မြန်မာနိုင်ငံ ရခိုင်ဒေသကနေ ရိုဟင်ဂျာတွေ အစုအပြုံလိုက် ထွက်ပြေးကြရတဲ့ဖြစ်ရပ် ၅ နှစ်မြောက်မှာ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရရှိစေရေး ဆောင်ရွက်ရမယ်လို့ ကုလသမဂ္ဂအကြီးအကဲတွေက ပြောဆိုလိုက်ကြပါတယ်။
မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေတယ်ဆိုတဲ့ Star Sapphire Group ၊ International Gateways Group နဲ့ Sky One Construction တို့ကို စီးပွားရေးကုမ္ပဏီသုံးခုကို ဗြိတိန်အစိုးရရဲ့ အရေးယူဒဏ်ခတ်မှုစာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က အမျိုးသား AIDS ထိန်းချုပ်ရေးအဖွဲ့NACO ရုံးရှေ့မှာ HIV ပိုးရှိသူတွေ ဆန္ဒပြနေတာ တလကျော်ရှိပါပြီ။ HIV ပိုးရှိသူတွေကြား ပိုးထိန်းဆေးလို့သိကြပြီး မရှိမဖြစ်နေ့စဉ်သောက်နေရတဲ့ ART ဆေးတွေ နိုင်ငံတဝန်း ပုံမှန်ရအောင်ဆောင်ရွက်ပေးဖို့ DNP Plus အဖွဲ့က ခုလိုတောင်းဆိုဆန္ဒပြနေကြတာပါ။
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်း ၂ ကြောင်းနဲ့ နယ်မြေရှင်းလင်းတာတွေလုပ်နေပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ၂ ရက်ဆက်တိုက် တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ရေဦးမြို့နယ် မူးသာကုန်းကျေးရွာက နေအိမ်ကို လက်နက်ကြီးထိမှန်လို့ အရပ်သား ၃ ဦး ထိခိုက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် အာဏာသိမ်းချိန်ကစပြီး တာလီဘန်တွေဟာ အာဖဂန်နိုင်ငံသား (၇)သိန်းကျော်အတွက် နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးပြီး အခွန်ငွေ ဒေါ်လာသန်း(၅၀)ခန့် ရရှိခဲ့တယ်လို့ တာလီဘန်အရာရှိတွေက ပြောပါတယ်။ တာလီဘန်တွေ အာဏာရလာချိန်က စလို့ စိုးရိမ်တဲ့ အာဖဂန်တွေ ပြီးခဲ့တဲ့နှစ် တိုင်းပြည်ကို စွန့်ခွာ သွားကြတာပါ။
ရုရှားကျူးကျော်စစ်ကိုခုခံကာကွယ်နေတဲ့ ယူကရိန်းပြည်သူပြည်သားတွေရဲ့ သူမတူတဲ့ရဲစွမ်းသတ္တိနဲ့ လွတ်လပ်မှုအတွက် စွန့်လွတ်အနစ်နာခံမှုတွေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဗုဒ္ဓဟူးနေ့မှာ ချီးကျူးပြောဆိုခဲ့ပါတယ်။ ရုရှားကျူးကျော်စစ် ၆ လပြည့်တဲ့နေ့မှာပဲ အမေရိကန်က ဒေါ်လာ ၃ ဘီလျံ စစ်ရေးအကူအညီ ထပ်ပြီးပေးအပ်လိုက်တာပါ။
ရုရှားနိုင်ငံက လောင်စာဆီတွေကို မြန်မာနိုင်ငံက ဝယ်ယူတော့မယ်လို့ နိုင်ငံတကာအရေး လေ့လာ စောင့်ကြည့်နေတဲ့ ပိုလန်အခြေစိုက် Warsaw Institute ကပြောပါတယ်။ မြန်မာစစ်ကောင်စီနဲ့ ရုရှားအစိုးရကြား နီးကပ်တဲ့ ပူူးပေါင်းဆောင်ရွက်မှုရှိနေပြီး မြန်မာမှာ လောင်စာဆီ မလုံမလောက်ဖြစ်နေချိန် ရုရှားလောင်စာဆီရဖို့ လုပ်နေတာပါ။
ရုရှားတွေရဲ့ ကျူးကျော်စစ်ကို ၆ လကြာ ခုခံတိုက်ခိုက်နေရတဲ့ ယူကရိန်းတွေဟာ ကိုယ်ြ့ကမ္မာ အတွက် တိုက်ပွဲဝင်နေကြတာဖြစ်ကြောင်း ယူကရိန်းသမ္မတ Volidymyr Zelenskyy က ဒီကနေ့ ဗုဒ္ဓဟူးနေ့ မှာကျရောက်တဲ့ ယူကရိန်းလွတ်လပ်ရေးနေ့ ဗီဒီယိုမိန့်ခွန်းမှာ ပြောပါတယ်။
မြန်မာနိုင်ငံ ဒီလိုဖြစ်နေတာ အချိန်အတော်ကြာနေပြီဖြစ်တဲ့အတွက် အာဆီယံအနေနဲ့ မြန်မာ့ပြဿာနာကို အရေးတကြီး ဖြေရှင်းရမယ်ဆိုတာ သဘောပေါက်ဖို့ လိုကြောင်းနဲ့ အစည်းအဝေးတွေအပေါ်မှာပဲ မှီခိုအားထားမနေသင့်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းထားတဲ့ စစ်တပ်အကြီးအကဲဟောင်း Prayut ရဲ့ သက်တမ်း ၈ နှစ်ပြည့်သွားပြီဖြစ်ကြောင်း အတိုက်အခံတွေက ထောက်ပြပြီး ရာထူးကနုတ်ထွက်ပေးဖို့ တောင်းဆိုနေတာကြောင့် တရားဝင်တာဝန်ထမ်းဆောင်မှုကို ယာယီဆိုင်းငံ့ထားဖို့ ထိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာတရားရုံးက ဗုဒ္ဓဟူးနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
မြန်မာနိုင်ငံအတွင်း နိုင်ငံရေးပါတီတွေနဲ့ တွေ့လိုတဲ့ ပြည်ပအဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံအခြေစိုက် သက်ဆိုင်ရာနိုင်ငံခြားသံရုံးတွေကို ဆက်သွယ်သတင်းပို့ပြီး အဆိုပါသံရုံးတွေကတဆင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆက်သွယ်သတင်းပေးပို့ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထပ်မံညွှန်ကြားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံဘက် နေရပ်ပြန်ပို့မယ်ဆိုရင် သူ့တို့ရဲ့ ဘေးကင်းလုံခြုံမှုနဲ့ အခွင့်အရေးကို အာမခံနိုင်ဖို့ လိုတဲ့အကြောင်း မနေ့က ဒုက္ခသည်စခန်းတွေကို သွားရောက်တဲ့ ကုလသမဂ္ဂ အရာရှိတွေက ပြောဆိုပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ၄ ရက်ကြာ ခရီးရောက်နေပြီး ရိုဟင်ဂျာဒုက္ခသည်တွေ နေထိုင်တဲ့ Cox’s Bazaar ဒုက္ခသည်စခန်းကို ဒီကနေ့ သွားရောက်ကြည့်ရှုခဲ့ပါတယ်။
သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ဖလော်ရီဒါမှာရှိတဲ့ Mar-a-Lago နေအိမ်ကနေ သိမ်းသွားတဲ့ စာရွက်စာတမ်းတွေကို ဖက်ဒရယ်စုံစမ်းစစ်ဆေးရေး ဗျူရို FBI က သုံးသပ်စစ်ဆေးခွင့် ယာယီပိတ်ထားဖို့ ထရမ့်ရဲ့ရှေ့နေတွေက ဖက်ဒရယ်အစိုးရတရားသူကြီးတဦးထံ လျှောက် ထားလိုက်ပါတယ်။
မလေးရှား အစိုးရပိုင် 1MDB ဘဏ် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ အလွဲသုံးစားလုပ်မှုနဲ့ ဆက်နွယ်တဲ့ ပြစ်မှုတွေ အပါအဝင် တခြား အကျင့်ပျက်ခြစားမှုတွေနဲ့ ဝန်ကြီးချုပ်ဟောင်းနာဂျစ်ကို ထောင်ဒဏ် ၁၂ နှစ် ချမှတ်ထားခံပြီး အခု နောက်ဆုံးအယူခံကိုလည်း ပယ်ချခံရပါတယ်။
လုပ်ခလစာမရလို့ ဆန္ဒပြကြတဲ့ နိုင်ငံခြားသား အလုပ်သမား ၆၀ ကို ကာတာအစိုးရက မကြာသေးခင်က ဖမ်းဆီးလိုက်ပြီး တချို့ကို နေရပ် ပြန်ပို့လိုက်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာကျင်းပနေတဲ့ အာဆီယံ ရေတပ်ဦးစီးချုပ်များ စည်းဝေးပွဲအတွင်း အာဆီယံနိုင်ငံတွေအကြား ပူးတွဲ စစ်ရေးလေ့ကျင့်မှုနဲ့ဆိုင်တဲ့ ကိစ္စရပ်အပါအဝင် တခြား အကြောင်းအရာတွေကို ဆွေးနွေးကြမယ်လို့ အင်ဒိုနီးရှားရေတပ်ဦးစီးချုပ် Yudo Margono က ပြောပါတယ်။
“အစကတော့ မနက်တုန်းကထုတာတော့ ဗုံးနဲ့ထုတယ်သိရတာ။ ၄ လုံး ပြောတယ်၊ ၅ လုံးပြောတယ်။ ခု အထူးတရားရုံးကိုသွားတဲ့အခါကျတော့ ၇၉ လို အဝေးပစ်လက်နက်နဲ့ပစ်တယ်၊ အတွင်းပိုင်းထိရောက်တယ်။ ဝန်ထမ်းလိုင်းတွေထိ ရောက်တယ်။ အဆောက်အဦးတွေ ပျက်တယ်။ ဘယ်နှစ်ယောက် ဒဏ်ရာရတယ်ဆိုတာ မသိဘူး။ ပြောတဲ့သူကလည်း မပြောဘူး။” (ရှေ့နေတဦး)
ရုရှားထွက် ကောက်ပဲသီးနှံတွေနဲ့ ဓာတ်မြေသြဇာတွေကို ကန့်သတ်ချက်တွေ မလုပ်ဘဲ ဈေးကွက်အရောက်ပို့နိုင်ရေး ကုလသမဂ္ဂ အကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။ စားသုံးသူတွေအတွက် ကုန်ဈေးနှုန်းကျဆင်းရေး၊ ဈေးကွက်တည်ငြိမ်ရေးမှာ မရှိမဖြစ် အရေးကြီးပါတယ်။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကပြောပါတယ်။
ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှုးမြို့တော်က အဆင့်မြင့် ဟိုတယ်တခုမှာ စစ်သွေးကြွတွေ စီးနင်း သိမ်းပိုက်ထားတာကို အဆုံးသတ်နိုင်ဖို့ လုံခြုံရေးတပ်ဖွဲ့တွေ စနေနေ့အထိ ဆက်လက် ကြိုးပမ်းနေပါတယ်။ al-Shabab စစ်သွေးကြွတွေနဲ့ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း တိုက်ခိုက်မှုတွေ ရှိခဲ့ကြောင်း ဆိုမာလီအာဏာပိုင်တွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်