မြန်မာနိုင်ငံတွင်း အရေးပေါ်အကူညီ အတွက် သက်စွန့်ဆံဖျားကူညီနေသူအားလုံးကို ဂုဏ်ပြုကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ဌာနက ကြေညာချက်ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက ဝန်ကြီးအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းကြောင်း ဒီကနေ့ ကြေညာချက်ထုတ်ပြန်ခဲ့ပေမယ့် ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ဝန်ကြီးအဖွဲ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ အရင်အတိုင်း ဝန်ကြီးချုပ်နဲ့ ဒုတိယဝန်ကြီးချုပ် ရာထူးအသီးသီးကို ဆက်ယူထားပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးအချက်အခြာမြို့တော် ရန်ကုန်မှာ စီးပွားရေးကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် မိုးဖွဲဖွဲ ကျနေတဲ့ကြားမှာပဲ မြို့ခံတွေဟာ စားသုံးဆီ တန်းစီသူတွေ၊ ထမင်းထုပ် တန်းစီသူတွေနဲ့ ပြည့်နေတဲ့အကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer ကို သင့်တော် တဲ့အချိန်တခုမှာ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးမယ်လို့ စစ်ကောင်စီအကြီးအကဲက ပြောကြားခဲ့တယ်လို့ ကုလသမဂ္ဂက ပြောတဲ့အကြောင်း အေပီသတင်းမှာ ရေးပါတယ်။
ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ ဒီနေ့ ကုလအတွင်းရေးမှူးချုပ် Antonio Guterres ၊ တူရကီသမ္မတ Recep Tayyip Erdogan တို့နဲ့ တွေ့ဖို့စီစဉ်ထားပြီး ကမ္ဘာ့စားနပ်ရိက္ခာပြဿနာ၊ အခြိမ်းခြောက်ခံနေရတဲ့ နျူကလီယား ဓါတ်အားပေးစက်ရုံနဲ့ ရုရှားရဲ့စစ်အတွက် နိုင်ငံရေးအဖြေရေးအပါအဝင် ကိစ္စရပ်တွေဆွေးနွေးဖို့ရှိပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ၊ ကာဘူးမြို့က ဗလီတခုအတွင်း မနေ့ညက ဖြစ်သွားတဲ့ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ ၂၁ ဦး ရှိသွားပြီလို့ တာလီဘန်အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
မန်မာနိုင်ငံမှာ မကြာသေးခင်ကမှ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ကြိုးပေးကွပ်မျက်တာနဲ့ လာမယ့်နှစ်ထဲ ရွေးကောက်ပွဲလုပ်ဖို့ ပြင်နေတာတွေအတွက် နိုင်ငံတကာရဲ့စိုးရိမ်မှုတွေ တိုးလာနေချိန်မှာ မြန်မာနဲ့ ဆက်ဆံရေးကောင်းမွန်နေတာအတွက် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ ကြာသပတေးနေ့မှာ ခုခံပြောကြားလိုက်ပါတယ်။
လောင်စာဆီ ပြတ်လပ်မှုဆိုးဆိုးဝါးဝါး ကြုံနေရတဲ့ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့လောင်စာဆီတွေကို ရုရှားက တင်သွင်းဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရက ပြောပါတယ်။
အင်္ဂါနေ့က မြန်မာနိုင်ငံကိုရောက်လာတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer ဟာ ဗုဒ္ဓဟူးနေ့မှာ မြန်မာစစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို နယူးဒေလီမြို့အနောက်ဘက်က Bakkarwala ဆိုတဲ့ အရပ်မှာထားပေးမှာဖြစ်ပြီး သူတို့ကို UN ရဲ့ ဒုက္ခသည်အသိအမှတ်ပြုကဒ်ပြား၊ အခြေခံလိုအပ်ချက်တွေနဲ့ ၂၄ နာရီ လုံခြုံရေးပေးမယ်လို့ အိုးအိမ်ဝန်ကြီး Hardeep Singh Puri က Twitter လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ရုရှားနိုင်ငံနဲ့ ဆက်ဆံရေးတိုးမြှင့်ပြီး မြန်မာမှာရော ရုရှားမှာပါ ကောင်စစ်ဝန်ရုံးတွေ ထပ်ဖွင့်လှစ်သွားမယ်လို့ ဒီနေ့ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ဘောလုံးအဖွဲ့ချုပ် (AIFF) ဟာ တခြား တတိယအဖွဲ့အစည်းတွေရဲ့ သြဇာလွှမ်းမိုးမှု ခံနေရတယ်ဆိုပြီး အဖွဲ့ဝင်အဖြစ်က ချက်ခြင်းရပ်ဆိုင်းလိုက်တဲ့အကြောင်း ကမ္ဘာ့ဘော့လုံး အဖွဲ့ချုပ် FIFA က မနေ့က ကြေညာပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတပ်ဖွဲ့တွေကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုတရပ်ကို လာမယ့်သီတင်းပတ်မှာ စတင်မယ်လို့ တောင်ကိုရီးယား စစ်တပ်က ဒီကနေ့ အင်္ဂါနေ့မှာ ပြောပါတယ်။
အမေရိကန်သမ္မတဟောင်း Donald Trump ရဲ့ ဖလော်ရီဒါနေအိမ်ကို ဖက်ဒရယ်စုံစမ်းရေး ဗျူရို FBI က ဝင်ရောက်ရှာဖွေတာနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးနိုင်ရေး လွှတ်တော်မှာ Donald Trump နဲ့ လက်တွဲဘက် ရီပတ်ဗလစ်ကန်မဟာမိတ်တွေ မူဘောင်တွေ ချမှတ်ဆောင်ရွက်နေပါတယ်။
ထိုင်ဝမ်အစိုးရကို ဖိအားပေးတဲ့အနေနဲ့ တရုတ်အစိုးရက ထိုင်ဝမ် နိုင်ငံရေး ခေါင်းဆောင်တွေကို တရုတ်နိုင်ငံထဲ ပြည်ဝင်ခွင့်ပိတ်ပင်လိုက်ပြီး ပိတ်ဆို့ ဒဏ်ခတ်မှုတချို့လည်း ချမှတ်လိုက်ပါတယ်။
အမေရိကန်သမ္မတကတော် Dr. Jill Biden ကိုဗစ် 19 ရောဂါ ကူးစက်နေတဲ့အကြောင်းနဲ့ ရောဂါလက္ခဏာ မပြင်းထန်တဲ့အကြောင်း သူ့ရဲ့ ပြောခွင့်ရက ကြေညာချက်ထုတ်ပြန်ပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ၄ ရက်ကြာခရီးစဉ်အဖြစ် တနင်္ဂနွေနေ့ကရောက်လာတဲ့ ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာမဟာမင်းကြီး Michelle Bachelet ဟာ အင်္ဂါနေ့က Cox's Bazar ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။
ပိုလန်နဲ့ ဂျာမနီနယ်ခြား Oder မြစ်ထဲကငါး ဆယ်တန်လောက် စုပြုံသေကျေခဲ့တဲ့ ဖြစ်ရပ်ကြောင့် ဘယ်လိုအဆိပ်သင့် သေဆုံးသလဲဆိုတာကို သက်ဆိုင်ရာတာဝန်ရှိသူတွေ စုံစမ်းစစ်ဆေးနေကြပါတယ်။
အမေရိကန်လွှတ်တော်အမတ် ၅ ဦး ထိုင်ဝမ်ကျွန်းကိုရောက်နေပြီး သမ္မတ Tsai Ing-wan နဲ့ တွေ့ဆုံနေချိန်မှာပဲ ထိုင်ဝမ်ကျွန်းအနီးမှာ ဒီကနေ့ တနင်္လာနေ့မှာ စစ်ရေးလေ့ကျင့်မှုတွေ ထပ်မံ ပြုလုပ်ခဲ့ကြောင်း တရုတ်စစ်တပ်က ပြောပါတယ်။
ယူကရိန်းနိုင်ငံအရှေ့ပိုင်း Donbas ဒေသနဲ့ တောင်ပိုင်းဒေသက Kherson နဲ့ Mykolaiv မြို့တွေကို တိုက်ခိုက်တာအပြင် ဥရောပတိုက်ရဲ့အကြီးဆုံး Nuclear ဓါတ်အားပေးစက်ရုံရှိရာ Zaporizhzhia မြို့ရဲ့ အရှေ့နဲ့ တောင်ပိုင်းဒေသတွေကိုလည်း ရုရှားတပ်တွေက လေကြောင်းနဲ့ တင့်ကားတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းကပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်