိုင်းကအလုပ်ခေါ်နေကြတာတွေအပေါ် သတိထားဖို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက သတိပေးထားပါတယ်။
ယူကရိန်းနိုင်ငံတောင်ပိုင်း နူကလီးယားသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ Zaporizhzhia ကနေ ပင်မဓာတ်အားလိုင်းနဲ့ ပြန်လည်ဆက်သွယ်နိုင်ခဲ့ပြီး လျှပ်စစ်ဓာတ်အား ပြန်လည်ပေးဝေနိုင်ပြီလို့ ယူကရိန်း နူကလီးယား စွမ်းအင်ကုမ္ပဏီ Energoatom ကပြောဆိုပါတယ်။ ဒုံးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့လို့ ဓာတ်အားလိုင်းတွေ ပြတ်သွားခဲ့တာပါ။
ယူကရိန်းစစ်ပွဲမှာ အကျအဆုံးများခဲ့တဲ့ ရုရှားတပ်အတွက် ရှေ့နှစ်မှာ နောက်ထပ် ၁၃၇,၀၀၀ ထပ်ပြီးဖြည့်ဖို့ သမ္မ္မတ Putin က မနေ့ကပဲ ကိုယ်တိုင် လက်မှတ်ထိုးခဲ့တာကို အစိုးရပိုင် ရုပ်မြင်သံကြားကနေ ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းလုပ်ငန်းလုပ်ကိုင်နေသူတချို့ကို စစ်ကောင်စီက ဖမ်းဆီးတာ၊ ထောင်ဒဏ် ပြစ်ဒဏ်ချမှတ်တာတွေကို ရှုတ်ချပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့သတင်းသမားအားလုံး ပြန်လွှတ်ပေးဖို့ နိုင်ငံတကာ သတင်းသမားများအဖွဲ့ချုပ် IFJ က မြန်မာစစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။
ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့ဇူလိုင်လက လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးအတွက် နိုင်ငံတော်ဈာပနအခမ်းအနားကို ဒေါ်လာ ၁.၈ သန်း အကုန်အကျခံကျင်းဖို့ အတည်ပြုလိုက်ပြီလို့ ဂျပန်အစိုးရကတ်ဘိနက်အတွင်းဝန်ချုပ် Hirokazu Matsuno က ဒီကနေ့ ပြောပါတယ်။
စစ်ကိုင်းတိုင်း ကျွန်းလှနဲ့ ကောလင်းနယ်စပ်က ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဩဂုတ်လ ၂၃ရက်နေ့ဖြစ်တဲ့ ဒေသတွင်းတိုက်ပွဲမှာ အရပ်သားထိခိုက်သေဆုံးမှုရှိသလို၊ ကျေးရွာ ၃၀ ထက်မနည်းက ဒေသခံတွေ အိုးအိမ်စွန့်ပစ် ထွက်ပြေးရတယ်လို့သိရပါတယ်။
ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည် ဒီမော့ဆိုမြို့နယ်ထဲက ဒေါငံခါး ကျေးရွာဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲတွေ ရက်ဆက် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြား မြေမြှုပ်မိုင်း နင်းမိလို့ အရပ်သားတချို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လက ဂျပန်ဝန်ကြီးချုပ်ဟောင်း Shinzo Abe လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်ရပ်မှာ ဂျပန်နိုင်ငံအမျိုးသားရဲတပ်ဖွဲ့အကြီးအကဲအနေနဲ့ တာဝန်မကျေခဲ့တဲ့အတွက် သူ နုတ်ထွက်ပေးမှာဖြစ်ကြောင်း ရဲချုပ် Itaru Nakamura က ဒီနေ့ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်